၂၀၂၁ တွင် Lotus cars ဈေးကွက် ရောင်းအားမြင့်

၂၀၂၁ ခုနှစ်တွင်း ထိုင်းနိုင်ငံ၏ ဇိမ်ခံကားဈေကွက် ရောင်းအားတိုးတက်မှုနှုန်းမှာ ဂဏန်းနှစ်လုံးတိုးတက်နှုန်းရှိခဲ့ပါသည်။ ၂၀၂၁ တွင် COVID-19 ကြောင့် အခြေအနေအမျိုးမျိုးကြုံခဲ့ရသော်လည်း ဈေးနှုန်းမြင့် ဇိမ်ခံကားများရောင်းချရမှုနှင့် ဝယ်ယူလိုသူဖောက်သည်များကျဆင်းခဲ့ခြင်းမရှိပေ။ ကားကုမ္ပဏီများအနေဖြင့် သာမန်ကားမျိုးစုံတွင် ပြိုင်ဆိုင်မှုပြင်းထန်းသော်လည်း ဇိမ်ခံလူစီးကားအမျိုးအစားတွင်မှု ရောင်းအားမြင့်ခဲ့ကြပါသည်။


နာမည်ကြီး အင်္ဂလိန်နိုင်ငံထုတ်ပြိုင်ကားတံဆိပ်ဖြစ်သည့် Lotus ကားမှာ တစ်စီးလျှင် အနည်းဆုံး ဘတ်ငွေ ၁၁.၉ သန်း (အမေရိကန်ဒေါ်လာ ၃၉၀,၀၀၀ ခန့်) ကျသင့်ပြီး ၆ စီးသား ရောင်းချခွင့်ရှိသော်လည်း ဝယ်ယူလိုသူပိုမိုများပြားခဲ့ပါသည်။ မကြာမီကာတွင် လျှပ်စစ်ဓာတ်အားသုံး SUV ကားများထုတ်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့လည်း ပထမဆုံးရောင်းချသွားမည်ဖြစ်ပါသည်။

Ref : BKK Post, Internet