အလုပ်ချိန်မှာ အိပ်သူချင်းအတူတူ

jan2017ynn2

ကုမ္ပဏီပိုင်ရှင်က ဝန်ထမ်းကိုခေါ်ပြီး ''မင်းကို ငါ ဒီနေ့ကစပြီး အလုပ်ဖြုတ်လိုက်ပြီ'' လို့ ပြောတဲ့အခါ အလုပ်သမားက ''ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ'' လို့ ပြန်လှန်မေးခွန်းထုတ်ပါသတဲ့။ ဒီတော့ အလုပ်ရှင်က ''မင်းအပြစ် မင်းသိမှာပေါ့၊ မင်းအလုပ်ချိန်မှာ အမြဲအိပ် အိပ်နေတဲ့အကောင်'' လို့ အဖြေပေးပါတယ်။ ဒီတော့ အလုပ်သမားက ''ဒါကတော့ ဆရာရယ်၊ အမှန်ပြောရရင် ဒီလိုအိပ်အိပ်နေတာဟာ ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်တာ'' လို့ ထပ်စောဒက တက်ပါသတဲ့။ ဒီတော့ အလုပ်ရှင်က သည်းခံနိုင်ပုံမပေါ်တော့ဘဲ ''အေး၊ ဟုတ်တယ်၊ ကျန်တဲ့လူတွေလည်း အလုပ်ချိန်မှာ ခိုးခိုးအိပ်နေကြတတ်တယ်ဆိုတာ ငါလည်းသိတယ်။ ဒါနဲ့ မင်းနဲ့တော့ မတူဘူးကွ၊ မင်းအိပ်တာက ငါ့မိန်းမနဲ့လေ'' လို့ ပြောလိုက်ပါသတဲ့။

ဥပဒေသ ။ ။ ပြစ်မှုကျူးလွန်သူအများစုမှာ စောင်းပါးရိပ်ခြည် စွပ်စွဲပြောရုံမျှဖြင့် သူတို့အပြစ်ကို ဝန်ခံရန် စိတ်ကူးမရှိတတ်ကြပေ။

အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်