ရည်ရွယ်ချက်ထားရတယ်ဆိုတာ

ငယ်တုန်းကတော့ ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ်မရှိပါဘူး။ ဒီလိုပဲ သူများတက်တဲ့သင်တန်း ကောင်းတယ်ဆိုလိုက်တက်လိုက်၊ ပျင်းရင်ဖျက်လိုက်နဲ့

ဝါသနာဆိုတာလည်းဘာမှန်းမသိ၊ ရည်ရွယ်ချက်ဆိုတာလည်း ထားရကောင်းမှန်းမသိ နေလာခဲ့တယ်။

အခု အလုပ်ခွင်ထဲ ရောက်တာကြာလာတော့ ရွယ်တူတွေထဲက ရှေ့ရောက်နေသူတွေကို ကြည့်ပြီး ငါနဲ့ဘာကွာလို့လည်း စဉ်းစားမိတယ်။

နယ်မှာနေခဲ့တာကြောင့်လည်းပါမယ်။ နယ်မှာတုန်းကတော့ အနူတော လူချောပေါ့လေ။ ရန်ကုန်တက်လာတော့မှ ငပြိန်းမှန်း တစ်စထက်တစ်စ သိလာရတယ်။

ပိုထင်ရှားလာတာကတော့ ရည်မှန်းချက် ထားတတ်တာနဲ့ မထားတတ်တာ၊ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သိတာ နဲ့ မသိတာပေါ်တည်ပြီး အပေါ်ရောက် အောက်ရောက်တွေ ကွာကုန်တယ်ဆိုတဲ့အချက်ပဲ။

ကိုယ်လိုချင်တဲ့ Result ကိုယ့်ဘာသာမသေချာရင် ချက်ကျောက်ကြီးလက်ထဲရောက်လာတော့မှ တွင်းထွက်အစစ်ဖြစ်ချင်လို့ မရနိုင်ဘူး။ ခုတ်တာနဲ့ရှတာ တခြားဖြစ်သွားတဲ့ အနာယဉ်းနေလို့ ကုရတာနဲ့ အချိန်ကုန်လူပမ်းရလိမ့်မယ်။