News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ပရဟိတအလုပ်ဆိုင်ရာ ဖော့ဗ်စ် ၄၀၀ ထိပ်သီးဆွေးနွေးပွဲ
Editorial
October 23, 2013
Article
Feature
လွန်ခဲ့သောနှစ် ၃၀ ကMalcolm Forbes ၏ အချမ်းသာ ဆုံး အမေရိကန်လေးရာ တန်းစီစာရင်း Forbes 400 ဟူသော ပင်ကိုစိတ်ကူးတီထွင်ချက်ကို အကောင်အထည်ဖော်ခဲ့သည်။ ထိုစာရင်းဝင်အမေရိကန်တစ်ဦးစီ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိက အမေရိကန်အိပ်မက် (American Dream) ကို သက်သေထူ ပြနေသည်။ ယင်းတို့အားလုံးကိုကြည့်သော် လွတ်လပ်စွာစီး ပွားဆောင်ရွက်မှု၏သွက်လက်ထက်မြက်မှုကို နှစ်စဉ်တိုင်းတာ ပြသကဲ့သို့ဖြစ်သည်။ ဖော့ဗ်စ်မဂ္ဂဇင်း၏နှစ် ၃၀ မြောက်စာစောင်အဖို့ကား ဇွန်လ ၂၆ ရက်နေ့၌ ဘီလီယံနာနှင့် ယင်းနီးနီးချမ်းသာသူ ၁၆၁ ဦး နယူးယောက်ပြည်သူ့စာကြည့်တိုက်၌ စုဝေးကြကာ ပရဟိတအလုပ်ဆိုင်ရာ ဖော့ဗ်စ်လေးရာ ထိပ်သီးဆွေးနွေး ပွဲကြီး(The Forbes 400 Summit of Philanthropy) ကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် အိုပရာဝင်းဖရေး (Oprah Winfrey) က အဖွင့်အမှာစကား ပြောကြားပြီး ဝါရင်ဘတ်ဖက် (Warren Buffett) နှင့် ဘီလ်ဂိတ်စ် (Bill Gates) တို့က ဆွေးနွေးပွဲ၏အဓိကအချက်ကို မိတ် ဆက်တင်ပြခဲ့ကြပေသည်။ အခမ်းအနားနေ့၏ အပေါ်လွင်ဆုံးအစီအစဉ်မှာ Warren Buffett ၊Bill ၊ Melinda Gates Steve Case ၊ David Rubenstein နှင့် Leon Black ဟူသော အကြီးဆုံး ပရဟိတအလှူရှင်ခြောက်ဦးတို့ စားပွဲဝိုင်းထိုင် ဒူးတိုက်ဆွေး နွေးကြခြင်းဖြစ်သည်။ ယင်းတို့သည် ချို့တဲ့သူတွေကိုကူညီမှု အတွက် စုစုပေါင်းဒေါ်လာ တစ်ရာဘီလီယံကျော် ပေးလှူ၊ သို့မဟုတ် ပေးလှူရန်ကတိပြုထားကြပြီး ဖော်ပြပါ ပထမ သုံးဦးဆိုလျင် 'ပေးလှူရန်ကတိပြုမှု' (The Giving Pledge) အစီအစဉ်ကိုလည်း ဦးဆောင်ဦးရွက်ပြုနေကြ ပေသည်။ FORBES ။ ။ အရေးကြီးတဲ့မေးခွန်းက ဘဝမှာ အောင်မြင်တဲ့သူတွေဟာ ပေးလှူဖို့ (ကျင့်ဝတ်) တာဝန်ရှိ သလားဆိုတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် 'ကျွန်ုပ်က ကောင်းတာတွေ လုပ်ပေးနိုင်တယ်' ဆိုတဲ့ စိတ်လှုပ်ရှားမှု ပိုင်းဆိုင်ရာဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် 'ကောင်းတာ တွေလုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ခံစားရတယ်' ဆိုတဲ့ဉာဏ် အားဆိုင်ရာမေးခွန်းလားဆိုတာပါပဲ။
MELINDA GATES ။ ။ နှစ်မျိုးစလုံးပါ။ ကျွန်မမှာ တာဝန်ရှိလို့ စိတ်လှုပ်ရှားမှုနဲ့ဆိုင်တယ်လို့ မပြောလိုပါဘူး။ သင် ပေးလှူမှုပြုလုပ်တိုင်း နှလုံးသားကဖြစ်ရပါမယ်။ ကျွန်မ တို့နှစ်ဦးအဖို့သာဖြစ်ပါစေ၊ ပရဟိတအလုပ်ရဲ့ အံ့သြဖွယ်ရာ အချက်က ကမ္ဘာကြီးအတွင်း လူတွေကြားထဲဆင်းပြီး ပြော ဆိုဆွေးနွေးရတာပဲ။ ကမ္ဘာ့ပြည်သူတွေဟာ သူတို့လိုချင်တာ၊ သူတို့လိုအပ်တာနဲ့စပ်လို့ အလွန်ဆင်တူနေတာကို သင်တို့ သဘောပေါက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မရဲ့ဉာဏ်အားပိုင်းက မေးမြန်းနေတာက ကျွန်မတို့မှာ ရှိနေတဲ့ ဒေါ်လာကုဋေပေါင်း များစွာနဲ့ ဘယ်လိုထိထိရောက်ရောက် အကျိုးသက်ရောက်စေ မည်လဲဆိုတာ ဖြစ်ပါတယ်။ DAVID RUBENSTEIN ။ ။ ကျွန်တော် ထောက်ခံ ပါတယ်။ ကျွန်တော့်သီအိုရီရဲ့ ပထမအချက်က သင် ငွေ ကြေးလှူဒါန်းသင့်တဲ့အကြောင်းက သင့်ကိုယ်ကျိုးကြည့်ရာ ရောက်လို့ပါ။ သင့်ကိုယ်သင် ကျေနပ်အားရ သွားတယ်။ ဒီလိုဆိုတော့ သင်အသက်ပိုရှည်မယ်။ သင့်စိတ်လှုပ်ရှားမှု ကျန်းမာရေး ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ဒုတိယအချက်က သင်တစ်စုံတစ်ခုကို ကြိုးစားလုပ်ဆောင်တဲ့အခါတိုင်း မအောင် မြင်ဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံတော့ သင်ကတကယ်ကိုကူညီ ရာရောက်သွားနိုင်တယ်။ အခြားသူကို ကူညီတယ်ဆိုတာ သဘာ၀ ကျတဲ့လူ့ဗီဇပဲ။ တတိယအချက်က သင်ကောင်းကင် ဘုံကိုပိုပြီးမြန်မြန်ထက်ထက် ရောက် သွားနိုင်စရာရှိပါ တယ်။ ငွေနဲ့ပတ်သက်လို့ သင် သုံးမျိုးသာ လုပ်နိုင်ပါ တယ်။ သင့်သားသမီးတွေကို ပေးနိုင်တယ်။ သေတမ်းစာ အရဆောင်ရွက်ပိုင်ခွင့်ရှိသူမှတစ်ဆင့်ပေးလှူနိုင်တယ်။ဒါမှ မဟုတ် သင်အသက်ရှင်နေစဉ် ပေးလှူရင် ပိုကောင်း တာပေါ့။ သင့်သားသမီးတွေ ပျက်စီးတဲ့အထိ အလိုလိုက်လို့ မပြီးခင် သင်သူတို့ကို ဘယ်လောက် ပေးကမ်းနိုင် မှာလဲ။
STEVE CASE ။ ။ ပေးအပ်ခြင်းဟာ နည်းသုံးမျိုး ရှိပါတယ်။ တစ်ခုက ငွေပေးတယ်၊ ချက်လက်မှတ်ရေးပေးတယ် ပေါ့။ ဒါအရေးကြီးပါတယ်။ နံပါတ်နှစ်က အချိန်ပေးပြီးလုပ် ကိုင်ဖို့အကြောင်း ကိစ္စကို တကယ်အာရုံစိုက်ထားဖို့ပါ။ နံပါတ် သုံးက အနှစ်သာရအားဖြင့်ဆိုရင် သင့်ဂုဏ်သတင်းကိုအသုံး ချ၊ သဘောထားတူသူတွေကွန်ရက်ကို စုပေါင်းကိုက်ညှိကာ သက်ဆိုင်သူတို့ကို ချိတ်ဆက်ပေးရေး ဖြစ်ပါတယ်။ ကျွန် တော်တို့ရဲ့ ထူးခြားတဲ့ အဖိုးတန်လှတဲ့ပိုင်ဆိုင်တဲ့ပစ္စည်း တွေကို တကယ်တမ်းအသုံးမချရသေးဘူး။ ဒါက ဘာလဲဆို တော့ သက်ဆိုင်သူတွေကို ဆက်စပ်ပေးဖို့၊ ပူးတွဲလုပ်ဆောင် မှုတွေတည်ထောင်ဖို့နဲ့ အကြောင်းကိစ္စတွေကို မီးမောင်းထိုး ပြဖို့တို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့က 'ပေးလှူဖို့ ကတိပြုမှု' (Giving Pledge) ကိုဆုံးဖြတ်နိုင်ခဲ့ကြတာ။ BILL GATES ။ ။ အကောင်းဆုံးက ကမ္ဘာ့ပြည်သူ တွေ ခရီးထွက်ပြီး မျက်မြင်ဒိဋ္ဌကြည့်ကြဖို့ပါ။ တစ်စုံတစ် ယောက်ဟာ အာဖရိကကိုသွားခဲ့ရင် သဘာဝအလှအပတွေကို တွေ့မြင်ရုံသာမက ကလေးတွေရဲ့ အခြေအနေ ဆိုးကိုလည်း တစေ့တစောင်းတွေ့ရလိမ့်မယ်။ သူတို့ဟာ အာဟာရချို့တဲ့ တာ၊ ဒါမှမဟုတ် ငှက်ဖျားရောဂါကို ကြုံခဲ့ရတော့ သေဆုံးတာ တွေကို ဖယ်ထား၊ ပြင်လို့မရနိုင်အောင် ထိခိုက်တာတွေ၊သင် ယူခြင်းမပြုနိုင်တာတွေ အရေအတွက်မနည်းဘူး။ ဒါနဲ့ ဒီပြဿ နာကို သင်စိတ်ဝင်စားသွားပြီ။ တကယ်ကို ခရီးထွက်၊ကိုယ် တိုင်ကြည့် ရှုလေ့လာတာလောက် ကောင်းတာမရှိပါဘူး။စာ သင်ကျောင်းတွေနဲ့ ပတ်သက်လို့ လည်း ဒီအတိုင်းပါပဲ။
WARREN BUFFETT ။ ။ ဒီနေ့ ဒီနေရာမှာ ကျွန် တော်တကယ်ကို ကံကောင်းလို့ ရောက်ရှိနေတာပါ။ မွေးတဲ့ အချိန်၊ လိင်၊ နေရာတို့ အမှန်ပဲ။ နေထိုင်ရတဲ့စနစ်က လည်း အရင်းအနှီးငွေကြေးကို သတ်မှတ်ခန့်ခွဲရင်း ဝင်ငွေ သောက်သောက်လဲ ရနေတော့တာ။ အိမ်မှာ ကျွန်တော့်ရဲ့ စတော့လက်မှတ်တွေအများကြီးကို သေတ္တာထဲမှာ ထည့် ထားတာ နှစ် ၄၀ လောက်ကြာပြီ။ ကျွန်တော်ကြည့်တောင် မကြည့်ဘဲထားတာ နှစ်ပေါင်းအတော်ကြာပြီ။ တစ်ခါတစ်ရံ မှာ သေတ္တာဖွင့်ပြီး အဲဒီလက်မှတ်တွေကို ပွတ်သပ်ကြည်နူး နေရင် ဖြစ်နိုင်တာပေါ့။ အဲဒီစာရွက်တွေက ကျွန်တော့်အဖို့ အသုံးဝင်တာ အဲဒီလောက်ပဲလေ။Bill နဲ့ Melinda တို့ ပြောပြနေတဲ့ ကမ္ဘာ့ပြည်သူတွေအတွက်တော့ အမျိုးမျိုး အ သုံးဝင်နိုင်တယ်။ မယုံနိုင်လောက်အောင် အသုံးဝင်လိမ့် မယ်။ FORBES ။ ။ အကြီးအကျယ် ပရဟိတအလုပ်ကို ဆောင်ရွက်လို့ သရုပ်သကန်ပြ အခိုက်အတန့်ကို ဘယ်သူ ကြုံရဖူးပါသလဲ။ WARREN BUFFETT ။ ။ ဒီလောက်ကြာခဲ့တာမျိုး ကို ကျွန်တော် သတိမရတော့ဘူး။ ကျွန်တော်စားခဲ့တဲ့ နေ့ လယ်စာမှာ ဘာတွေပါသလဲဆိုတာကိုတောင် အမှတ်မရဘူး။ (အားလုံးရယ်ကြသည်။) MELINDA GATES ။ ။Bill နဲ့ ကျွန်မ စေ့စပ် ကြောင်းလမ်းပြီးနောက် ဆုံးဖြတ်ခဲ့ကြတာကMicrosoft က ရတဲ့ငွေတွေဟာ လူ့အဖွဲ့အစည်းအတွက် ပြန်သုံးရမယ် ဆိုတဲ့အချက်ပဲ။ ဒါက စိတ်ပိုင်းဖြတ်ထားပြီးသား။ ကျွန်မ တို့နှစ်ဖက်မိသားစုတွေကလည်း သဘောတူတဲ့အပြင် စေ တနာ့ဝန်ထမ်းအလုပ်၊ နိုင်ငံသားတွေ အကျိုးရှိတဲ့အလုပ်ကို ယုံကြည်ကြတယ်။ ကျွန်မတို့ရဲ့ ပထမဆုံး အာဖရိကခရီးကို ၁၉၉၃ ခုနှစ်အတွင်း လက်မထပ်မီ လအနည်းငယ်အလိုမှာ သွားခဲ့တာပါ။ တောရိုင်းတိရစ္ဆာန်တွေကို ကြည့်ရှုတဲ့ တော လည်ခရီးပေါ့။ ဆင်းရဲမွဲတေမှုကို ကြည့်ရှုဖို့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ဟာ အာဖရိကကိုရောက်၊ပြည်သူ တွေမြင်ပြီးရင် ''ကဲ၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ'' လို့မမေး ဘဲမနေနိုင်တော့ဘူး။ အာဖရိကအမျိုးသမီးတွေ အလုပ်တွေ အများကြီးလုပ်။ ခေါင်းပေါ်မှာ ပစ္စည်းတွေရွက်လို့။ ကျော မှာ ကလေးတစ်ယောက်၊ ဗိုက်ထဲမှာ ကလေးတစ်ယောက်နဲ့။ ယောကျ်ားတွေကျတော့ ဖိနပ်တွေ စီးလို့၊ စီးကရက်တွေခဲလို့ ပါ။
LEON BLACK ။ ။ လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော့် ဇနီးမှာ Melanoma Cancer ဖြစ်နေတယ်လို့ မှားယွင်းပြီး ရောဂါစစ်တမ်းထုတ်ခံခဲ့ရပါတယ်။ အသည်းယားစရာ ကောင်းသလို နှိုးဆော်ချက်လည်း ဖြစ်သွားတယ်။ အခု သူ နေကောင်းပါတယ်။ ပိုပြီးကောင်းတာက Michael Milken က လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ပရော့စတိတ်ကင် ဆာကြောင့် သေဆုံးနှုန်းကို ထက်ဝက်နီးပါးကျဆင်းစေခဲ့ တဲ့ချဉ်းကပ်ပုံကို ကျွန်တော်တို့ ကျင့်သုံးနေတာပါပဲ။ ကျွန် တော်တို့ စိတ်ကူးကMelanoma ဆိုင်ရာသုတေသန မ ဟာမိတ်အဖွဲ့ကို အတော်ဆုံးလူတွေနဲ့ တည်ထောင်ပြီး လုပ် ပိုင်ခွင့်အပြည့်ပေးမယ်ပေါ့။ စည်းကမ်းချက်က တစ်ယောက် နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ရမယ်။ သုတေသနတွေ့ ရှိချက်တွေကို မျဝေရမယ်တို့ပါပဲ။ အခုဆို ကမ္ဘာလုံးဆိုင်ရာ အဆင့်အကြံပေးသိပ္ပံရှင်တွေ ဘုတ်အဖွဲ့တစ်ခု ပေါ်ထွန်းခဲ့ ပါပြီ။ တကယ်ပါပဲ၊ ဒီရောဂါနယ်ပယ်မှာ အရင်က နှစ်၄၀ တိုင်တိုင် ဘာထူးခြားချက်မှ ရှိခဲ့တာမဟုတ်ဘူး။ STEVE CASE ။ ။ ကျွန်တော်တို့အားလုံး ပေးကမ်းနေကြတာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိစေ ချင်လို့ပါ။ ကမ္ဘာကြီးကို ကျွန်တော်တို့ကပြောင်းလဲပစ်ချင် တယ်။ ဒီတော့ အကောင်းဆုံးစိတ်ကူးအရဆိုရင် အနည်း ဆုံးရင်းနှီးမြှုပ်နှံပြီး အမြင့်ဆုံးထိရောက်မှုရှိအောင် ဘယ်လို လုပ်မလဲ။ ဒါကြောင့် စုပေါင်းကိုက်ညှိဖို့နဲ့ အကျိုးသက် ရောက်မှုကို အစွမ်းကုန်မြှင့်ဖို့ နည်းလမ်းတွေရှာကြံခြင်း ဆိုတာ ချက်လက်မှတ်ရေးပေးထားသလို ဖြည့်သွင်းမှုှု Input မဟုတ်ဘဲ တကယ်ပဲဖြစ်လာသလားဆိုတဲ့ ထုတ်လုပ်ပေးမှု Output သာ ဖြစ်ပါတယ်။ DAVID RUBENSTEIN ။ ။ Philanthropy Thropy အတွက် ဂရိတွေ တီထွင်ပြောဆိုခဲ့တဲ့ Philan စာလုံးဟာ ငွေကြေးစွန့်ကြဲတာနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါ ဘူး။ Philanthropy ရဲ့ အဓိပ္ပာယ်က လူ့လောကက၊ လူတွေကို ချစ်တာပါ။ ရှေးဟောင်းဂရိတွေအဖို့ကတော့ သင့်ရဲ့အချိန်၊ ဒါမှမဟုတ် ခွန်အားနဲ့ ငွေကြေးပေးတာလို့ဆို လိုပါတယ်။ လူတိုင်းဟာ Forbes 400 စာရင်းဝင်သူတွေ လို ငွေအမြောက်အမြား ပေးကမ်းနိုင်စွမ်း မရှိပါဘူး။အမေ ရိကန်အများစုအနေနဲ့ သူတို့ရဲ့အချိန်၊ ခွန်အားနဲ့ စိတ်ကူး တွေသာ ပေးအပ်နိုင်ကြတယ်။ ငွေကြေးအချို့တော့ ပါ ကောင်းပါမယ်ပေါ့။ ဒါကြောင့် ကျွန်တော် တကယ်မျော်လင့် မိတာကကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်အဖြစ်Warren၊Bill နဲ့Melinda တို့ ကူညီတည်ထောင်ပေးခဲ့တဲ့ ပရဟိတ အ လုပ်လှုပ်ရှားမှုကို ကြွယ်ဝချမ်းသာသူတွေရဲ့ ငွေကြေး စွန့် ကြဲခြင်းအဖြစ်သာ မမြင်ဘဲ သူတို့ရဲ့အချိန်၊ ခွန်အားနဲ့စိတ် ကူးတွေ ပေးအပ်နေတာ၊ အခြားသူတွေကလည်း အလားတူ ပေးအပ်အောင် အားပေးနေတာလို့ ပြောလိုပါတယ်။ WARREN BUFFETT ။ ။ ကျွန်တော်က သုညလို့ ပြောခဲ့ပြီးBill က တစ်ရာလို့ ပြောခဲ့လို့ ကျွန်တော်တို့ အပေးအယူလုပ် ညှိနှိုင်းပြီး ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် အလောင်းအစားလုပ်လိုတာက Giving Pledge မှာ ပါဝင် လာသူအများစုအနေနဲ့ ၅၀ ရာခိုင်နှုန်းထက်ကျော်ရုံမျသာ မဟုတ်၊ သိသိသာသာကြီးကျော်အောင် ပေးကမ်းကြလိမ့်မယ် လို့ ထင်ပါတယ်။ FORBES ။ ။ ဒီဆွေးနွေးပွဲအဖွဲ့ဝင်ငါးဦးက Giving Pledge ကို လက်မှတ်ထိုးပြီးကြပြီ။ တစ်ယောက်နဲ့တစ် ယောက် ပြောဆိုဆွေးနွေးကြတော့ ဘယ်အချက်ဟာ အံ့သြ စရာအကောင်းဆုံးလို့ မြင်ကြပါသလဲ။ WARREN BUFFETT ။ ။ ကျွန်တော်တို့ ကြိုတင်မှန်းဆခဲ့တာထက်ပိုပြီး အောင်မြင်တယ်လို့ ထင်ပါ တယ်။ အံ့အားသင့်စရာတစ်ခု ပြောပြပါမယ်။ ကျွန်တော် ဟာ Bill နဲ့ Melinda တို့နဲ့အတူ ပေကျင်းမှာ တစ်ခါ၊ ဒေလီမှာတစ်ခါ ညစာစားပွဲတက်ရောက်ခဲ့ဖူးပါတယ်။ကျွန် တော့်အဖို့ အံ့သြစရာပါပဲ။ အဲဒီနှစ်ခါစလုံးမှာ လူ၅၀ စီ လောက်ရှိပြီး သူတို့အမှုထားတဲ့ကိစ္စတွေ တူညီနေတာတွေ့ရ တယ်။ သူတို့ ယဉ်ကျေးမှုကြောင့် ခြားနားတဲ့အမြင်အချို့၊ အစိုးရက ဘာလုပ်ပေးသင့်တယ်ဆိုတာမျိုး ခြားနားတဲ့ သဘောထားအချို့တော့ ရှိကြပါတယ်။ ဒါပေမဲ့ ပေကျင်း၊ ဒေလီနဲ့ နယူးယောက်က ဘီလီယံနာတွေအကြားမှာထူးခြား တဲ့လက္ခဏာတွေတစ်ပုံကြီး တူညီနေတာကိုတွေ့ရပါတယ်။ DAVID RUBENSTEIN ။ ။ လူဦးရေရဲ့ ၁၀၀ ရာခိုင်နှုန်းဝင်ပုဂ္ဂိုလ်တွေဟာ သူတို့ချမ်းသာကြွယ်ဝကြောင်း အများသိသွားမှာကို သိပ်စိုးရွံ့ကြတယ်။ သူတို့ ပေးကမ်း လှူဒါန်းနေကြောင်း ကြေညာရာကတစ်ဆင့် ကျော်ကြားမှုကို လည်း မလိုချင်ပုံ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ကျွန်တော့် အထင်တော့ ဒါဟာမှားယွင်းတဲ့ အရေးစိုက်မှုပဲ။ Forbes 400 စာရင်းကြောင့် ဘယ်သူတွေ ချမ်းသာကြွယ်ဝကြောင်း သိကုန်ကြပြီ။ ကျွန်တော်တကယ် ထင်မြင်ယူဆတာက ဘာပဲဖြစ်ဖြစ် ဥစ္စာဓနရှင်တွေက ပေးကမ်းစွန့်ကြဲကြမှာ သေချာသလောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဖို့ အခြားလုပ်စရာလည်း သိပ်မရှိလို့ပါ။ သူတို့က သားသမီး တွေကို ငွေတွေ အဲဒီလာက်များများပေးနိုင်ကြမယ်လို့ ကျွန်တော်မထင်ဘူး။ The Giving Pledge ရဲ့ အကြီးမား ဆုံးအကျိုးသက်ရောက်မှုဟာ အချိန်ကျရင် အမေရိကန်နိုင်ငံ ပြင်ပမှာ ဖြစ်ပေါ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခြားကမ္ဘာ့ ပြည်သူတွေက အမေရိကန်နိုင်ငံဟာ ဦးဆောင်သူ၊ တစ် နည်းတစ်ဖုံအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ ဦးဆောင်သူ၊ နောက်ပြီး ပရဟိတအလုပ်ဆိုင်ရာ ဦးဆောင်သူအဖြစ်မျော် ကြည့်နေကြလို့ပါပဲ။ STEVE CASE ။ ။Warren က အရေးပါလောက်အောင် များပြားတဲ့ငွေကြေးကို Gates Foundation ဆီ စည်းကမ်း ချက်မထား၊ အမည်ခံ ခွင့်မတောင်းဘဲ ပေးကမ်းလိုက်တာဟာ ချို့ငဲ့သူတွေအတွက် မယုံနိုင်လောက်အောင် ကူညီထောက်ပံ့ တာလို့ ကျွန်တော်ထင်ပါတယ်။ သူ့လုပ်ရပ်က အခြားသူ အားလုံးကို စေ့ဆော်ပေးတယ်။ အချို့သူတွေအမှုထားလိုက် တဲ့အပိုင်းက သူကွယ်လွန်ပြီးနောက် ဆယ်နှစ်ကြာရင် ယင်းငွေအားလုံးကို ပေးလှူလိုက်ရမယ်ဆိုတဲ့ အချက်ပဲ။ WARREN BUFFETT ။ ။ ဟုတ်ပါတယ်။ STEVE CASE ။ ။ အဲဒီလောက် ဒေါ်လာတွေကို အလျင်အမြန် ထိထိရောက်ရောက် အသုံးချတာဟာ ဘယ် လောက်ပင်ပန်းစေပါသလဲ။ သင်တို့က စိုးရိမ်ပူပန်နေကြ ပါသလား။ သူ ကျန်းမာနေအောင် သင်တို့ ကြိုးစားကူညီနေ ကြပါသလား။ BILL GATES ။ ။ Coke အစား Diet Coke ကို ပြောင်းသောက်ဖို့ သူ့ကိုတိုက်တွန်းနေပေမဲ့ အဆင်မပြေသေး ဘူး။ WARREN BUFFETT ။ ။ Diet Cherry Coke သောက်ပါတယ်။ STEVE CASE ။ ။ ပြန်လည်ပေးလှူလာနိုင်တဲ့အထိ အောင်မြင်အောင် စီးပွားရေးလုပ်ငန်းတွေတည်ထောင် ခဲ့တဲ့အခါမှာ ရုန်းကန်ကြိုးစားရတာတွေ ရှိခဲ့ပါတယ်။ နေ့ ချင်းညချင်းအောင်မြင်တယ်ဆိုတာ အလွန်နည်းလှပါတယ်။ အဲဒီလို စွဲမြဲတာ၊ ဇွဲသန်တာ သင်လုပ်တဲ့ ကိစ္စတိုင်းမှာ အ ရေးကြီးတဲ့ကျွမ်းကျင်မှုအဖြစ် ပါဝင်တယ်။ အောင်မြင်ခြင်းနဲ့ ဆုံးရှုံးခြင်းကြားမှာ ခြားနားချက် လက်မအနည်းငယ်သာရှိ တာကိုလည်း ကျွန်တော်တို့ သိရှိကြတယ်။ သင်ဘာကိုပဲ လုပ်လုပ် စွဲမြဲတယ်၊ ဇွဲကောင်းတယ်၊ လက်မမြှောက်ဘူး၊ ကြောက်ခြင်းကင်းတယ်လို့ဆိုရင် အောင်မြင်မှုနဲ့ ကျဆုံးမှု အကြား ခြားနားချက်ဖြစ်သွားပါတော့တယ်။
DAVID RUBENSTEIN။ ။ ကျောင်းသားတွေကို ကျွန်တော် အမြဲတမ်းပြောနေတာက ''မိဘတွေက မင်းတို့ ကို လုပ်စေချင်တာတွေကို ဂရုမစိုက်နဲ့။ လုပ်ချင်စိတ် အင်မတန်ပြင်းပြတဲ့အရာကို ရှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ တကယ်မြတ်နိုးတဲ့အရာကိုတွေ့မှ မင်းတို့အောင်မြင် လိမ့်မယ်'' ဆိုတာပါပဲ။ ပရဟိတအလုပ်မှာလည်း ဒီအတိုင်း ပါပဲ။ စမ်းသပ်လုပ်ကိုင်ကြည့်ပြီး သင် တကယ်နှစ်ခြိုက် မြတ်နိုးတဲ့အလုပ်တစ်ခုခုကို ရှာကြံပါ။ ဒါကလည်းအပြောင်း အလဲတစ်ခုကို သင်က ဖော်ဆောင်ပေးနေတယ်လို့ ခံစားစေ ရမယ်။ အခြားသူအချို့အကျိုးအတွက် ကမ္ဘာကြီးကို ပိုမို ကောင်းမွန်အောင် သင်က တစ်စုံတစ်ရာ ဆောင်ရွက်ပေးခဲ့ တာကြောင့် ကမ္ဘာမြေပြင်ပေါ်မှာ သင် ရပ်တည်နေရကျိုး နပ်ပြီလို့ ယူဆရစေမယ်လို့ ဆိုလိုတယ်ပေါ့။ ခင်အောင် (အင်္ဂလိပ်စာ)
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ
Posted On August 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း