ပြုပြင်ပြောင်းလဲလာတဲ့စီးပွားရေးကဏ္ဍမှာ လူငယ်တွေကို Business Plan တွေဆွဲတတ်လာပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တတ်လာအောင်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပေါများလာအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ UMFCCI နဲ့ CIESF (Japan) တို့ ပူးပေါင်းပြီး Myanmar Business Plan Contest 2013 ပွဲကို ကြီးမှူးကျင်းပပေးခဲ့ရာ First Prize Winner တွေဖြစ်တဲ့ ESPRIT de' CORP အဖွဲ့က ကိုဇာနည်အောင်၊ ကိုနိုင်လင်းအောင်၊ မထက်ထက်ဝေတို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ Business Plan Contest ပြိုင်ပွဲဝင်ပြိုင် ဖြစ်ခဲ့ပုံ ကျွန်တော်တို့က Business Plan Contest ပွဲ တွေကို အမြဲတမ်းပြိုင်လေ့ရှိပါတယ်။ ဒီ MBPC ပွဲမပြိုင်ခင်မှာ Global Business Challenge (GBC) ပွဲဝင်ပြိုင်ခဲ့ပါတယ်။ GBC ပြီးတော့ နောက်ပွဲပြိုင်ဖို့ ရှာရင်းနဲ့ MBPC မှာ ဝင်ပြိုင် ဖြစ်သွားတာပါ။ ပြိုင်ပွဲဝင်ခဲ့တဲ့ Business Plan ရဲ့အကြောင်းအရာတွေ ကျွန်တော်တို့ရဲ့ Business Plan မှာ အဓိကအကြောင်းအ ရာ ကတော့ Online Travel Agency လုပ်တာပါ။ ဥပမာ- ပြည်ပကလာတဲ့ နိုင်ငံခြားသားဧည့်သည်တွေ ပြည်တွင်းကို လာမယ်ဆိုရင် Travel Agent တွေနဲ့ ဆက်သွယ်ရတယ်။အဲလိုဆက်သွယ်တဲ့အချိန်မှာ Traditional တွေရှိတယ်။ ရိုးရိုး ဖုန်းနဲ့ဆက်သွယ်တာတွေရှိတယ်။ ကျွန်တော်တို့က အဲလိုမ ဟုတ်ဘဲ Myanmar Market ကို Knowledge အပြည့်ရှိတဲ့ Local ကုမ္ပဏီတစ်ခုအနေနဲ့ Website တစ်ခုထွင်တယ်။ အဲဒီ Website ပေါ်မှာ Booking System ပါပြီးသားပါ။ အဲဒါ က ကျွန်တော်တို့ရဲ့ Business Model ပါပဲ။ ကျွန်တော်တို့ ကအဲဒီ Business နဲ့ပြိုင်တာပါ။ အသေးစိတ်ဆိုရင် Marketing Plan ပါတယ်။ Place Strategy (Distribution) ၊ Pricing Strategy စတဲ့ Strategy တွေ အစအဆုံး အကုန် ပါပါတယ်။ Market Research ၊ HR ၊ Financial စတာ တွေလည်းပါပါတယ်။ Content က ကိုးခုလောက်ရှိပါတယ်။ ဒီ Plan ထဲမှာပါတဲ့ကျွန်တော်တို့ရဲ့ Objective က မြန်မာနိုင်ငံကို နှစ်နှစ်၊ အာဆီယံကိုတော့ငါးနှစ်အတွင်း ထိုးဖောက်မှာဖြစ်ပါတယ်။ Online Travel Agency ကိုရွေးချယ်ဖြစ်ခဲ့ပုံ ကျွန်တော်တို့တွေBrainstroming လုပ်တဲ့အချိန်မှာ မျိုးစုံ စဉ်းစားတာပေါ့။ စဉ်းစားရင်းနဲ့မှကိုယ့်ရဲ့ Plan က တကယ်ဖြစ်နိုင်လားဆိုတာမျိုး Vias မပါဘဲ Research လုပ်ကြည့်ကြပါတယ်။ အဲဒီထဲကမှ Tourism ကို ဖြစ်နိုင် တယ်လို့ယူဆတဲ့အတွက် အားလုံးကလက်ခံပြီး ရွေးဖြစ် သွားတာပါ။ လက်ရှိ Tourism Market ကလည်း ကောင်း လာတဲ့သဘောမှာရှိနေပါတယ်။ အားလုံးကလည်း အာရုံစိုက် နေတဲ့ Industry ဖြစ်တာကြောင့် ရွေးဖြစ်သွားတာပါ။ ပြိုင်ပွဲအတွက်ပြင်ဆင်ခဲ့ရပုံ ဒီBusiness Plan အတွက် Research တွေအများကြီးလုပ်ရ တယ်။ Research လုပ်တာဆိုတော့ စာအုပ်တွေအများကြီး ဖတ်ရတယ်။ သွားမေးရတာတွေလည်း ရှိပါတယ်။ လိုအပ် တဲ့ Data တွေကို Same Industry တွေ မှာလိုက်မေးရပါ တယ်။ ကြော်ငြာထည့်မယ်ဆိုလည်း Magazine တိုက်တွေ ဆီကိုသွားပြီး ကြော်ငြာ Price တွေကအစ လိုက်မေးရပါ တယ်။ Realistic ဖြစ်မှ Finance တွက်တဲ့အခါ အမှန်တ ကယ်တန်ဖိုးထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီ Plan ထဲမှာ Advertising ကAirport မှာ Light Box တွေ ထောင်မယ် ဆိုတော့Myanmar Media International က မေးထား တာဖြစ်ပါတယ်။ကျွန်တော်တို့ Plan ထဲက Data တွေအား လုံးက တကယ့် Realistic တွေပါပဲ။ တခြား ဟိုတယ်တွေဆို လည်းလိုက်မေးရတာပေါ့။ ကျွန်တော်တို့ အဲဒီ Plan ထဲက အတိုင်းဆိုရင်လက်ခံမလား၊ ကော်မရှင်ဘယ်လောက်ယူတတ် လဲဆိုတာမျိုးတွေ လိုက်မေးရပါတယ်။ ကျွန်တော်တို့ တကယ့် ဏမသခနျျ လုပ်နေရသလို တကယ်လုပ်နေတဲ့လူတွေနဲ့ လိုက်တွေ့ပြီးမေးကြည့်ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က စဉ်းစားတာပဲရှိတာလေ အတွေ့ အကြုံမရှိတော့ တကယ့်လက်တွေ့မှာဖြစ်နိုင်လားဆိုပြီး ချင့်ချိန်ရပါတယ်။ သင်ခဲ့ရတဲ့ပညာတွေကို လက်တွေ့အသုံးချဖြစ်ပုံနှင့် ပြင်ပဗဟုသုတ ပိုင်း ကျွန်တော်တို့Marketing Plan မှာဆိုရင် ကျွန်တော်တို့ သင်ခဲ့ရတဲ့ Marketing Plan က Tools တွေ အကုန်သုံး ရတဲ့သဘောမှာရှိပါတယ်။ ကိုယ်သင်ထားရတဲ့ စာတွေ ကို တကယ်လက်တွေ့မှာ ပြန်သုံးနေရတဲ့သဘောမျိုးပါပဲ။ Gantt Chart လိုနေရာမျိုးမှာဆိုရင် တအားသိသာပါတယ်။ Gantt Chart က စာအုပ်ထဲမှာဆိုရင်ဂဏန်းတွေမပါဘူး။ ကျွန်တော်တို့ကလက်တွေ့မှာ တကယ်တွက်ရတာ။ ဘယ် နေရာမှာ ပိုက်ဆံဘယ်လောက်သုံးမလဲ။ အဲဒီအတွက်ပြန်ရမှာကဘယ်လောက်ဆိုတာမျိုးတွေပေါ့။ သီအိုရီပိုင်းကိုလက် တွေ့မှာ အသုံးချနေရတာဖြစ်ပါတယ်။ ပြင်ပဗဟုသုတပိုင်း ဆိုရင် Internet Base သွားတာများပါတယ်။ အဓိက Same Industry တွေရဲ့ Website တွေကို ကြည့်တယ်။ တချို့ Data တွေ၊ Trend တွေ၊ လက်ရှိမှာMyanmar Tourism ဘယ်လောက်ဝင်နေပြီ၊ သူတို့ရဲ့ Market က ဘယ်လောက်ရှိနေပြီစတဲ့ Data တွေ လိုက်ရှာပြီး ဖတ်ရပါ တယ်။ နောက်ပြီး ကျွန်တော်တို့ အများဆုံးဖတ်ဖြစ်တဲ့ Social Media Marketing စာအုပ်ပါ။ အဲဒီစာအုပ်ထဲမှာ ဥပမာဆိုရင် Google ကို ကျွန်တော်တို့ သုံးရမယ့်ပုံစံက Supplier အနေနဲ့ ပြန်သုံးမှာဆိုရင် Segment လေးတွေ ပိုင်းမယ်။ Website တွေ အားလုံးလိုက်ကြော်ငြာဖို့ အတွက် ကြော်ငြာလို့ရမယ့်ပုံစံတွေ ရေးပေးထားပါတယ်။ အဲဒါတွေကို ကျွန်တော်တို့က Plan ထဲထည့်ရေးထားတယ်။ ခေါင်းထဲမှာလည်း ထည့်ထားပါတယ်။ အဲဒါကြောင့် Judge တွေကမေးခွန်းတွေမေးတဲ့အခါအဆင်ပြေပြေနဲ့ပဲ ပြန်ဖြေနိုင်ခဲ့တာဖြစ်ပါတယ်။ ဆုရတဲ့ Business Plan ကို လက်တွေ့အသုံးချဖို့စဉ်းစားထားတာတွေက ... အဓိကလိုအပ်နေတဲ့ Resource မှာပါတဲ့ Skill ရော၊ Financial ပိုင်းကိုပါ ကျွန်တော်တို့ကြိုးစားပြီး ဖြည့်နေ ပါတယ်။ အဲဒါတွေဖြည့်ပြီးရင်တော့ အကောင်အထည်ဖော် ဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်က ဒီ Plan ကိုအသက်ဝင်သွားစေချင်တာပါ။ ၂၀၁၅ ခုနှစ်လောက်ကို တော့ မှန်းထားပါတယ်။ ကျွန်တော်တို့ Investor တော့ ရှာနေပါတယ်။ ကျွန်တော်တို့ ဒီ Plan ကို လှည့်ပြိုင်ရင်း နဲ့လည်း စိတ်ဝင်စားတဲ့သူတွေကို တွေ့လာပါတယ်။ ကျွန် တော်တို့ အိပ်မက်လေးအကောင်အထည်ပေါ်လာနိုင်အောင် ကြိုးစားရမှာပါ။ ပြိုင်ပွဲမှာ Teamwork ရဲ့အရေးကြီးပုံ ပြိုင်ပွဲမှာ ကိုယ်ကြိုက်တဲ့ခေါင်းစဉ်နဲ့ဝင်ပြိုင်လို့ ရပါတယ်။သတ်မှတ်ထားတာမရှိပါဘူး။ ကြိုက်တဲ့ Industry နဲ့ပြိုင် လို့ရပါတယ်။ ပထမဆုံး Business အတွက် အကြမ်းဖျင်း Outline (ကိုယ့်ရဲ့ idea) တွေတင်ရတယ်။ အဲဒါကိုကြည့် ပြီးတော့မှ ဆယ်ဖွဲ့ရွေးပါတယ်။ သူတို့က Documentation တွေပေးထားပါတယ်။ ပြီးတော့ Full Documentation တစ်ခါထပ်တင်ရတယ်။ Improvement ပေါ့။ Business Plan အစအဆုံးတင်ရတာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ Powerpoint တွေ၊ Presentation တွေ တစ်ခါတည်းလုပ် ရပါတယ်။ Documentation ကိုလည်း ကြည့်တယ်။ Powerpoint ကိုလည်း ကြည့်ပြီးမှ အဖွဲ့ငါးဖွဲ့ပြန်ရွေးလိုက် တယ်။ အဲဒီငါးဖွဲ့ထဲကမှ First,Second,Third ဆိုပြီး ပြန်ရွေးတာပါ။ အားလုံးကလည်း Team အလိုက်လုပ်မှ ပိုပြီး အဆင်ပြေမှာပါ။ များသောအားဖြင့်ကတော့ အဖွဲ့ လိုက်ပဲပြိုင်လေ့ရှိပါတယ်။ အဖွဲ့လိုက်ဆိုတော့ ကိုယ်စဉ်းစား တာကိုသူငြင်း၊ သူစဉ်းစားတာကို နောက်တစ် ယောက်က ငြင်းပေါ့။ အဲလိုမျိုးလုပ်ကိုင်ရတာဆိုတော့ Synergy တ အားထွက်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုလက်တွဲပြီးအလုပ်လုပ်တဲ့အခါမှာ တွေကြုံခဲ့ရတဲ့အခက်အခဲတွေ ညီမအနေနဲ့ကတော့ အခက်အခဲဆိုရင် ညဘက်တွေ အလုပ် လုပ်ရတာပါပဲ။ ကျန်တဲ့အစ်ကိုနှစ်ယောက်ကအလုပ်လုပ် တော့ ညနေ ၆ နာရီလောက်မှစပြီးလုပ်ရတာပါ။ ဒါကြောင့် ည ၈ နာရီကျော်လောက်မှပြန်ရတော့ အချိန်ကအခက်အခဲ ဖြစ်ပါတယ်။ နေ့ခင်းပိုင်းအပြင်ထွက်ရမယ့်အလုပ်တွေကို ညီမက လုပ်ထားပေးပြီး ညနေမှအားလုံးဝိုင်းပြီးဆွေးနွေးကြရ တာတွေတော့ ရှိပါတယ်။ ပြိုင်ပွဲကနေရရှိလာတဲ့အတွေ့အကြုံနဲ့ အကျိုးကျေးဇူးတွေကိုပြောပြ ပေးပါ။ ကျွန်တော်တို့ Travel & Tour Industry ကိုတော့ တော်တော်နားလည်သွားပါတယ်။ Internet Research တွေ လုပ်ရတော့ Internet Skill တွေပိုပိုပြီးတက်လာပါတယ်။ ထက်ထက်ကတော့ Financial ပိုင်းတွေ တက်လာပါတယ်။ကျွန်တော်တို့ကဒီဘက်မှာ Data တွေ တင်လိုက်တာနဲ့ သူကလိုက်တွက်ပြီးသားဖြစ်နေပြီ။ ပြိုင်ပွဲအသီးသီးကနေ မတူညီတဲ့အတွေ့အကြုံတွေကြောင့် ပြိုင်ပွဲတစ်ပွဲပြီးတိုင်းလည်း ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင် Skill တွေ တက်လာပါတယ်။ကျွန်တော်တို့အတွက် အခက်အခဲဆိုတာထက် Challenging တွေပိုများပါတယ်။ ကျွန်တော်တို့ လုံးဝမတွေးနိုင်၊ မလုပ်နိုင်တော့တဲ့အချိန်တွေအများကြီးရှိတယ်။ ကျွန်တော်တို့ ဒါကိုအခက်အခဲလို့သဘောမထားဘဲ Challenging လို့ သဘောထားပြီး ရအောင်ပြန်လုပ်ပါတယ်။ အခုလို Business Plan ပြိုင်ပွဲတွေကျင်းပပေးလာတဲ့အပေါ် အမြင် ဒီလိုပြိုင်ပွဲတွေလုပ်ပေးနေတာဟာ မြန်မာနိုင်ငံကလူငယ် တွေအတွက် အင်မတန်ကိုကောင်းပါတယ်။ Entrepreneur တွေ ပေါများလာဖို့ သိပ်ကိုအထောက်အကူပြုတဲ့ပြိုင်ပွဲတွေလို့ မြင်ပါတယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့လည်း အမြင် ကျယ်လာပါလိမ့်မယ်။ Industry တစ်ခုမှာ Set up ကစ လုပ်တဲ့ အခါမှာ အဲဒီ Industry ရဲ့ Knowledge တွေအကုန်ရလာ ပါတယ်။ ကိုယ်လေ့လာရင် လေ့လာသလောက် အဲဒီ Industry မှာ Apply လုပ်နိုင်လာမှာ ဖြစ်ပါတယ်။ အနာဂတ်အစီအစဉ်တွေရှိရင် ပြိုင်ပွဲတွေဆက်ပြီးပြိုင်သွားဖို့ တိုင်ပင်ထားတာတွေတော့ရှိ ပါတယ်။ ၂၀၁၄ ခုနှစ်၊ မတ်လမှာ Global Business Challenge ပြိုင်ဖို့ ရှိပါတယ်။