ယခင်လမှအဆက်
Fractional reserve banking (အပိုင်းဂဏန်း/အစိတ်အပိုင်းဘဏ်သီးသန့်ထားငွေ)
ကမ္ဘာ့အရင်းရှင်နိုင်ငံများတွင်ကျင့်သုံးနေသော ဘဏ်လုပ်ငန်းစနစ်တစ်ခုဖြစ်သည်။ ယင်းစနစ်တွင် ဘဏ်အပ်နှံငွေများ၏ အစိတ်အပိုင်းတစ်ခုကို ပဏာမအပ်ငွေသီးသန့်လျာထားချန်ထားခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် စုစုပေါင်းဘဏ်အပ်ငွေများအတွက် သီးသန့်လျာထားအချိုးကို ဖက်ဒရယ်ဗဟိုဘဏ်က အဖွဲ့ဝင်ဘဏ်တို့အတွက်သတ်မှတ်ပေးသည်။ အဖွဲ့ဝင်မဟုတ်သည့်ဘဏ်များအတွက် ပြည်နယ်ဥပဒေကသတ်မှတ်သည်။ (သီးသန့်ငွေလိုအပ်ချက် RESERVE REQUIREMENTS ကို ကြည့်ပါ။)
ဗြိတိန်နိုင်ငံရှိ ကူးသန်း/ကုန်သွယ်ဘဏ်များအတွက်ထုံးတမ်းစဉ်လာကသာ လွှမ်းမိုး၍ အပ်ငွေများအတွက်ငွေသားဖြင့် ၈-၁၀ ရာခိုင်နှုန်း ပဏာမသီးသန့်ထားရှိရပြီး၊ ထပ်ဆင့်၍ ဒုတိယသီးသန့် ၁၈-၂၀ ရာခိုင်နှုန်းကို ငွေဖြစ်လွယ်သောရပိုင်ခွင့်များ အဓိကရေတိုအစိုးရစာတမ်းများဖြင့် ထားပေးရသည်။ အပိုင်းဂဏန်းတစ်ခုဖြင့်သာ ဘဏ်အပ်ငွေများအတွက် သီးသန့်ထားပေးသည့်စနစ် ဘဏ်လုပ်ငန်းသမိုင်းအစောပိုင်းကဖြစ်ပေါ်ခဲ့သည်။ဘဏ်လုပ်ငန်းလုပ်ကိုင်သူများက အပ်ငွေများ တစ်ချိန်တည်းထုတ်ယူကြနိုင်ခြေကွာလှမ်းသည်ကို သဘောပေါက်နားလည်ခဲ့ကြ၍ဖြစ်သည်။ အစိုးရကဥပဒေနှင့်ကြပ်မတ်ပြီး ငွေကြေးအာဏာပိုင်များက လှည့်လည်နေသည့် ငွေကြေးထိန်းချုပ်ရန်အပိုင်းဂဏန်းတစ်ခုဖြင့် ဘဏ်အပ်ငွေများအတွက် သီးသန့်ထားစေသောစနစ်ကို အခြေခံကိုင်စွဲသည်။ (ငွေကြေးပေါ်လစီ MONETARY POLICY တွင်အသေးစိတ်ရှင်းလင်းချက်များကို ကြည့်ပါ။)
အစိတ်အပိုင်းလသီးသန့်ထားဘဏ်စနစ်၏ ထူးခြားပေါ်လွင်သောအခြင်းအရာမှာ အနည်းငယ်သော ပြောင်းလဲမှု၏ ဆင့်ကဲဆင့်ကဲအကျိုးဆက် Multiplier Effect ဖြစ်သည်။ ဥပမာ- ဘဏ်သို့တစ်ဒေါ်လာအပ်တိုင်းဘဏ်က ၁၅ ဆင့်သီးသန့်ထားရပါက၊ ၈၅ ဆင့်ကိုချေးယူသူများ၊ သို့မဟုတ် ဘဏ်ကနှစ်သက်ရာအတိုးရရှိ မြှုပ်နှံထားနိုင်ပေမည်။ ကုန်သည်တစ်ဦးက အာမခံစာချုပ် ဒေါ်လာတစ်သန်းဖိုးရောင်းချပြီး ရငွေဒေါ်လာ တစ်သန်းကို ဘဏ်တွင်အပ်နှံထားရှိခဲ့သည်။ ဘဏ်ကဒေါ်လာ ၁၅၀,၀၀၀ ကို သီးသန့်ထားပြီး၊ ဒေါ်လာ ၈၅၀,၀၀၀ ကို ထပ်မံချေးငှားပေမည်။ ချေးငွေကိုထုတ်ရာ၌ ငွေသားလက်ပြောင်းလက်လွှဲမရှိဘဲ ချေးငွေယူသူထံမှ ကတိစာချုပ်လက်ခံပြီး၊ ယင်းတို့၏ဘဏ်စာရင်းတွင် မြီရှင်ပေးထားမည်။ ဘဏ်၏လက်ကျန်ရှင်းတမ်းတွင် ချေးထားရပိုင်ခွင့်နှင့် အပ်ငွေပေးရန်တာဝန်နှစ်ဖက်လုံးတွင် ဒေါ်လာ ၈၅၀,၀၀၀ တိုးမြှင့်သွားပေမည်။ ဤသည်မှာ ပထမဆင့်ဖြစ်ပြီး မြီရှင်ဘုံဆင့်လွှာ Pyramid of Credit အပ်ငွေပြန့်ကားမှု Expansion of Deposit ၊ ဒါမှမဟုတ် အပ်ငွေဆင့်ကဲမှု Deposit Multiplier ဟု အမျိုးမျိုးခေါ်ဆိုကြသည်။ ပထမဆင့်အဆုံး၌ အပ်ငွေများ ဒေါ်လာ ၁,၈၅ဝ,၀၀၀ -မူလကုန်သည်၏ အပ်ငွေဒေါ်လာတစ်သန်းနှင့် ချေးယူသူများ၏ ဒေါ်လာ ၈၅၀,၀၀၀ ဖြစ်သည်။ ဒုတိယအပ်ငွေဒေါ် လာ ၈၅၀,၀၀၀ ၏ ၈၅ ရာခိုင်နှုန်း ဒေါ်လာ ၇၂၂,၅၀၀ သည် အခြားငွေချေးယူသူများသို့ ဒုတိယဆင့်ထုတ်ချေးနိုင်ပြန်သည်။ ငွေချေးယူသူတို့၏စာရင်းတွင် ဒေါ်လာ ၇၂၂,၅၀၀ မြီရှင်ပေးပြီး၊ ယင်း၏ ၁၅ ရာခိုင်နှုန်း ဒေါ်လာ ၇၅,၈၆၂.၅၀ ကို သီးသန့်ချန်ကိုင်ဆောင်၍ ကျန်ဒေါ်လာ ၆၄၆,၆၃၇.၅၀ ကို ထုတ်ချေးနိုင်ပြန်လာသည်။ ဤဖြစ်စဉ်မှ သီအိုရီအရအဆုံးတိုင်ဖြစ်ပါက၊ ကနဦးဒေါ်လာတစ်သန်းသည် ၁၅ ရာခိုင်နှုန်း သီးသန့်လိုအပ်ချက်အရ၊ ကုန်သွယ်စီးပွားဘဏ်မြီရှင်ပြန့်ကားမှု ဒေါ်လာ ၅.၆၇ သန်းဖြစ်လာပေမည်။ပေးထားပါ သီးသန့် ငွေအတွက် အပ်ငွေပြန့်ကားမှုအချက်သည် လိုအပ်သည့် အပ်ငွေအချိုး ၁÷ဝ.၁၅ ၏ ပြောင်းပြန်ဒေါ်လာ ၆.၆၇ ဖြစ်ပေသည်။
လက်တွေ့၌ ငွေချေးယူကြသူတိုင်းသည် ချေးငွေထုတ်ပေးဘဏ်တွင် ငွေစာရင်းဖွင့်အပ်နှံကြမည်မဟုတ်သော်လည်း မည်သည့်ဘဏ်တွင်ငွေအပ်သည်ဖြစ်စေ နောက်ဆုံးရလဒ်ကို သက်ရောက်မှုမရှိပေ။ အပ်ငွေနှင့်သီးသန့်ထားမှုသည် ဘဏ်စနစ်တစ်ခုလုံးတွင် ဖန်တီးပေါ် ပေါက်သည်သာဖြစ်သည်။ ထို့ပြင် ဘဏ်တစ်ခုချင်းက ပြန့်ကားမှုဖြစ်စဉ်အဆင့်နှင့် ပတ်သက်မှုနည်းပေသည်။ယင်းပါဝင်ပတ်သက်သည့် မည်သည်ကိုအရင်းခံသည်ဖြစ် စေ ငွေကြေးသစ်ကိုယ်စားပြုသောအပ်ငွေရရှိမှုကို ပို၍စိတ်ဝင်စားသည်။ ဥပဒေအရလိုအပ်သော သီးသန့်ပိုငွေများအတွက် မည်သည့်ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည်ဖြစ်စေ ပိုငွေနှင့် ချေးငွေအပေါင်းရင်းနှီးငွေတူညီသည်။ ပေါ်လစီကိုကိုင်စွဲပါက ပြန့်ကားမှုဖြစ်စဉ်သည် ဆက်လက်ပေါ်ပေါက်ပေမည်။ သို့သော် ပြန့်ကားမှုဖြစ်စဉ်အဆင့်ဆင့်သည် တစ်ပြိုင်နက်တည်းသော်လည်းကောင်း အချိန်ကာလအစဉ်တိုင်းဖြစ်မည်မဟုတ်ပေ။ အချို့ဘဏ်တို့သည် ပိုမိုနေသောသီးသန့်ငွေကို အသုံးပြုခြင်း၊ သို့မဟုတ် ကာလအတန်ကြာပြီးမှ သုံးခြင်းပြုလုပ်ပေမည်။ အခြားဘဏ်များက မျော်မှန်းထားသော သီးသန့်ငွေကို မှန်းဆအခြေခံ၍ ရပိုင်ခွင့်များတိုးချဲ့ထားနိုင်ရန် ချေးငွေများရယူထားခြင်းရှိပေမည်။ ဖြစ်စဉ်မှာမူ ဆက်လက်ပြီးပုံ ၃၀ ပါ နောက်ဆုံးအဆင့်သို့ မည်သည့်အချိန်မျ ဆိုက်ရောက်ခြင်းမရှိလည်း ဖြစ်နိုင်သည်။
အပ်ငွေကျုံ့ခြင်း ဆန့်ကျင်ဘက်ဖြစ်ခြင်းကလည်း အတိအကျတစ်ပုံစံတည်းဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်ဗဟိုဘဏ်သည် ငွေတိုက်လက်မှတ် ဒေါ်လာတစ်သန်းရောင်းချပြီး၊ ငွေကို ကုန်သွယ်စီးပွားဘဏ် (က) အပေါ်ရေးဆွဲထားသည့်ချက်ဖြင့် ရှင်းလင်းပေးချေလိုက်သည်ဆိုပါစို့။ ချက်ရှင်းလင်းပြီးသည့်အခါ ဘဏ်(က)၏ ဗဟိုဘဏ်စာရင်းတွင် ဒေါ်လာတစ်သန်း လျော့သွားပေ ။ ရလဒ်အဖြစ် ကုန်သွယ်စီးပွားဘဏ်များအားလုံး အပ်ငွေနှင့် သီးသန့်ငွေသည် ယခင်ရှိခဲ့သည်ထက် တစ်သန်းလျော့သွားမည်။ အပ်ငွေလျော့နည်းခြင်းကြောင့် သီးသန့်ငွေလိုအပ်ချက်လွတ်သွားပမာဏ ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်သည်။ ဘဏ်များတွင် သီးသန့်ပိုငွေမရှိပါက သီးသန့် ငွေပြတ်လပ်ချို့တဲ့မှုဒေါ်လာ ၈၅၀,၀၀၀ ဖြင့်ကျန်ခဲ့မည်။ ဤပမာဏကိုဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်း ကောင်းရောင်းပေမည်။ စာချုပ်ဝယ်သူများက ယင်းတို့၏ အပ်ငွေစာရင်းမှထုတ်ယူရန် ချက်များရေးဆွဲသဖြင့် အာမခံစာချုပ်နှင့်အပ်ငွေဒေါ်လာ ၈၅၀,၀၀၀ ပထမဆင့် အကျုံ့ဖြစ်စဉ်တွင် ရလဒ်ပေါ်ထွက်လာမည်။ ယခုအခါ၌ အပ်ငွေဒေါ်လာပေါင်း ၁.၈၅ လျော့ပြီး သီးသန့်ငွေပြတ်လပ်ချို့တဲ့မှု ဒေါ်လာ ၇၂၂,၅၀၀ ချို့တဲ့မှုကို အာမခံစာချုပ်များရောင်း၍၊ သို့မဟုတ် ချေးငွေများလျော့ချကျုံ့ မှုဖြစ်စဉ်ဆက်လိုက်မည်။ ကျုံ့မှုအပြန်ပြန်သည်လည်း အပ်ငွေ ပြန့်ကားမှုကဲ့သို့ နောက်ဆုံးသီးသန့်ငွေလိုအပ်ချက် ၁၅ ရာခိုင်နှုန်းစနစ်တွင် ၁/ဝ.၁၅ = ၆.၆၇ ဖြစ်ပေမည်။(Fig.30. Stages of fractional reserve banking ကိုကြည့်ပါ။)
Freight သယ်ပို့ကုန်စည်နှင့် သို့မဟုတ် ပို့ဆောင်ခ
ယေဘုယျအသုံးအနှုန်းတွင် ယာဉ်တစ်မျိုးမျိုးဖြင့် သယ်ယူပို့ဆောင်သောကုန်စည်နှင့် (သို့) ထိုသို့သယ်ယူပို့ဆောင်မှုအတွက် ပို့ဆောင်ခကိုဆိုသည်။ တိတိကျကျ ပြောကြစတမ်းဆိုပါက ကုန်စည် Cargo နှင့်ပို့ဆောင်ခ Freight တို့မှာ သီးခြားဖြစ်သည်။ လက်တွေ့တွင် ဝေါဟာရကို ထည်လဲသုံးနှုန်းကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အဓိကသုံးစွဲသော ယာဉ်တို့မှာ ကုန်တန်ချိန်အရအားဖြင့် မီးရထားများ၊ ယင်းနောက် မော်တော်ယာဉ်ထရပ်ကားများ၊ ပိုက်လိုင်းများ၊ သင်္ဘောဘေးတွဲယာဉ်များနှင့် လေကြောင်းလိုင်းတို့ ဖြစ်ကြသည်။ ပို့ဆောင်ခဝင်ငွေများအရဆိုပါကထရပ်ကားဝင်ငွေတင်ပို့ခသည် စုစုပေါင်းပို့ဆောင်ယာဉ်အားလုံးဖြင့် တင်ပို့ခဝင်ငွေ၏ ထက်ဝက်ကျော်သည်။
မြေပြင်ပေါ်ကုန်စည်အများအပြားအတွက် ပို့ဆောင်ခအသက်သာဆုံးမှာ မီးရထားဖြစ်၍ တွဲပြည့်ထုထည်အလိုက်တင်ပို့သော ဂျုံ၊ ကျောက်မီးသွေး၊ သံမဏိချောင်း/တုံးများ ဖြစ်သည်။ သို့ရာတွင် မီးရထားပေါ် မှီခိုအားကိုးရသော ကုမ္ပဏီများအတွက် မီးရထားဘူတာများအနီး၊ သို့မဟုတ် မီးရထားတွဲများနှင့် ခရီးဆုံးအတွင်း ကုန်စည်ကိုင်တွယ်မှုအနည်းဆုံးဖြစ်ရန် အထူးအစီအမံများရှိရန် လိုအပ်ပေသည်။ (ကျောကုန်းပေါ်တင်မှု PIGGY-BACK ကိုကြည့်ပါ။) ထရပ်ကားများသုံးစွဲရာ၌ ပြဿနာမဟုတ်ပေ။ ထရပ်ဖြင့် တင်ပို့ကုန်များအတွက် လက်ခံရန် ကုန်ချစခန်းများ စက်ရုံအများအပြားတွင် ရှိပြီးဖြစ်ကြသည်။ အပြီးသတ်ကုန်ချောများ ခရီးတိုပို့ဆောင်သယ်ယူရာတွင် ထရပ်ကားသုံးစွဲမှုသည် မီးရထားထက်ပိုမိုလျင်မြန်၍ ကုန်ကျစရိတ်လည်း သက်သာပေသည်။ လေယာဉ်ဖြင့် တင်ပို့မှုသည် စရိတ်အကြီးဆုံးဖြစ်သော်လည်း တဖြည်းဖြည်းတွင် ကျယ်ပြန့်လာသော်ငြားလည်း စုစုပေါင်းကုန်ကျဝင်ငွေ၏ အနည်းငယ်အစိတ်အပိုင်းသာရှိသည်။ လေယာဉ်သုံးရာ၌ လျင်မြန်သည်သာမက ထရပ်ကား၊ သို့မဟုတ် မီးရထားသုံးရာတွင် လိုအပ်သော ကြီးမားသည့် ထုပ်ပိုးကုန်ကျငွေလွှဲရှောင်နိုင်စေသည်။ (လေကြောင်း အမြန် AIR EXPRESS ၊ လေကြောင်းပို့ဆောင်ကုန်ကုန်ကျစရိတ် AIR FREIGHT တို့ကိုလည်းကြည့်ပါ။) သင်္ဘောဘေးတွဲနှင့် ပိုက်လိုင်းကုန်ကျစရိတ် လွန်စွာသက်သာသော်လည်း ကြီးမားသောကန့်သတ်ချက်များစွာရှိသည်။ သင်္ဘောဘေးတွဲများသုံးပါက နှေးကွေးပြီးရေနက်ဆိပ်ကမ်း၊ သို့မဟုတ် ပြည်တွင်းရေကြောင်းလမ်း၊ သို့မဟုန် ကုန်စည်များသက်သာချောင်ချိစွာ သင်္ဘောဘေးတွဲနှင့် ပို့ဆောင်ပေးရမည့် အမှတ်အကြား ကိုင်တွယ်နိုင်သော နည်းလမ်းများရှိရန်လိုအပ်ပေသည်။ (ငါးကျောကုန်းပေါ်တင်မှု FISHY–BACK ကိုကြည့်ပါ။) ပိုက်လိုင်းများတွင်အရည်များ အမေရိကန်ပြည်ထောင်စု၌ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပို့ဆောင်ရာတွင်အဓိကသုံးသည်။ လမ်းကြောင်းများ သတ်မှတ်ချမှတ်ပြီးပါက ပြန်လည်ပြောင်းလဲရန်ခက်ခဲသည့် ပြောင်းလဲရ အခက်အခဲအနည်းဆုံးဖြစ်သည်။
အမေရိကန်ကုမ္ပဏီအချို့တွင် ကိုယ်ပိုင်သင်္ဘောများ၊ လေယာဉ်ပျံများရှိကြပြီး ကုမ္ပဏီအများအပြားတို့က ကိုယ်ပိုင်ထရပ်ကားများရှိကြသော်လည်း သယ်ယူပို့ဆောင်မှု သိသိသာသာအတော်များပြားသော အများသုံးသယ်ယူပို့ဆောင်အဖွဲ့များကို ငှားရမ်းသုံးကြသည်။ (အများသုံးသယ်ယူပို့ဆောင်အဖွဲ့ COMMON CARRIER ၊ စာချုပ်ဖြင့် ဆောင်ရွက်ပေးသယ်ယူပို့ဆောင်အဖွဲ့ CONTRACT CARRIER တို့တွင် ကြည့်ပါ။) မီးရထားနှင့်ထရပ်ကားများ အတန်းအစားခွဲခြင်းကို အမေရိကန်ပြည် ထောင်စုပြည်နယ်အချင်းချင်း ကုန်သွယ်မှုကော်မရှင်က ပထမတန်းသတ်မှတ်သည်။ သယ်ယူပို့ဆောင်သည့် ကုန်စည်နှုန်းထားများကိုလည်း ကုန်စည်အမျိုးအစားနှင့် ပမာဏပေါ်တည်၍ သတ်မှတ်သည်။ ပိုက်လိုင်းများကို ပြည်ထောင်စုစွမ်းအင်ကြီးကြပ်ရေးကော်မရှင်က ထိန်းကျောင်း သည်။ ရေကြောင်းကမ်းလွန်သယ်ယူပို့ဆောင်သူများအား ပြည်ထောင်စုရေကြောင်းကော်မရှင်က ကြီးကြပ်ထိန်းကျောင်းသည်။ မီးရထားသယ်ယူပို့ဆောင်မှုနှုန်းထား အဓိကသုံးမျိုး (အခြားသယ်ယူပို့ဆောင်မှုများနည်းတူ) အတန်းအစားဟုခေါ်ဆိုပြီး၊ ကုန်စည်နှင့် ခြွင်းချက်ထား ကုန်စည်၊ တစ်မျိုးချင်းတွက်တွဲပြည့် (တွဲပြည့်ပေါင်ချိန် ၆၀,၀၀၀-၁၀၀,၀၀၀)၊ (တွဲပြည့်အောက်ပေါင်ချိန် ၆၀,၀၀၀ အောက်) အတွက် ဈေးနှုန်းဖော်ပြပေးသည်။ ထရပ်ကားအတွက် (ကားပြည့်ပေါင်ချိန် ၂၄,၀၀၀ နှင့်အထက်) (ကားပြည့်အောက်ပေါင်ချိန် ၂၄,၀၀၀ အောက်) ထားသည်။ (သို့ရာတွင် အချို့သောပေါ့ပါးပြီး ဝန်ကျယ်သော ကားခနှုန်းများသည် ပိုမိုများနိုင်သည်။ အကြောင်းမှာ ချဲ့ထားသည့် ပလတ်စတစ်အမယ်များ ဥပမာ-ကုဗတစ်ပေသုံး အောက်နည်းပြီး ပျမ်းမျဘေးတွဲထရပ် ပေ ၄၀ ရှည်သည့် (၂,၆၀၀ ကုဗပေတင်နိုင်၍ဖြစ်သည်။) ရထားတွဲမပြည့်အောက်နှင့် ထရပ်ကားမပြည့်အောက်နှုန်းထား များ ပြောင်းလဲနိုင်သော်လည်း တွဲပြည့်ထရပ်ကားပြည့် ကုန်များထက် ဆယ်ဆခန့် ပိုမိုမြင့်မားနိုင်သည်။ ဤသို့ သော ကွာခြားချက်များက စီးပွားရေးတွက်ခြေကိုက်အရေ များပြားစွာ ဝယ်ယူတင်ပို့ပြီး၊ အရေအတွက်အ နည်းငယ်သာလိုအပ်သော ဖောက်သည်များသို့ ရောင်းချသော လက်ကားလုပ်ငန်းအဖွဲ့များ ပေါ်ပေါက်စေခဲ့သည်။(ကုန်စည်ပို့ဆောင်ပေးသူ FREIGHT FORWARDER ၊ ပူး ပေါင်းသုံးယာဉ် POOL CAR တို့ကို ကြည့်ပါ။) အချို့ သော ထရပ်ကားကုမ္ပဏီများသည်လည်း ကားပြည့် အောက်တင်ဆောင်အလုပ်များကို ကိုယ်ပိုင်စခန်းများနှင့် စီမံခန့်ခွဲရန် ကွန်ပျူတာစနစ်များသုံးပြီး အထူးပြုကြသည်။ အချို့ကျပြန်တော့ ကားပြည့်ကုန်များကိုသာ လက်ခံဆောင်ရွက်ကြသည်။
မီးရထားခနှုန်းများကို ကုန်စည်အမျိုးအစားအမယ်ပေါင်း တစ်သောင်း၊ သို့မဟုတ် ပစ္စည်းအုပ်စုပေါင်း ပေါ်မူတည်သတ်မှတ်သည်။ တစ်သမတ်တည်းကုန် အမျိုးအစားခွဲခြားခြင်း Uniform Freight Classification တွင် ဖော်ပြထားသည်။ ထရပ်ကားများအတွက် အမျိုး သားမော်တော်ယာဉ်တင်ကုန်အမျိုးအစားခွဲခြားခြင်း (National Motor Freight Classification) က ဖော်ပြပေး သည်။ အတန်းအစား တစ်မျိုးစီအတွက် ဝန်ဆောင်မှု စရိတ်နှင့် တန်ဖိုး၊ တင်ပို့ကုန်ပမာဏနှင့် သယ်ဆောင်ခရီးအကွာအဝေး၊ ကုန်စည်၏ သိပ်သည်းမှုတို့အရနှုန်းထားများ သတ်မှတ်ပေးသည်။ ပေးထားပါကုန်စည်တစ်မျိုးချင်းအတွက် ကုန်စည်နှုန်းကို သီးသန့်အမှတ်နှစ်ခုကြား၊ သို့မဟုတ် သီးသန့်ခရီးများအတွက် သတ်မှတ်ထားရှိသည်။ ထုထည်ကြီးမားပြီးပမာဏများ ကုန်စည် (ဂျုံ၊ ကျောက်မီး သွေး၊ သစ်စသည်တို့) ပုံမှန်သယ်ပို့ဆောင်ခြင်းအတွက် အထူးနှုန်းများရှိသည်။ အချို့ကုန်စည်နှုန်းသည် လွှမ်းခြုံ ၊ သို့မဟုတ် အုပ်စုနှုန်းဖြစ်ပြီး ပထဝီဒေသကျယ်ပြန့်ခြင်းအတွက် သက်သာနှုန်းတူဖြစ်သည်။ ခြွင်းချက်နှုန်းသည် အထူးနှုန်းနိမ့်ဖြစ်ပြီး၊ ပြိုင်ဆိုင်မှုကိုလည်း ထည့်စဉ်းစား၍ ဖြစ်သည်။ မီးရထားများအတွက် အခြားသယ်ယူမှု၏ ပြိုင်ဆိုင်မှုကြောင့်လည်းကောင်း၊ ထုတ်လုပ်သူတစ်ဦးက ပို၍ဝေးသောဈေးကွက်များသို့ ပို့ဆောင်ရခြင်းကြောင့် လည်းကောင်း ဖြစ်တတ်သည်။ ဥပမာ - ဖော်ပြပါဒေသတစ်ခုအတွင်းရှိ အမှတ်များအကြား စက်ဘီးများ သယ်ယူ ပို့ဆောင်ခြင်းအတွက် ခြွင်းချက်ပြုလျော့ပေးနှုန်းဖြစ် သည်။
နှုန်းထားကွဲပြားမှု မြောက်မြားစွာရှိနေခြင်းကြောင့် ကုန်စည်တစ်မျိုးအတွက် တွက်ခြေအကိုက်ဆုံးပို့ဆောင်နည်းရွေးချယ်ရန် အထူးပြုအလုပ်ဖြစ်လာသည်။ (ယာဉ်ကြော TRAFFIC ကိုလည်း ကြည့်ပါ။) ထို့အပြင် သယ်ယူပို့ဆောင်စရိတ်သည် စုစုပေါင်းကုန်ကျစရိတ်၏ သိသာသော ရာနှုန်း- မီးရထားဖြင့် မြေကြီးနှင့် သဲ ၅၅ ရာခိုင်နှုန်း၊ သံထည် ၂၀ ရာခိုင်နှုန်း (သို့သော် စီးကရက် ထောပတ် ၂ ရာခိုင်နှုန်းအောက်)-ဖြစ်သည်။ လက်တွေ့၌ ပို့ဆောင်သူကြီးများသည် ယင်းတို့ပေးရသော နှုန်းများအပေါ် သြဇာညောင်းစေနိုင်သည်။ အနည်းဆုံးရွေးချယ်ရန် ကျယ်ကျယ်ပြန့်ပြန့်ရှိ နှုန်းထားများထက် အောင်မြင်စွာညှိနှိုင်းဈေးဆစ်ရန် ကိစ္စဖြစ်သည်။
ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))