ကြော်ငြာလုပ်ငန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၆ ဦး

တစ်ကမ္ဘာလုံးမှာ ကြော်ငြာအတွက် သုံးတဲ့အသုံးစရိတ်ဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ အနည်းငယ် နည်းကောင်းနည်းသွားခဲ့ပါမယ်။ ဒါပေမဲ့ ကြော်ငြာလုပ်ငန်းထိပ်တန်းအမှုဆောင်အရာရှိတွေရဲ့ လုပ်ခလစာရရှိမှုကတော့ မြင့်တက်နေဆဲပဲ ဖြစ်ပါတယ်။

သူတို့ရဲ့တစ်နှစ်အတွက်ရခဲ့တဲ့ အခွန်ဆောင်ပြီး လုပ်ခလစာအရ ဒီနှစ်ကြော်ငြာလုပ်ငန်းက အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့စာရင်းမှာ ပါဝင်သူအများစုဟာ အရင်နှစ်က မြင်ခဲ့ပြီးသားမျက်နှာတွေပဲ ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ထူးခြားတဲ့ခြွင်းချက်နှစ်ခု ရှိပါတယ်။ MDC Partner Network ရဲ့ CEO ဖြစ်ပြီး အရင်နှစ်စာရင်းထဲက တစ်ဦးတည်းသောအမျိုးသမီးဖြစ်တဲ့ Lori Senecal ကတော့ သူ့ရဲ့လုပ်ခလစာ ဒေါ်လာ ၁.၉ သန်းက ကျွန်တော်တို့ရဲ့ ဒေါ်လာနှစ်သန်းဆိုတဲ့အနည်းဆုံးစံရဲ့ အပြင်ဘက်ကို ရောက်သွားတဲ့အတွက် ဒီနှစ်စာရင်းထဲက ကပ်ပြီး လွတ်သွားပါတယ်။ နောက်တစ်ခုကတော့  MDC Partner ရဲ့ CEO ဟောင်း Miles Nadal ဟာ ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီကဒေါ်လာ ၁.၉ သန်းပဲရခဲ့တာဖြစ်ပါတယ် (အဲဒီအရင်နှစ်ကတော့ သူဟာ ဒေါ်လာ ၁၄.၇ သန်းဆိုတဲ့ များပြားလှတဲ့ငွေတွေကို ရခဲ့တာ ဖြစ်ပါတယ်)။

ရွေးချယ်နည်း။ ကျွန်တော်တို့ရဲ့စာရင်းဟာ လစာ၊ အစုရှယ်ယာစုငွေ၊ လျှော့ဈေးနဲ့ အစုရှယ်ယာဝယ်ခွင့်တွေနဲ့ တခြားမက်လုံးပေးမှုတွေ အပါအဝင် ၂၀၁၅ ခုနှစ် တစ်နှစ်လုံးရဲ့ လုပ်ခလစာစုစုပေါင်းကို ထည့်စဉ်းစားပြီး နှစ်စဉ်အစီရင်ခံစာတွေနဲ့ SEC (အစုရှယ်ယာနှင့် သဘောတူစာချုပ်များဆိုင်ရာကော်မရှင်) ရဲ့ အမှုတွဲတွေကို ကြည့်ပါတယ်။ အဲဒါဟာ သိသာထင်ရှားတဲ့ အားနည်းချက်တစ်ခုတော့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာရင်းမှာပါတဲ့လူတွေ အများကြီးရဲ့ အသားတင်တန်ဖိုးတွေထဲမှာ အရင့်အရင်နှစ်တွေတုန်းက သူတို့စုဆောင်းလာခဲ့တဲ့ငွေတွေ၊ တခြားပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပါနေလို့ပဲ ဖြစ်ပါတယ်။

ဒီစာရင်းဟာ ကျယ်ပြန့်မှုရှိတယ်လို့လည်း မဆိုနိုင်ပါဘူး။ ကျွန်တော်တို့က အများပိုင်ကုမ္ပဏီတွေကိုပဲကြည့်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့လည်း ကျွန်တော်တို့က ကြော်ငြာသက်သက်လုပ်တဲ့ ကြော်ငြာလုပ်ငန်းကုမ္ပဏီတွေကိုပဲ ကြည့်ခဲ့ပါတယ်။

အဲဒီလိုသာမလုပ်ခဲ့ရင် Google နဲ့ Facebook လိုနည်းပညာကုမ္ပဏီတွေက ကြော်ငြာလုပ်ငန်းအမှုဆောင်တွေ၊ ဒါမှမဟုတ် Brand မြှင့်တင်ရေးသမားတွေလည်း ဒီစာရင်းထဲမှာ ပါနေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့စာရင်းဟာ ဒေါ်လာနှစ်သန်းနဲ့အထက် ဝင်ငွေရှိတဲ့ သူတွေကစပြီး ယူထားပါတယ် (ကြော်ငြာလုပ်ငန်းမှာ ဒေါ်လာတစ်သန်းဝန်းကျင် ဝင်ငွေရှိနေတဲ့ အမှုဆောင်တွေ အများကြီးရှိပါသေးတယ်)။

၂၀၁၅ ခုနှစ်အတွင်း ကြော်ငြာလုပ်ငန်းက လုပ်ခလစာ အများဆုံးရခဲ့တဲ့ ပုဂ္ဂိုလ် ၁၆ ဦးကို အောက်ပါအတိုင်း တွေ့ရပါတယ်။

AdvBoss1

Sir Martin Sorrell

CEO

WPP

လုပ်ခလစာ - ဒေါ်လာ ၈၇.၅ သန်း

ဒီနှစ်ရဲ့နှစ်ပတ်လည်အပြည်ပြည်ဆိုင်ရာအစည်းအဝေးမှာ WPP ရဲ့ အစုရှယ်ယာရှင်တွေထဲက သုံးပုံတစ်ပုံ (၃၃.၄၅ ရာခိုင်နှုန်း) ဟာ Sorrell ရဲ့ ၂၀၁၅ ခုနှစ်အတွက် လစာပေးမှုကို ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

ဒီပမာဏဟာ သူ့ရဲ့ အရင်နှစ်ကလုပ်ခလစာ စတာလင်ပေါင် ၄၃ သန်း (ဒေါ်လာ ၆၆ သန်း) ကို ကန့်ကွက်မဲပေးခဲ့ကြတဲ့ အစုရှယ်ယာရှင်တွေရဲ့ ၂၂ ရာခိုင်နှုန်းဆီကလာတာ ဖြစ်ပါတယ်။

Sorrell ရဲ့လုပ်ခလစာရဲ့အဓိကအပိုင်း (၉၉ ရာခိုင်နှုန်း) ဟာ သူ့ရဲ့စွမ်းဆောင်မှုအပေါ်မှာ အခြေခံပါတယ်။ ၂၀၁၅ ခုနှစ်အတွက် သူ့ရဲ့လုပ်ခလစာထဲမှာ အစုရှယ်ယာနဲ့ ဆုကြေးငွေအဖြစ်နဲ့ ဒေါ်လာ ၉၀.၉ သန်းနဲ့ နှစ်ပတ်လည်ဆုကြေးငွေ ဒေါ်လာ ၆.၆ သန်း ပါဝင်ပါတယ်။

AdvBoss2

John Wren

CEO Omnicom Group

လုပ်ခလစာ - ၂၃,၅၇၆,၀၄၇ ဒေါ်လာ

Wren ရဲ့လစာတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ Omnicom Group ရဲ့အမြတ်ဟာ ဒေါ်လာ ၃၂၉.၅ သန်းကနေ ဒေါ်လာ ၃၃၁.၆ သန်းအထိ နည်းနည်းကလေးတက်လာခဲ့တယ်လို့ ပြောပါတယ်။ ထုတ်လုပ်မှုနဲ့ ရောင်းအားတိုးတက်မှုကတော့ ၅.၃ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။

AdvBoss3

Michael Roth

CEO IPG

လုပ်ခလစာ - ၁၄,၄၅၈,၁၀၂ ဒေါ်လာ

Roth ရဲ့လုပ်ခလစာဟာ ၂၀၁၄ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။

ဧပြီလတုန်းက Business Insider သတင်းဝက်ဘ်ဆိုက်လုပ်ငန်းအတွင်းမှာရှိတဲ့ မတူကွဲပြားမှုတွေကစပြီး ၂၀၁၅ ခုနှစ်တုန်းက ထူးခြားနေတဲ့ မီဒီယာလုပ်ငန်း သုံးသပ်ချက်ပမာဏတွေအထိ အကြောင်းအရာပေါင်းများစွာနဲ့ ပတ်သက်ပြီး Roth ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။

AdvBoss4

Paul Richardson

Finance Director

WPP Group

လုပ်ခလစာ - ဒေါ်လာ ၁၄.၃ သန်း

၁၉၉၆ ခုနှစ်မှာ WPP Group ရဲ့ ဘဏ္ဍာရေးဒါရိုက်တာ ဖြစ်လာခဲ့တဲ့ Richardson ရဲ့လုပ်ခလစာဟာ အရင်နှစ်က တစ်နှစ်လုံးရတဲ့ လစာစုစုပေါင်းထက် ၂.၇ ရာခိုင်နှုန်း တက်လာတာကို တွေ့ရပါတယ်။

AdvBoss5

Philip Angelastro

CFO

Omnicom ၏ ဘဏ္ဍာရေးအရာရှိချုပ်

လုပ်ခလစာ - ၆,၂၅၅,၁၅၀ ဒေါ်လာ

Angelastro ရဲ့လစာဟာ ပြီးခဲ့တဲ့နှစ်ရဲ့လစာနှုန်းထက် ၂၄ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ သူဟာ ၂၀၀၄ ခုနှစ်တုန်းက CFO ရာထူးကို တက်လာခဲ့တာဖြစ်ပါတယ်။

AdvBoss6

Frank Mergenthaler

CFO       

IPG

လုပ်ခလစာ - ၅,၆၀၃,၅၇၂ ဒေါ်လာ

IPG ကို ၂၀၀၅ ခုနှစ်မှာ ဝင်လာခဲ့တဲ့ Mergenthaler ရဲ့ လုပ်ခလစာဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄.၆ ရာခိုင်နှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။

AdvBoss7

Philippe Krakowsky

Chief Strategy and Talent Office       

IPG

လုပ်ခလစာ - ၄,၇၆၉,၁၆၂ ဒေါ်လာ

Krakowsky ဟာ Talent စီမံခန့်ခွဲမှု၊ လေ့ကျင့်သင်ကြားရေး၊ ဖွံ့ဖြိုးရေးနဲ့ လုပ်ခလစာအကျိုးခံစားခွင့်တွေကို တာဝန်ယူထားသလို IPG ရဲ့ CEO ဖြစ်သူ Michael Roth နဲ့အတူ အဖွဲ့အတွက် မဟာဗျူဟာကို ပြဋ္ဌာန်းသတ်မှတ်ပေးဖို့ လုပ်ကိုင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က သူ့ရဲ့အခွန်ဆောင်ပြီး လုပ်ခလစာဟာ ၄,၅၆၈,၂၉၅ ဒေါ်လာ ရှိပါတယ်။

AdvBoss8

Timothy Andree

President and CEO (Dentsu Holdings USA)

Executive Chairman (Dentsu Aegis Network)

လုပ်ခလစာ - ဒေါ်လာ ၄.၄ သန်း

၂၀၁၃ ခုနှစ်မှာ Andree ဟာ အမေရိကန်အခြေစိုက် Aegis Group ကိုဝယ်ဖို့ ကုမ္ပဏီကို ကူညီခဲ့တဲ့အတွက်ကြောင့် Dentsu ရဲ့ ပထမဆုံး ဂျပန်လူမျိုးမဟုတ်တဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်ရဲ့လုပ်ခလစာမှာ ဆုကြေးငွေ ယန်း ၂၃၇ သန်းနဲ့ အငြိမ်းစားအကျိုးခံစားခွင့် ယန်း ၇၃ သန်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့စုုစုပေါင်းလစာငွေပေါင်းဟာ Dentsu ရဲ့ CEO ဖြစ်သူ Tadashi Ishii ရဲ့လစာငွေ ယန်း ၁၄၈ သန်း (ဒေါ်လာ ၁.၃ သန်း) ထက်အများကြီး ပိုများခဲ့ပါတယ်။

AdvBoss9

Kevin Roberts

Former Head Couch (Publicis Groupe)

Executive Chairman (Saatchi & Saatchi Worldwide)

လုပ်ခလစာ - ဒေါ်လာ ၄.၄ သန်း

Roberts ဟာ Business Insider နဲ့လုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ကြော်ငြာလုပ်ငန်းထဲက လိင်ကွဲပြားမှုအကြောင်းနဲ့ပတ်သက်ပြီး အငြင်းပွားစရာထင်မြင်ချက်တွေကို ပေးခဲ့ပြီးတဲ့နောက်ပိုင်း ဒီနှစ်သြဂုတ်လမှာ Publicis Groupe မှာရှိတဲ့ သူ့ရဲ့ ရာထူးနှစ်ခုစလုံးက နုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းက သူ့ရဲ့လစာဟာ အဲဒီအရင်နှစ်က သူရခဲ့တဲ့လုပ်ခလစာထက် ၉၈ ရာခိုင်နှုန်းပိုများခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Roberts ဟာ သူ့ရဲ့နည်းပြချုပ်ရာထူးအရ တစ်ခုတည်းသောမဟာဗျူဟာအောက်မှာ Publicis Groupe ကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ဖွဲ့စည်းရေးကို ဦးဆောင်ဖို့ တာဝန်ယူခဲ့ရပါတယ်။ ''P12 အဖွဲ့ဝင်တွေကို Kevin Roberts ပေးခဲ့တဲ့ ပုဂ္ဂလိကအကူအညီကို ဒါရိုက်တာအဖွဲ့က ချီးကျူးခဲ့ရုံသာမက ဒီတာဝန်ကို ဆောင်ရွက်တဲ့ ထူးခြားတဲ့နည်းလမ်းကိုလည်း ချီးကျူးခဲ့ပါတယ်။ အဲဒီအကူအညီဟာ သူတို့ရဲ့သက်ဆိုင်ရာတာဝန်ရှိမှုအတိုင်းအတာတွေရဲ့ ဖွံ့ဖြိုးရေးကို ပိုပြီးကောင်းကောင်းတာဝန်ယူနိုင်အောင် သူတို့ကို လုပ်ပေးပါတယ်'' လို့ နှစ်ပတ်လည်အစီရင်ခံစာမှာ ပြောထားပါတယ်။

AdvBoss10

Jonathan Nelson

CEO

Omnicom Digital

လုပ်ခလစာ - ၃,၉၃၇,၉၅၀ ဒေါ်လာ

၂၀၁၅ ခုနှစ်မှာ Nelson ရဲ့စုစုပေါင်းလုပ်ခလစာထဲမှာ အခြေခံလစာ ဒေါ်လာ ၈၅၀,၀၀၀၊ ငွေသား ဒေါ်လာနှစ်သန်း၊  RSU (အကန့်အသတ်ထားတဲ့အစုရှယ်ယာ) အဖြစ် ဒေါ်လာ ၁,၀၈၀,၀၀၀ နဲ့ အခြားလုပ်ခလစာအဖြစ် ဒေါ်လာ ၇,၉၅၀ ပါဝင်ပါတယ်။ သူဟာ ဦးပိုင်ကုမ္ပဏီ Omnicom ရဲ့ ဒစ်ဂျစ်တယ်ကုမ္ပဏီတွေအားလုံးအတွက် တာဝန်ယူရပါတယ်။ ဒီနှစ်ထဲမှာ Nelson ဟာ Media Post ထုတ်ဝေရေးလုပ်ငန်းကြီးရဲ့ "Media All Stars" တစ်ဦးအဖြစ် အဆိုပြုခြင်းခံခဲ့ရပါတယ်။

AdvBoss11

Scott Kauffman

CEO

MDC Partners

လုပ်ခလစာ - ၃,၂၆၀,၇၇၆ ဒေါ်လာ

၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ Kauffman ဟာ MDC Partners ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် ဒီကိန်းဂဏန်းဟာ ဒီရာထူးမှာ သူလုပ်ခဲ့တဲ့ ပထမငါးလအတွက်လုပ်ခလစာကိုပဲ ကိုယ်စားပြုပါတယ်။ Kauffman ရဲ့အခွန်ဆောင်ပြီး လုပ်ခလစာဟာ များပြားပေမယ့် ၂၀၁၄ ခုနှစ်မှာ အရင် CEO ဖြစ်သူ Miles Nadal ရခဲ့တဲ့ ဒေါ်လာ ၁၄.၇ သန်းနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ တော်တော်နည်းနေပါတယ်။ Nadal နဲ့ MDC Partners ဟာ သူ့ရဲ့ အသုံးစရိတ်တွေနဲ့ ကုမ္ပဏီရဲ့စာရင်းကိုင်မူတွေနဲ့ပတ်သက်ပြီး SEC ရဲ့စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရပါတယ်။ နိုဝင်ဘာလမှာ MDC ဟာ တရားမကြောင်းအရ ဒဏ်ကြေးငွေဒေါ်လာ ၁.၅ သန်းပေးဆောင်ဖို့ သဘောတူပြီး SEC နဲ့ ဖြေရှင်းချက်တစ်ခုကို ရခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ MDC က နုတ်ထွက်ခဲ့တဲ့ Nadal ဟာ မလျော်ကန်တဲ့အသုံးစရိတ်တွေအတွက် ကုမ္ပဏီကို ဒေါ်လာ ၁၁.၃ သန်း ပြန်ပေးသွင်းခဲ့ပြီး ငွေပြန်သွင်းရမယ့် ပြဋ္ဌာန်းချက်တွေပါဝင်တဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀.၆ သန်းကို ပြန်သွင်းဖို့သဘောတူခဲ့ပါတယ်။

AdvBoss12

Michael O'Brien

General Counsel and Secretary

Omnicom Group

လုပ်ခလစာ - ၃,၁၆၁,၀၀၇ ဒေါ်လာ

O'Brien ရဲ့တစ်နှစ်အတွင်း စုစုပေါင်းလုပ်ခလစာဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၁၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

AdvBoss13

Maurice Lévy

CEO

Publicis Groupe

လုပ်ခလစာ - ဒေါ်လာ ၂.၉၉ သန်း

၂၀၁၂ ခုနှစ်ကစပြီး Lévy ရဲ့ နှစ်စဉ်လုပ်ခလစာထဲက ဘယ်အပိုင်းကိုမှ ပုံသေသတ်မှတ်မထားခဲ့ဘဲ ပြီးခဲ့တဲ့နှစ်က သတ်မှတ်ပေးခဲ့တဲ့ ဘဏ္ဍာရေးနဲ့ ဘဏ္ဍာရေး မဟုတ်တဲ့ လျာထားချက်တွေကို ပြည့်မီအောင်လုပ်နိုင်သလား၊ မလုပ်နိုင်ဘူးလားဆိုတဲ့အပေါ်မှာပဲ အခြေခံခဲ့ပါတယ်။ ဒီနှစ်မှာ သူအခွန်ပေးဆောင်ပြီး အသားတင်ရတဲ့ လစာငွေဟာ ပြီးခဲ့တဲ့နှစ်က သူရခဲ့တဲ့ ဒေါ်လာ ၄.၉၇ သန်းထက် ကျသွားခဲ့ပါတယ်။ Sapient ဆိုတဲ့ Digital Marketing ကုမ္ပဏီကို ဒေါ်လာ ၃.၇ ဘီလီယံနဲ့ဝယ်ယူမှုကို အပြီးသတ်အောင်လုပ်ပြီး လုပ်ငန်းကြီးကို ဌာနခွဲကြီးလေးခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်ကို Lévy က 'ထူးထူးကဲကဲ အလုပ်များတဲ့နှစ်တစ်နှစ်' အဖြစ် ဖော်ပြခဲ့ပါတယ်။ Lévy ဟာ Publicis Groupe ရဲ့ CEO အဖြစ် သူ့ကိုအစားထိုးမှုကို ၂၀၁၇ ခုနှစ်မှာ ကြေညာပါလိမ့်မယ်။

AdvBoss14

Mark Read

Global Chief Executive (Wunderman)

CEO (WPP Digital)

လုပ်ခလစာ - ဒေါ်လာ ၂.၈ သန်း

Read ရဲ့စုစုပေါင်းလုပ်ခလစာဟာ အရင်နှစ်ကထက် ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ရီလမှာ သူဟာ ကမ္ဘာလုံးဆိုင်ရာဥက္ကဋ္ဌတာဝန်ကနေ CEO ရာထူးကို ပြောင်းလိုက်တဲ့အခါ Wunderman ဒစ်ဂျစ်တယ်ကြော်ငြာ လုပ်ငန်း မှာတိုးလာတဲ့ အမှုဆောင်တာဝန်တွေကို ပိုပြီးအာရုံစိုက်နိုင်ဖို့အတွက် WPP ရဲ့ ဒါရိုက်တာအဖွဲ့ထဲက နုတ်ထွက်ခဲ့ပါတယ်။

AdvBoss15

Andrew Bonzani

General Counsel and Secretary

IPG

လုပ်ခလစာ - ၂,၄၁၁,၆၆၃ ဒေါ်လာ

၂၀၁၄ ခုနှစ်မှာ Bonzani ရဲ့လစာဟာ အဲဒီအရင်နှစ်ထက် ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅ ရာခိုင်နှုန်းပဲတက်ပြီး ရခဲ့ပါတယ်။

AdvBoss16

Alfonso Rodés Vilà

Deputy CEO (Havas)

CEO (Havas Media Group)

လုပ်ခလစာ - ၂,၂၇၇,၄၇၄ ဒေါ်လာ

Rodés Vilà ရဲ့ လုပ်ခလစာဟာ အရင်နှစ်ထက် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီငွေဟာ Havas ကုမ္ပဏီရဲ့ CEO ဖြစ်သူ Yannick Bolloré ရဲ့ လုပ်ခလစာ ဒေါ်လာ ၁.၂ သန်းရဲ့ နှစ်ဆနီးပါးရှိနေတုန်းပါပဲ။