ခေါင်းဆောင်ကောင်းတွေအတွက် စီမံခန့်ခွဲနည်း ၁၀ ချက်

၁။ သတင်းအချက်အလက်တွေကို မျှဝေပါ။

သင့်မှာရှိတဲ့သတင်းတွေကို သင့်အဖွဲ့သားတွေဆီ တတ်နိုင်သလောက် နည်းမျိုးစုံနဲ့ မျှဝေပေးပါ။

၂။ ကျေးဇူးတင်စကားပြောပါ။

လူတိုင်းက အသိအမှတ်ပြုခံရတာကို နှစ်သက်ပါတယ်။ ရိုးရိုးလေးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာ၊ ကျေးဇူးတင်တဲ့အကြောင်း စာတိုလေးပေးပို့လိုက်တာက ဘာမှကုန်ကျမှုလည်းမရှိတဲ့အပြင် ထူးခြားတဲ့အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။

၃။ တာဝန်တွေခွဲဝေပေးပြီး စွမ်းအားကိုမြှင့်တင်ပေးလိုက်ပါ။

အလုပ်တစ်ခုကို ဘယ်သူမှ သင့်လိုမလုပ်နိုင်တာ မှန်ပေမယ့်  သင့်ရာထူးအဆင့်နဲ့လိုက်ဖက်တဲ့ အလုပ်တွေကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ သင့်အတွက်လိုအပ်တဲ့အချိန်တွေ ရနိုင်ဖို့ရာ တာဝန်တွေခွဲဝေပေးဖို့ လိုပါတယ်။

၄။ သင့်ရဲ့စီမံခန့်ခွဲမှုပုံစံက ပြောင်းလွယ်ပြင်လွယ်ဖြစ်ပါစေ။

သင့်ရဲ့အဖွဲ့ထဲမှာ ကွဲပြားခြားနားတဲ့ ဆက်သွယ်မှုပုံစံမျိုးစုံနဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးစုံ ရှိမှာပါ။ ဒါကြောင့် သင်ဟာ သင့်အဖွဲ့သားတိုင်းကို ပုံစံတစ်မျိုးတည်းနဲ့ စီမံခန့်ခွဲနိုင်မယ်လို့ မမှတ်ယူလိုက်ပါနဲ့။ သင့်ရဲ့ စီမံခန့်ခွဲမှုပုံစံကို တစ်သမတ်တည်းမထားဘဲ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပါစေ။

၅။ အောင်မြင်မှုမှတ်တိုင်လေးတွေ ပိုင်းခြားသတ်မှတ်ထားပါ။

အရင်နှစ်က အောင်မြင်မှုရရှိခဲ့တဲ့ ကိန်းဂဏန်းဆီကို မရောက်သေးဘူးဆိုရင် ဒီအောင်မြင်မှုဆီသွားတဲ့ လမ်းတစ်လျှောက် မှတ်တိုင်အသေးလေးတွေ ပိုင်းခြားသတ်မှတ်လိုက်ပါ။

၆။ ပျော်ရွှင်မှုရှိပါစေ။

သင့်တစ်ဖွဲ့သားလုံး အလုပ်လာရတာ၊ အလုပ်လုပ်ရတာ ပျော်ရွှင်မှုရှိပါစေ။

၇။ အတားအဆီးတွေကို ဖယ်ရှားပါ။

ဗျူရိုကရေစီဆန်တဲ့ အုပ်ချုပ်မှုပုံစံက တီထွင်ဆန်းသစ်မှုတွေကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ မလိုအပ်တဲ့ စာရွက်စာတမ်းအလုပ် (Papaerwork) တွေကို ဖယ်ရှားသင့်ပါတယ်။

၈။ Feedback ပေးပါ။

သင့်ဆီတိုက်ရိုက်လာတဲ့ Report တွေကို Feedback ပေးဖို့လိုပြီး သင့်အဖွဲ့ကို တတ်နိုင်သလောက် အလုပ်ပြီးမြောက်နိုင်စွမ်းအား မြှင့်တင်ပေးရပါမယ်။

၉။ သင့်အချိန်ကို အကျိုးရှိရှိသုံးနိုင်အောင် အာရုံစိုက်ပါ။

သင့်အချိန်နဲ့ အာရုံစူးစိုက်နိုင်မှုတွေရဲ့ ၂၀ ရာခိုင်နှုန်းကို သင့်အဖွဲ့သားတွေအတွက် အသုံးပြုပြီး ၈၀ ရာခိုင်နှုန်း အကျိုးရလဒ်တွေ ထွက်ပေါ်လာမယ့် လုပ်ငန်းပရောဂျက်ပေါ်ကို အာရုံစိုက်ပါ။

၁၀။ ဦးဆောင်ပြီးလုပ်ပြပါ။

သင်က ရှေ့ကနေ ဦးဆောင်ပြီး ရှေ့ကနေ တက်တက်ကြွကြွအလုပ်လုပ်ပြတဲ့အခါ သင့်အဖွဲ့သားတွေကလည်း စိတ်ဝင်တစားနဲ့ သင့်နောက်က လိုက်လာကြမှာပါ။