CHINDWIN -PSB Institute မှ University of Portsmouth ဘွဲ့ရကျောင်းသားတွေအတွက် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ Career Fair 2018 ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ Career Fair မှာ Zeya and Associates Company Limited, 2C2P (Myanmar)(PayHere) , Hitachi Soe Electric and Machinery Company Limited, Myanmar Brewery Limited, Coca-Cola Myanmar, Htun Nay Wun Thitsar Company Limited, Wamin Group of Companies (WM Quandat Company), Naing Group Capital (Naing Group Construction) နဲ့ UMG Group of Companies တို့မှ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ပွဲမှာ အလုပ်လာလျှောက်ကြတဲ့ ကျောင်း သား ကျောင်းသူတွေကို သူတို့ရရှိမယ့် အလုပ်အကိုင်အခွင့် အလမ်းတွေအကြောင်းနဲ့ အလုပ်လျှောက်ထားခြင်းဆိုင် ရာ အကြောင်းအရာတွေကို Myanmar Brewery Limited, Coca-Cola Myanmar နဲ့ Htun Nay Wun Thitsar Company Limited တို့မှ ဆွေးနွေးရှင်းလင်းပေးခဲ့ ကြပါတယ်။