၁၇၉၂ = မျက်မှောက်ခေတ်ဘဏ္ဍာရေး၏အုတ်မြစ်များ
အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးကြေညာပြီး၍ ၁၄ နှစ် မျအကြာ ၁၇၉၀ ပြည့်နှစ်၌ ပထမဆုံးဘဏ္ဍာရေးဝန်ကြီး Alexander Hamilton က ဗြိတိန်နှင့် ဟော်လန်နိုင်ငံတို့ ကဲ့သို့ နောက်ဆုံးပေါ် ဘဏ္ဍာရေးဖွဲ့စည်းပုံတည်ထောင်လို သည်။ ဗဟိုဘဏ်အဖြစ် အများပြည်သူပိုင်ဆိုင်မည့် အမေ ရိကန်ပြည်ထောင်စုပထမဘဏ်(The First Bank of the United States-BUS) ကို တည်ထောင်ရန် စီစဉ်သည်။ BUS ရှယ်ယာဒေါ်လာဆယ်သန်းအနက် ဒေါ်လာရှစ်သန်း ကို ပြည်သူများအား ရောင်းချပေးသည်။ အထူးအောင်မြင် ပြီး ၁၇၉၁ ခုနှစ်၊ ဒီဇင်ဘာလ၌ ဘဏ်ကို ဖွင့်လှစ်ခဲ့သည်။ Hamilton ၏စီမံကိန်းအတွက် စွန့်စားရသည့် အချက်နှစ်ခုပေါ်ပေါက်ခဲ့ရာ တစ်ခုမှာ အင်္ဂလိပ်လူမျိုး ငွေရေး ကြေးရေးမသမာသူ William ဖြစ်ပြီး အခြား တစ်ခုမှာ BUS ဘဏ်ကိုယ်တိုင်ဖြစ်သည်။ ထိုဘဏ်သည် တည် ထောင်ပြီး နှစ်လအတွင်း အကြွေးသစ်ဒေါ်လာ ၂.၇ သန်း ထုတ်ချေးခဲ့ရာ နယူးယောက်နှင့် ဖီလာရှဲဖီယားနေပြည်သူ တို့၏ စွန့်စားရင်းနှီးမြှုပ်နှံလိုစိတ် ကြီးထွားပြင်းထန်သွားသည်။ အထိတ်အလန့်ဖြစ်စရာများ ၁၇၉၂ ခုနှစ်၊ မတ်လတွင် အစပျိုး ခဲ့သည်။ ငွေစက္ကူကို အထောက်အခံပြုထားသော ငွေမာHard Currency များ BUS တွင် လျော့နည်းသွားရာ ထိုနှစ်ပထမ သုံးလအတွင်း ချေးယူမှုများ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အစိုးရကြွေးမြီ၊ ရှယ်ယာများနှင့် အရောင်းအဝယ်ခံကုမ္ပဏီ အနည်းငယ်တို့၏ စတော့ဈေးနှုန်းများ ရက်သတ္တနှစ်ပတ်အတွင်း ၂၅ ရာခိုင်နှုန်းနီးပါး ထိုးကျသွားသည်။ Hamilton က နည်းအမျိုးမျိုးဖြင့် တုံ့ပြန်ဖြေရှင်း ရာတွင် အများပြည်သူဆိုင်ရာ ငွေကြေးကို အသုံးချ၍ ဖက် ဒရယ်ငွေချေးစာချုပ်များဈေးနှုန်းကို အားဖြည့်ပေးခြင်း၊ ဖောင်း ပွဈေးနှုန်းများဖြင့် ဝယ်ယူထားကြသောဘဏ်နှင့် စွန့်စားရင်း နှီးမြှုပ်နှံသူများထံ ငွေစီးဆင်းစေခြင်း စသည်တို့ ပါဝင်သည်။ သူစီစဉ်သည့် ငွေကြေးထုတ်ပေးကူညီမှု အထူးအောင်မြင် သောကြောင့် ယုံကြည်စိတ်ချမှုပြန်လည်ပေါ်ထွန်းကာ ဘဏ္ဍာ ရေးပွင့်လန်းလာသည်။ ရာစုနှစ်တစ်ဝက်ကာလအတွင်း နယူးယောက်သည် ငွေရေးကြေးရေးမဟာအင်အားတစ်ခု ဖြစ် လာရာ ဘဏ်နှင့် ဈေးကွက်အရေအတွက်များအပါအဝင် နိုင်ငံ့ ဂျီဒီပီပါ ထိုးတက်ခဲ့သည်။ သို့ရာတွင် ဘဏ်စနစ်အား ငွေထုတ် ပေးကယ်တင်ခြင်းဖြင့် Hamilton သည် အစဉ်အလာတစ်ခုကို စတင်ချမှတ်ရာရောက်သွား၏။ ဘဏ္ဍာရေးစနစ်အနေဖြင့် နိုင် ငံတော်ထောက်ပံ့ကူညီမှုအပေါ် မှီခိုသည့် အကျင့်တည်သွား အောင် နောက်ပိုင်းစီးပွားရေးအကျပ်အတည်းများက ဖန်တီး ပေးခဲ့သည်။၁၈၂၅ = ပထမဆုံးပေါ်ထွန်းဆဲဈေးကွက်နိုင်ငံများ အကျပ်အတည်း
ဤခေတ်ကာလတွင် ဗြိတိန်နိုင်ငံစန်းပွင့်နေပြီး ပို့ကုန်အား ကောင်းလှသည်။ ဝေလပြည်နယ်က တစ်နှစ်လျင် ကျောက် မီးသွေးတန် သုံးသန်းတူးဖော်ထုတ်လုပ်ကာ သံကြွပ်များကို ကမ္ဘာတစ်လွှားသို့ တင်ပို့သည်။ မန်ချက်စတာသည် တန် ဖိုးမြင့်ဓာတုဗေဒပစ္စည်းများနှင့် စက်ကိရိယာများ ထုတ်လုပ် ကာ ကမ္ဘာ့ပထမဆုံးစက်မှုမြို့တော်ဖြစ်လာသည်။ ရလဒ်မှာ ငွေသားကြွယ်ဝနေသောဗြိတိန်နိုင်ငံသားတု့ိက ရင်းနှီးမြှုပ်နှံ လိုနေကြသည်။ ၁၈၂၀ ပြည့်နှစ်များအရောက်တွင် ဥရောပ၏ အဓိကငွေရေးကြေးရေးဗဟိုချက်မှာ အမ်စတာဒမ်မဟုတ်တော့ ဘဲ လန်ဒန်ဖြစ်လာသောကြောင့် နိုင်ငံခြားအစိုးရများ ငွေ လာရှာကြသည်။ ၁၈၂၀ ပြည့်နှစ်တွင် လန်ဒန်ဈေးကွက်၌ နိုင်ငံခြားငွေချေးစာချုပ်တစ်မျိုးသာရှိသော်လည်း ၁၈၂၆ ခုနှစ် တွင် ၂၃ မျိုး ရှိနေပြီ။ ရုရှား၊ ပရပ်ရှားနှင့် ဒိန်းမတ်ငွေချေး စာချုပ်များ အတိုးနှုန်းကောင်းသောကြောင့် ရောင်းကောင်းသည်။ သို့သော် တကယ်စိတ်လှုပ်ရှားဖွယ်ရင်းနှီးမြှုပ်နှံစ ရာများမှာ ကမ္ဘာသစ်မှ နိုင်ငံများဖြစ်သည်။ ၁၈၂၂-၁၈၂၅ ခုနှစ်ကာလအတွင်း ကိုလံဘီယာ၊ ချီလီ၊ ပီရူး၊ မက္ကဆီကို နှင့် ဂွာတီမာလာနိုင်ငံတို့က ငွေချေးစာချုပ်များ ပေါင် ၂၁ သန်း (ယနေ့ဈေးနှုန်းများအရဆိုလျင် ဒေါ်လာ ၂.၈ ဘီလီ ယံ) ဖိုးကို လန်ဒန်တွင် အောင်မြင်စွာရောင်းချခဲ့သည်။ ကမ္ဘာ သစ်တွင် ဓာတ်သတ္တုရှာဖွေမည့် ဗြိတိသျသတ္တုတူးဖော်ရေး ကုမ္ပဏီတို့၏ ရှယ်ယာများကို လူကြိုက်များသည်။ ပြဿနာကြီးတစ်ခုမှာ ခရီးကွာဝေးခြင်းဖြစ်သည်။ အင်္ဂလန်မှ တောင်အမေရိကသို့ အသွားအပြန်ခြောက်လကြာ သည်ဆိုလျင်မဆိုးဟု ယူဆရသောအချိန်ဖြစ်သည်။ ထို့ကြောင့် အရောင်းအဝယ်စာချုပ်များ အခြေပြုရသည့် သတင်းအချက်အ လက်များမှ အလွန်ဆုံး အကြမ်းထည်သဘောသာရှိသည်။ နိုင်ငံရေးအရ လက်တင်အမေရိကမှ နိုင်ငံသစ်များ သည် ဗြိတိန်အပေါ်ငွေရေးကြေးရေးအမှှီပြုနိုင်မည်ဟု ယူဆ ခဲ့ကြသော်လည်း လက်တွေ့တွင် ထိုသို့ မဖြစ်ပေါ်ခဲ့ပါ။ ၁၈၂၃ ခုနှစ် နွေရာသီတွင် စပိန်နိုင်ငံ သည် ကြွေးဆပ်ရန် ပျက်ကွက် လုနီးနီးဖြစ်နေသည်။ စိုးရိမ်မှုပြန့်ပွားရင်း ငွေချေး စာချုပ်ဈေး နှုန်းများ ထိုးကျခဲ့ရာ ၁၈၂၅ ခုနှစ်ကုန်ပိုင်းအရောက်၌ ပီရူး နိုင်ငံ၏ငွေချေးစာချုပ်များသည် တန်ဖိုးရင်း၏ ၄၀ ရာခိုင်နှုန်း သို့ကျဆင်းခဲ့ပြီး အခြားငွေချေးစာချုပ်များလည်း တန်ဖိုးကျ ဆင်းသည်။ ဗြိတိန်နိုင်ငံ၏ဘဏ်များ အထိနာခဲ့ပြီး ဒီဇင်ဘာ လတွင် ဘဏ်များ မတတ်နိုင်လောက်အောင် တစ်ချိန်တည်း ၌ ငွေထုတ်လိုမှုများBank Runs ဖြစ်ပွားခဲ့သည်။ အင်္ဂလန် ဘဏ်သည် အလျင်အမြန်ပြိုလဲစပြုနေသည့် ငွေထုတ်ချေးသူ များအားလည်းကောင်း၊ ကုမ္ပဏီများအား တိုက်ရိုက်သော်လည်း ကောင်း ငွေထုတ်ပေးခဲ့သည်။ သို့တိုင်အောင် ဘဏ်အများအပြား သည် ငွေအပ်သူများ၏တောင်းဆိုမှုများကို မဖြည့်ဆည်းနိုင်ခဲ့ ဘဲ ၁၈၂၆ ခုနှစ်တွင် အင်္ဂလန်နှင့် ဝေလပြည်နယ်မှ ဘဏ် ပေါင်း ၁၀ ရာခိုင်နှုန်းကျော် ပျက်ပြားသွားခဲ့သည်။ ငွေရေးကြေးရေးအကြီးအကဲများသည် စကော့တ လန်ကို နမူနာယူရင်း တွဲဖက်စတော့ဘဏ်လုပ်ငန်း JointStock Banking ကို ခွင့်ပြုခဲ့သည်။ ယင်းမှာ ကြည်နူးဖွယ်နှင့် ဝမ်းနည်းဖွယ်ရောပြွမ်းနေသည်။ အားသာချက်ကြီးမှာ မျက် မှောက်ခေတ် Megabank များ ပေါက်ဖွားလာခြင်းဖြစ်ပြီး ဗြိတိန်သည် ဘဏ်လုပ်ငန်းနှင့် ငွေချေးစာချုပ်များတွင် ကမ္ဘာ့ ဦးဆောင်နိုင်ငံတစ်ခု ပေါင်းစည်းမှုတသီတတန်းပေါ်ပေါက်စေ သဖြင့် ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာသည့် RBS သည် ၂၀၀၉ ခုနှစ်၌ အကြီးဆုံးကျဆုံးသည့်ဘဏ်လည်း ဖြစ်လာခဲ့သည်။ ယနေ့ကာလ၌ ဗြိတိန်မှ အကြီးဆုံးဘဏ်လေးခုသည် နိုင်ငံ့ငွေ အပ်နှံမှုများ၏ ၇၅ ရာခိုင်နှုန်းကို ထိန်းကိုင်ထားရာ ဘဏ် တစ်ခုခု ပျက်ပြားပါက စီးပွားရေးကို စနစ်ပိုင်းဆိုင်ရာ စွန့်စား ရမှု ဖန်တီးပေးနိုင်လောက်သည်။၁၈၅၇= ပထမဆုံးကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း
၁၉ ရာစုနှစ်အလယ်ပိုင်းအရောက်တွင် ကမ္ဘာကြီးသည် ငွေရေး ကြေးရေးအကျပ်အတည်းများနှင့် ကျင့်သားရလာနေသည်။ ဘဏ္ဍာရေးပြိုလဲမှုများသည် ပုံမှန်လိုလိုပေါ်ပေါက်သည်သာ မက ကမ္ဘာလုံးဆိုင်ရာအသွင်လည်း ပေါက်လာသည်။ အပေါ်ယံကို ကြည့်လျင် ၁၈၅၀ ပြည့်နှစ်များအ တွင်း ဗြိတိန်နိုင်ငံ၏အခြေအနေကောင်းမွန်သည်။ ကမ္ဘာတစ် လွှားသို့ ပို့ကုန်များစန်းပွင့်နေကာ သြစတြေးလျ၌ ရွှေတွေ့ရှိ ၍ အရင်းအမြစ်များတိုးလာနေသည်။ သို့သော် အပေါ်ယံအောက် တွင် အပြောင်းအလဲကြီးနှစ်ခုဖြစ်ပေါ်နေရာတစ်ခုမှာ စီးပွားရေး ကွင်းဆက်သစ်များ ကွန်ရက်သဖွယ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် ကုန်သွယ်မှုနှင့် ပတ်သက်သည်။ ဗြိတိန်နှင့် ဗြိတိသျကိုလိုနီနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အ မေရိကန်နိုင်ငံအဖို့ သာမန်စာရင်း လိုငွေဒေါ်လာ ၂၅ သန်း ပြနေသည်။ ၁၈၅၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် ဗြိတိန်သည် မှန်းခြေအမေရိကန် စတော့များနှင့် ငွေချေးစာချုပ်များတန်ဖိုး ဒေါ်လာ သန်း ၈၀ ကို ရယူထားသည်။ ရထားပို့ဆောင်ရေး ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှု လူကြိုက်များနေရာအမေရိကန် ရထားပို့ဆောင်ရေးကုမ္ပဏီများ၌ ဗြိတိသျရင်းနှီးမြှုပ်နှံသူများဘုတ်အဖွဲ့ဝင်ဖြစ်နိုင်သည်အထိ ပါဝင်ရင်းနှီးမြှုပ်နှံထားကြသည်။ ဒုတိယအပြောင်းအလဲကြီးမှာ ဘဏ္ဍာရေးဆန်းသစ် တီထွင်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဗြိတိန်မှ တွဲဖက် စတော့ဘဏ်များက ပြိုင်ဘက်များကို ဝါးမျိုခဲ့သဖြင့် ၁၈၄၇ မှ ၁၈၅၇ ခုနှစ်ကာလအတွင်း အပ်နှံငွေ ၄၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ ချေးငှားသူအသွင်မျိုးအဖြစ် ငွေထုတ်ပေးရန် အမိန့်လွှာများကို ရောင်းဝယ်သည့် Discount House သည် လန်ဒန်၌ မှိုလိုပေါ်ပေါက်လာသည်။ ယင်းတို့သည် ဘဏ်များ သဖွယ် ဆောင်ရွက်နေကြပြီး အမည်မခံရုံမျသာ ရှိသည်။ ၁၈၅၇ ခုနှစ် နွေဦးနှောင်းပိုင်း၌ အမေရိကန်ရထား ပို့ဆောင်ရေးစတော့တန်ဖိုးများကျဆင်းစပြုခဲ့သည်။ ပြဿနာက နိုင်ငံအရှေ့ဘက်သို့ပြန့်ကာ ရထားလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံထား သော စတော့ပွဲစားများ ဆုံးရှုံးကြသည်။ ဘဏ်များက သူတို့ ၏စတော့များကို ပုံအောဈေးလျော့ရောင်းချသောအခါ ဈေးနှုန်း များ ပို၍ပင်ကျဆင်းပြန်သည်။ အောက်တိုဘာ ၁၃ ရက်တွင် အမေရိကန်ဘဏ္ဍာရေးအချက် အချာ ဝေါစထရိ၌ ငွေပြန်လည် တောင်း ဆိုသည့်အပ်နှံသူများဖြင့် ပြည့်ကျပ်နေသည်။ အပ်နှံမှု များကို ငွေအဖြစ်ပြောင်းပေးရန် ဘဏ်များက ငြင်းပယ်ရာ အမေရိကန်ဘဏ္ဍာရေးစနစ် မလည်ပတ်နိုင်တော့ပေ။ ဘဏ္ဍာ ရေးဆင့်ကဲဖြစ်ပွားမှုအရ အမေရိကန်ကုမ္ပဏီများနှင့် ကုန်သွယ် သောကုန်သည်များ အောက်တိုဘာလ၌ စတင်ဆုံးရှုံးကြသည်။ လီဗာပူ၊ ဂလပ်စဂို၊ နယူးယောက်နှင့် နယူအော်လီအန်းစ်မြို့များ ၌ ရုံးခွဲများထားရှိသော အမေရိကန်ဘဏ် Dennistoun၊ Cross and Co သည် နိုဝင်ဘာလတွင် ပြိုလဲပျက်ပြားရာ စကော့တလန် Western Bank လည်း နောက်ဆက်တွဲပါဝင်သွားသည်။ Discount House များကဲ့သို့ပင် သာမန်ကုမ္ပဏီ များလည်း ကျရှုံးခဲ့သည်။ ၁၈၅၇ ခုနှစ်၏ နောက်ဆုံးသုံးလအ တွင်း ဒေဝါလီခံရမှု ၁၃၅ ခု ရှိခဲ့ရာ ရင်းနှီးမြှုပ်နှံမှုများ၏ အရင်း ပေါင် ၄၂ သန်းမျ ဆုံးရှုံးသွားသည်။ ဗြိတိန်နိုင်ငံ၏ စီး ပွားရေးနှင့်ဘဏ္ဍာရေးဆက်စပ်မှုများ ကျယ်ပြန့်သည့်အလျောက် ဥရောပတစ်လွှား၌ အထိတ်အလန့်ဖြစ်ပွားစေခဲ့သည်။၁၉၀၇ = အရေးပေါ်ငွေ
၂၀ ရာစုနှစ်အစတွင် အမေရိကန်နှင့် ဗြိတိန်တို့၏ဘဏ်လုပ် ငန်းဆိုင်ရာချဉ်းကပ်ပုံများ အလွန်ကွာခြားသည်။ အင်္ဂလန် ဘဏ် (Bank of England) သည် အလုံးစုံသြဇာကြီးပြီး ယင်းကူညီဒီဇိုင်းဆွဲပေးခဲ့သော ဘဏ်လုပ်ငန်းစနစ်ကို တင်း တင်းကျပ်ကျပ်ကြီးကြပ်သည်။ အမေရိကန်နိုင်ငံ၌မူ ၁၈၁၁ ခုနှစ် ၌ BUS ကိုလည်းကောင်း၊ ၁၈၃၆ ခုနှစ်၌ ယင်းအစား ထိုးဘဏ်ကိုလည်းကောင်း ပိတ်ခဲ့ပြီးနောက် အစိတ်စိတ်ခွဲ ခြားကာ ဗဟိုမှ မချုပ်ကိုင်သောစနစ် ဖွံ့ဖြိုးခဲ့ရာ ၁၉၀၇ ခုနှစ် တွင် ဘဏ်ပေါင်း ၂၂ç၀၀၀ (လူဦးရေလေးထောင်လျင် ဘဏ် တစ်ခုနှုန်း) ရှိသည်။ သို့တိုင်အောင် လိမ္မာပါးနပ်သည့်မြို့ ကြီးသားရင်းနှီးမြှုပ်နှံသူများက ယုံကြည် အပ်နှံမှုကုမ္ပဏီ Trust Companies ကို အသုံးချလေ့ရှိကြသည်။ ယင်းတို့သည် ၁၉၀၇ ခုနှစ်ခန့်တွင် ရှယ်ယာများကို အာမခံဖြန့်ချိခြင်း၊ အိမ်ခြံမြေနှင့် ရထားလုပ်ငန်းတို့ကို ပိုင်ဆိုင်စီမံအုပ်ချုပ်ခြင်းများအပြင် အပ် ငွေများကိုပါ လက်ခံနေသောကြောင့် ဘဏ်များသဖွယ် လုပ်ကိုင် နေကြသည်။ အမျိုးသားဘဏ်များလောက်ပင် ကြီးထွားလာ ခဲ့ကြသည်။ ၁၈၉၆ ခုနှစ်နှင့် ၁၉၀၆ ခုနှစ်အကြားကာလ၌ အမေရိကန်သည် ပျမ်းမျတစ်နှစ်လျင် ၅ ရာခိုင်နှုန်းနီးပါးဖြင့် ဖွံ့ဖြိုးတိုးတက်ကာ Trust ကုမ္ပဏီများလည်း စန်းပွင့်လျက်ရှိ သည်။ ၁၉၀၇ ခုနှစ်၌ နိုင်ငံ့စီးပွားရေး အနည်းငယ်တုံ့ဆိုင်း သွားခဲ့သည်။ ထို့နောက် augusts Heinze နှင့် Charles Morse ဆိုသူ လူလိမ် လူညာနှစ်ဦး၏ ငွေရေးကြေးရေးအရှုပ် တော်ပုံတွင် Knickerbocker Trust ငြိစွန်းပတ်သက်ကြောင်း သိမြင်လာရသည်မှတစ်ဆင့် ထိုကုမ္ပဏီက အောက်တိုဘာလ ၂၂ ရက်တွင် အပ်နှံသူ အချို့အား ငွေထုတ်ပေးရန် ငြင်းပယ် ခဲ့ရသည်။ ထို့နောက် အခြားငွေသားထုတ်ပေးရန် တောင်းဆို ခြင်းခံရသည်။ ဘဏ္ဍာရေးစနစ် မလုံခြုံကြောင်း ပေါ်လွင်လာ သောအခါ အမေရိကန်ပြည်သူတို့ ငွေသားကို အိမ်မှာပဲစုဆောင်း သိုမှီးထားကြသည်။ အထိတ်အလန့်ပူပန်မှုများ ပြန့်ပွားပြီး အတိုး နှုန်းများ ၁၂၅ ရာခိုင်နှုန်းသို့ ထောင်တက်သွားသောအခါ ဘဏ္ဍာရေးလုပ်ငန်းရှင် John Pierpont Morgan ပါဝင်လာကာ စုပေါင်းသုံးစွဲရန် ငွေ သားကို စီစဉ်ပေးရသည်။ တစ်ချိန်၌ နယူး ယောက်ဘဏ်လုပ်ငန်းအသိုက်အဝန်းဝင် အားလုံး ကို သူ၏စာကြည့်တိုက်အတွင်း ကယ်တင်ရေးငွေ ဒေါ်လာ ၂၅ သန်းကို သဘောတူ ချက်မရချင်း သော့ခတ် ပိတ်လှောင်ထားခဲ့သည်။ သို့သော် ထိုငွေမှာ မလုံလောက်ပါ။ နိုင် ငံတစ်ဝန်းမှ ငွေအပ်နှံသူတို့သည် ဘဏ်များတွင် တစ်ချိန်တည်း စုပြုံကာ ငွေသားထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘဏ်များ ပြိုလဲမည့်အ ရေးကို ရိပ်မိသဖြင့် ပြည်နယ်များက အရေးပေါ် ဘဏ်ပိတ် ရက်များ ကြေညာကြသည်။ ဖွင့်သောဘဏ်များကလည်း ငွေ ထုတ်ယူမှုများကို ကန့်သတ်ထားသည်။ နိုင်ငံ့ စီးပွားရေးတောင့် တင်းစည်ပင်နေလင့်ကစား နယူးယောက်မှ ဘဏ္ဍာရေးပြို ကျမှုကြောင့် နိုင်ငံတစ်ဝန်း၌ ငွေရှားသွားသည်။ သို့နှင့် နိုင်ငံ့ ထွက်ကုန်သည် ၁၉၀၇ ခုနှစ်မှ ၁၉၀၈ ခုနှစ်အကြား၌ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ တရားဝင်ကြေးငွေ Legal Tender ရှားပါးသွားသော ကြောင့် ချက်လက်မှတ်များ၊ ဘဏ်မှ ထုတ်ပေးသည့် ကြွေးမြီ ဝန်ခံချက် 10US များ စသည့် တရားမဝင် ငွေကြေးပစ္စည်း များ ဒေါ်လာသန်းငါးရာ ဖိုး ပေါ်ပေါက် အသုံးပြုခဲ့ကြရာ မော်ဂန် ၏ကယ်ဆယ်ရေးငွေထက် အဆများစွာကြီးမားသည်။ အခြေ အနေကို ကုစားနိုင်ခဲ့ရာ ၁၉၀၉ ခုနှစ်အရောက်တွင် အမေရိ ကန်စီးပွားရေး တစ်ဖန်ပြန်လည်ဖွံ့ဖြိုးလာခဲ့ သည်။ ပြုပြင် ပြောင်း လဲရေး အကြံပြုချက်အဖြစ်လည်း အရေးပေါ်ဒေါ်လာ သန်းငါးရာစီမံချက်ကို စီစဉ်ချမှတ်ခဲ့သည်။ အရေးပေါ်ငွေစီမံ ချက်က ရေရှည်သွားမည့် အရာထင်မှုတစ်ရပ်ကို ပေါ်ထွက်စေခဲ့ ရာ ယင်းမှာ အမျိုးသားငွေကြေးကော် မရှင်(National Monetary Commission-NMC) ကို တည်ထောင်ခြင်း ဖြစ်သည်။ ြဃြ သည် လေးနှစ်ကြာမျ ကမ္ဘာတစ်ဝန်းမှ အထောက်အ ထားများကို စဉ်းစားဆင်ခြင်ပြီးနောက် အမေရိကန်ဘဏ္ဍာရေး အဖို့ သင့်လျော်သောနောက်ဆုံးအားထားရမည့် ငွေထုတ်ချေး သူ (Lender of Last Resort) လိုအပ်ကြောင်း သုံးသပ်ဆုံးဖြတ် လိုက်သည်။ ရလဒ်မှာ ၁၉၁၃ ခုနှစ် ၤFederal Reserve Act ဖြစ်ပြီး ထိုနှစ်ဒီဇင်ဘာလ၌ အမေရိကန်၏တတိယမြောက်ဗဟို ဘဏ်ကို တည်ထောင်ပေးခဲ့သည်။၁၉၂၉ = အကြီးစားစီးပွားရေးထိုးကျမှုကြီး
အမေရိကန်နိုင်ငံအဖို့ အဆိုးဆုံး ၁၉၂၉ ခုနှစ် စီးပွားရေးထိုး ကျမှုကြီးမတိုင်မီအထိ အခြေအနေ များကောင်းမွန်လှပခဲ့သည်။ ၁၉၂၀ ပြည့်နှစ်များ တွင် မော်တော်ကားနှင့် ဆောက်လုပ်ရေးလုပ် ငန်း စည်ပင်ဖွံ့ဖြိုးခဲ့ရာ ဖို့ဒ်ကုမ္ပဏီက Model T ကားများကို တစ်ရက်လျင် ကားစီးရေငါးထောင် ထုတ်လုပ်နိုင်ကာ ၁၉၂၅ ခုနှစ်၌ အိမ်သစ်များ ဆောက်လုပ်ရေးအတွက် သုံးစွဲငွေဒေါ်လာ ငါး ဘီလီယံအထိရောက်ခဲ့သည်။ အခြားသောလုပ်ခ များနှင့် စားသုံးမှုလည်း တက်ခဲ့သည်။ ဘဏ်များ အပါအဝင် ငွေထုတ်ချေးသူ ၂၅ç၀၀၀ ၏ စုစုပေါင်းငွေစာ ရင်းရှင်းတမ်းမှာ ဒေါ်လာ ၆၀ ဘီလီယံဖြင့် အခြေအနေကောင်းသည်။ သို့သော် ၁၉၂၀ ပြည့်နှစ်များ အချိန်ရလာသည် နှင့်အမျ ရှယ်ယာဈေးနှုန်းများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ပြောင်းပြန်အနေအထားဖြင့် ရွေ့လျားနေကြသည်။ သက်တမ်း နုသေးသောဗဟိုဘဏ် အနေဖြင့် ဈေးကွက်နှေးကွေးအောင် အတိုးနှုန်းမြှင့်ရမည်လား၊ နိုင်ငံ့စီးပွားရေးကို အားပေးကူညီရန် အတိုးနှုန်းဖြတ်တောက်ရမည်လားဟူ၍ ဝေခွဲမရဖြစ်နေရာမှ ၁၉၂၈ ခုနှစ်၌အတိုးနှုန်းကို ၃.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ရာ အမှားကြီးမှားတော့သည်။ အတိုးနှုန်းမြှင့်ခြင်း မှာ ဈေးကွက်များ နှေးကွေးစေလောက်အောင် မကြီးမားသဖြင့် ၁၉၂၉ ခုနှစ်၊ စက်တင်ဘာလအထိ ရှယ်ယာဈေးနှုန်းထိုးတက် ကာ ဒေါင်ဂျုန်းစ်အñွှန်းလည်း အမြင့်ဆုံး ၃၈၁ သို့ ရောက်ခဲ့၏။ သို့သော် ယင်းက အားပျော့နေသောစက်မှုလုပ်ငန်းများအား အထိနာစေသည်။ ပြည်တွင်းအခက်အခဲများကို ပိုမိုဆိုးရွားစေ သည်မှာ စက်တင်ဘာလ၌ လန်ဒန်စတော့ဈေး ပျက်ပြားသွား ခြင်းဖြစ်သည်။ ရှယ်ယာများကို အကြီးအကျယ် ထုတ်ရောင်းနေ ကြရာ အောက်တိုဘာ ၂၈-၂၉ နှစ်ရက်အတွင်း ဒေါင်ဂျုန်းစ် အñွှန်း ကိန်း ၂၅ ရာခိုင်နှုန်းနီးပါးကျသွားခဲ့သည်။ နိုဝင်ဘာ ၁၃ ရက်၌ ဒေါင်ဂျုန်းစ်အñွှန်းကိန်း ၁၉၈ ဖြစ်ရာ နှစ်လအ တွင်း ၄၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ ပိုမိုဆိုးရွားသည်မှာ ဘဏ်လုပ်ငန်းပျက်ပြားမှုများ လှိုင်းလုံးကြီးများသဖွယ် ပေါ်ပေါက်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် အတွင်း အမေရိကန်ဘဏ် ၁ç၃၅၀ မျ ကျရှုံးသည်။ ဗြိတိန်က ရွှေစံချိန်စနစ်ကို စွန့်လွှတ်လိုက်သောအခါ ယင်း၏ငွေလွှဲလှယ် နှုန်းကျဆင်းပြီး အမေရိကန်မှ တင်ပို့သူများအား ဖိအားပေးလေ သည်။ သြစတြီးယားနှင့် ဂျာမနီနိုင်ငံတို့တွင် ဘဏ်လုပ်ငန်း အထိတ်တလန့်များ ဖြစ်ပွားသည်။ အမေရိကန်ဗဟို ဘဏ်က ငွေချေးချုပ် ဝယ်ယူမှုအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော် သော်လည်း ယာယီမျသာအကျိုးပြုသည်။ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နောက်ဆုံး အထိတ်တလန့်အဖြစ် နိုင်ငံလုံးဆိုင်ရာအရေးပေါ်ဘဏ်ပိတ် ရက်များကြေညာရရာ နီဗာဒါ၊ အိုင်ဟိုဝါ၊ လူဝီစီယာနာနှင့် မစ်ချီဂန်ပြည်နယ်တို့ရှိဘဏ်များ စတင်ပါဝင်ကြသည်။ နယူး ယောက်ဘဏ်များရှိ ဘဏ်အချင်းချင်း အပ်ငွေများကို ထုတ် ယူကြရာ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာပင် ဒေါ်လာ သန်း ၇၆၀ ထုတ်ယူခဲ့ကြသည်။ မတ်လ ၄ ရက်တွင်Federal Reserve သည် ယင်း၏ အဓိကတာဝန်ကို မယူတော့သည့် အနေဖြင့် ငွေထုတ်ချေးရန် ငြင်းဆန်ပြီး ပိတ်လိုက်ရာ နိုင်ငံ တစ်ဝန်းရှိဘဏ်များကို ရက်သတ္တတစ်ပတ် ပိတ်ထားခဲ့ရသည်။ ၁၉၂၉ ခုနှစ်မှ ၁၉၃၃ ခုနှစ်အတွင်း ဘဏ်ပေါင်း ၁၁ç၀၀၀ နီးပါးဆုံးရှုံးပျက်ပြားကာ နိုင်ငံတွင် လည်ပတ်နေသော ငွေ ကြေးပမာဏ ၃၀ ရာခိုင်နှုန်းကျော် လျော့သွား၏။ အလုပ်လက် မဲ့မှုသည် အကျပ်အတည်းမတိုင် မီကလေးတွင် ၃.၂ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၅ ရာခိုင်နှုန်းကျော်သို့ တက်သွားခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလိုအပ်သည်မှာ ထင်ရှားတော့ ၏။ ရေတိုကာလအဖို့ ဘဏ္ဍာရေးစနစ်အတွင်း အရဲစွန့်ရမှုကို ဖယ်ရှားရမည်ဖြစ်ရာ ပြည်သူများထံမှ ငွေကြေးအရင်း အနှီး အလုံးအရင်းဖြင့် ပံ့ပိုးရသည်။ ထိုငွေဒေါ်လာ တစ်ဘီလီယံ ဖြင့်ကျန်နေသော ဘဏ်ခြောက်ထောင်ကျော်အား ကူညီခဲ့ရသည်။ ဥပဒေသစ်များ ရေးဆွဲပြဋ္ဌာန်းကာ အနာဂတ်အဖို့ အရဲစွန့်ရ ခြင်းကို မှေးမှိန်စေရသည်။ Bank Run များကို အပြီးအပိုင်ဖြေရှင်းသည့်အနေ ဖြင့် ဖက်ဒရယ်အပ်နှံငွေအာမခံကော်မရှင် (Federal Deposit Insurance commission-FDIC) ကို ၁၉၃၄ ခုနှစ်၊ ဇန်န ဝါရီလ ၁ ရက်တွင် တည်ထောင် လိုက်သည်။ ဖောက်သည် တစ်ဦးလျင် အပ်ငွေ၏ဒေါ်လာ ၂ç၅၀၀ ကို အာမခံထားပေး ခြင်းဖြင့် ဘဏ်ပျက်ပြားခဲ့လျင် ဒဏ်ချက်များကို လျော့ချရန် ရည်မှန်းခဲ့သည်။ အပ်နှံသူဆုံးရှုံးမည့်အရေးကို ကန့်သတ်ထား ခြင်းဖြင့် ဝင်ငွေ၊ နိုင်ငံတွင် လည်ပတ်နေသော ငွေကြေးနှင့် ဝယ်လိုအားတို့ကို ကာကွယ်ပေးလိမ့်မည်ဟု ဆိုပါသည်။ ဤအရေးယူဆောင်ရွက်ချက်မှာ တစ်နည်းတစ် လမ်းအားဖြင့် အထူးအောင်မြင်မည်၊ ဘဏ်ဖောက်သည်များ က အပ်ငွေများအတွက် အရဲစွန့်စရာမလိုဟု ထင်မြင်လာကြ သည်။ သို့နှင့် နောက်ထပ်နှစ် ၇၀ မျကြာအောင် Bank Run များ မပေါ်ပေါက်ခဲ့ပေ။ ဘဏ်များအနေဖြင့်လည်း ငွေဖြစ် လွယ်မှုနှင့် ရှယ်ယာများအတွက် အခုအခံထားရသည့် စရိတ် များကို တစ်နှစ်ထက်တစ်နှစ် လျော့ချနိုင်လာသည်။ ထိရောက် အောင်မြင်မှုမရှိသော ကိုယ်တိုင်အာမခံခြင်းအစား ဗဟိုဘဏ် များနှင့် အပ်ငွေအာမခံမှုတို့က ပံ့ပိုးထားသည့်စရိတ် ကျဉ်း အရဲ စွန့်မှုမျဝေခြင်းက အစားထိုးဝင်ရောက်ခဲ့သည်။ ဤသို့ဖြင့် ဘဏ္ဍာရေးစနစ် တည်ငြိမ်ရေးမှာ နိုင်ငံ တော်အလုပ်ဖြစ်လာခဲ့သည်။ အခွန်ထမ်းပြည်သူအပေါ် အရဲ စွန့်ရမှုတာဝန်ကို ပုံချခြင်းဖြင့် ပုံပျက်စေတတ်သော အစိုးရ ထောက်ပံ့ကြေးသည် အရင်းရှင်စနစ်၏ အသည်းနှလုံးဗဟို ချက်တွင် ဖန်တီးပေါ်ပေါက်လာတော့သည်။ထိုအစိုးရထောက်ပံ့ကြေးများ၏ ပေးဆပ်ရမှုစရိတ် အမှန်ကို မကြာသေးမီက အမေရိကန်နှင့် ဗြိတိန်မှ အကြီး ဆုံးဘဏ်များ၏ကံကြမ္မာက ဖော်ပြနေသည်။ ၂၀၀၈ ခုနှစ် ၌ Citygroup နှင့် RBS Group နှစ်ခု၏ စုစုပေါင်းပိုင် ဆိုင်ပစ္စည်း (အက်ဆက်) ဒေါ်လာ ခြောက်ထရီလီယံနီးနီးရှိ သည်။ သူတို့အရင်းအနှီး၏အခုအခံများမှာ သေးငယ်လှသည်။ သူတို့ရင်းနှီးငွေ ကုန်ခမ်းပြတ်တောက်၍ ကယ်တင်ထုတ်ပေး ရငွေ မှာ ဒေါ်လာတစ်ရာဘီလီယံကျော်ရှိသည်။ ဤဘဏ်လုပ် ငန်းအကျပ်အတည်း၏ စုစုပေါင်းပေးဆပ်ရမှုစရိတ်သည် ပို၍ ပင်ကြီးမားတော့၏။ အကြောင်းမူကမ္ဘာ့နိုင်ငံ အများ၌ စီးပွား ရေးတိုးတက် မှုနှေးကွေးခြင်း၊ ကြွေးမြီတိုးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းလျော့ခြင်းတို့ ပေါ်ပေါက်မည်ဖြစ်ရာ အချို့ နိုင်ငံများအဖို့ ထိုအခြေအနေသည် ဆယ်စုနှစ်များနှင့်ချီ၍ကြာ ညောင်းသွားဖွယ်ရှိသည်။
Ref: Economist
ခင်အောင် (အင်္ဂလိပ်စာ)