မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ

အမေရိကန်နိုင်ငံအပါဝင် အာရှ-ပစိဖိတ်ဒေသက ဂျာနယ်လစ် ၁၆ ဦးဟာEast-West Center  ရဲ့ Jefferson Fellowships Spring 2013  ၂၀၁၃ ဂျာနယ်လစ်ပညာသင်ဖလှယ်ရေးအစီအစဉ်နဲ့အတူ အမေရိကန်(ဟာဝိုင်အီ)၊ ဂျပန်(တိုကျို)၊ တရုတ်(ပေကျင်း)နဲ့ မြန်မာ(ရန်ကုန်) လေးနိုင်ငံခရီးစဉ်ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ရောက်ရှိခဲ့ပါတယ်။ အဆိုပါအဖွဲ့ဟာ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်တွေအထဲမှာ Business and Investment in Myanmar: Opportunities and Challenges ဆိုတဲ့ခေါင်းစဉ်နဲ့  ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၆ ရက်မှာ ရန် ကုန်မြို့ Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ဦးသူရကိုကို၊ ဦးခင်အောင်ထွန်းနဲ့  Mr Cyrus Pun  တို့က ပါဝင်ဆွေးနွေးသွားခဲ့ပြီး  ဆွေးနွေးပွဲကနေ ရရှိတဲ့ စိတ်ဝင်စားဖွယ်အချက်တွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

 

4ပါမောက္ခဒေါက်တာအောင်ထွန်းသက်

Senior Advisor UN Resident Coordinator's Office   မြန်မာနိုင်ငံဟာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို ဖော်ဆောင်နေတဲ့ကာလဖြစ်ပါတယ်။ ပြောင်းလဲ မှုလို့ဆိုရာမှာ Change   ဆိုတဲ့ စကားလုံးအစား Transfor-mation  ဆိုတာကိုသုံးချင်ပါတယ်။ ဟောပြောပွဲတွေမှာ ကျွန် တော် အမြဲသုံးလေ့သုံးထရှိတဲ့ စကားလုံးကတော့ လိပ်ပြာပဲ ဖြစ်တယ်။ လိပ်ပြာတစ်ကောင်ဖြစ်လာပြီဆိုရင် ပေါက်ဖတ် ပြန်မဖြစ်နိုင်တော့ပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲမှုဖြစ်စဉ်အတွက် ကျွန်တော်တို့ရဲ့မျော်လင့်ချက်ဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှုရဲ့ မြင်ကွင်းတချို့ အရင်ကဆိုရင် ဂျာနယ်လစ်တွေ၊ သတင်းထောက် တွေအနေနဲ့ နိုင်ငံရေးဘောဂဗေဒ (Political Economy) ကို ဖော်ထုတ်ပြောဆိုခွင့် မရခဲ့ကြပါဘူး။ အခုအချိန်မှာတော့ နိုင်ငံရေးဘောဂဗေဒကို ထုတ်ဖော်ပြောဆိုခွင့် ရနေပြီဖြစ် တယ်။ ဘာကြောင့်လဲဆိုတော့ ပြုပြင်ပြောင်းလဲမှုလို့ဆိုရာမှာ နိုင်ငံရေးအကြောင်းချည်းပဲပြောပြီး စီးပွားရေးကို ချန်လှပ် ထားလို့မရသလို စီးပွားရေးအကြောင်းပဲပြောပြီး နိုင်ငံရေး ကိုလည်းချန်ထားခဲ့လို့ မရတဲ့အတွက်ကြောင့် ဖြစ်တယ်။  

အဓိကစိန်ခေါ်မှုသုံးရပ်

လွန်ခဲ့တဲ့အနှစ် ၆၀ ကာလကို ဖြတ်သန်းခဲ့ရမှု အပေါ်အခြေခံပြီး မြန်မာနိုင်ငံအနေနဲ့ အဓိကစိန်ခေါ်မှုသုံးရပ် ကိုကြုံတွေ့နေရတယ်လို့ သုံးသပ်မိပါတယ်။ ပထမတစ်ချက် ကတော့ ငြိမ်းချမ်းရေးပဲဖြစ်တယ်။ မြန်မာနိုင်ငံဟာ အသစ် စက်စက် လွတ်လပ်ရေးရလာတဲ့ နိုင်ငံတွေထဲမှာ ပြည်တွင်း စစ်ဖြစ်ပွားမှု အကြာရှည်ဆုံးနိုင်ငံဖြစ်တယ်။ ၁၉၄၈ ခုနှစ် ကတည်းက ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာ ခုထက်ထိတိုင်ပါပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ အဓိကစိန်ခေါ်မှုတစ်ရပ်လို့ ဆို ချင်တာဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလို့ဆိုရာမှာ တူညီ တဲ့အခွင့်အရေးရရှိတဲ့ ငြိမ်းချမ်းရေး၊ တရားမျတတဲ့ငြိမ်းချမ်း ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ လိုပါတယ်။ စစ်မှန် တဲ့ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ် ရပ်စဲရေး ထက်ပိုပါတယ်။ ဒုတိယစိန်ခေါ်မှုကတော့ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးဖြစ်ပြီး ပထမ စိန်ခေါ်မှုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဆက် စပ်နေပါတယ်။ အဲဒါကို ပြီးခဲ့တဲ့နှစ် ပေါင်း ၆၀ မှာ တစ်ခါမှ မရရှိခဲ့ပါဘူး။ လွတ်လပ်ရေးရပြီး ဆယ်နှစ်တာကာလ က ဒီမိုကရေစီဆိုပေမဲ့ အဲဒီနောက်ပိုင်း မှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာကို မရခဲ့ပါဘူး။ လူ့အခွင့်အရေးလို့ဆိုရာမှာ ဆိုလိုတဲ့အဓိပ္ပာယ် အစစ်အမှန်ကို လူထုအနေနဲ့ မှန်မှန်ကန်ကန် နားလည် သိရှိအောင် အသိပညာပေးဖို့ လိုပါတယ်။ လူတွေအနေနဲ့ လူ့အခွင့်အရေးအကြောင်းကို မကြာခဏဆိုသလို ပြောဆို ဆွေးနွေးနေတာကို ကြားနေရတွေ့နေရပြီး အခွင့်အရေးနဲ့ ဆက်စပ်ပတ်သက်နေတာကိုတော့ ပြောဆိုတာမျိုးသိပ်မတွေ့ ရပါဘူး။ အဲဒါကတော့ တာဝန်ပဲဖြစ်တယ်။ အခွင့်အရေး အကြောင်းပဲပြောနေပြီး အခွင့်အရေးတောင်းဆိုတာကတော့ ဟုတ်ပြီ၊ ခင်ဗျား တာဝန်ယူရမှာက ဘာလဲလို့ မေးလိုက်ရင် မဖြေတတ်ကြတော့ဘူး။ အခွင့်အရေးနဲ့ တာဝန်ကြားမှာ မျတအောင် ချိန်ညှိတာမျိုး (Balance) မရှိကြဘူး။ ဒါဟာ  ကျွန်တော်တို့ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတစ်ရပ်ပါပဲ။ တတိယ စိန်ခေါ်မှုကတော့ ဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းပဲဖြစ်တယ်။့ြီဏ ရဲ့လူသားဖွံ့ဖြိုးမှုñွှန်းကိန်းအရဆိုရင် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး မှုနိမ့်ကျတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ဖော်ပြခဲ့တဲ့ စိန်ခေါ်မှုသုံးရပ်ကို သပ်သပ်စီခွဲထား လို့မရပါဘူး။ အဲဒီစိန်ခေါ်မှုသုံးရပ်ဟာ  အပြန်အလှန် ဆက် စပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရှိတဲ့ အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုမရှိသလို ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာလည်း မရှိတာဖြစ်တယ်။  

အစိုးရရဲ့ အခန်းကဏ္ဍ

အစိုးရရဲ့အမျိုးသားရေးရည်မှန်းချက်ကတော့ ရှင်း ပါတယ်။ စီးပွားရေးပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော် သုံးလေ့ရှိတဲ့စကားကတော့ ရည်မှန်းချက်နဲ့နည်းလမ်း (End and Means)  ပဲ ဖြစ်တယ်။ နိုင်ငံတော်သမ္မတပြောခဲ့တဲ့ ရည်မှန်းချက်ကတော့ ဆင်းရဲမွဲတေမှုလျော့ချရေးနဲ့ ကျေး လက်ဒေသဖွံ့ဖြိုးရေးပဲ ဖြစ်တယ်။ လက်ရှိမြန်မာနိုင်ငံ လူ ဦးရေရဲ့ ၂၆.၅ ရာခိုင်နှုန်းဟာ အလွန်အမင်းဆင်းရဲမွဲတေမှု ဘဝနဲ့ နေထိုင်နေရသူတွေဖြစ်တယ်။ ဒါကြောင့် ဆင်းရဲ မွဲတေမှုပမာဏကို ၂၆ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်း အထိလျော့ချချင်နေပြီး ဒါဟာ တကယ့်ကို စိန်ခေါ်မှုတစ်ရပ် ပါပဲ။ ဒုတိယအချက်ကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဖြစ်တယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ခန့်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေဖြစ်တယ်။ ဒါဟာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်။ အဲဒီရည်မှန်းချက် တွေကို အကောင်အထည်ဖော်ဖို့ကတော့ နည်းလမ်းနှစ်ခုရှိ ပါတယ်။ ပထမတစ်ခုက ကောင်းမွန်တဲ့အစိုးရ (Good Governance)  ဖြစ်ပြီး ဒုတိယကတော့ သန့်ရှင်းတဲ့အစိုးရ (Clean Government)  ဖြစ်တယ်။ အစိုးရအနေနဲ့ ပူးပေါင်း ပါဝင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ လိုလိုလားလားနဲ့ စိတ် ဝင်တစားတုံ့ပြန်မှုရှိရေး စတဲ့အချက်တွေပါဝင်တဲ့ Good Governance    ရဲ့ သွင်ပြင်လက္ခဏာရှစ်ရပ်ကို အကောင် အထည်ဖော်နေပါတယ်။ Clean Goverment  လို့ ဆိုရာမှာ ကျွန်တော်တို့ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ အကျင့်ပျက်ခြစားမှုပဲ။ အကျင့်ပျက်ခြစားမှုက နေရာတိုင်း၊ အဆင့်တိုင်းမှာ စိမ့်ဝင်နေတဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့် အစိုးရကလည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် ကို ဖွဲ့စည်းထားပါတယ်။  

ပြုပြင်ပြောင်းလဲမှုအဆင့်လေးဆင့်

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အဆင့် လေးဆင့် (Four Waves)  နဲ့ အကောင်အထည်ဖော်တာဖြစ် တယ်။ ပထမအဆင့်ကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တာ၊ NLD   ပါတီရွေးကောက်ပွဲဝင်တာဟာ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး စတာတွေဖြစ်တယ်။ ဒုတိယအဆင့်ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြစ်ပြီး စီးပွားရေးဆိုင်ရာ တားဆီးပိတ်ပင်တားဆီးမှုတွေ လျော့ပေါ့ တာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာတွေဖြစ်တယ်။ တတိယအဆင့်ကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ဖြစ်တယ်။ အခုချိန်ဟာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဖွဲ့စည်းမှုပုံစံတွေကိုပြုပြင်ပြောင်းလဲဖို့ ကြိုးစား နေတဲ့အချိန်ဖြစ်ပြီး ဒါဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ် ပါဘူး။ ပြုပြင်ပြောင်းလဲမှု စတုတ္ထအဆင့်ကတော့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဖြစ်တယ်။ ပုဂ္ဂလိကကဏ္ဍဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအင်ဂျင်ပဲဖြစ်တယ်။ အရင် တုန်းကလို အစိုးရအပေါ်မှာပဲ အားကိုးလို့ မရတော့ဘူး။  

ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအား နှစ်ရပ်

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတွန်းအား နှစ်ရပ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)  နဲ့ အထူး စီးပွားရေးဇုန်တွေ (Special Economic Zones)  ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ FDI  နဲ့ပတ်သက်ပြီး စိန်ခေါ်မှု သုံးရပ်ကိုကြုံတွေ့နေရပါတယ်။ ပထမအချက်ကတော့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ကျွန်တော်တို့ လိုအပ်သလောက် မြန်ဆန်မှုမရှိသေးတာဘဲ ဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေက မြန်မာနိုင်ငံကို ဝင်လာလိုက်၊ ကြည့်ရှုလေ့လာ လိုက်လုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမလား မလုပ်ရဘူး လားစဉ်းစားရင်း ပြန်သွားလိုက် အဲဒီလိုပုံစံမျိုး ဖြစ်နေပါ တယ်။ ဒုတိယစိန်ခေါ်မှုကတော့ မြန်မာနိုင်ငံထဲကိုဝင်ရောက် လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဖြစ်ပါတယ်။ တရုတ် နဲ့ ဗီယက်နမ်နိုင်ငံတို့ကိုကြည့်မယ်ဆိုရင် စီးပွားရေးတံခါး တွေကို ဖွင့်ပေးလိုက်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမြောက်အများ ဝင်ရောက်လာတာကိုတွေ့ရမှာ ဖြစ်တယ်။ တတိယစိန်ခေါ်မှုကတော့ ပိုပြီးအရေးကြီးပါတယ်။ အဲဒါ ကတော့ လူမှုရေးတာဝန်ယူတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ လူမှုရေးတာဝန်ယူတဲ့ရင်းနှီးမြှုပ်နှံမှုတွေ မရှိသေးလို့ပါဘဲ။ ကျွန်တော် တို့အနေနဲ့ လုံးဝဥဿုံလှုမှုရေးတာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှု တွေတိုးပွားလာဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်ပြောလေ့ ရှိတာကတော့ သူတို့အနေနဲ့ သူတို့ရဲ့မျော်မှန်းချက် (Goal-post)  ကို ခဏခဏပြောင်းနေတဲ့ကိစ္စပဲ ဖြစ်တယ်။ ပထမ တော့ သူတို့က မင်းတို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မရှိသေးတဲ့အတွက် ငါတို့အနေနဲ့ ဘာလုပ်ရမှန်းမသေချာဘူး လို့ပြောကြတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာ တော့လည်း စည်းမျဉ်းစည်းကမ်းတွေ (Rules and Regula-tions)  တွေ မရှိသေးဘူးလို့ ဆိုပြန်တယ်။ စည်းမျဉ်းစည်း ကမ်းတွေ ထွက်လာတဲ့အခါမှာတော့ ဒါဟာ ခင်ဗျားတို့ အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်ကောင်းပဲ၊ ဒါမှမဟုတ်ရင်တော့ ခင်ဗျားတို့ နောက်ကျသွားလိမ့်မယ်၊ ခင်ဗျားတို့အနေနဲ့ ခင်းဗျားတို့ရဲ့ Goalpost ကို ခဏခဏ ပြောင်းနေရင်တော့ ခင်ဗျားတို့စိတ်ကျေနပ်အောင် ကျွန်တော် တို့လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တတ်နိုင်သမျ အဆင်ပြေအောင်  Investor-friendly  ဖြစ်အောင် ကြိုးစား နေပါတယ်။ မြန်မာနိုင်ငံဟာလည်း အခြားနိုင်ငံတွေဖြစ်တဲ့ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာလိုပဲ သယံဇာတကျိန်စာသင့် နေတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ ဒါ့အပြင် ဖွံဖြိုးမှုလမ်းကြောင်း ပေါ်ကို နောက်ကျမှ ရောက်လာတဲ့နိုင်ငံ (Latecomer)  အဖြစ် ရှုမြင်ခံရတဲ့နိုင်ငံဖြစ်တယ်။ ကျွန်တော့်အတွက်က တော့ Latercomer  အနေနဲ့ ထူးခြားတဲ့တစ်ပန်းသာမှုရှိနေ တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ် စတဲ့အခြားနိုင်ငံတွေဆီကနေ လေ့လာ သင်ယူနိုင်ပါတယ်။ သူတို့ ဘာတွေမှားခဲ့တယ်၊ ဘာတွေလုပ် ခဲ့တယ်ဆိုတာတွေကို သင်ခန်းစာယူပြီး သူတို့မှားတဲ့အမှား မျိုးထပ်မကျူးလွန်မိဖို့ ရှောင်ရှားနိုင်သလို ကောင်းတဲ့လုပ် နည်းလုပ်ဟန်တွေကိုလည်း လေ့လာသင်ယူနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ CSR (Corporate Social Respon-sibility)    ကို အားပေးမြှင့်တင်မှုတွေပြုလုပ်နေတဲ့နိုင်ငံ ဖြစ် ပါတယ်။ CSR  Move ment  က လူ့အခွင့်အရေး၊ အလုပ် သမားအခွင့်အရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုတဲ ကဏ္ဍလေးရပ်ကို အခြေပြုလုပ်ဆောင်တာဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေကို ဖိတ်ခေါ်ရာမှာ ကျွန်တော်တို့အနေနဲ့ နည်းပညာ၊ ငွေကြေးအရင်းအနှီးနဲ့ ကျွမ်းကျင်မှုတွေကိုပဲ လိုအပ်တာ မဟုတ်ဘဲ CSR   ကိုပါ အလေးထားပါတယ်။ မမှန်မကန် စီးပွားရေးလုပ်တာမျိုးထက် တာဝန်ယူတတ်တဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေကို ပိုမိုကျင့်သုံးတဲ့ နိုင်ငံခြားကုမ္ပဏီ တွေဝင်လာဖို့ကို မျော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် နောက်ထပ် တွန်းအားတစ်ခုကတော့ အထူးစီးပွားရေးဇုန်တွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ အဓိကရွေးချယ်လျာထားတဲ့ အထူးစီးပွားရေး ဇုန်သုံးခု ရှိပါတယ်။ ပထမတစ်ခုကတော့ သီလဝါအထူး စီးပွားရေးဇုန်ဖြစ်တယ်။ ဒုတိယကတော့ ထားဝယ်ရေနက် ဆိပ်ကမ်းစီးပွားရေးဇုံဖြစ်တယ်။ အထူးစီးပွားရေးဇုန် လို့ပြော ရာမှာ စက်ရုံကြီးတွေ တည်ဆောက်မယ့်နေရာလို့ပဲ မြင်လို့ မရပါဘူး။ မြန်မာနိုင်ငံအတွက် အထူးစီးပွားရေးဇုန်တွေရဲ့ အရေးပါမှုကတော့ နိုင်ငံအချင်းချင်း ကူးလူးဆက်သွယ်ရေး (Connectivity)  ပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ထား ဝယ်ကနေ ဗီယက်နမ်နိုင်ငံ၊ Danang  မြို့အထိ တိုက်ရိုက် လမ်းကြောင်းပေါက်နိုင်လို့ပဲဖြစ်တယ်။ ထားဝယ်ကနေထိုင်း၊ ထိုင်းကနေ ကမ္ဘောဒီးယား၊ အဲဒီကနေတစ်ဆင့် ဗီယက်နမ် အထိ လမ်းကြောင်းပေါက်မှာ ဖြစ်တယ်။ တတိယတစ်ခုက တော့ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက် ဆိပ်ကမ်းစီးပွား ရေးဇုန်ဖြစ်ပြီး မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာ စရာမလိုဘဲ ဥရောပနဲ့တရုတ်နိုင်ငံကို အချိန်တိုအတွင်းဆက် သွယ်နိုင်တဲ့အားသာချက်ရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြားမှာ တည် ရှိနေတဲ့အားသာချက် ရှိနေတယ်။ ကျွန်တော်တို့ Austrian Model  ကိုစဉ်းစားနေတယ်။ Austria  က ဗဟိုဥရောပဒေသ ရဲ့အလယ်ပိုင်းမှာရှိပြီး ဘာမှ ထွေထွေထူးထူးလုပ်စရာမလို ပါဘူး။ လူတွေကူးလူးသွားလာပြီး ကုန်စည်နဲ့ဝန်ဆောင်မှု တွေ မှန်မှန်ကန်ကန် စီးဆင်းနေဖို့ကိုပဲ အာရုံစိုက်ရတာ ဖြစ်တယ်။ အချုပ်ဆိုရရင်တော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ရာမှာ မြန်မာနိုင်ငံ ဟာ ဦးဆောင်သူနေရာ(Driver Seat)  က ရှိရမှာဖြစ် တယ်။ မြန်မာနိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို မြန်မာနိုင်ငံ ကပဲ ကောင်းကောင်းသိပါတယ်။ မြန်မာနိုင်ငံရဲ့မျော်မှန်းချက် (Vision)  ကရှင်းပါတယ်။ အဲဒါကတော့ ၂၀၃၀ မှာ မြန်မာ နိုင်ငံဟာ အလယ်လတ်ဝင်ငွေရှိတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့နဲ့ နောက်ထပ် အာရှကျားတစ်ကောင် ဖြစ်လာဖို့ပါပဲ။  

3

Mr Cyrus Pun

Executive Director Yoma Strategic Holdings Ltd  

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်

ရန်ကုန်မြို့တစ်ဝန်းကို လျောက်ကြည့်လိုက်မယ်ဆိုရင် မြို့ တွင်းနေရာအများစုမှာ ယိုယွင်းအိုဟောင်းနေတဲ့ရုံးတွေ၊ လူ နေအဆောက်အအုံတွေ စတဲ့ အဆောက်အအုံတော်တော် များများကိုတွေ့ရမှာဖြစ်တယ်။ ပထမအချက်ကတော့ မြန်မာ နိုင်ငံဟာ နှစ်ပေါင်းအတော်ကြာ ရင်းနှီးမြှုပ်နှံမှုတွေပြတ်လပ် ခဲ့တဲ့အကျိုးဆက်ကို ခံစားနေရပါတယ်။ ဒါကြောင့်လည်း အိမ်ခြံမြေဈေးကွက်မှာ Stock  တွေ ပြတ်လတ်နေပြီး အဲဒါ ကပဲ အိမ်ဈေး၊ မြေဈေးတွေ အဆမတန် မြင့်မားစေတဲ့ အကြောင်းအရင်းဖြစ်တယ်။ မြန်မာနိုင်ငံကိုဝင်လာတဲ့ နိုင်ငံခြားကုမ္ပဏီတိုင်းက အိမ်၊ ရုံးခန်းစတာတွေ ငှားရမ်းတဲ့ အခါမှာ လက်တွေ့ကျပြီး နည်းလမ်းကျတဲ့စီးပွားရေးလုပ်ထုံး လုပ်နည်းတွေကိုလိုချင်ကြတာဖြစ်တယ်။ အခုကတော့ ရုံခန်း ငှားခတွေက အဆမတန်မြင့်မားနေတဲ့အတွက် သူတို့အတွက် ဒီမှာ စီးပွားရေးလာလုပ်တဲ့အခါ အခက်တွေ့စေပါတယ်။ ဟိုတယ်အခန်းတွေ၊ တိုက်ခန်းတွေကလည်း လုံလောက်မှု မရှိပါဘူး။  

အခွင့်အလမ်းနှင့် စိန်ခေါ်မှု

အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းပေါင်းများစွာရှိနေသလို စိန်ခေါ်မှုတွေကလည်း စောင့်ကြိုနေပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ရန်ကုန်မှာ တိုးတက်မှုတွေတွေ့ခဲ့ရပြီး အဆောက်အအုံ၊ ရုံးခန်းဆောက် လုပ်ရေးစီမံကိန်းတွေ၊ လက်ရှိဆောက်လုပ်နေတာတွေ၊ လူ နေ တိုက်ခန်းတွေနဲ့ ဟိုတယ်တွေ ဆောက်လုပ်ပြီးစီးခဲ့တာ တွေကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒါဟာ အလွန်နည်းပါးတဲ့ပမာဏပဲရှိပါသေးတယ်။ လက်ရှိအကောင် အထည်ဖော် နေတဲ့အိမ်ရာစီမံကိန်းတွေက လာမယ့်နှစ်တွေရဲ့ ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မလုံလောက်သေးပါဘူး။ အခုဒီမှာက မြေဈေးတွေက အင်မတန်မြင့်နေသလို ရုံးခန်း နေရာကလည်း ပြဿနာတစ်ခုပါပဲ။  အဲဒါက နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာဖို့ ဆွဲဆောင်တဲ့နေရာမှာ အဟန့် အတားတစ်ခုဖြစ်နေပါတယ်။ အခုအချိန်မှာ မြို့ပြဖွံ့ဖြိုးရေး နဲ့ပတ်သက်ပြီး ဆီလျော်ပတ်သက်တဲ့ မဟာစီမံကိန်း၊ ဒါမှ မဟုတ် စီမံချက်တွေကို မတွေ့ရသေးပါဘူး။ အစိုးရအနေ နဲ့ အဲဒီစီမံကိန်းကိုအကောင်အထည်ဖော်ဖို့အတွက် ဆွေးနွေး တိုင်ပင်မှုတွေပြုလုပ်နေတာကိုတော့ တွေ့ရပါတယ်။ ဒါဟာ ရေရှည်စီမံကိန်းဖြစ်တယ်။ နိုင်ငံတကာက အကူအညီတွေ၊ လမ်းñွှန်ချက်တွေကိုရယူနေတာကို တွေ့ရတဲ့အတွက် အဲဒါ ဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်လို့ ဆိုရမှာပါ။  

လှုမှုရေးတာဝန်ယူမှု

ကျွန်တော်တို့ စိုးရိမ်နေတဲ့အချက်တွေလည်း ရှိ ပါတယ်။ ဒီမှာက ဆောက်လုပ်ရေးဥပဒေတွေ (Buildng Codes)  ၊ ဇုန်သတ်မှတ်ရေး ဥပဒေတွေ (Zoning Laws)  သေသေချာချာ သတ်မှတ်ထားတာမျိုး မရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေက သူတို့ဆောက်ချင်တဲ့ ဒီဇိုင်း နဲ့ဆောက်ကြတယ်။ ဒါဟာ တော်တော် အန္တရာယ်များတဲ့ ကိစ္စပါ။ အဲဒါကြောင့် ကုမ္ပဏီတွေမှာ ကြီးမားတဲ့လှုမှုရေး တာဝန်ရှိနေပါတယ်။ သူတို့ဆောက်တဲ့ အဆောက်အအုံ ဒီဇိုင်းတွေက နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်၊ ဒါမှမဟုတ် ပရော်ဖက်ရှင် နယ်စံနှုန်း သတ်မှတ်ချက်နဲ့ကိုက်ညီမှု ရှိမရှိ ကိုစစ်ဆေးရမှာဖြစ်တယ်။ အဲဒါမှ နှစ်တွေကြာလာတဲ့ခါ ညံ့ဖျင်းတဲ့စီမံကိန်းနဲ့ ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ ကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပွားစေတာမျိုး၊ လမ်း တွေပေါ်မှာ ရေကြီးရေလျံမှုဖြစ်ပွားစေတာမျိုးနဲ့ မီးဘေး အန္တရာယ်ကာကွယ်တဲ့စနစ်တွေ မပါတာမျိုးကို ရှောင်ရှား နိုင်မှာဖြစ်တယ်။ ဒါတွေဟာ အရေးတယူလုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရကို Building Codes    နဲ့ ပတ်သက်ပြီး တင်ပြထားပြီးပေမဲ့ ကျွန်တော်တို့ထင်တာထက် ကြာနေပါတယ်။ ဘာကြောင့် လုပ်ငန်းစဉ်တွေ နှေးကွေးနေတာလဲဆိုတာ မပြောတတ် ပေမဲ့ အနည်းဆုံးတော့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ လို့ ထင်ပါတယ်။  

မြို့ပြချဲ့ထွင်ရေးစီမံကိန်း

မြို့ပြချဲ့ထွင်ရေး (Urbanization) ကလည်း လာမယ့်နှစ်တွေ မှာ ရင်ဆိုင်ရမယ့်အခြားပြဿနာတစ်ခုဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့လူဦးရေ သန်း ၆၀ လောက်ရှိတဲ့အထဲမှာ မြို့နေ လူဦးရေခြောက်သန်းလောက်ရှိတဲ့ ရန်ကုန်မြို့ဟာ အတော် ငယ်နေပါသေးတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာ အကြီး စားမြို့ပြချဲ့ထွင်မှုတွေလုပ်ဖို့ မျော်လင့်ထားပါတယ်။ နောက် နှစ် ၂၀ အတွင်းမှာ မြို့ပြချဲ့ထွင်မှုနှုန်း ၅၀ ရာခိုင်နှုန်းရှိ လာဖို့ ခန့်မှန်းတာဟာ အကျိုးအကြောင်းဆီလျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့  သီလဝါ စက်မှုဇုန်စီမံကိန်းတွေလို စီမံကိန်းတွေနဲ့ ကုမ္ပဏီကြီးတွေကြောင့် အလုပ်အကိုင်အခွင့် အလမ်းတွေ ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ရွှေ့ပြောင်း လုပ်သားတွေ ရန်ကုန်၊ မန္တလေးနဲ့ အခြားအချက်အချာကျ တဲ့မြို့တွေကို ရောက်လာကြမှာဖြစ်တဲ့အတွက်ကြောင့် ဖြစ် တယ်။ အခုအချိန်မှာ ရန်ကုန်မြို့က အင်မတန်လူနေထူထပ် တဲ့မြို့ဖြစ်နေတယ်။ မြို့ပြဖွံ့ဖြိုးမှုအတွက် မြို့တွင်းမှာ မြေ နေရာတွေကို ရှင်းလင်းပြီး မြို့နေလူထုကို နေရာရွှေ့ပြောင်း ချထားတာက လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် သဘာဝနည်းလမ်းကတော့ မြို့ပြင်ဘက်ကို တောင်ဘက်၊ မြောက်ဘက် စသဖြင့် တိုးချဲ့တာပဲဖြစ်တယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံတွေလည်း တည်ဆောက်ဖို့က အရေး ကြီးပါတယ်။ လူတွေကို ရွှေ့ပြောင်းနေရာချမထားခင်မှာ ကားလမ်း၊ မီးရထားလမ်းနဲ့ ဘတ်စ်ကားလိုင်းတွေ စတဲ့ အခြေခံအဆောက်အအုံတွေကို အရင်တည်ဆောက်ရမှာ ဖြစ် တယ်။  

နှောင့်နှေးကြန့်ကြာမှုရှိနေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်အတွက် အဓိကမဏ္ဍိုင်တွေထဲက တစ်ခုဖြစ်ပါ တယ်။ အခုအချိန်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီး     မြှုပ်နှံမှုတွေ ဝင်လာနေတယ်ဆိုပေမဲ့ ငွေကြေးအရင်းအနှီး ပမာဏအရ အတော်နည်းနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအတွက်ဖြစ်ဖြစ်၊ အခြားစီမံကိန်းတစ်ခုအတွက် ဖြစ်ဖြစ် ခွင့်ပြုချက်ယူတဲ့အခါမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပါတယ်။ အစိုးရအနေနဲ့ အရေးတယူတုံ့ပြန်မှုရှိတယ် လို့တော့ ကျွန်တော်တို့ခံစားမိပါတယ်။ ဒါပေမဲ့ လိုတာ ထက်၊ ကြာသင့်တဲ့အချိန်ထက် ပိုကြာတာမျိုး ကြုံတွေ့ရပါ တယ်။ ပထမအချက်ကတော့ အချို့အပိုင်းတွေမှာ မူ ဘောင် (Framework)  ချမှတ်မှုအားနည်းတာမျိုးကြောင့် ဘယ်လိုစပြီး ဘယ်လိုဆုံးဖြတ်ရမှန်းမသိဘူးဖြစ်နေတာကို တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ သက်ဆိုင်ရာ ကော်မတီတွေမှာ စီမံကိန်းတွေကို စစ်ဆေးအကဲဖြတ်ဖို့ လို အပ်တဲ့အရည်အသွေးပိုင်း အားနည်းနေတာမျိုးလည်း ဖြစ် တယ်။ ကော်မတီဝင်ကတွေလည်း အမြဲတွေ့ဆုံတာမျိုး မရှိ ဘူး။ အခုအချိန်မှာ လိုအပ်နေတာက ကုမ္ပဏီတွေအနေနဲ့ စီမံကိန်းခွင့်ပြုချက်တွေရဖို့၊ ဘယ်လို စီမံကိန်းတွေဆွဲဖို့၊   ဘယ်လိုအိမ်ရာမျိုးတွေ ဆောက်လုပ်နိုင်တယ်ဆိုတာမျိုးကို ဆုံးဖြတ်ရာမှာကူညီပေးဖို့ အစိုးရကိုကူညီမယ့် အချိန်ပြည့် ပရော်ဖက်ရှင်နယ်ဝန်ထမ်းတွေနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဝန်ဆောင်မှုတွေကို လိုအပ်နေတာဖြစ်တယ်။ လက်ရှိမှာတော့ လုပ်ငန်းစဉ်တွေက နှောင့်နှေးကြန့်ကြာနေတဲ့အတွက် မြန်မာ နိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျဖို့ ဆွဲဆောင်ရာမှာ အဲဒါက အဟန့်အတားတစ်ခုဖြစ်နေပါတယ်။  

ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးကဏ္ဍများ

မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် ဦးစားပေးလုပ်ဆောင်ရ မယ့်ကဏ္ဍတွေထဲမှာ ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍ အပြင် အခြားဦးစားပေး လုပ်ဆောင်ရမယ့်ကဏ္ဍတွေကတော့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနဲ့ ကုန်ထုတ်လုပ် ရေးကဏ္ဍတွေပဲဖြစ်တယ်။ စက်ရုံအလုပ်ရုံတွေကနေ ဝန်ထမ်း တွေအမြောက်အမြားခေါ်ယူမှာဖြစ်တဲ့အတွက် အခြားကဏ္ဍတွေနဲ့နှိုင်းယှဉ်ရင် လာမယ့်နှစ်တွေမှာ ကုန်ထုတ်လုပ်ရေး ကဏ္ဍက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုအများဆုံး ကဏ္ဍ ဖြစ်လာမှာဖြစ်တယ်။ ကုန်ထုတ်လုပ်ရေးလုပ်ငန်း တွေက ဝန်ထမ်းထောင်ပေါင်းများစွာ ခန့်အပ်မှာဖြစ်တဲ့ အတွက် အခြေခံလူတန်းစားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်စေမှာဖြစ်တယ်။ နိုင်ငံတကာက ကုန်ထုတ်လုပ်ရေးလုပ်ငန်းပေါင်းများစွာ ဝင်ရောက်လာတဲ့ အခါမှာ ပထမဆုံးသူတို့ရင်ဆိုင်ရမှာကတော့ မြေဈေးနှုန်း မြင့်မားမှုပဲဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ စွမ်းအင် အရင်းအမြစ်၊ ရေအရင်းအမြစ် စတဲ့လိုအပ်ချက်တွေ ဖြစ် တယ်။ ဥပမာ- သူတို့အနေနဲ့ ရေပမာဏ အမြောက်အမြား လိုအပ်မှာဖြစ်သလို တည်ငြိမ်ပြီး အားကိုးအားထားပြုနိုင် မယ့် ဈေးနှုန်းသက်သာတဲ့ လျပ်စစ်စွမ်းအင်တွေကို လိုအပ် မှာဖြစ်တဲ့အတွက် အဲဒါတွေကို ဖြည့်ဆည်းနိုင်ဖို့ အခြေခံ အဆောက်အအုံတွေ ပြည့်စုံဖို့ လိုပါတယ်။  

1

ဦးသူရကိုကို

Managing Director YGA Capital Limited  

မြန်မာနိုင်ငံရဲ့အားသာချက်

မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ အရင်းအမြစ်ကြွယ်၀ ခြင်း၊ ပထဝီအနေအထားအရ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိခြင်း စတဲ့ အားသာချက်တွေ ပိုင်ဆိုင်ထားပြီး ကုန်း မြေထုထည်အရ အရှေ့တောင်အာရှက ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပါတယ်။ စားနပ်ရိက္ခာ ဖူလုံရေးအရဆိုရင်လည်း မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်သလို အခြားအား သာချက်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ လူဦးရေပဲဖြစ်တယ်။  လူဦးရေသန်း ၆၀ မှာ အခြေခံပညာအရဆိုရင် စာတတ် မြောက်မှုနှုန်းမြင့်မားတဲ့နိုင်ငံ ဖြစ်တယ်။ ဒါပေမဲ့ ပညာရေး ကဏ္ဍမှာတော့ ပြဿနာတွေရှိနေသလို နောက်ကျကျန်နေ ခဲ့ပြီဆိုတာကတော့ အမှန်ပါပဲ။ လူဦးရေ သန်း ၆၀ နဲ့အတူ နည်းပညာအရှိန်အဟုန်နဲ့ တိုးတက်လာတာကြောင့် ပိုမို ကောင်းမွန်တဲ့ ကုန်ထုတ်လုပ်မှုနည်းလမ်းတွေ စိုက်ပျိုးရေး နည်းလမ်းတွေ ထွက်ပေါ်လာမှာဖြစ်ပြီး အရေးပါတဲ့ စားသုံး သူဈေးကွက်တစ်ခုလည်း ပေါ်ပေါက်လာမှာဖြစ်တယ်။  

လိုအပ်ချက်များ

နိုင်ငံတကာအသိုင်းအဝိုင်းကရော၊ မီဒီယာအသိုင်းအဝိုင်း ကရော၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကရော မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး မျော်မှန်းချက် အမျိုးမျိုးရှိကြမှာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုဟာ အစိုးရတစ်ခုတည်းကို ပြောင်းလဲတာ မဟုတ်ဘဲ စနစ်တစ်ခုလုံးကို ပြောင်းလဲတာဖြစ်တယ်။  ဒါ ဟာ အချိန်ယူပြီး လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်။  လွန်ခဲ့ တဲ့ အနှစ် ၅၀ အတွင်းမှာ မလုပ်နိုင်ခဲ့တဲ့ကိစ္စတွေကို   နှစ်နှစ်အတွင်းမှာ ကြီးကြီးမားမားဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ် ပေါ်လာဖို့ မျော်လင့်ဖို့မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ငွေအရင်းအနှီးပမာဏအရ နည်း နေပါသေးတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရယူနိုင်ဖို့ စွမ်းရည်ချို့တဲ့နေတာ က ရိုးရှင်းတဲ့အကြောင်းအရင်းတစ်ခုပါ။ ပထမတစ်ချက်က  နိုင်ငံခြားက ငွေလုံးငွေရင်းတွေကို လက်ခံနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍနဲ့ အရင်းအနှီးဈေးကွက် (Capital Market)  မှာ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ချို့ တဲ့မှုတွေ ရှိနေပါတယ်။ နောက်တစ်ချက်ကတော့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာချို့တဲ့မှု ဖြစ်တယ်။ လုပ်သား တွေအနေနဲ့ ဈေးကွက်ကိုAccess  လုပ်နိုင်ဖို့နဲ့ ကုန်စည် စီးဆင်းမှု (Supply Chain) ၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics)၊ သယ်ယူပို့ဆောင်ရေး (Transportation) စတဲ့ ကဏ္ဍတွေမှာ ချို့တဲ့မှုတွေရှိနေတာဖြစ်တယ်။ မြေဈေး မြင့်မားနေမှု၊ လျပ်စစ်ဓာတ်အားပြဿနာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ချို့တဲ့မှုတွေလည်း ရှိနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကလည်း ထွက်လာ ပြီဖြစ်သလို အစိုးရအနေနဲ့ ဥပဒေမူဘောင် (Legal Frame-work)  နဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရာမှာ အောင်မြင်မှုတွေအများကြီးရထားပါတယ်။ ဒါပေမဲ့ တကယ် တမ်းလက်တွေ့မှာ အဲဒီဥပဒေမူဘောင်ကို ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အများကြီးကျန်ပါသေးတယ်။  အဲဒါတွေရဲ့နောက် မှာ အရေးကြီးတဲ့အချက်တွေကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေးပဲ ဖြစ်တယ်။ ဒါကို ဥပဒေပြုအဖွဲ့ တွေက တိုးတက်အောင်မြင်ဖို့ ကြိုးစားသလို ဒါဟာ အချိန် ယူပြီး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။ မြန်မာနိုင်ငံမှာ ချို့တဲ့နေတဲ့ အခြားအရာတစ်ခုကတော့ လူသားအရင်းအနှီး (Human Capital)  ပဲဖြစ်တယ်။ အတိတ်က ပညာရေးစနစ် ကြောင့် ကျွန်တော်တို့အနေနဲ့ အသင်းအဖွဲ့အုပ်ချုပ်မှုဆိုင်ရာ အယူအဆအသစ်တွေ၊ နည်းပညာအသစ်တွေ၊ ဖွင့်ဟဖော် ထုတ်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြန်လည်သင်ယူရမှာ ဖြစ်သလို အချို့လုပ်ထုံးလုပ်နည်း ကျင့်သုံးမှုပုံစံအချို့ကိုလည်း ပယ်ဖျက်ပစ်ရမှာဖြစ်တယ်။ ဒါကအချိန်ယူပြီး လုပ်ရမယ့်ကိစ္စ ဖြစ်သလို အဖွဲ့အစည်းဆိုင်ရာပညာရေးကိစ္စ (Institutional Education) ဖြစ်တယ်။  နောက်တစ်ခုကတော့ အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းတွေ  (Vocational Training)   လိုအပ်ပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကနေ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို မူဝါဒတွေ၊ လွတ် လပ်တဲ့ အုပ်ချုပ်မှုပုံစံတွေ စတာတွေကို လာရောက် သင်ကြားပေးတဲ့သင်တန်းတွေမျိုး ဖြစ်တယ်။ ဒါကြောင့် ပညာရေးနဲ့ လူတွေရဲ့ စွမ်းရည်တည်ဆောက်ဖို့ဆိုတာဟာ စာသင်ခန်းထဲမှာပဲ လုပ်ဆောင်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘဲ စာသင်ခန်းပြင်ပမှာပါ လုပ်ဆောင်နိုင်တာမျိုး ဖြစ်ပါ တယ်။  

ရင်းနှီးမြှုပ်နှံမှုအလားအလာနဲ့ စိန်ခေါ်မှုများ

အခုအချိန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက် ပြီး အလားအလာကောင်းတွေကို တွေ့နေရပါတယ်။ အစော ပိုင်းကာလတွေတုန်းကတော့ ရေတိုစီမံကိန်းနဲ့ အမြတ်မြန် မြန်ပြန်ရဖို့ကိုပဲကြည့်ပြီး လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ တွေရှိခဲ့ပေမဲ့ မကြာခင်မှာပဲ မြန်မာနိုင်ငံဟာ ရေတိုအတွက်ပဲ ကြည့်ပြီး စီးပွားရေးလာလုပ်လို့ရတဲ့ နိုင်ငံမဟုတ်ဘူးဆို တာသူတို့ သဘောပေါက်သွားကြတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆွဲဆောင်ဖို့နဲ့ပတ်သက်ပြီး အဓိကကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကတော့ တရားဥပဒေစိုးမိုးရေး၊ အကျင့်ပျက် ခြစားမှု၊ ပြည်တွင်းစီးပွားဖက်ရွေးချယ်မှု၊ အခြေခံအဆောက် အအုံနဲ့ အရင်းအနှီးဈေးကွက် စတဲ့အချက်တွေပဲဖြစ်တယ်။ လာ မယ့် ၁၂ လကနေ ၁၅ လအတွင်းဟာ မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ကာလ ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အဓိက ကျတဲ့ဆုံးဖြတ်ချက်တွေ ချရတော့မှာဖြစ်သလို အလွန်ခက်ခဲ တဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ရတော့မှာဖြစ်တယ်။  

လူလတ်တန်းစားတိုးပွားလာဖို့လို

မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုအတွက် လူလတ် တန်းစားတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ လူလတ်တန်းစားတွေကပဲ စီးပွားရေးလုပ်ငန်းတွေကို ပုံမှန်လည်ပတ်စေမှာဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ  လူလတ်တန်းစားတွေကြီးထွားလာဖို့၊ ပိုမိုချမ်းသာလာတဲ့ လူလတ်တန်းစားနဲ့ ပညာတတ်လူလတ်တန်းစားတွေ ထွက်ပေါ်လာဖို့လိုပါတယ်။  

ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးကဏ္ဍများ

ရင်းနှီးမြှုပ်နှံမှုရှုထောင့်ကနေပြောရမယ်ဆိုရင်တော့ လာမယ့် ၁၂ လကနေ ၁၅ လအတွင်းမှာ ဆက်သွယ်ရေးနဲ့ ဘဏ် လုပ်ငန်းဟာ အရာရာကို မောင်းနှင်မယ့် အဓိကကျတဲ့ကဏ္ဍနှစ်ခုဖြစ်လာပါလိမ့်မယ်။ အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုတာက ကောင်းမွန်စနစ်ကျတဲ့ အရင်းအနှီး ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းစနစ်တွေမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး။ ဆက်သွယ်ရေးကဏ္ဍကို ကြည့်မယ်ဆိုရင် ဆက်သွယ်ရေး လိုင်စင်တင်ဒါကိစ္စဟာ အစိုးရရဲ့ ဆောင်ရွက်မှုတွေထဲက  ပွင့်လင်းမြင်သာမှုအရှိဆုံးဖြစ်စဉ်တွေထဲက တစ်ခုဖြစ်တယ်။ ဘဏ်လုပ်ငန်းကဏ္ဍမှာလည်း ကန့်သတ်မှုတွေလျော့ချလိုက် တဲ့အတွက် Tension တွေကို ကြုံတွေ့နေရပါတယ်။  အဲဒါ က Healthy Tension  ပါ။ ကန့်သတ်မှုတွေနဲ့ ဘောင်ခတ် ပိတ်ဆို့ထားတာကြာပြီဖြစ်တဲ့အတွက် ဘဏ်လုပ်ငန်းကမှာ အရင်းအနှီးနဲ့ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်ဆိုတာကို ကျွန်တော်တို့ သိသလို အဲဒါတွေကလည်း နိုင်ငံခြားကပဲ ရမယ်ဆိုတာကို နားလည်သဘောပေါက်ထားပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ အကျပ်အတည်းကြုံလာရင် နောက်ဆုတ်ထွက်ခွာသွားတာ မျိုးရှိတတ်တဲ့အတွက် ပြည်တွင်းဘဏ်လုပ်ငန်းတွေဟာလည်း ကိုယ့်ဘာသာကိုယ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်ဖို့ လိုပါ တယ်။ ကိုယ့်ပြည်တွင်းမှာ ရေရှည်ခိုင်ခံ့တဲ့ဘဏ်လုပ်ငန်း ကဏ္ဍကို ထူထောင်နိုင်ဖို့ လိုပါတယ်။  

2

ဦးခင်အောင်ထွန်း @ Nyi Nyi

Executive Director The Hotel@ Tharabar Gate Kappa Int'l Ltd Ngapali Bay Resort & Spa White Rice Restaurant  

ခရီးသွားလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် စတင်ခဲ့တဲ့ အချိန်ကစပြီး ခရီးသွားလုပ်ငန်းတိုးတက်လာပါတယ်။ မနှစ် ကတော့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ စံချိန်တင်နှစ်ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည် တစ်သန်းကျော်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း နယ်ပယ်မှာ ပထမဆုံးအကြိမ် ကမ္ဘာလှည့်ခရီးသည်လာ ရောက်လည်ပတ်မှုပမာဏ  ၁.၀၆ သန်း ရှိလာတာဖြစ် တယ်။  

အနာဂတ်အလားအလာနဲ့ စိန်ခေါ်မှုများ

မြန်မာနိုင်ငံဟာ အခြေခံအဆောက်အအုံပိုင်းနဲ့ စွမ်းရည်ပျိုးထောင်မှုအပိုင်းမှာ အားနည်းမှုတွေရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လုပ်သားအခြေပြုလုပ်ငန်းတွေ (Labour-intensive Industry)  အထူးသဖြင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဟာ ပိုပြီးသင့်လျော်ကိုက်ညီမှု ရှိပါ တယ်။ ကျွန်တော်တို့ ADB ဘဏ်၊ နော်ဝေအစိုးရတို့ရဲ့ အကူအညီနဲ့ ခရီးသွားလုပ်ငန်းမဟာစီမံကိန်း (Tourism Masterplan)  ကို ဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းအရ ၂၀၃၀ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ခုနစ်သန်းလောက် အထိလာရောက်မယ်လို့ မှန်းထားပါတယ်။ ဒီနေရာမှာ ကျွန် တော်တို့အနေနဲ့ ဟိုတည်အခန်းတွေ၊ သယ်ယူပို့ဆောင်ရေး နဲ့ ဝန်ဆောင်မှုနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းနယ်ပယ်တွေ မှာ စစိန်ခေါ်မှုအများကြီး ကြုံတွေ့ရမှာဖြစ်တယ်။ ဒါ့ အပြင် မြန်မာနိုင်ငံမှာ  Tourism နဲ့ ပတ်သက်တဲ့သင်တန်း တွေလောက်ပဲရှိပြီး Tourism Institute  လည်း မရှိသေး ဘူး။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍအနေနဲ့ အခြား ရင်ဆိုင်ရမယ့် အခက်အခဲတွေလည်း ရှိပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာ SEA Games  အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်သလို ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌတာဝန် ယူထားပြီး အစည်းအဝေးပေါင်းများစွာ မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိနေ ပါတယ်။ ၂၀၁၅ ဇန်နဝါရီမှာဆိုရင် ASEAN Tourism Forum ကိုကျင်းပဖို့ ရှိတယ်။ ဒါကြောင့် လာမယ့်နှစ်တွေ မှာ ကျွန်တော်တို့ ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ အစိုးရကလည်း ၂၀၁၅ မှာ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၂.၅ သန်းလာရောက်ဖို့ မျော်မှန်း ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ခရီးသွား လုပ်ငန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ ဒါတွေဟာ ကျွန် တော်တို့အတွက် စိန်ခေါ်မှုတွေဖြစ်သလို အခွင့်အလမ်းတွေ လည်းဖြစ်တယ်။  

လက်ရှိစီမံကိန်းများနှင့် ဟိုတယ်အခန်းလိုအပ်မှု

အခုမြန်မာနိုင်ငံမှာ ဟိုတယ်အခန်းတွေက အင်မတန်ဈေး ကြီးနေပြီး အခန်းလုံလောက်မှုမရှိတဲ့ပြဿနာ ကြုံတွေ့နေ ရပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဟိုတယ်အလုံးပေါင်း ၈၂၀ နှင့် အခန်းပေါင်း ၃၃ç၀၀၀ ကျော်ရှိပါတယ်။ လက်ရှိ ရှိနေတဲ့စီမံကိန်းတွေအရ နောက်ထပ်ဟိုတယ်အခန်းပေါင်း ၁၅ç၀၀၀ ဖြည့်ဆည်းနိုင်မှာဖြစ်တယ်။ ခရီးသွားလုပ်ငန်း မဟာစီမံကိန်းအရ အခန်းပေါင်း ငါးသောင်းလိုအပ်မှာ ဖြစ် တဲ့အတွက် အခုအချိန်မှာ သုံးပုံတစ်ပုံလောက်ပဲ ဖြည့်ဆည်း နိုင်သေးတယ်။  အခြားအခက်အခဲတစ်ခုကတော့ မြေဈေး အင်မတန်မြင့်မားနေတဲ့ကိစ္စ ဖြစ်တယ်။ အခုဒီမှာ မြေဈေး တွေက ဟောင်ကောင်နဲ့ တိုကျိုမှာလို ဖြစ်နေတယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အခက်တွေ့စေတဲ့အချက် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြေပိုင်ရှင်တွေနဲ့ Joint Venture   ပုံစံမျိုးတော့ လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ အနှစ် ၅၀ အပြင် နောက် ထပ်ဆယ်နှစ်+ဆယ်နှစ်၊ စုစုပေါင်း နှစ် ၇၀ လုပ်ကိုင်ခွင့် ပေးလိုက်ပြီး ငါးနှစ်အခွန်ကင်းလွတ်ခွင့် ပေးလိုက်တာဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ကောင်းတဲ့အချက်တွေ ဖြစ်တယ်။  

နိုင်ငံတကာကုမ္ပဏီတွေဝင်လာ

အခုဆိုရင် Novotel ၊ Hilton တို့လို နိုင်ငံတကာ က ဟိုတယ်လုပ်ငန်းတွေ ဝင်လာနေပြီဖြစ်တယ်။   Shangri La  ကတော့ ဒီမှာရောက်နေတာကြာပြီ။ ဒါကြောင့် အခြေခံ အဆောက်အအုံတွေ၊ လူသားအရင်းအမြစ်တွေ အင်မတန် လိုအပ်လာပြီဖြစ်တယ်။ အခုချိန်မှာ ထိုင်း-မြန်မာနယ်စပ် ကနေ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်လာပြီး ရန်ကုန်နဲ့ မန္တလေးတို့ကနေ ကိုယ့်တိုင်းပြည်ကိုကိုယ် ပြန်ခွင့်ပြုထားပြီ ဖြစ်တယ်။ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည် နယ်စတဲ့ ဒေသတွေမှာလည်း ခရီသွားလုပ်ငန်းတွေတိုးချဲ့ထားပြီး တနင်္သာရီတိုင်းမှာဆိုရင် ကျွန်းပေါင်းခုနစ်ရာကျော် ရှိတဲ့အတွက် Marine Tourism တွေ လုပ်လာနိုင်မှာ ဖြစ် တယ်။  

ဟိုတယ်ဇုန်စီမံကိန်းများ

ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြေနေရာအခက်အခဲ ကြုံတွေ့နေ ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ မန္တလေး၊ အင်းလေးနဲ့ ပုဂံဒေသတွေမှာ ဟိုတယ်ဇုန်စီမံကိန်းတွေ ထပ်မံတိုးချဲ့နေ ပါတယ်။ မန္တလေးမှာဆိုရင် ဧကသုံးထောင်စီမံကိန်းတစ်ခု ဆောင်ရွက်နေပြီး အင်းလေးမှာတော့  ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအတွက် ၆၂၂ ဧက စီမံကိန်းဆောင်ရွက်နေပါတယ်။