ကမ္ဘာပေါ်မှာရှိတဲ့ စားသောက်ကုန်ဈေးကွက်အားလုံးနီးပါးကို ကုမ္ပဏီဆယ်ခုက ချုပ်ကိုင်ထားတယ်ဆိုတာ သင်သိပါသလား။ ဒီကုမ္ပဏီဆယ်ခုကတော့ Nestle ၊ PepsiCo ၊ Coca-Cola ၊ Unilever ၊ Danone ၊ General Mills ၊ Kellogg's ၊ Mars ၊ Associated British Foods နဲ့ Mondelez တို့ပါ။ ဒီကုမ္ပဏီတွေဟာ နှစ်စဉ်အမြတ်ငွေ အမေရိကန်ဒေါ်လာသန်းချီရှိနေပြီး ဝန်ထမ်းသစ်ပေါင်းထောင်ကျော်ကို ခန့်အပ်နေပါတယ်။ ဒီကုမ္ပဏီတွေကို အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်စေဖို့နဲ့ Customer တွေ သူတို့ဝယ်ယူနေတဲ့ ကုန်ပစ္စည်းတွေကို ဘယ်ကုမ္ပဏီတွေက ပိုင်ဆိုင်တယ်ဆိုတာ သိနိုင်စေဖို့ Oxfam က လူတိုင်းအလွယ်တကူ သိနိုင်စေမယ့် ရုပ်ပုံတွေနဲ့ပြထားတဲ့ ဇယားကွက်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အောက်မှာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ဘယ်အမှတ်တံဆိပ်တွေနဲ့ ကုန်ပစ္စည်းတွေကို ဘယ်ကုမ္ပဏီတွေက ပိုင်ဆိုင်နေတယ်ဆိုတာကို အသေးစိတ်စာရင်း ပြုလုပ်ပေးထားပါတယ်။
Kellogg's
Kellogg's ဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံ ရှိခဲ့ပါတယ်။ Froot Loops နဲ့ Frosted Flakes အပြင် Eggo ၊ Pringles ၊ Cheez-It အမှတ်တံဆိပ်မုန့်တွေကိုလည်း ဒီကုမ္ပဏီက ထုတ်လုပ်ပါတယ်။
Associated British Foods
ဒီဗြိတိသျှပိုင်ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ ဘီလီယံ ရှိခဲ့ပါတယ်။ ကုမ္ပဏီဟာ Dorset ၊ Twinings နဲ့ Primark အမှတ်တံဆိပ်ကုန်ပစ္စည်းတွေကို ဖြန့်ချိနေပါတယ်။
General Mills
General Mills ဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး Cereal ပိုင်းမှာ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ Cheerios နဲ့ Chex တို့အပြင် Yoplait ၊ Hamburger Helper ၊ Haagen-Dazs နဲ့ Betty Crocker တို့ကို ပိုင်ဆိုင်ပါတယ်။
Danone
ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉ ဘီလီယံ ရှိခဲ့ပြီး Yogurts ကုန်ပစ္စည်းတွေထဲမှာ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ Activa ၊ Yocrunch နဲ့ Oikos တို့ကို ပိုင်ဆိုင်ပါတယ်။ ဒါအပြင် ကုမ္ပဏီဟာ ကျန်းမာရေးအာဟာရဖြည့်စွက်ဓာတ်စာနဲ့ ရေသန့်ဘူးတွေကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။
Mondelez
ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး Oreo ၊ Trident Gum နဲ့ Sour Patch Kids အမှတ်တံဆိပ်မုန့်တွေကို ရောင်းချပါတယ်။
Mars
M&M အမှတ်တံဆိပ် ချောကလက်လုံးလေးတွေနဲ့ နာမည်ကြီးတဲ့ Mars ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ရှိခဲ့ပြီး Starburst ၊ Orbit Gum နဲ့ Uncle Ben's rice တို့ကိုလည်း ထုတ်လုပ်ပါတယ်။
Coca-Cola
Coca-Cola ကတော့ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃ ဘီလီယံ ရှိခဲ့ပြီး Dasani ၊ Fuze နဲ့ Honest Tea တို့ဟာလည်း ဒီကုမ္ပဏီက ထုတ်လုပ်တဲ့ အမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။
Unilever
၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၁ ဘီလီယံ ရရှိခဲ့တဲ့ Unileverကုမ္ပဏီဟာ Axe ၊ Lipton ၊ Magnum ၊ Hellmann's တို့အပါအဝင် အမှတ်တံဆိပ် အမြောက်အမြားကို ထုတ်လုပ်ပါတယ်။
PepsiCo
PepsiCo ကုမ္ပဏီမှာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံ ရရှိခဲ့ပြီး Pepsi နဲ့ တခြား အအေးအမှတ်တံဆိပ်တွေအပြင် Quaker ၊ Cheetos နဲ့ Tropicana တို့ကိုလည်း ထုတ်လုပ်ပါတယ်။
Nestle
Nestle ဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံ ရှိခဲ့ပြီး Butterfinger ၊ KitKat အမှတ်တံဆိပ် သကြားလုံးအပါအဝင် Perrier ၊ DiGiorno ၊ Hot Pockets ၊ Garber နဲ့ တခြားကုန်ပစ္စည်းပေါင်းများစွာကို ထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။
အယ်ဒီတာအဖွဲ့