၂၀၂၀ ပြည့်နှစ်အတွင်း ဖြန့်ချိမယ့် စီးပွားရေးလုပ်ငန်းနောက်ခံထားတဲ့ ရုပ်ရှင်ကားသစ်တွေဟာ အထူးစိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေနဲ့ စွန့်ဦးထွင်လုပ်ငန်းရှင်တိုင်း လက်မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင် ၈ ကားကို နမူနာမြည်းပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Theranos ကုမ္ပဏီတည်ထောင်သူအကြောင်း မှတ်တမ်းဇာတ်ကားနဲ့ Cambridge Analytica ရဲ့ အပုပ်နံ့ထွက်မှု ကြီးအကြောင်း ဇာတ်ကားတို့အပြင် Ford နဲ့ Ferrari မော်တော်ကားကုမ္ပဏီနှစ်ခုရဲ့ ပြိုင်ဆိုင်မှုအကြောင်း ဇာတ်လမ်းဆင်ပြီးရိုက်ကူး ထားတဲ့ ဇာတ်ကား Ford Vs. Ferrari လည်း နိုင်ငံတကာမှာရုံတင်ပြသတော့ ထူးချွန်ဆုတွေရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ We Work အကြောင်း ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်သံစီးရီးတွေလည်း ရိုက်ကူးလျက်ရှိပြီး ၂၀၂၀ အတွင်းတော့ ရုံတင်ဖြစ်ဦးမှာမဟုတ်ပါဘူး။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/91024781_2736317569756637_358011448544198656_n.jpg?_nc_cat=109&_nc_sid=8024bb&_nc_eui2=AeH2E6XNSezL5Sli--idULBzax7sGzQRbvJrHuwbNBFu8m1uehiRnCutvTLtsghQez76j8Kz61fQ1kTgNi0pM4ti&_nc_ohc=dLGU11swNZEAX-1ky9E&_nc_ht=z-p3-scontent.frgn3-1.fna&oh=7db7dee9bca1bf52efd4356fa514e1c8&oe=5EC614E3)
၁။ Minari
၂၀၁၆ အော်စကာပွဲမှာ အကောင်းဆုံးဇာတ် ကားဆုရခဲ့တဲ့ ဇာတ်ကားသစ် Minari ဟာ အမေရိကန်နိုင်ငံ၊ အာကန်ဆက်ပြည်နယ်၊ ကျေးလက်ဒေသမှာ လယ်ယာလုပ်ငန်းလာလုပ်တဲ့ကိုရီးယားမိသားစုတစ်စုရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ၁၉၈၀ ပြည့် နှစ်တွေအတွင်းမှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကား ဟာ အမေရိကန်အိပ်မက်ကို နှစ်လိုဖွယ်ကောင်းပြီး၊ မထင်မှတ်လောက်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်တယ်လို့ Sundance ရုပ်ရှင်ပွဲတော်မှာ မှတ်ချက်ပေးခံခဲ့ရပါတယ်။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/91121999_2736317579756636_5335476647338442752_n.jpg?_nc_cat=104&_nc_sid=8024bb&_nc_eui2=AeHbq5tjUb3VyroGP4xFWVn8wDSq-7OkaMDANKr7s6RowFK7ioq5ObQj_FLCNhaGtMKu36NQwj-O_PlsIYAS3_Pb&_nc_ohc=JtjgVFf-tuwAX_uo46B&_nc_ht=z-p3-scontent.frgn3-1.fna&oh=001c6f90de57ff13a56f6b3c01980104&oe=5EC6374D)
၂။ Like A Boss
Paramount ရုပ်ရှင်ကုမ္ပဏီမှ ဖြန့်ချိတဲ့ ဒီဇာတ်ကားဟာ အလှကုန်ပစ္စည်းကုမ္ပဏီလေး စတင်တည်ထောင်ပြီး ဒေါ် လာငါးသိန်း ချက်ချင်းအကြွေးတင်သွားတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အလှကုန်လုပ်ငန်း သူဌေးမတစ်ဦးက သူတို့ကုမ္ပဏီမှာ ဒေါ်လာ တစ်သန်း ကျော်ရင်းနှီးမြှုပ်နှံပြီး ပိုတော်တဲ့ မန်နေဂျာတွေဖြစ်အောင် သင်ကြားပေးပါတယ်။ ဒါပေမဲ့ အဲဒီသူဌေးမက သူတို့ငွေ တွေ စတင်ပြီးခိုးယူတော့ သူတို့နှစ်ယောက်ရဲ့ကုမ္ပဏီဆက်လက်ရှင်သန်နိုင်ဖို့ သူ့ကို ပြန်လည်တိုက်ခိုက်ကြပုံတွေ ရှုစားကြရမှာဖြစ်ပါတယ်။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/90289577_2736317566423304_6402021317331124224_n.jpg?_nc_cat=104&_nc_sid=8024bb&_nc_eui2=AeGhde9KvDbnO6Wkq4XHgKhPCNzr1_peY7kI3OvX-l5juUB18pHKt1Rop6U26EEGYcFPIQ27QXCjBPkQ_6rIw2EZ&_nc_ohc=HDDglwd-BywAX9UeWIl&_nc_ht=z-p3-scontent.frgn3-1.fna&oh=c3bb203a8cf0fb78207fd628f7fd5e2f&oe=5EC5FAF7)
၃။ Coded Bias
A.I. ခေါ် လူ့ဉာဏ်ရည်အတုအကြောင်း မှတ်တမ်းဇာတ် ကားဖြစ်တဲ့ ဒီဇာတ်လမ်းက လူ့မျက်နှာစစ်ဆေးတဲ့နည်း ပညာဟာ အသားညိုသူ၊ အသားမည်းသူတွေရဲ့ မျက်နှာ တွေကို တိကျမှန်ကန်စွာ မစစ်ဆေးပေးနိုင်ကြောင်း တွေ့ ရှိထားတဲ့ သုတေသီ Joy Byolomnini ရဲ့ အကြောင်းဖြစ် တယ်။ ဝန်ထမ်းငှားရမ်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ရာဇဝတ်မှုတရားစီရင်ခြင်းတို့မှာ ဘက်လိုက်မှုနဲ့ဆက်နွှယ် တဲ့ ပြဿနာတွေကို အလိုအလျောက်ဆုံးဖြတ်မှုက ဖန်တီး ပေးတယ်ဆိုတဲ့ အသိပညာကြောင့် Joy ဟာ နည်းပညာ ကို လူသားပိုဆန်စွာအသုံးပြုဖို့ လှုံ့ဆော်မယ့် Algorithmic Justice League အဖွဲ့အစည်းကို ထူထောင်ခဲ့ပါတယ်။ Algorithmic အရ လူမျိုးရေးဘက်လိုက်မှုတွေကို ခုခံကာ ကွယ်ဖို့ ဥပဒေပြုရေးအတွက် Joy က ကြိုးပမ်းပုံကို ဒီဇာတ် ကားမှာ ရိုက်ပြထားပါတယ်။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/90255103_2736317656423295_3008505448455208960_n.jpg?_nc_cat=105&_nc_sid=8024bb&_nc_eui2=AeHsMdqnu3VVJQq576OYsgCgjqD6i6L2peKOoPqLoval4uPxeU2wtOpsV11tMcxW6ZS-hwSz_2txd0wkgyEUnCdH&_nc_ohc=b6qcbde-MQMAX-juJdR&_nc_ht=z-p3-scontent.frgn3-1.fna&oh=17be3917997f5245da9dc0dd27a7af1c&oe=5EC31437)
၄။ House of Cardin
ပီယဲကာဒင်းလို ဖက်ရှင်လုပ်ငန်းကြီးကို ပြောင်းလဲပေးနိုင် တဲ့ ဖက်ရှင်ဒီဇိုင်းပညာရှင်တွေဟာ သမိုင်းမှာ အနည်းငယ် လည်းရှိပါတယ်။ ဒီမှတ်တမ်းဇာတ်ကားမှာ ဒီနေ့ အသက် ၉၇ နှစ်ရှိ အီတလျံဖက်ရှင်ဒီဇိုင်နာကြီး ကာဒင်းက ၁၉၄၀ လွန်နှစ်တွေအတွင်းမှာ ဒီဇိုင်နာဘ၀ စတင်ပြီး ၁၉၅၀ မှာ သူ့ကိုယ်ပိုင်တံဆိပ်တည်ထောင်ပုံနဲ့နောက်ပိုင်းနှစ်တွေအတွင်း အနာဂတ်ဆန်တဲ့ ဒီဇိုင်းတွေ ဖန်တီးပုံတွေ ရိုက်ပြထား ပါတယ်။ ကာဒင်းဟာ ကြီးမားတဲ့ဈေးကွက်မှာ ရောင်းချနိုင် တဲ့အဆင့်မြင့်ဝတ်စုံတွေ ဖန်တီးရာမှာ ရှေ့ဆောင်လမ်းပြ တစ်ဦးဖြစ်ပြီး အဝတ်အထည်သာမက တခြားလူသုံးကုန် တွေလည်း ထုတ်လုပ်ပေမယ့် သူ့ကုမ္ပဏီကို ဧရာမကုမ္ပဏီ ကြီးတွေလက်ထဲ ရောင်းချခြင်းလုံးဝမပြုခဲ့ပါဘူး။ House of Cardin ဇာတ်ကားကို ၂၀၁၉ ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/90201924_2736317669756627_964105546749706240_n.jpg?_nc_cat=104&_nc_sid=8024bb&_nc_eui2=AeHp2N4MMq-Kqj2JBhjG1s8ngPcppGkKr8mA9ymkaQqvyX07lLbA0tWpDTtAWfA--RZXBIxeNPNY5YpcfwiiDDuJ&_nc_ohc=acfdpOsvHyEAX9ZUd0r&_nc_ht=z-p3-scontent.frgn3-1.fna&oh=c254c945bdcc68f13d09b00120b3ac0c&oe=5EC54026)
Tesla ဆိုတဲ့ နာမည်ဟာ Tesla ကုမ္ပဏီပိုင်ရှင် Elon Musk နဲ့ ထာဝရပတ်သက်နေမှာဖြစ်ပေမယ့် အမှန်တော့ ဒီနာ မည်ဟာ ဆာဘီးယား-အမေရိကန်ကပြား တီထွင်သူနဲ့ သိပ္ပံပညာရှင် Nikola Tesla ရဲ့ နာမည်ဖြစ်ပါတယ်။ သူ ဟာ အဝေးသို့ လျပ်စစ်ဓာတ်အားပို့လွှတ်ခြင်း အပါအဝင် နည်းပညာတီထွင်မှုအသစ်တွေကို ဖန်တီးခဲ့ပါတယ်။ ယခု ဇာတ်ကားမှာ မင်းသား Ethan Hawk က မိမိတီထွင်မှုများ မှ ငွေပြန်ရအောင်ကြိုးစားတဲ့ Nikola Tesla အဖြစ် သရုပ် ဆောင်ထားပါတယ်။ ၂၀၁၇ ခုနှစ် ဇာတ်ကား The Current War မှာလည်း မင်းသား Nicholas Hoult က Tesla အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/90916813_2736317686423292_2725421027239657472_n.jpg?_nc_cat=105&_nc_sid=8024bb&_nc_eui2=AeE8dGpWvA4JzbCGTGYNYaQ3qaobtKHxNM-pqhu0ofE0z8D32tQ9WQjf1xmbgUhPJ12scHlf4lSoIlcI7QL-nYpX&_nc_ohc=9hsQV-Fk1scAX9drgab&_nc_ht=z-p3-scontent.frgn3-1.fna&oh=16fc5b2d87c7e6dcb2584117c6b44c35&oe=5EC54025)
၆။ Red Heaven
ဒီမှတ်တမ်းဇာတ်ကားက လူသားတွေကို အင်္ဂါဂြိုဟ်ပေါ် ပို့ဆောင်ခြင်းကို အဓိကထားပြီး မေးခွန်းထုတ်ထားတာ ဖြစ်တယ်။ ကမ္ဘာမြေပေါ်မှ စွမ်းအားအရင်းအမြစ်တွေ အားလုံးနီးပါးမရှိတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေ တသီး တသန့်သွားနေထိုင်လို့ ဖြစ်ပါ့မလား။ အင်္ဂါဂြိုဟ်ပေါ်မှာ တကယ်နေထိုင်သလို သဏ္ဌာန်လုပ်သရုပ်တူ ဖန်တီးထား တဲ့စမ်းသပ်မှုတစ်ခုအဖြစ် ဧရာမဖန်ပေါင်း ချောင်အတွင်း ၃၆၅ ရက်ကြာနေထိုင်ခဲ့တဲ့ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာနဲ့ အာကာသဝါသနာရှင် ခြောက်ဦးအဖွဲ့အ ကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းကို Bill Nye: Science Guy မှတ်တမ်းဇာတ်ကား ရိုက်ကူးခဲ့တဲ့ ဒီရိုက်တာ နှစ်ဦးကထုတ်လုပ်ထားပြီး ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းမှာပြုလုပ်တဲ့ အချိန်အကြာဆုံး ပုံတူအာကာသ ခရီးသွားမှုစမ်းသပ်ချက်ကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/90879417_2736317729756621_9170062451805257728_n.jpg?_nc_cat=102&_nc_sid=8024bb&_nc_eui2=AeEFk0YUOO6nR2DUf0BLBGAYrT3nlfzxz6StPeeV_PHPpMph9_1r_Y_O-Ff1rlHCE7JaBrOk01Rom2fREodEkz2i&_nc_ohc=pGO1UidQ9hEAX8xLSgb&_nc_ht=z-p3-scontent.frgn3-1.fna&oh=b592afa486c1d9f0d239ca2e3b2eda03&oe=5EC3D770)
၇။ The Assistant
အမျိုးသမီးတွေကို မဖွယ်မရာပြုမှုကြောင့် ဘဝပျက်သွား တဲ့ The Weinstein Co. ရုပ်ရှင်ကုမ္ပဏီ ဥက္ကဋ္ဌကြီး Harvey Weinstein ရဲ့ အဖြစ်အပျက်ကိုမှီငြမ်းထားတဲ့ ဒီဇာတ်လမ်း ဟာ သြဇာကြီးမားတဲ့ ရုပ်ရှင်ကုမ္ပဏီအရာရှိတစ်ဦးရဲ့ အ လုပ်ဝင်ခါစ တပည့်မလေးတစ်ယောက်ရဲ့ တစ်နေ့တာအဖြစ် အပျက်တွေကို ရိုက်ပြထားတာပါ။ မိမိသိပ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်ခွင့်ရပေမယ့် အထက်အရာရှိကြီးရဲ့ စော်ကားခြင်းခံရတဲ့ ကောလိပ်ဘွဲ့ရပြီးခါစ မိန်းကလေးဂျိန်း အဖြစ် မင်းသမီးဂျူလီဂါနာက သရုပ်ဆောင်ထားပါတယ်။ ဂျိန်းသည်းမခံနိုင်တော့တဲ့အဆုံးမှာ သူ့လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ သွေးလန့်ဖွယ်အမှန်တရားအကြောင်း သူသိ ရှိသွားပါတယ်။ ဒီဇာတ်ကားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါ ရီလအတွင်းက Sundance ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသပါတယ်။
![](https://z-p3-scontent.frgn3-1.fna.fbcdn.net/v/t1.0-9/90659312_2736317769756617_6199540701978427392_n.jpg?_nc_cat=101&_nc_sid=8024bb&_nc_eui2=AeGytCj71XY-J3oyOuEk9zaAhvTtCGscpyuG9O0IaxynK_HsBo1BuPRjnHPDN6GULdqbsH4waKKEBoDTW87TbuH7&_nc_ohc=TJAfUbgFywoAX-GTRnu&_nc_ht=z-p3-scontent.frgn3-1.fna&oh=73dce0dc0e9a035446a29a502beb6395&oe=5EC2D960)
၈။ No BONE
South by Southwest (SXSW) လို့ အစည်းအဝေးကြီး တွေမှာရေပန်းစားတဲ့ ဟောပြောသူလည်းဖြစ်၊ ဆက်သွယ် ရေးကျွမ်းကျင်ပညာရှင်နဲ့ ဒစ်ဂျစ်တယ်ဈေးကွက် ဖော် ဆောင်ရေး စွန့်ဦးထွင်လုပ်ငန်းရှင်လည်းဖြစ်တဲ့ Marc Schiller ဟာ ၂၀၁၅ မှာ Aphasia ဆိုတဲ့ ရောဂါဆန်းကြောင့် စကားပြောနိုင်စွမ်းကင်းမဲ့သွားပါတယ်။ သူ့ရဲ့ကုမ္ပဏီ Bond Strategy & Influence မှာ စီအီးအိုတာဝန် မထမ်း ဆောင်နိုင်တော့လို့ သူပြန်လည်သန်စွမ်းလာဖို့ပဲ အထူး အာရုံစိုက်ရပါတော့တယ်။ သူ့မိသားစုရဲ့အကူအညီယူပြီး အဲဒီအကြောင်းကို သူကမှတ်တမ်းဇာတ်ကားအဖြစ် ရိုက်ကူးလိုက်တာပါ။ ၂၀၂၀ နွေဦးရာသီကစပြီး ပြည်တွင်း ပြည်ပရုပ်ရှင်ပွဲတော်တွေမှာ လှည့်လည်ပြသသွားဖို့ စီစဉ် ထားပါတယ်။