၁.Citroen C3 facelift

Citroen ဟာ C3 hatchback ကိုမှ သိမ်မွေ့တဲ့ပုံစံနဲ့ Design ပြန်လည်ပြုလုပ်ထားပါတယ်။ LED ရှေ့မီးလုံးတွေဟာ ယခုအချိန်မှာစံပုံစံအနေနဲ့ရှိနေပြီး ထိုင်ခုံတွေမှာလည်း ကိုယ်ပိုင်ပုံစံနဲ့ပြုလုပ်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ပေါင် ၁၆,၂၈၀ ရှိပြီး လက်ရှိမှာ ရောင်းချနေပြီဖြစ်ပါတယ်။
၂.Honda Jazz

အခုအခါမှာ မှာယူရရှိနိုင်ပြီဖြစ်ပြီး Jazz ပုံစံအသစ်ကတော့ အနည်းငယ်လုံးဝန်းတဲ့ပုံစံနဲ့ လူသိများပါတယ်။ ကားတည်ဆောက်ပုံအားလုံးမှာ Hybrid ဖြစ်ပြီး ပိုပြီးအကြမ်းခံနိုင်တဲ့ပုံစံနဲ့တည်ဆောက်ထားပါတယ်။ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာလည်း မော်ဒယ်ပုံစံအသစ်နဲ့ ထပ်ထွက်လာနိုင်ဖွယ်ရှိပြီး အခုလက်ရှိ ဈေးနှုန်းကတော့ ပေါင် ၁၈,၉၈၀ ကနေ ပေါင် ၂၃,၅၈၀ အထိ ရှိနိုင်ပါတယ်။
၃. Kia Picanto facelift

Kia Picanto ရဲ့ပုံစံကိုမှ အနည်းငယ်ပုံစံပြောင်းထားပြီး၊ အတွင်းပိုင်းမှာတော့ တော်တော်လေးပြင်ဆင်ထားပါတယ်။ ရှစ်လက်မ Touch Screen တပ်ဆင်ပေးထားပြီး ဖုန်းနှစ်လုံးတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုလို့ ရပါတယ်။အင်ဂျင်ပိုင်းမှာလည်း ပြောင်းလဲပြင်ဆင်ထားပြီး ပိုပြီးတော့ ဆီစားသက်သာစေနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ပေါင် ၁၀,၅၀၀ ရှိပြီး လာမယ့်သြဂုတ်လပိုင်းမှာ ရောင်းချသွားဖို့ရှိပါတယ်။
၄.Kia Rio facelift

Kia ကနေ သ့ူရဲ့ Rio hatchback ကို ပြန်လည်ပြင်ဆင်ထားပြီး Ford Fiesta နဲ့ အပြိုင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Picanto အမျိုးအစားထက် အနည်းငယ်ပိုကြီးပါတယ်။ရှစ်လက်မ Screen လည်းပါရှိပြီး Hybrid နည်းပညာများအသုံးပြုထားတဲ့ အင်ဂျင်ပါဝင်တဲ့ ပထမဆုံးကားတစ်စီး ဖြစ်ပါတယ်။ LED ရှေ့ မီးလုံးများပါဝင်ပြီး အရောင်အနေနဲ့ကလည်း အသစ်အဆန်းလေးဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ပေါင် ၁၃,၀၀၀ ရှိပြီးလာမယ့်ဆောင်း ဦးရာသီမှာ ရောင်းချသွားမှာဖြစ်ပါတယ်။
၅.Toyota Yaris

အခုနောက်ဆုံးထွက်ရှိထားတဲ့ Toyota Yaris ကတော့ အတွင်းပိုင်းပိုမိုကျယ်ဝန်းစေပြီး ပုံစံအသစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ပေါင် ၁၇,၀၀၀ ရှိပါ တယ်။
၆.Citroen C4

Citroen ကနေအသစ်ထုတ်လုပ်လိုက်တဲ့ C4 ကတော့ Ford Focus နဲ့ Vauxhall Astra တို့ကို ပြိုင်ဆိုင်နိုင်ဖို့ ထုတ်လုပ်ထားတာဖြစ်ပြီး၊ လျှပ်စစ်စွမ်းအင်သုံး၊ ဓာတ်ဆီ၊ ဒီဇယ်အသုံးပြုနိုင်မယ့်စနစ်ပါဝင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ပေါင်သုံးသောင်းရှိပြီး ၂၀၂၀ နောက်ပိုင်းမှာ ရောင်းချသွားဖွယ်ရှိပါတယ်။
၇. Hyundai i30 facelift

Hyundai i30 မှာတော့ ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေပါဝင်ပြီး ပုံစံပိုင်းကတော့ အများကြီး ပြောင်းလဲမှုမရှိပါဘူး။ကျယ်ဝန်းတဲ့ Touch Screen ပါဝင်ပြီး အတွင်းပိုင်းအနေနဲ့လည်း ပိုပြီးကျယ်အောင်ပြုလုပ်ထားပါတယ်။ အလယ်ပိုင်း Hybrid အင်ဂျင်အမျိုးအစားတပ်ဆင်ထားပြီး ဈေးနှုန်းအနေနဲ့ ပေါင် ၁၇,၃၅၅ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။
၈. Mercedes EQA

Mercedes EQC ထွက်ရှိပြီး နောက်ပိုင်း Mercedes A-Class hatchback နဲ့ Mercedes GLA SUV အမျိုးအ စားနဲ့ပုံစံဆင်တူတဲ့ လျှပ်စစ်ကားတွေ ထွက်ရှိခဲ့ပါတယ်။ EQA ကတော့ Mercedes ရဲ့ အသေးဆုံး လျှပ်စစ်ကားဖြစ်ပေမယ့် 60kWh ပါဝင်တဲ့ကြီးမားတဲ့ ဘက်ထရီကိုအသုံးပြုထားပြီး၊ 286 bhp ထုတ်လုပ်ပေးတဲ့ အင်ဂျင်တပ်ဆင်ထားပြီး 0 ကနေ 62 mph ကို ငါးစက္ကန့်အတွင်းရောက်ရှိနိုင်ပါတယ်။ အားသွင်းပြီး မိုင် ၂၅၀ အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းအနေနဲ့ ပေါင် ၃၅,၀၀၀ ရှိပြီး ဆောင်းဦးပိုင်းမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
၉. SEAT El-Born

SEAT ကနေ ထုတ်လုပ်လိုက်တဲ့ ပထမဆုံး လျှပ်စစ်ကားအမျိုးအစားဖြစ်ပါတယ်။ Volkswagen ID.3 အပေါ်မှာအခြေခံထားပြီး SEAT el-Born ကတော့ လူငယ်ဆန်ဆန် Sport Type ပုံစံမျိုးကို ရရှိနိုင်မှာဖြစ်ပါတယ်။ မိုင် ၂၆၀ အထိမောင်းနှင်နိုင်မှာဖြစ်ပြီး SEAT Leon Hatchback နဲ့ အရွယ်အစားပုံစံဆင်တူပါတယ်။ အင်ဂျင်ပါဝါ 202bhp ပါဝင်ပြီး ၇.၅ စက္ကန့်အတွင်း 0 ကနေ 62 mph ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။
၁၀.Skoda Octavia

Skoda Octavia ကတော့ Czech Company အတွက် အရေးကြီးတဲ့ကားတစ်စီးဖြစ်ပါတယ်။ Skoda Superb နဲ့ဆင်တူပြီးပိုပြီးတော့ luxurious ဖြစ်စေမှာဖြစ်ပါတယ်။ပိုပြီးကြီးတဲ့ပုံစံ၊ အင်ဂျင်စွမ်းဆောင်ရည်တွေနဲ့ အမျိုးအစားစုံ Hybrid အမျိုးအစားပါဝင်မှာဖြစ်ပြီး၊ ဈေးနှုန်းအနေဖြင့် ပေါင် ၂၂,၃၉၀ (အဖွင့်ဈေး) ဖြစ်ပြီး ခန့်မှန်းဈေးနှုန်း ပေါင် ၂၃,၃၇၀ အထိရှိနိုင်မှာဖြစ်ပါတယ်။
၁၁.Volvo V40

Volvo V40 ကတော့ Volvo XC40 SUV ကနေ ပုံစံဆင်း သက်လာတာဖြစ်ပြီး ပိုမြင့်တဲ့ပုံစံနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Hybrid နဲ့ လျှပ်စစ်စွမ်းအင်သုံး ပုံစံနှစ်မျိုးရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်အနေနဲ့ ပေါင် ၂၅,၀၀၀ ရှိပါတယ်။ လာမယ့်ဆောင်းဦးပိုင်းမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။