အတုယူစံနမူနာထိုက်သူများ

leader-01-2017_269821

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်မှ အုပ်ချုပ်သူအစိုးရများ၏ စီမံခန့်ခွဲမှုအားနည်းခဲ့ခြင်းနှင့် ပညာရေးစနစ်ကို တစိုက်မတ်မတ်နည်းမျိုးစုံ စမ်းသပ်ခဲ့သဖြင့် ယနေ့ခေတ်အချိန်အခါတွင် “စံ”များလွဲမှားသည့် အကျိုးဆက်ကို ကြုံတွေ့နေရပါသည်။ မြန်မာတို့၏ ပင်ကိုယ်စရိုက်အရလည်း မည်သူကိုမျှ အလွယ်တကူအထင်ကြီး လက်ခံတတ်ခြင်းမရှိခြင်းကြောင့် “အတုယူစံနမူနာထိုက်သူများ” (Role Model) ရှားပါးလာပါသည်။ အတုယူ စံနမူနာထိုက်သူများ ရှားပါးခြင်းကြောင့် မိမိတို့၏ပန်းတိုင်ကိုလျှောက်လှမ်းရာ၌ ရေခံမြေခံဆိုင်ရာ အထောက် အကူဖြစ်စေမှု အားနည်းလာပါသည်။

စီးပွားရေးလောကနှင့် စီမံခန့်ခွဲမှုလောကတွင် အတုယူစံနမူနာထိုက်သူများနည်းပါးလွန်းနေခြင်းကြောင့် လူငယ်များကြားတွင် မြန်မာနိုင်ငံမှလွဲ၍ နိုင်ငံတကာမှ စံနမူနာထိုက်သူများ၏ အတ္ထုပတိနှင့် အောင်မြင်မှုတည်ဆောက်ခဲ့ရသည့် ဖြစ်စဉ်များကို လေ့လာနေရပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် အောင်မြင်သူစီးပွားရေးလုပ်ငန်းရှင်အများစုမှာ မိမိ၏နာမည်ကောင်းအမွေ အနှစ် Legacy ထက် ငွေကြေယ်ဝမှုနှင့် ပကာသနများကို “အောင်မြင်မှု၏စံ” အဖြင့် သတ်မှတ်ထားကြပါသည်။ ငွေရရှိရန်နှင့် ပိုမိုတိုးပွားရန် ရည်ရွယ်ပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ခြင်း၊ ကတိမတည်ခြင်း၊ ဖောက်သည်များကို ခုတုံးပြုခြင်း၊ အမြတ်ရရှိမည်ဟုထင်သည့် လုပ်ငန်းမှန်သမျှ မိမိလုပ် နိုင်မလုပ်နိုင်၊ လုပ်သင့်၊ မသင့် မဆင်ခြင်ဘဲ လုပ်ဆောင်ကြပြီး၊ လုပ်ငန်းနှင့်ဆက်စပ်သည့် ဂေဟစနစ်ကို မတည်ဆောက်ဘဲ လုပ်ဆောင်ကြသဖြင့် မုန့်ဟင်းခါးဆိုင်သီအိုရီဖြစ်ပေါ်လာခြင်း၊ ဘဏ်မှငွေချေး၍ လုပ်ကိုင် ရင်းနှီးကြသော်လည်း ဈေးကွက်ကို ဂရုတစိုက်မလေ့လာထားခြင်းကြောင့် အရှုံးနှင့်ကြုံတွေ့ရပြီး ချေးငွေများ နှင့် အတိုးမဆပ်နိုင်ခြင်းနှင့် နောက်ဆက်တွဲတွင် ဘဏ်များတွင်လည်း Non-Performing Loan များပြားလာ ခြင်း၊ Corporate Governance ကို မပြင်ဆင်ခြင်းတို့ကြောင့် ရေရှည်တွင်ရပ်တည်နိုင်မှု မေးခွန်းများစွာရှိနေပါ သည်။

နိုင်ငံတကာတွင် ဆွန်ဇူးမှအစ Henry Ford ၊ Jack Welch ၊  Bill Gates ၊ Warren Buffett ၊ Masayoshi Son ၊ Phil Knight ၊ Jeff Bezos ၊ Mark Zuckerberg ၊ Mark Zuckerberg ၊ Jack Ma ၊ Dhanin Chearavanont ၊ Larry Page နှင့် Sergey Brin ၊ Li Ka-shing တို့များစွာရှိသကဲ့တွင် မြန်မာနိုင်ငံတွင်လည်း စံနမူထားနိုင်သည့် ကတိတည်ကြည်သော၊ ဖြောင့်မတ်မှန်ကန်စွာ ဦးဆောင်လုပ်ကိုင်သော၊ မိမိဖောက်သည်များ၏ အရေးကို ဂရုတစိုက်လုပ်ကိုင်သော၊ နာမည်ကောင်းနှင့် ရပ်တည်သော၊ မိမိတို့၏ ဝန်ထမ်းများနှင့် ရှယ်ယာဝင်များ၏အကျိုးကို မျှမျှတတကြည့်ရှု သော၊ နိုင်ငံတော်၏ အခွန်ကဏ္ဍနှင့် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို စံနမူနာပြုလုပ်နိုင်သော Corporate Social Responsibility  ကို ဦးစားပေးကာ၊ နာမည်ကောင်းနှင့် ရပ်တည်နိုင်သော၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုခေါင်းဆောင်များထွက်ပေါ်လာစေကြောင်းအကြံပြုရင်း အနာဂတ်လူငယ်များအတွက် အတုယူစံနမူ နာထိုက်သူများထွက်ပေါ်စေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။

 

မောင်သာ (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂ္ဂဇင်း)