အမျိုးသမီးတွေဟာ အလုပ်ရှင်ရဲ့ လိုအပ်တဲ့အရည်အချင်း ရာနှုန်းပြည့်မရှိရင် ဘာကြောင့်အလုပ်မလျှောက်ဘဲ နေကြသလဲ

WomanAffair1

Hewlett Packard ရဲ့ လေ့လာထားချက်အစီရင်ခံစာတစ်ရပ်အရ အမျိုးသားတွေဟာ သတ်မှတ်တဲ့အရည်အချင်း ၆၀ ရာခိုင်နှုန်းပြည့်ရင် အလုပ်လျှောက်ထားကြပြီး အမျိုးသမီးတွေကတော့ ၁၀၀ ရာခိုင်နှုန်းပြည့်မှသာ လျှောက်ထားကြတယ်လို့ သိရတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ မိမိတို့အရည်အချင်းကို မိမိတို့ပိုမိုယုံကြည်ထားကြဖို့ လိုတယ်လို့ဆိုတယ်။

အထက်ပါအချက်နဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦးက သူ့ဘာသာ ထောင်နဲ့ချီတဲ့လုပ်ငန်းခွင်က အမျိုးသားအမျိုးသမီးတွေကို မေးမြန်းကြည့်တဲ့အခါ အမျိုးသမီး ၁၀ ရာခိုင်နှုန်းနဲ့ အမျိုးသား ၁၂ ရာခိုင်နှုန်းမျှသာ မိမိတို့ရဲ့အရည်အချင်းကို မယုံကြည်ခဲ့ကြောင်း တွေ့ရတယ်။ တစ်နည်းအားဖြင့်ဆိုရင် ဒီလူတွေ အလုပ်မလျှောက်ဖြစ်တာဟာ မိမိကိုယ်မိမိ မယုံကြည်လို့မဟုတ်ဘဲ အလုပ်ရွေးချယ်ခန့်ထားပုံနဲ့ပတ်သက်ပြီး အမြင်မှားနေကြလို့ဖြစ်တယ်။

အမျိုးသမီးတွေဟာ ကျောင်းမှာကတည်းက စည်းမျဉ်းစည်းကမ်းကို ယောကျ်ားလေးတွေထက် ပိုမိုလိုက်နာလုပ်ကိုင်တဲ့ အကျင့်ရှိနေကြတဲ့အတွက် အလုပ်လျှောက်ရာမှာလည်း သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အရည်အချင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တစ်ခုချင်း စိစစ်ပြီးအားလုံးမပြည့်တဲ့အခါ ဒီအလုပ်ကို မလျှောက်ကြတော့ဘူးဖြစ်နေကြတယ်။ သူတို့ဟာ အလုပ်ခေါ် ကြော်ငြာထဲမှာပါတဲ့ အရည်အချင်းလိုအပ်ချက်တွေအတိုင်း တမ်သဝေမတိမ်းစိစစ်ပြီး အလုပ်ခန့်ထားလိမ့်မယ်လို့ချည်း ထင်နေကြတယ်။ ဒါကြောင့် မလျှောက်ဖြစ်ကြတာဖြစ်တယ်။

အမျိုးသမီးတွေဟာ ဘွဲ့လက်မှတ်နဲ့ပတ်သက်တဲ့ အရည်အချင်းတွေကို လိုတာထက်ပိုပြီး အထင်ကြီးနေပြီး မိမိတို့ရဲ့အရည်အချင်းကို ပိုပြီးယုံကြည်လာအောင် ကြိုးစားကြမယ့်အစား မှန်မှန်ကန်ကန်ဆက်ဆံ တတ်ဖို့ကြိုးစားသင့်တယ်။

ညွှန့်သောင်း