အာရှ - ပစိဖိတ်ဒေသဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဟိုတယ်လုပ်ငန်းတွေမှာ အချက်အချာကျတဲ့ ဒေသဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် ရင်းနှီးမြုပ်နှံသူတွေ မျက်စိကျလာတဲ့နေရာလည်းဖြစ်သလို ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံအထိ လည်ပတ်နေတာကိုလည်း Cushman & Wakefield ရဲ့ ဟိုတယ်စစ်တမ်းတွေအရ သိရပါတယ်။ MKG ဟိုတယ်ဆိုင်ရာ လုပ်ငန်းစုရဲ့ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဟိုတယ်စံနှုန်းသတ်မှတ်မှု စစ်တမ်းတွေအရ အာရှကဟိုတယ်တွေဟာ ပိုပြီးတိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ အဲဒီစစ်တမ်းတွေအရ အာရှတွင်းမှာ အရည်အသွေးမြင့်ဟိုတယ် ၁၅၀ ခန့်ရှိလာပြီး အဲဒီဟိုတယ်တွေထဲက ဒီဘက်နှစ်ပိုင်းမှာ စတင်ဖွင့်လှစ်ပြီး ထူးခြားချက်တွေအသီးသီးရှိတဲ့ ဟိုတယ် ၃၆ လုံးအကြောင်းကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
Beijing, China
Nuo Hotel Beijing
စတင်ဖွင့်လှစ်သည့်ရက် - ဇွန်လ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ခမ်းနားတဲ့ ဟိုတယ်ခန်းမထဲကို ဝင်လိုက်ပြီဆိုတာနဲ့ အလေးပေးထားတဲ့ အနုပညာနဲ့ ယဉ်ကျေးမှုလက်ရာတွေက သင့်စိတ်ကို လွှမ်းမိုးသွားမှာ အသေအချာပါပဲ။ မီးအလှဆင်မှုတွေကလည်း နာမည်ရကျွမ်းကျင်ပညာရှင်တွေရဲ့ လက်ရာတွေပဲဖြစ်တာကြောင့် ဟိုတယ်တစ်ခုလုံးရဲ့ တောက်ပမှုတွေက ဧည့်သည်တွေကို စိတ်ကျေနပ်စေမှာပါ။
nuohotel.com
Kunming, Yunnan, China
Sofitel Kunming
စတင်ဖွင့်လှစ်သည့်ရက် - ဒီဇင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ဟိုတယ်ရဲ့ ဒီဇိုင်းကတော့ ယူနန်နဲ့ ပြင်သစ်ပေါင်းစပ်မှု ဒီဇိုင်းဖြစ်ပါတယ်။ ဟိုတယ်အဝင်ခန်းမရှေ့မှာ အနီရောင်ဖန်သားတွေကို အသုံးပြုပြီး ပြင်သစ်စတိုင်လ် အလှဆင်ထားပါတယ်။ ယူနန်ရဲ့ ယဉ်ကျေးမှုလက်ရာတွေကို ပြသထားသလို ရေပန်းရုပ်ရှင်လည်း ကြည့်နိုင်ပါတယ်။ အခန်းပေါင်း ၃၉၇ ခန်းရှိပြီး အခန်းတိုင်းနဲ့ ဟိုတယ်စားသောက်ခန်းကနေ မြို့တစ်မြို့လုံးရဲ့ မြင်ကွင်းကျယ်တစ်ခုလုံးကို ကြည့်ရှုနိုင်မှာ ဖြစ်သလို Dianchi ရေကန်ရဲ့ အလှတရားတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။
sofitel.com
Crown Plaza Bandaung
စတင်ဖွင့်လှစ်သည့်ရက် - စက်တင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ၁၆ ထပ်မှာ Bandaung ရဲ့ အကြီးဆုံး Executive Club ပါဝင်ပြီး တောင်တန်းတွေကို ကြည့်ရှုခံစားနိုင်တဲ့ ရေကူးကန်ဘေးရှိ Bar နဲ့ စားသောက်ဆိုင်လည်းရှိပါတယ်။
Ihg.com/crowneplaza
Chengdu,Sichuan,China
Grand Hyatt Chengdu
စတင်ဖွင့်လှစ်သည့်ရက် - ၂၀၁၆ ခုနှစ်၊ ပထမလေးလအတွင်း။
ထူးခြားချက် - ပြင်သစ်ခေတ်နှောင်းအိမ်ကြီးတွေရဲ့ ပုံစံတည်ဆောက်ထားပြီး Chicomy Square အဆောက်အအုံရဲ့ ဆယ်ထပ်ကနေ ၃၉ ထပ်အထိ နေရာယူထားပါတယ်။ ဟိုတယ်တစ်ခုလုံးကို ပန်းအမည်တွေနဲ့ ခွဲခြားခေါ်ဆိုထားတာဖြစ်ပြီး သတိပြုမိစရာကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ ပန်းခြံတွေပဲ ဖြစ်ပါတယ်။ ပန်းခြံအသီးသီးက ရာသီဥတုလေးခုကို ကိုယ်စားပြုထားပါတယ်။ ၁၅ ထပ်မှာရှိတဲ့ Puato ပန်းခြံကတော့ မြို့တော်ရဲ့အလှတရားကို ခံစားရင်း အနားယူလို့ကောင်းတဲ့နေရာဖြစ်သလို Maze ပန်းခြံမှာတော့ အပင်မြင့်တွေနဲ့ အလှဆင်ထားတာကြောင့် စိတ်ကူးယဉ်ဆန်ဆန် လှပနေပါတယ်။
grand.hyatt.com
Hong Kong
Hotel Pravo
စတင်ဖွင့်လှစ်သည့်ရက် - ဇွန်လ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ခမ်းနားလွန်းတာ မဟုတ်ပေမဲ့ တခြားဟိုတယ်တွေနဲ့မတူဘဲ ကွဲပြားတဲ့ ကိုယ်ပိုင်စတိုင်လ်ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။ တည်နေရာကတော့ Tsim Sha Tsui ရဲ့ မြို့လယ်မှာ ဖြစ်ပါတယ်။ အခန်းတွေကလည်း ပုံမှန်ခန်းကနေ အဆင့်မြင့်ခန်းတွေထိ မတူညီတဲ့ အခန်းတွင်း အလှဆင်မှုတွေနဲ့ အလှဆင်ထားပါတယ်။ အကောင်းဆုံး အဆင့်မြင့်အခန်းရဲ့ ထူးခြားချက်ကတော့ ရေချိုးခန်းအတွင်းမှာ Jacuzzi ပါရှိပါတယ်။ တချို့အခန်းတွေမှာဆိုရင် လသာဆောင်ကနေ မြို့ရဲ့အလှကို ခံစားလို့ရပါတယ်။ အခန်းတိုင်းမှာ မြို့ထဲသွားရင်လည်း ယူသွားလို့ရသလို ပြည်တွင်းအပြင် ပြည်ပဆယ်နိုင်ငံထိပါ အခမဲ့ဆက်သွယ်လို့ ရတဲ့ ဖုန်းတစ်လုံးစီ ထားပေးထားပါတယ်။
citadines.com
Bengaluru, India
Shangri-La Hotel, Bengaluru
စတင်ဖွင့်လှစ်သည့်ရက် - စက်တင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - အခန်းပေါင်း ၃၉၇ ခန်းရှိပါတယ်။ အဆင့်မြင့်ခန်း ၃၀ ရှိပါတယ်။ အစည်းအဝေးခန်းလည်း ပါရှိသလို ၇၃၉ စတုရန်းမီတာကျယ်တဲ့ ခန်းမလည်း ရှိပါတယ်။ ဟိုတယ်ရဲ့ဧည့်သည်တွေကို လေဆိပ်အထိ လာကြိုပေးတာကလည်း ဝန်ဆောင်မှုကောင်းတစ်ခု ဖြစ်ပါတယ်။
shagri-la.com
Seoul, South Korea
Four Seasons Hotel Seoul
စတင်ဖွင့်လှစ်သည့်ရက် - စက်တင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ဟိုတယ်ခန်း ၃၁၇ ခန်းရှိပြီး စားသောက်ဆိုင် ခုနစ်ဆိုင်၊ အထပ်သုံးထပ်ရှိတဲ့ Spa နဲ့ အားကစားခန်းမတွေ ပါဝင်ပါတယ်။ ဟိုတယ်ကနေ အဓိကမိတ်ဆက်ပေးတာကတော့ Korea Sauna ဖြစ်ပြီး အခန်းတိုင်းကို မတူညီတဲ့အပူချိန်နဲ့ Treatment အမျိုးမျိုးယူနိုင်အောင် ပြင်ဆင်ထားရှိပါတယ်။
fourseasons.com
Tokyo,Japan
Hilton Tokyo Odaiba
စတင်ဖွင့်လှစ်သည့်ရက် - အောက်တိုဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - တိုကျိုမြို့လယ်ကောင်ကို မျက်နှာမူပြီး ဖန်တီးပြုလုပ်ထားတဲ့ ကျွန်းပေါ်က Odaiba မြို့မှာ တည်ရှိပါတယ်။ အခန်းပေါင်း ၄၅၃ ခန်းရှိပြီး သီးသန့်လသာဆောင်တွေ ပါဝင်တဲ့ အခန်း ၁၇ ခန်းရှိပါတယ်။ အဲဒီအခန်းတွေမှာ Tokyo Bay နဲ့ Rainbow Bridge ရဲ့ အလှကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။
hilton.com
The South Beach
စတင်ဖွင့်လှစ်သည့်ရက် - စက်တင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ရုံးခန်းတွေ၊ လူနေအိမ်တွေ စုစည်းတည်ရှိတဲ့ South Beach မှာ တည်ရှိပါတယ်။ နာမည်ကြီး ဒီဇိုင်းကုမ္ပဏီတွေ၊ အခန်းအလှဆင်ပညာရှင်တွေရဲ့ ဒီဇိုင်းလက်ရာတွေနဲ့ အခန်းတွေကို အလှဆင်ထားပါတယ်။ အခန်းပေါင်း ၆၅၄ ခန်းရှိပြီး အဆင့်မြင့်ခန်းတွေ၊ တစ်နေ့လုံး သုံးဆောင်နိုင်မယ့်စားသောက်ဆိုင်တွေ၊ Bar သုံးခု၊ ကောင်းကင်ပန်းခြံနှစ်ခု၊ GYM တစ်ခုနဲ့အဆုံးမရှိတဲ့ ပင်လယ်ပြင်မြင်ကွင်းလို ဖန်တီးထားတဲ့ ကောင်းကင်ရေကူးကန် နှစ်ခုပါရှိပါတယ်။
thesouthbeach.com.sg
Penang , Malaysia
St Giles Wembley
စတင်ဖွင့်လှစ်သည့်ရက် - ဧပြီလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - အခန်းပေါင်း ၄၁၅ ခန်းရှိပြီး အဆင့်မြင့်ခန်းတွေ၊ အထူးခန်းတွေလည်း ရှိပါတယ်။ အထူးခန်းတွေကနေ ပီနန်ကျွန်းကို မြင်ကွင်းကျယ်အနေနဲ့ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ကမ်းခြေအနီးမှာ တည်ရှိတယ်ဆိုပေမယ့် ကိုယ်ပိုင်ဆားငန်ရေကူးကန်လည်း ပါရှိပါတယ်။ အဆောက်အအုံ အမိုးထပ်မှာ ရဟတ်ယာဉ်ကွင်းလည်း တည်ဆောက်ထားတာကြောင့် ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေပါတယ်။
stgiles.com
Courtyard by Marriott Shin-Osaka Station, Osaka
စတင်ဖွင့်လှစ်သည့်ရက် - နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - Shin-Osaka ကျည်ဆန်ရထားဘူတာကို တစ်မိနစ်လောက်လမ်းလျှောက်သွားရုံပဲ ဝေးတာကြောင့် တည်နေရာကောင်းမှာရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။
courtyard.marriott.com
Manila , Philippines
Hyatt City of Dreams Manila
စတင်ဖွင့်လှစ်သည့်ရက် - ဖေဖော်ဝါရီလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - အခန်းပေါင်း ၃၆၅ ခန်းရှိတဲ့ အထပ်မြင့်နှစ်လုံးတွဲ အဆောက်အအုံဖြစ်ပါတယ်။ ပြတင်းပေါက်တွေက ကြမ်းပြင်ကနေ မျက်နှာကြက်အထိ အပိတ်အဖွင့်လုပ်လို့ရသလို အခန်းအများစုက Manila Bay ကို မြင်နိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ SMX Convention Center ၊ World Trade Centre နဲ့ New Philippine International Convention Center တို့နဲ့ နီးတာကြောင့် စီးပွားရေးသမားတွေနဲ့ သင့်တော်တဲ့ဟိုတယ်ဖြစ်ပါတယ်။
hyatt.com
Macau
Crowne Plaza Macau
စတင်ဖွင့်လှစ်သည့်ရက် - ၂၀၁၆ ခုနှစ်၊ ပထမလေးလအတွင်း။
ထူးခြားချက် - အခန်း ၂၀၈ ခန်းရှိပြီး တောင်တရုတ်ပင်လယ်ကို ကြည့်ရှုခံစားနိုင်မယ့် အခန်းတွေလည်း ပါဝင်ပါတယ်။ အိပ်စက်အနားယူတဲ့အခါ ကောင်းကောင်းအိပ်ပျော်စေဖို့ အထူးခေါင်းအုံးတွေ၊ ရနံ့ကုထုံးတွေနဲ့ အိပ်ခါနီးမှာလည်း နွားနို့ပူပူတစ်ခွက်ဒါမှမဟုတ် ဝိုင်နီတစ်ခွက်ကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။ စားသောက်ဆိုင်တွေမှာလည်း နာမည်ကြီးဟင်းချက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရထားတဲ့ စားဖိုမှူးရဲ့လက်ရာတွေကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။
ihg.com/crowneplaza
Singapore
Hotel Vagabond
စတင်ဖွင့်လှစ်သည့်ရက် - အောက်တိုဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - အသေးစားအနုပညာလက်ရာ ချစ်မြတ်နိုးသူတွေ လာရောက်တည်းခိုသင့်တဲ့၊ ပြင်သစ်ဒီဇိုင်နာ Jacques Garcia ရဲ့ အတွင်းခန်းအလှဆင်မှုတွေပါဝင်တဲ့ ဟိုတယ်ဖြစ်ပါတယ်
slh.com
The St Regis Mumbai
စတင်ဖွင့်လှစ်သည့်ရက် - နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - နိုင်ငံရဲ့ အမြင့်ဆုံးဟိုတယ်အဆောက်အအုံတွေကြောင့် မြို့တစ်မြို့လုံးရဲ့အလှနဲ့အတူ အာရေဗီယန်ပင်လယ်ကိုပါ မြင်နိုင်ပါတယ်။
starwoodhotels.com/stregis
Raffles Jakarta
စတင်ဖွင့်လှစ်သည့်ရက် - မတ်လ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ဟိုတယ်ရဲ့ ၁၄ ထပ်မှာ ယောဂကျင့်စရာ နေရာ၊ တင်းနစ်ကွင်းနဲ့မီတာသုံးရာရှည်လျားတဲ့ အပြေးလေ့ကျင့်လမ်းတွေ ရှိပါတယ်။
raffles.com
New World Manila bay Hotel
စတင်ဖွင့်လှစ်သည့်ရက် - ဇန်နဝါရီလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ဂီတပုံစံခုနစ်မျိုးလောက်ရတဲ့ Music Bar ရှိပါတယ်။ စက်တိုင်းကို Karaoke Mixer နဲ့ ချိတ်ဆက်ထားပြီး မျက်နှာပြင်လက်မတစ်ရာကျယ်တဲ့တီဗီနဲ့ ကြိုးမဲ့မိုက်တွေပါရှိပါတယ်။
newworldhotels.com
Zone by The Park Chennai
စတင်ဖွင့်လှစ်သည့်ရက် - နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - Free Wifi သုံးဖို့ လဟာပြင်ပုံစံ သီးသန့်နေရာစီစဉ်ပေးထားပြီး အလုပ်လုပ်နိုင်မယ့် အလုပ်စားပွဲခုံတွေလည်း ပါဝင်ပါတယ်။
theparkhotels.com
Ho Chi Minh City , Vietnam
The Reverie Saigon
စတင်ဖွင့်လှစ်သည့်ရက် - စက်တင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - အီတလီဒီဇိုင်းနဲ့အာရှဒီဇိုင်းကို ပေါင်းစပ်ပြီး ခမ်းနားတဲ့ဝန်းကျင်တစ်ခုကို ဖန်တီးထားပါတယ်။ အခန်း ၂၈၆ ခန်းရှိပြီး မြို့မြင်ကွင်းနဲ့ မြစ်ကို မြင်နိုင်တဲ့အခန်းတွေလည်း ရှိပါတယ်။ အီတလီရဲ့ အကောင်းဆုံးဒီဇိုင်းတွေနဲ့အခန်းတွင်း အလှဆင်မှုတွေ ပါဝင်သလို အရောင်နဲ့ပုံစံတွေအရ Romantic ၊ Fancy နဲ့ Sassy ဆိုပြီး ခွဲခြားထားပါတယ်။
thereveriesaigon.com
Shangri-La Hotel at the Fort , Manila
စတင်ဖွင့်လှစ်သည့်ရက် - ၂၀၁၆ ခုနှစ်၊ ပထမလေးလအတွင်း။
ထူးခြားချက် - LEED ရဲ့ ရွှေအဆင့်နဲ့ Green Development ပြုလုပ်ထားပြီး ခြောက်ထောင်စတုရန်းမီတာ အကျယ်အဝန်းတစ်ခုလုံးကို စိမ်းလန်းစိုပြည်နေအောင် ပြင်ဆင်ထားပါတယ်။
shangri-la.com
JW Marriott Mumbai Sahar
စတင်ဖွင့်လှစ်သည့်ရက် - ဧပြီလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - Andheri မှာရှိတဲ့ လေဆိပ်နဲ့နီးသလို အစားအသောက်တွေနဲ့ကော်ဖီတွေရောင်းတဲ့ JW Baking Company လည်း ရှိပါတယ်။
marriott.com
Bangkok , Thailand
Avani Riverside Bangkok Hotel
စတင်ဖွင့်လှစ်သည့်ရက် - ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ်။
ထူးခြားချက် - ဟိုတယ်အခန်းပေါင်း ၂၅၁ ခန်းရှိပြီး Anantara မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ အသုံးအဆောင်ကောင်းတွေ အသုံးပြုထားတဲ့ အစည်းအဝေးခန်းမကြီးပါရှိသလို ၄,၅၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး လူ ၇၅၀ လောက်ဆန့်တဲ့ ခန်းမလည်း ရှိပါတယ်။ Anantara အဆောက်အအုံနဲ့ ဘေးချင်းကပ်ဖြစ်ပြီး ကောင်းကင်တံတားထိုးဖို့ အစီအစဉ်ရှိပါတယ်။
avanihotels.com
Movenpick Hotel Sukhumvit 15
စတင်ဖွင့်လှစ်သည့်ရက် - မေလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - လူသိများတဲ့ Sukhumvit လမ်းမှာ တည်ရှိပါတယ်။ အခန်းပေါင်း ၂၉၇ ခန်းပါရှိပြီး ဖြူဖွေးနေတဲ့ အခန်းနံရံတွေနဲ့ သစ်နက်ပရိဘောဂတွေက ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ မိုးရေထဲ လမ်းလျှောက်ရသလို ခံစားရစေမယ့် ရေချိုးခန်းလည်း ပါရှိပါတယ်။ Shuttle Bus ကို ၂၄ နာရီ အခမဲ့ဝန်ဆောင်မှုပေးသလို မီတာ ၂၀ အကျယ်ရှိတဲ့ ခေါင်မိုးထပ်ရေကူးကန်ကလည်း မြို့ပြဆူညံမှုတွေရဲ့ အဝေးကနေကင်းလွတ်ပြီး စိတ်အပန်းပြေစေမှာဖြစ်ပါတယ်။
Npick.com
The St Regis Jakarta
စတင်ဖွင့်လှစ်သည့်ရက် - ဧပြီလ၊ ၂၀၁၆ ခုနှစ်။
ထူးခြားချက် - ရွှေတြိဂံဒေသမှာရှိပြီး ခုနှစ်ရာစတုရန်းမီတာ ကျယ်ဝန်းတဲ့ခန်းမလည်း ပါရှိပါတယ်။
starwoodhotels.com/stregis
Hotel Indigo Bangkok Wireless Road
စတင်ဖွင့်လှစ်သည့်ရက် - မတ်လ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - စိတ်အပန်းပြေစေမယ့် အဆင့် ၂၂ ဆင့်ပါ Cocktail Bar ရှိပါတယ်။ အဲဒီမှာ ထိုင်းစတိုင်လ် Cocktail တွေကို ထိပ်တန်းယမကာဖျော်စပ်သူတွေက ဖျော်စပ်ပေးမှာ ဖြစ်ပါတယ်။
ihg.com/hotelindigo
Jakarta, Indonesia
စတင်ဖွင့်လှစ်သည့်ရက် - ၂၀၁၅ ခုနှစ်၊ သြဂုတ်လ။
ထူးခြားချက် - အခန်းပေါင်း ၃၈၀ ခန်း ပါရှိပါတယ်။ မြို့ရဲ့အကြီးဆုံးခန်းမပါရှိပြီး ခန်းမတစ်ခုလုံးကို အပိုင်းသုံးပိုင်းခွဲထားပြီး ဝင်ပေါက်သုံးပေါက်လည်း စီစဉ်ပေးထားပါတယ်။ ၃,၅၀၀ စတုရန်းမီတာကျယ်ဝန်းတဲ့ အစည်းအဝေးခန်းမပါရှိပြီး အကောင်းစား မီးအလှဆင်မှုတွေနဲ့ ၁,၂၀၀ စတုရန်းမီတာကျယ်ဝန်းတဲ့ ခန်းမလည်း ပါရှိပါတယ်။ Senayan ရပ်ကွက်မှာတည်ရှိပြီး Jakarta Convention Centre ၊ Indonesian Stock Exchange တို့နဲ့ နီးသလို Plaza Senayan Shopping and Office Centre နဲ့လည်း တိုက်ရိုက်လမ်း ချိတ်ဆက်ထားပါတယ်။
fairmont.com
The Patina , Capitol Singapore
စတင်ဖွင့်လှစ်သည့်ရက် - ၂၀၁၆ ခုနှစ်၊ ပထမလေးလအတွင်း။
ထူးခြားချက် - ရှေးကျတဲ့ ကိုလိုနီအဆောက်အအုံတစ်ခုမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဖြစ်တဲ့ ဆားငန်ရေနဲ့စိမ်ပြီး အပန်းဖြေလို့ရတဲ့ ရေကန်ရှိပါတယ်။
lhw.com
Park Hotel Alexandra , Singapore
စတင်ဖွင့်လှစ်သည့်ရက် - ဇွန်လ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ရေကူးကန်ဘေးမှာ Bar ရှိသလို ရေကူးရင်း သောက်လို့ရမယ့် Swim-Up Pool Bar လည်း စီစဉ်ပေးထားပါတယ်။
parkhotelgroup.com
Hotel Gracery Shinjuku , Tokyo
စတင်ဖွင့်လှစ်သည့်ရက် - ဧပြီလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ဟိုတယ်ရဲ့ ရှစ်ထပ်မြောက်မှာ သက်ရှိဂေါ်ဇီလာရဲ့ ဦးခေါင်းအရွယ်အစားအတိုင်း ပုံစံတူနဲ့ အလှဆင်ထားပါတယ်။
gracery.com
Kuala Lumpur , Malaysia
စတင်ဖွင့်လှစ်သည့်ရက် - ဧပြီလ၊ ၂၀၁၆ ခုနှစ်။
ထူးခြားချက် - အကျယ်အဝန်း သုံးထောင်စတုရန်းမီတာရှိပြီး တည်နေရာအနေနဲ့လည်း သင့်တော်ကောင်းမွန်ပါတယ်။
starwoodhotels.com/stregis
Holiday Inn Express Jakarta Wahid Hasyim
စတင်ဖွင့်လှစ်သည့်ရက် - နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ဈေးနှုန်းသက်သာတဲ့ဟိုတယ်ဖြစ်ပြီး Self-service Business Centre နဲ့ Laundry Service တွေ ပါတယ်။
ihg.com/holidayinnexpress
Oasia Suites Kuala Lumpur , Malaysia
စတင်ဖွင့်လှစ်သည့်ရက် - ၂၀၁၆ ခုနှစ်၊ ပထမလေးလအတွင်း။
ထူးခြားချက် - Singapore နိုင်ငံရဲ့ ဟိုတယ်ခွဲတစ်ခု ဖြစ်ပါတယ်။ Kuala Lumpur ရဲ့ အရင်းအမြစ် မိုးသစ်တောနဲ့ သဘာဝဘေးမဲ့တောဖြစ်တဲ့ Bukit Nanas ဘေးမှာ တည်ရှိပါတယ်။
stayfareast.com
Myanmar
Best Western Chinatown Hotel , Myanmar
စတင်ဖွင့်လှစ်သည့်ရက် - ဧပြီလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ရန်ကုန်မြို့လယ်ရဲ့ လူစည်ကားတဲ့ နေရာမှာတည်ရှိပြီး Free Wifi လည်း လွှင့်ပေးထားပါတယ်။
chinatownhotelyangon.com
Osia Hotel Downtown, Singapore
စတင်ဖွင့်လှစ်သည့်ရက် - ၂၀၁၆ ခုနှစ်၊ ဒုတိယလေးလအတွင်း။
ထူးခြားချက် - ၂၇ ထပ်မြင့်ပြီး စီးပွားရေးသမားတွေအတွက် သင့်တော်ပါတယ်။ ဟိုတယ်မျက်နှာစာမှာ ပန်းပင်တွေ အပြည့်ဖုံးအုပ်ထားလို့အမြင်ဆန်းတဲ့ ဟိုတယ်ဖြစ်ပါတယ်။
stayfareast.com
Cititel Express Penang
စတင်ဖွင့်လှစ်သည့်ရက် - ဇွန်လ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ကြယ်သုံးပွင့်ဟိုတယ်တစ်ခုအနေနဲ့ George Town ရဲ့ wembley Area မှာ ရှိတဲ့အတွက် သင့်တော်တဲ့တည်နေရာကို ပိုင်ဆိုင်ထားပါတယ်။
cititelexpress-penang.com
Novotel New Delhi Aerocity
စတင်ဖွင့်လှစ်သည့်ရက် - နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်။
ထူးခြားချက် - ဧည့်သည်တွေ ဆက်သွယ်ရေး အဆင်ပြေစေဖို့ Apple iMac Terminals တွေပါဝင်တဲ့ Web Corner ထားပေးထားပါတယ်။ ဝန်ဆောင်မှုအပြည့်နဲ့ Business Lounge လည်းရှိပါတယ်။
novotel.com
အယ်ဒီတာအဖွဲ့