လူတိုင်းဖတ်သင့်တဲ့ စီးပွားရေးနဲ့ငွေကြေးဆိုင်ရာ စာအုပ် ၁၀ အုပ်

ဘဝမှာအောင်မြင်မှုရရှိနေတယ်လို့ ထင်မြင်ယူဆရတဲ့ မိတ်ဆွေသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေ ရှိကြမှာပါ။ သူတို့ဘာကြောင့်အောင်မြင်နေကြတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို စိတ်ဝင်စားမယ်ထင်ပါတယ်။ ဖြစ်နိုင်တာက စာအုပ်ကောင်းတွေကို ဖတ်ရှုနေလို့ပါ။ ဒါကြောင့် လက်ရှိလူတိုင်းဖတ်ရှုနေကြတဲ့ Amazon က စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာစာအုပ်ကောင်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ Amazon က ရောင်းအားအကောင်းဆုံး စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာစာအုပ်တွေက ဘဝရဲ့အောင်မြင်မှုတွေကိုတည်ဆောက်ဖို့ အကောင်းဆုံးအတွေးအခေါ်နဲ့ အကြံဉာဏ်တွေကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

1. "Facing Adversity,Building Resilience and Finding Joy Sheryl Sandberg Adam Grant"

Sheryl Sandberg နဲ့ Adam Grant တို့ ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။

businessandmoney1

ခင်ပွန်းဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီးနောက် ကလေးတွေနဲ့ သူ့ရဲ့ဘဝမှာ ပျော်ရွှင်မှုတွေ ဘယ်တော့မှထပ်မရနိုင်တော့ဘူးလို့ Sheryel Sandberg ခံစားခဲ့ပါတယ်။ ကျွန်မအားလုံးကို ပုန်းရှောင်နေခဲ့ပါတယ်။ လစ်လပ်မှုကြီးတစ်ခုက ကျွန်မရဲ့နှလုံးသားမှာ ပြည့်နှက်နေပြီး ကျွန်မရဲ့တွေးခေါ်မှုတွေနဲ့ ကျွန်မရဲ့ အသက်ရှူရှိုက်တာတွေကိုတောင် ထိန်းချုပ်ထားပါတယ်လို့ Sheryel Sandberg က ရေးသားပါတယ်။ သူ့ရဲ့သူငယ်ချင်းဖြစ်သူ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ Adam Grant ကတော့ ဘဝရဲ့ ကံကြမ္မာဆိုးတွေထဲက ပြန်လည်ရုန်းထနိုင်ဖို့ လူတိုင်းလုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။ ''ကျွန်မတို့ဟာ ဒုက္ခဆင်းရဲတွင်းက အလွယ်တကူ လွတ်မြောက်နိုင်တဲ့စွမ်းရည်မျိုး မွေးကတည်းက ပါမလာပါဘူး'' လို့ Adam Grant က ပြောပါတယ်။

businessandmoney2

2. Unshakeable: Your Financial Freedom Play book

ကမ္ဘာ့ထိပ်တန်းငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အင်တာဗျူးအတွေ့အကြုံတွေကို Money: Master the Game စာအုပ်နဲ့အတူ မျှဝေခဲ့တဲ့ စာရေးဆရာရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဘယ်လောက်လစာရနေပြီး ဘယ်လိုဘဝအခြေအနေမျိုးလဲဆိုတာ အရေးမကြီးပါဘူး။ ဒီစာအုပ်က ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေကို မျှော်လင့်ထားတဲ့ ပိုပြီးလျင်လျင်မြန်မြန် တိုးတက်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

businessandmoney3

3. The One Thing: "The Surprisingly Simple Truth Behind Extra-ordinary Results"

Gary Keller ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

လူတွေဟာ အင်အားကြီးမားတဲ့ ဒီသဘောတရားကို သူတို့ရဲ့ လူမှုဘဝနဲ့ လုပ်ငန်းခွင်မှာ စံပြအနေနဲ့ အသုံးချကြပါတယ်။ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေကို ပိုပြီးစွမ်းဆောင်ရည်မြင့်မားစေဖို့ သင်တန်းတွေ ပို့ချတယ်။ လေ့ကျင့်သင်ကြားပေးတယ်။ အရောင်းအဖွဲ့တွေက ရောင်းအားကို မြှင့်တင်ကြတယ်။ ဘုရားကျောင်းတွေက အတန်းတွေဖွင့်တယ်။ သူတို့ရဲ့သင်တန်းသားတွေကို အကြံဉာဏ်ကောင်းတွေပေးတယ်။ လူတွေဟာ တစ်စုံတစ်ခုအပေါ် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို နှစ်မြှုပ်ပြီး သူတို့ရဲ့ ဘဝ၊ ငွေကြေး၊ အိမ်ထောင်ရေးနဲ့ လူမှုဆက်ဆံရေး နယ်ပယ် အစစအရာရာကို မြင့်မားလာအောင် ကြိုးစားကြတယ်။

businessandmoney4

 4. I Will Teach You To Be Rich

Ramit Sethi ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

Ramit Sethi ရဲ့ သီတင်းခြောက်ပတ် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအစီအစဉ်တွေက အသက်နှစ်ဆယ်က ၃၅ နှစ်ကြား အသက်အရွယ်ရှိသူတွေကို လက်တွေ့အကောင်အထည်ဖော် လုပ်ကိုင်လိုစိတ်ရှိလာအောင် ရေးသားတင်ဆက်ထားတာ တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ ငွေရေးကြေးရေး၊ အသုံးစရိတ်ချွေတာရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ချမ်းသာကြွယ်ဝရေး အတွေးအခေါ် စတဲ့ အချက်လေးချက်အပေါ်မှာ အခြေခံရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။

businessandmoney5

5. The Life-Changing Magic of Tidying Up

အဖွဲ့အစည်းအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စာရေးဆရာမတစ်ဦးဖြစ်တဲ့ Marie Kondo ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။ Marie Kondo ဟာ အိမ်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး တစ်ကြိမ်တစ်ခါပြုလုပ်ရုံနဲ့ ဘယ်တော့မှ ထပ်လုပ်ဖို့မလိုတဲ့အကြောင်းနဲ့ သန့်ရှင်းမှုရဲ့ အကျိုးကျေးဇူးတွေကို စာအုပ်ထဲမှာ အကြံပေးလမ်းညွှန်ထားပါတယ်။ Marie Kondo ရဲ့ နည်းလမ်းတွေကတော့ အိမ်တစ်အိမ်မှာ တစ်ခန်းပြီးတစ်ခန်း နည်းနည်းချင်းလုပ်ဆောင်သွားရုံနဲ့ အမြဲတမ်းရှုပ်ပွနေတဲ့အရာတွေက ထာဝရရှင်းလင်းသွားစေနိုင်တယ်လို့ အကြံပြုထားပါတယ်။

businessandmoney6

6. Habit Stacking:127 Small Changes to Improve Your Health,Wealth,and Happiness (Most are Five Minutes or Less)

S.J.Scott ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။

အရေးကြီးတဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ပို လိုအပ်နေပါသလား၊ အလေ့အကျင့်ကောင်းတစ်ခုကို တည်ဆောက်ဖို့ လိုအပ်နေသလား၊ သင့်ရဲ့ဘဝကိုပြောင်းလဲဖို့ ခက်ခဲနေသလား၊ နံနက်တိုင်းမှာ သင့်ရဲ့ဘဝအတွက် တန်ပြန်အကျိုးကျေးဇူးရရှိစေမယ့် လုပ်ဆောင်ချက်လေးတွေနဲ့ စတင်တဲ့ဘဝမျိုးကို စိတ်ကူးကြည့်လိုက်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာကို စားသောက်မယ်။ ကိုယ်ချစ်ရသူတစ်ယောက်နဲ့ စကားစမြည် ပြောမယ်။ ပြီးတော့ တစ်နေ့တာရဲ့ အရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကို အာရုံစူးစိုက်မှုအပြည့်နဲ့စတင်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်အတွက် အပြုသဘောဆောင်တဲ့ တခြားအလေ့အကျင့်တွေကိုလည်း ပြီးမြောက်စေမယ်။

businessandmoney7

7.  The 7 Habits of Highly Effective People: Powerful Lessons in Personal Change

Stephen R.Covey ရေးသားထားတဲ့ The 7 Habits of Highly Effective စာအုပ်ဟာ ထွက်ရှိပြီးသား စာအုပ်တွေထဲက စိတ်ဓာတ်လှုံ့ဆော်မှုအပေးစွမ်းနိုင်ဆုံးနဲ့ ထိရောက်မှုအရှိဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅ နှစ်တိုင် စာဖတ်သူတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပြီးဖြစ်သလို ဥက္ကဋ္ဌ၊ စီအီးအိုနဲ့ ပညာတတ်တွေစတဲ့ ဘဝပေါင်းများစွာကိုလည်း ပြောင်းလဲမြှင့်တင်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

businessandmoney8

8. The Power of Habit : Why We do What We do in life and Business

The Power of Habit ကို ရေးသားခဲ့သူကတော့ ပူလစ်ဇာဆုရရှိထားတဲ့ စီးပွားရေးသတင်းထောက် Charles Duhigg ဖြစ်ပါတယ်။ စာအုပ်ထဲမှာ အလေ့အကျင့် ဖြစ်တည်မှုနဲ့ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျရှာဖွေတွေ့ရှိမှုတွေကို Charles Duhigg က စာဖတ်ပရိသတ်နားလည်စေဖို့ စုစည်းဖော်ပြပေးထားပါတယ်။ Charles ရဲ့ စာအုပ်ထဲမှာ လူ့သဘာဝနဲ့ အခြေအနေကို အလွယ်တကူနားလည်စေနိုင်ဖို့ အချက်အလက်တွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ လိုရင်းတိုရှင်း ရေးသားဖော်ပြပေးထားတာကိုလည်း တွေ့ရပါတယ်။ The Power of Habit စာအုပ်ထဲမှာ အလေ့အကျင့်တွေက အောင်မြင်မှုရရှိဖို့ ဘယ်လောက်အထိ အရေးပါသလဲဆိုတဲ့အချက်ကို စိတ်ဝင်စားဖွယ်ရာဖြစ်အောင် တင်ပြဆွေးနွေးထားပြီး သိပ္ပံနည်းကျလက်တွေ့လေ့လာတွေ့ရှိချက်တွေအရ လူသားတွေအနေနဲ့ စီးပွားရေး၊ လူမှုအသိုင်းအဝိုင်းနဲ့ ဘဝအခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့အကြောင်း သက်သေအခိုင်အမာ ပြသထားပါတယ်။

businessandmoney9

9. Strengths Finder 2.0

Tom Rath ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

နေ့ရက်တိုင်းမှာ အကောင်းဆုံးလုပ်ဆောင်ဖို့အတွက် အခွင့်အလမ်းတွေ သင့်မှာရှိပါသလား။ ဒီလိုအခွင့်အရေးတွေ ကင်းမဲ့နေပါသလား။ ကျွန်တော်တို့ရဲ့ ပင်ကိုအရည်အသွေးတွေဟာ များသောအားဖြင့် အသုံးချမခံကြရပါဘူး။ ငယ်စဉ်ကလေးဘဝက လုပ်ငန်းခွင်ထဲ ဝင်ရောက်တဲ့အထိ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ထက် လတ်တလောအခြေအနေကို ဖြေရှင်းဖို့အတွက်ပဲ အချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။ လူတွေ ကိုယ့်ရဲ့အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေဖို့ သုတေသနကုမ္ပဏီတစ်ခုက ၂၀၀၁ ခုနှစ်မှာ StrengthsFinder အစီအစဉ်ကို အွန်လိုင်းမှာ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအစီအစဉ်က လူသန်းပေါင်းများစွာကို သူတို့ရဲ့ ထိပ်တန်းအရည်အချင်းငါးခုကို ရှာဖွေတွေ့ရှိဖို့ အကူအညီပေးနိုင်ခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာပြီး နိုင်ငံတွင်းအရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်နေတဲ့ Strengths Finder 2.0 ကို သင့်ဘဝအတွက် နှစ်ပေါင်းများစွာ အထောက်အကူပြုစေဖို့ အသုံးချနိုင်မှာပါ။

businessandmoney10

10. Business Boutique: A woman’s Guide for Making Money Doing What She Loves

အမျိုးသမီးတွေအတွက် အပြောင်းအလဲတစ်ခုဖြစ်စေနိုင်မယ့် Business Boutique စာအုပ်ကို ရေးသားခဲ့သူကတော့ Christy Wright ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အတွေးအခေါ် အကြံဉာဏ်တွေ၊ စိတ်ကူးအိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ Business Boutique က အမျိုးသမီးတိုင်းအတွက် လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ကိုဇေ(ရေဦး)