15 Secrets Successful People Know about Time Management:

secretssuccessful1

Productivity Habits of 7 Billionaires, 13 Olympic Athletes 29 Straight-A'students, and 239 Enterepreneurs

ရေးသူ - Kevin Kruse

စာမျက်နှာ - ၃၀၈ မျက်နှာ

ထုတ်ဝေသူ -The Kruse Group; 1 edition (9-10-2015)

ရောင်းသူ - Amazon Digital Services, Inc.

အလေ့အကျင့်ဟောင်းတွေကို စွန့်ပြီး အလေ့အကျင့်သစ်များနဲ့ အစားထိုးလုပ်နိုင်သွားခြင်းဖြင့် သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ငါးဆမှ ဆယ်ဆအထိ မြင့်မားတိုးတက်လာတာကို မလိုချင်ဘူးလား။ အလုပ်တွေများလွန်းလို့ စိတ်ပင်ပန်းဖြစ်နေတာမျိုးတွေ ရပ်ပြီး တစ်နာရီလောက် အေးအေးဆေးဆေး စာဖတ်နေခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေခြင်း၊ ဒါမှမဟုတ် မိသားစုနဲ့ အေးအေးဆေးဆေး နေချင်စိတ်တွေ မရှိဘူးလား။ အဲလိုနေနိုင်ဖို့အတွက် အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်ဖို့ လိုပါတယ်။ အသုံးချနည်းတွေကို ဒီစာအုပ်ထဲမှာ တင်ပြထားတာဖြစ်တယ်။

စာရေးသူဟာ ဒီစာအုပ်ကို ရေးသားရာမှာ လိုအပ်တဲ့အချက်အလက်တွေရရှိဖို့အတွက် လက်တွေ့လောကထဲက ဘီလီယံနာသူဌေးကြီးတွေ အိုလံပစ်အားကစားသမားတွေ အဆင့် A ရတဲ့ ကျောင်းသူကျောင်းသားတွေ၊ စီးပွားရေးကို စိတ်ဝင်တစားလုပ်နိုင်ခဲ့ကြသူတွေ စသဖြင့် အချိန်ကို အကျိုးရှိအောင်သုံးစွဲခဲ့ကြသူတွေရဲ့ အတွေ့အကြုံနဲ့ အကြံပြုစကားတွေကို မှတ်သားခဲ့ရတယ်။ စာရေးသူဟာ ဒီစာအုပ်ထဲမှာ ၁) နေ့ရွှေ့ ညရွှေ့ အချိန်ဆွဲချင်တဲ့ ရောဂါကို ဘယ်လိုကုစားမလဲ။ ၂) တကယ်ကို ဦးစားပေးရတဲ့အလုပ်ကို ဘယ်လ ရွှေးမလဲ။ ၃) အစည်းအဝေးများကို Apple ၊ Google နဲ့ Virgin တို့ကို ဘယ်လိုကျင်းပကြမလဲ။ ၄) Richard Branson ရဲ့ စိတ်ကျဉ်းကျပ်မှု ဖြေလျော့နည်းစတဲ့ လက်တွေ့လုပ်ကိုင်နိုင်တဲ့နည်းတွေအပြင် အချိန်စီမံခန့်ခွဲရေးဆိုင်ရာ မှတ်သားစရာ အဆိုအမိန့်ပေါင်း တစ်ရာကျော် ထည့်သွင်းဖော်ပြထားပါတယ်။