စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ရည်ရွယ်ချက်
၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ စတင်ထုတ်လုပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီးလတ်ဆတ်တဲ့ Cold Pressed Juice ထုတ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစတင်ခဲ့တာဖြစ်ပါတယ်။
ရရှိနိုင်တဲ့ Juice အမျိုးအစား
Green Smoothie ၊ Green Cleanse ၊ Yellow Detox ၊ Orange Refresher ၊ Red Recovery ၊ Cashew Mylk ဆိုပြီး Juice အမျိုးအစားခြောက်မျိုးရှိပါတယ်။ ခြောက်မျိုးစလုံးမှာ ပါဝင်တဲ့ပစ္စည်းတွေကို ပုလင်းပေါ်မှာ ကပ်ပေးထားပါတယ်။
ပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့နည်းပညာ
မြန်မာနိုင်ငံမှာ တစ်ရာရာခိုင်နှုန်း အော်ဂဲနစ်အသီးအနှံတွေ ရရှိဖို့ခက်ခဲတဲ့အတွက် ပါဝင်ပစ္စည်းအချို့ကို နိုင်ငံခြားကနေ တင်သွင်းပါတယ်။ ဒီမှာရနိုင်တဲ့အသီးအနံှတွေကိုလည်း Chemical Free ၊ Pesticide Free ဖြစ်တာတွေကိုပဲ အသုံးပြုပါတယ်။ ကြာရှည်ခံဆေးတွေလည်းမသုံးမပြုဘဲ Order ရှိတဲ့အတိုင်းပဲ ထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့နည်းပညာကတော့ အသီးအနံှတွေရဲ့ အာနိသင်ကို ပြောင်းလဲမသွားစေတဲ့ Cold Pressed နည်းဖြစ်ပါတယ်။
Cold Pressed Juice ရဲ့ အာနိသင်
အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်ပေးကာ သဘာဝနည်းနဲ့ ကိုယ်အလေးချိန်ကျစေပါတယ်။
ဈေးနှုန်းနဲ့ Delivery Service
ဈေးနှုန်းအနေနဲ့က တစ်ပုလင်းကို ခြောက်ဒေါ်လာသတ်မှတ်ထားပါတယ်။ Detox အစီအစဉ်နဲ့ သောက်မယ်ဆိုရင် တစ်နေ့ကို ခြောက်ပုလင်းသောက်ရမှာဖြစ်ပြီး Customer စိတ်တိုင်းကျ နှစ်ရက်စာ၊ လေးရက်စာ၊ ခြောက်ရက်စာတို့အတွက် ဈေးနှုန်းလျော့ချရောင်းချပေးတဲ့ အစီအစဉ်လည်းရှိပါတယ်။ ရန်ကုန်မြို့တွင်းမှာ အိမ်အရောက်ပို့ပေးပြီး လတ်ဆတ်မှုရှိစေဖို့ နှစ်ရက်တစ်ကြိမ်ပဲပို့ပေးပါတယ်။
Target ထားတဲ့ Customer
နိုင်ငံခြားသားတွေ၊ အလှအပနဲ့ကျန်းမာရေးကို အလေးထားသူတွေ သောက်ကြပါတယ်။
ဆက်သွယ်ရမယ့် Website ၊ အီးမေးလ်နဲ့ဖုန်း
Order တွေကို Website ၊ Facebook Page တို့ကနေ Message ပေးပို့ပြီးတော့ဖြစ်ဖြစ်၊ အီးမေးလ်ပို့ပြီး၊ ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ် မှာယူနိုင်ပါတယ်။
Website - www.coldpressedjuiceco.me
Facebook Page - www.facebook.com/coldpressedjuiceco.me
E-mail - [email protected]
Ph - 09-254345009