ဆိုင်တည်နေရာ
အမှတ်-၁၈၆၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာတစ်ဆိုင်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၉ ၄၀၁၅-၉၉၉၁၁ ဖြစ်ပါတယ်။ နောက်ထပ်ဆိုင်ခွဲကတော့ အမှတ် ၇၀၊ အင်းစိန်လမ်း (ဘူတာရုံမှတ်တိုင်အနီး)၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်း -၀၉ ၂၅၄၆၈၆၆၁၃ ဖြစ်ပါတယ်။ [email protected] နဲ့ www.facebook.com/cotton03 concept မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ပါရမီစိန်ဂေဟာရဲ့ စက်လှေကား အနီးမှာလည်း ဆိုင်ခွဲတစ်ဆိုင် ရှိပါတယ်။
ဆိုင်ဖွင့်ချိန်
မနက် ၉ နာရီကနေ ည ၈ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ရည်ရွယ်ချက်
ဦးချစ်မောင်လမ်းက ဆိုင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖွင့်လှစ်ခဲ့ပါတယ်။ လှိုင်မြို့နယ်ကဆိုင်ကို တော့ ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ကိုယ်တိုင်ချုပ်လုပ်တဲ့ ချည်ထည်အိတ်လေးတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်ရနိုင်ဖို့ ရည်ရွယ်ပါတယ်။
ရနိုင်တဲ့ပစ္စည်းအမျိုးအစား
အမျိုးသမီးအသုံးဆောင်အိတ်တွေ ပုံစံအမျိုးမျိုးကို ရနိုင်ပါတယ်။ ကုန်ကြမ်းက ယိုးဒယားကယူပြီး ဂျပန်၊ ကိုရီးယား၊ ယိုးဒယား စတဲ့ နည်းပညာတွေကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ ချုပ်လုပ်ထားတာပါ။
ဈေးနှုန်းအပိုင်း
ဈေးနှုန်းအနေနဲ့က အနိမ့်ဆုံး ငွေငါးရာကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ ရှိပါတယ်။ Whole Sale နဲ့ရော Retail နဲ့ပါ ဝယ်ယူနိုင်ပါတယ်။
Promotion ၊ Discount
Promotion နဲ့ Discount ကိုတော့ ရာသီအလိုက်ပြုလုပ်ပါတယ်။
အနာဂတ်မှာ လုပ်ဆောင်မယ့်အစီအစဉ်
နောက်ထပ်ဆိုင်ခွဲတွေ ထပ်မံဖွင့်လှစ်သွားဖို့ ရှိပါတယ်။ အမျိုးသားသုံးပစ္စည်းတွေကိုလည်း ထပ်မံထုတ်လုပ် သွားဖို့ အစီအစဉ်ရှိပါတယ်။ ဟိုတယ်တွေနဲ့လည်း ချိတ်ဆက်ပြီး Bedding ပိုင်းထုတ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။