News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Credit Card ဆိုတာ
Editorial
April 23, 2018
Article
Credit Card ဆိုတာက ဘဏ်၊ ဒါမှဟုတ် ဘဏ္ဍာရေးကုမ္ပဏီတစ်ခုကနေ Card ကိုင်ဆောင်အသုံးပြုသူတွေအနေနဲ့ ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူအသုံးပြုမှုတွေအတွက် ငွေပေးချေဖို့ဖြစ်စေ၊ အရေးပေါ်ငွေသားထုတ်ယူသုံးစွဲဖို့ဖြစ်စေ ငွေချေးယူအသုံးပြုနိုင်ဖို့ ထုတ်ပေးထားတဲ့ အကြွေးဝယ်ကတ်တစ်ခုဖြစ်ပါတယ်။ Fast Food ဝယ်ယူတာကနေစလို့ လေယာဉ်လက်မှတ် ဝယ်ယူတာမျိုးအထိ Credit Card ကို အသုံးပြုနိုင်ပါတယ်။ တစ်နည်းအားဖြင့် Credit Card ဆိုတာ ငွေပေးချေမှုဝန်ဆောင်မှုကိုမှ ချေးငွေပြန်ဆပ်ခွင့် ကာလရှည်ပေါင်းစပ်ပေးထားခြင်း ဖြစ်ပါတယ်။ Card ကိုင်ဆောင်သူအနေနဲ့ အများဆုံးငွေပမာဏ ဘယ်လောက်ချေးယူသုံးစွဲနိုင်မလဲဆိုတာက များသောအားဖြင့် ကိုယ့်ရဲ့လစဉ်ဝင်ငွေအပေါ် မူတည်ပါတယ်။ ကိုယ်သုံးစွဲထားတဲ့ ငွေပမာဏကို ပြန်လည်ပေးချေရတဲ့အခါ ပေးချေနိုင်မှုပုံစံ၊ အတိုးကင်းလွတ်ခွင့်ပေးထားတဲ့ကာလနဲ့ အတိုးကင်းလွတ်ခွင့်ကာလကျော်လွန်ပါက ပေးဆောင်ရမယ့်အတိုးနှုန်းတွေက ဘဏ်တစ်ခုနဲ့တစ်ခု သတ်မှတ်ထားတာချင်း ကွဲပြားတတ်ပါတယ်။ ဒါအပြင် Credit Card အသုံးပြုဖို့ Card Issuing Fees ၊ Annual Fees ၊ Late Payment Fees နဲ့ အခြားကုန်ကျစရိတ်တွေကလည်း သက်ဆိုင်ရာဘဏ်တွေအလိုက် မတူညီတတ်ပါဘူး။ Credit Card အများစုရဲ့ အရွယ်အစားက 3.375 in x 2.125 in ရှိလေ့ရှိပြီး Card ရဲ့ ဘေးအစွန်းလေးဖက်က အချင်းဝက်အားဖြင့် 2.8mm - 3.48mm ဝန်းကျင် ဝိုင်းနေတတ်ပါတယ်။ ATM Card တွေ၊ Debit Card တွေ အရွယ်အစားတူလေ့ရှိပါတယ်။ Credit Card တွေအပေါ်မှာ ISO/IEC 7812 Numbering Standard အရ ပုံနှိပ်ထားတဲ့၊ ဒါမှမဟုတ် ဖောင်းကြွပြုလုပ်ထားတဲ့ Bank Card Number ပါဝင်ပါတယ်။ Credit Card တွေမှာ Card ကိုင်ဆောင်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ သံလိုက်အစင်းကြောင်းတွေ ပါပါတယ်။ နောက်ပိုင်း Credit Card တွေထဲမှာ လုံခြုံစိတ်ချမှုရှိစေဖို့ အသုံးပြုသူတွေရဲ့ အချက်အလက်ကို Computer Chip ထဲထည့်ပြီး Credit Card တွေထဲမှာ မြှုပ်နှံလာကြပါတယ်။ ဘဏ်တွေလိုမျိုး Credit Card ထုတ်ပေးတဲ့ကုမ္ပဏီတွေဟာ သူတို့ရဲ့အကြွေးဝယ်ကတ်တွေကို ရောင်းဝယ်ရေးလုပ်ငန်းတွေဘက်က လက်ခံအောင် သဘောတူညီမှုတွေ ရယူကြရပါတယ်။ အခုဆိုရင် Ecommerce Website တွေ၊ Online Shopping တွေ၊ ကုန်တိုက်နဲ့ဈေးဆိုင်တွေ၊ ဓာတ်ဆီဆိုင်၊ Hotel ၊ စားသောက်ဆိုင်တွေ၊ ဆေးပစ္စည်းအရောင်းဆိုင်တွေနဲ့ အခြားဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာပါ Credit Card နဲ့ ငွေပေးချေမှုကို လက်ခံလာကြပြီဖြစ်ပါတယ်။ သက်ဆိုင်ရာဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေ၊ ကုမ္ပဏီပစ္စည်းတွေ (ဥပမာ စားသောက်ဆိုင် Menu တွေ) မှာ ဘယ် Credit Card တွေ အသုံးပြုပြီး ငွေပေးချေလို့ရသလဲဆိုတာကို ကြေညာထားတတ်ကြပါတယ်။ ကမ္ဘာပေါ်မှာ Credit Card Brand များစွာရှိတဲ့အထဲမှာမှ အမေရိကန်အခြေစိုက် Visa နဲ့ MasterCard တို့က လူသုံးများတဲ့ ကမ္ဘာ့ထိပ်တန်း Credit Card Brand တွေ ဖြစ်ပါတယ်။ JCB က ဂျပန်နိုင်ငံရဲ့ ထိပ်တန်း Credit Card Brand ဖြစ်ပြီး UnionPay ကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး Brand တစ်ခုဖြစ်ပါတယ်။ Visa နဲ့ MasterCard တို့က အသုံးပြုသူတွေဆီ Credit Card တွေကို ကိုယ်တိုင်ထုတ်ဝေမပေးပါဘူး။ သူတို့နှစ်ခုက ငွေပေးချေမှုလုပ်ငန်းစဉ်စနစ်တွေဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ သူတို့တွေက ကွန်ပျူတာစနစ်တွေဖြစ်ပြီး Credit Card နဲ့ ငွေပေးချေမှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ သူတို့ရဲ့ ငွေပေးချေမှုနည်းလမ်းတွေကို အသုံးပြုနိုင်ဖို့ နိုင်ငံတကာက ဘဏ်တွေကို သူတို့ရဲ့ Payment Brand ကို လိုင်စင်ပေးပါတယ်။ လိုင်စင်ရထားတဲ့ နိုင်ငံတကာက ပြည်တွင်းဘဏ်တွေဟာ Visa ၊ MasterCard တံဆိပ်ရိုက်နှိပ်ထားတဲ့ Credit Card တွေကို အသုံးပြုသူတွေဆီ ထုတ်ဝေပေးခွင့်ရှိပါတယ်။ ဒါကြောင့် အတိုးနှုန်းတွေ၊ အကျိုးခံစားခွင့်တွေ၊ နှစ်စဉ်ကြေးတွေနဲ့ အခြားဝန်ဆောင်ခတွေအားလုံးက နိုင်ငံတကာက Credit Card ထုတ်ပေးတဲ့ဘဏ်တွေက သတ်မှတ်ထားတာဖြစ်ပါတယ်။ AMEX ၊ Discover နဲ့ Diners Club တို့ကတော့ ငွေပေးချေမှုလုပ်ငန်းစဉ်စနစ်တွေဖြစ်တဲ့အပြင် သုံးစွဲသူတွေဆီ Credit Card တွေကို ကိုယ်တိုင်လည်း ထုတ်ဝေကြပါတယ်။ သူတို့တွေဟာ အတိုးနဲ့ အခြားဝန်ဆောင်ခတွေကနေ ဝင်ငွေအများဆုံး ရရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ရောင်းဝယ်ရေး လုပ်ငန်းတွေမှာ Visa နဲ့ MasterCard တို့လောက်တော့ သူတို့ကငွေပေးချေမှုလက်ခံတဲ့ လုပ်ငန်းအရေအတွက် မများပါဘူး။ အယ်ဒီတာအဖွဲ့
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ
Posted On August 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း