News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အလုပ်အကိုင် ရှာဖွေရာဝယ်
Editorial
December 23, 2013
Blog
အခုအချိန်မှာ အလုပ်လုပ်ချင်တဲ့ လူငယ်တွေလည်း အများကြီး၊ အလုပ်ခန့်ချင်တဲ့ လုပ်ငန်းရှင်တွေလည်း အများကြီးပါ။ ဒါပေမဲ့ ဒီလူတွေ ထိပ်တိုက်မဆုံတွေ့ကြဘူးဖြစ်နေပါတယ်။ လူငယ်တွေအနေနဲ့ ကိုယ်တတ်ကျွမ်းထားတဲ့ ပညာတွေပိုက်ပြီး အလုပ်လိုက်ရှာကြတယ်၊ လုပ်ငန်းရှင်တွေကလည်း ကိုယ်လိုအပ်နေတဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို လိုက်ရှာကြတယ်။ ကြားထဲက အလုပ်အကိုင်ရှာဖွေရေး Agency တွေကလည်း တတ်နိုင်သလောက်တော့ နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေအောင် ဝန်ဆောင်ပေးနေကြပါတယ်။ ဒါပေမဲ့ ဘာလို့များ ဒီလောက်တောင် ရတာမလို၊ လိုတာမရနိုင် ဖြစ်နေကြရတာပါလဲ။ စာရေးသူ ဉာဏ်စွမ်းရှိသမျှ စဉ်းစားမိတာလေးတွေ ပြောပြချင်ပါတယ်။ ပထမတစ်ခုကတော့ အလုပ်လိုချင်တဲ့လူတွေဖက်က လိုအပ်ချက်ပါ။ အလုပ်လိုချင်တဲ့သူတစ်ယောက်အနေနဲ့ မိမိ လိုချင်တဲ့ position အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီရဲ့လားဆိုတာ မိမိကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ရှိတယ်ဆိုရင် အဲဒီ position လစ်လပ်နေတဲ့ ကုမ္ပဏီမှာ လျှောက်ဖို့အတွက်လည်း မိမိဘာသာ ကြိုးစားရှာဖွေရမှာပါ။ တကယ်လို့ အလုပ်အကိုင်ရှာဖွေရေး Agency တွေနဲ့ ဆက်သွယ်ရှာဖွေမယ်ဆိုရင်လည်း ကိုယ်လိုချင်တာ၊ ကိုယ့်မှာရှိတဲ့အရည်အချင်းစတာတွေကို သေချာပြောပြထားဖို့လိုပါလိမ့်မယ်။ နောက်ထပ် အရေးကြီးဆုံးတစ်ခုက Resume ကောင်းကောင်းရေးတတ်ဖို့ပါပဲ။ ဒါက တကယ်ကို အရေးကြီးလာပါပြီ။ Perfect ဖြစ်တဲ့ Resume တစ်စောင် ဘယ်လိုရေးရမလဲဆိုတာကို Internet ထဲမှာ အလွယ်တကူပဲ ရှာဖွေနိုင်ပါတယ်။ ပြီးတော့ လိုအပ်တဲ့ အထောက်အထားတွေစုံစုံလင်လင် တင်ပြနိုင်ဖို့ ကြိုးစားရပါမယ်။ အထောက်အထားဆိုတဲ့နေရာမှာ ရထားတဲ့ Certificate မှန်သမျှကို Copy ကူးပြီး တင်ပြတာထက် ထိုက်သင့်တဲ့အတွေ့အကြုံရှိရင်လည်း အဲဒီအတွေ့အကြုံကိုပါ တင်ပြဖို့လိုပါလိမ့်မယ်။ ဥပမာ အရင်လုပ်ခဲ့ဖူးတဲ့နေရာက ထောက်ခံချက်ဆိုတာလိုမျိုးဖြစ်ပါတယ်။ ဒါတွေကတော့ အလုပ်လိုချင်တဲ့သူတွေအနေနဲ့ တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားလို့ရနိုင်တာတွေပါ။ နောက်ထပ် အလုပ်ရှင်တွေဘက်ကဆိုရင်လည်း မိမိလုပ်ငန်းမှာ လစ်လပ်နေတဲ့ရာထူးနေရာတွေကို တန်းစီဖော်ပြပြီး အလုပ်ခေါ်တာထက်စာရင် အဲဒီ လစ်လပ်ရာထူးတစ်ခုချင်းစီအတွက် Job Description ကိုပါ တစ်ခါတည်း ဖော်ပြပေးထားဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ ဒါမှ အလုပ်လိုချင်တဲ့သူတွေအနေနဲ့ ဒီရာထူးရဖို့ ဒါတွေလိုအပ်ပါလားဆိုတာကို သိပြီး ပြင်ဆင်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင် Interview ရတဲ့လူအနေနဲ့လည်း ကိုယ်မျှော်မှန်းထားတဲ့သူတွေမဟုတ်ဘဲ လာသမျှအကုန် Interview လုပ်နေရပါလိမ့်မယ်။ လုပ်ရမယ့် အလုပ်တွေကိုပါ လုပ်ငန်းရှင်ဘက်ကနေ သေချာဖော်ပြပေးထားမယ်ဆိုရင် အဲဒီအလုပ်အတွက် အတွေ့အကြုံရှိတဲ့သူ၊ ဒါမှမဟုတ် အဲဒီအလုပ်အတွက် သေချာသင်ကြားထားတဲ့သူအများစုကို မျှော်မှန်းထားလို့ရနိုင်ပါတယ်။ ဒီလို တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်းနဲ့ အလုပ်ခေါ် ၊ အလုပ်လျှောက်တာမျိုး လုပ်ကြမယ်ဆိုရင်တော့ ၂ ဦး ၂ ဖက် အဆင်ပြေသွားနိုင်လောက်မယ်လို့ ထင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ဒေါ်လာ ၄.၅ ဘီလီယံတန် နည်းပညာကုမ္ပဏီ JD.com ကို Richard Liu ဘယ်လိုတည်ထောင်ခဲ့သလဲ
Posted On January 15, 2019, By Editorial
ကောင်းလိုက်တဲ့ ဝန်ဆောင်မှု
Posted On April 29, 2014, By Editorial
ရည်ရွယ်ချက်ထားရတယ်ဆိုတာ
Posted On December 28, 2013, By Editorial
တာဝန်ယူချင်မှ ရာထူးယူပါ
Posted On December 23, 2013, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း