၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၁၉ ရက်(တနင်္ဂနွေနေ့)မှာ ကျရောက်မယ့် Father's Day အတွက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်မောက်လမ်းပေါ်က Chatrium Hotel Royal Lake Yangon မှာတော့ "ဖေဖေ Free စားရမယ့် အဖေများနေ့ ဘာဘီကျူးဘူဖေးညစာ" အစီအစဉ်ရှိနေပါတယ်။ ဒီဘူဖေးညစာအစီအစဉ်ကတော့ ဘီယာ free-flow ပါပါတယ်။
တနင်္ဂနွေည ၆ နာရီကနေ ၉ နာရီအထိ Chatrium Hotal Royal Lake Yangon က Emporia restaurant မှာ ပြုလုပ်သွားမယ့် ဒီဘူဖေးညစာအစီအစဉ်အတွင်း လူကြီးတစ်ဦးကို အမေရိကန်ဒေါ်လာ ၄၉ ကျပ်နဲ့ အသက် ၁၁ နှစ်အောက် ကလေးတွေအတွက်ဆိုရင် အမေရိကန်ဒေါ်လာ ၂၂ ကျပ် အသီးသီးကျသင့်မှာဖြစ်ပါတယ်။

ထူးခြားချက်ကတော့ လူလေးဦးလာတဲ့အခါ ဖခင်ဖြစ်သူတစ်ယောက်စာ Free ဘူဖေးရမယ့်အစီအစဉ်နဲ့ လူကြီး ငါးဦးလာရင်တော့ ဖခင်တစ်ဦးအတွက် Free ဘူဖေးနဲ့ Deluxe ခန်းမှာ လူကြီးနှစ်ယောက် တစ်ညတာ Free တည်းခိုခွင့်အခန်းလက်ဆောင်အစီအစဉ်၊ ဘူဖေးလာရောက်စားသုံးသူ ဖခင်အတွက် Father's Day Cup Cake ၂ ခု လက်ဆောင် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အသေးစိတ်နဲ့ Table Reservation အတွက် +၉၅၁၉၅၄၄၅၀၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။