ပဉ္စမကြိမ်မြောက် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားပြပွဲ ကျင်းပပြုလုပ်

DSCN9599

ပဉ္စမကြိမ်မြောက် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီသွားပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရန်နဲ့ နိုင်ငံခြားအပန်ဖြေခရီးစဉ်များ၊ ပြည်ပမှာ ပညာသင်လိုသူများနဲ့ ဆေးကုသမှုခံယူလိုသူများအတွက် ရည်ရွယ်ပြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပခြင်း ဖြစ်ပါတယ်။

DSCN9610ဖွင့်ပွဲအခမ်းအနားမှာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်းလွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်သားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများမှလည်း တက်ရောက်အမှာစကားပြောခဲ့ကြပါတယ်။

DSCN9637အဆိုပါပြပွဲကို ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၃ရက်နေ့အထိ ဖွင့်လှစ်ပြသခဲ့ပြီး၊ Outbound လိုင်စင်ရခရီးသွားကုမ္ပဏီများ၊ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ပြည်ပဆေးရုံများ၊ ဘဏ်များ၊ အာမခံကုမ္ပဏီများအပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှ ပြခန်းပေါင်း (၁၀၀)ကျော်ဖြင့် ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။

DSCN9641

DSCN9669

 

DSCN9666