Career Forum 2014

2 6 4

3

1

5

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ၊ French Business Association of Myanmar (AFMA) ၊ Institut Francais de Birmanie နဲ့ Campus France တို့ ကြီးမှူးစီစဉ်တဲ့ Career Forum 2014 ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဧပြီလ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ ဖွင့်ပွဲအခမ်းအနားမှာတော့ YUFL ရဲ့ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်လွင်လွင်စိုး၊ Association of France Myanmar des Affaires ရဲ့ ဥက္ကဌ Mr. Romain Caillaud ၊ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Mr. Thierry Mathou ၊ UMFCCI ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးမြင့်ကျော်တို့အပြင် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နဲ့ အလုပ်သမားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများမှ အသီးသီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Vovan & Associes မှ Senior Associate ဖြစ်သူ Siri Lerdsirisopon နှင့် Luther Corporate Services Limited မှ ရှေ့နေ Yasemin Derviscemallioglu တို့က Human Resources Legal Framework နဲ့ပတ်သက်လို့ ဆွေးနွေးပေးခဲ့ကြပါတယ်။ Round table discussion တွေကိုတော့  Challenges for recruiting companies ၊ Companies sharing human resources issues ၊ Studies in France, Myanmar & Abroad စတဲ့ ခေါင်းစဉ်များနှင့် Fourth Valley Concierge ၊ Career Development Consultancy CO LTD (CDC) ၊ Myjobs ၊ Accor၊ Schneider Electric ၊ DKSH Services LTD ၊ Campus France Thailand ၊ Campus France Myanmar ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ တာဝန်ရှိသူများက ဆွေးနွေးပေးခဲ့ကြပါတယ်။ အဲဒီနောက်မှတော့ Workshop တွေအဖြစ် Tips for a professional resume နဲ့ Understand a work contract ကို  CDC ကုမ္ပဏီမှလည်းကောင်း၊ How to perform the best resume ကို DKSH Services Ltd မှလည်းကောင်း၊ Professional Business Etiquette ကို OfficeHub မှ လည်းကောင်း ? French for business purpose နဲ့ Initiation to French language ကို Institut Francais မှလည်းကောင်း၊ How to perform the best interview ကို Myjobs မှလည်းကောင်း အသီးသီး ပြုလုပ်ပေးခဲ့ပါတယ်။ Career Forum 2014 မှာ HR issue တွေကို ရင်ဆိုင်နေရတဲ့ ကုမ္ပဏီများ ကျွမ်းကျင်သူများနှင့်ဆွေးနွေးခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒါကတော့ B2B Meeting များအတွက် Luther Corporate Services Limited၊ Audier & Partners Yangon Office နဲ့ Vovan Associes တို့မှ ရှေ့နေများနှင့် ဆွေးနွေးခြင်းအစီအစဉ်ဖြစ်ပါတယ်။ Career Forum 2014 ကျင်းပတဲ့ ဧပြီ ၈ ရက်နေ့ တစ်ရက်လုံးမှာ Device Services Company Limited ၊ Schneider Electric ၊ Luther ၊ CDC ၊ DKSH၊ OGAS Solution၊ Myjobs.com.mm၊ Nestle၊ BYMA ၊ Fourth Valley Concierge ၊ Campus France ၊ Institut Francais ၊ Okkar Thiri CO LTD တို့မှ Booth များကို တစ်နေ့လုံးဖွင့်လှစ်ထားပြီး လစ်လပ်ရာထူးများအတွက် အလုပ်လျှောက်လွှာများကို လက်ခံပေးခဲ့ပါတယ်။