စီးပွားရေး အဘိဓာန်  ၁၀၆

cac74166-8e3a-11e7-8ef0-0d470a818b98

European Payments Union ၊

EPU ဥရောပပေးငွေ သမဂ္ဂ၊ အီးပီယူလည်းဖြစ်သည်။

ဥရောပစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် ၁၆ နိုင်ငံ တို့က ၁၉၅၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် အေဂျင်စီတစ်ခုဖြစ်သည်။ ယင်းအဖွဲ့သည် ဥရောပပြန်လည်ရှင်သန်ရေးအစီအစဉ် EUROPEAN RECOVERY PROGRAM အကောင်အထည်ဖော်ရေးအေဂျင်စီဖြစ်သည်။

          အီးပီယူသည် စစ်ပြီးကာလအတွင်း ဥရောပငွေကြေးတစ်ခုနှင့်တစ်ခုကြား ငွေကြေးပြောင်းလဲနိုင်ရန်ယာယီစနစ်တစ်ခုဖြစ်သည်။ အီးပီယူသည် အဖွဲ့ဝင်နိုင်ငံများ အတွင်းရရန်ပေးရန်များရှင်းလင်းပေးသည်။ ၎င်းသည်အဖွဲ့ဝင်နိုင်ငံအတွင်း ငွေပေးငွေယူရှင်းတမ်းလိုငွေအတွက်ချေးငွေကိုထုတ်ပေးသည်။ အဖွဲ့ဝင်နိုင်ငံတစ်ခုချင်း ၁၉၄၉ ခုနှစ်အတွင်း ကုန်သွယ်မှုပေါ်တည်၍ကိုတာရှိပြီး၊ လိုငွေပေါ်ပါကကိုတာ၏ ၂၀ ရာနှုန်းအလိုအလျှောက်ချေးငွေရပြီးကိုတာထက်ကျော်သည့် ကိုရွှေ၊ သို့မဟုတ် ဒေါ်လာဖြင့် ပေးချေရသည်။ သမဂ္ဂ၏ကိုယ်စားလှယ်သည် ဆွစ်ဇာလန်နိုင်ငံဘေဆယ်မြို့ရှိ နိုင်ငံတကာရှင်းလင်းဘဏ် BANK FOR INTERNATIONAL SETTLEMENTS ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် အီးပီယူကိုဖျက်သိမ်းပြီး ဥရောပငွေကြေးသဘောတူစာချုပ်က EUROPEAN MONETARY AGREEMENT က ဆက်ခံသည်။

        European Recovery Program ERP ၊ ဥရောပပြန် လည်ရှင်သန်ရေးအစီအစဉ်၊ အီးအာအမ်၊ မာရှယ်အစီအစဉ် Marshall Plan လည်းဖြစ်သည်။

          ၁၉၄၇ ခုနှစ်က အမေရိကန်ပြည်ထဲရေးဝန်ကြီး ဂျော့၊ စီ၊ မာရှယ်က ဒုတိယကမ္ဘာစစ်အပြီး အနောက်ဥရောပပြန်လည်ထူထောင်ရေးထောက်ကူရန် အဆိုပြုခဲ့သည်။ ၁၉၄၇ ဇူလိုင်လတွင် ၁၆ နိုင်ငံက တည်ထောင်ခဲ့သော ဥရောပစီးပွားရေးပူပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအီးအီးစီ) ကလက်ခံအတည်ပြုခဲ့သည်။ နွေဦးပေါက်တွင် အမေရိကန်ဒေါ်လာခြောက်ဘီလီယံနှင့်စခဲ့သည်။ အဖွဲ့ဝင်နိုင်ငံ တစ်ခုစီက မိမိထည့်ဝင်ဘဏ္ဍာငွေနှင့်ညီမျှသောထောက်ပံ့ငွေရမည်ဖြစ်ပြီး ၁၉၄၈-၁၉၅၁ လေးနှစ်ဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲတင်ပြရသည်။ ရန်ပုံငွေဖြန့်ဝေမှုချေးငွေနှင့် ထောက်ပံ့လက်ဆောင်အပါအဝင်ကို စီးပွားရေးပူးပေါင်း စီမံအုပ်ချုပ်မှုရုံး၊ အီးစီအေ Economic Cooperation Adm-inistration – ECA ဆောင်ရွက်သည်။ ဘဏ္ဍာငွေကြေးကို အဝေးပြေးလမ်းမကြီးများ၊ တံတားများ၊ မီးရထားလမ်း များ၊ လျှပ်စစ်ဓာတ်အားထုတ်ရုံများ၊ အိမ်ယာများ၊ စက်ရုံ များစသည့်တို့ တည်ဆောက်ခြင်းနှင့် လယ်ယာဖွံဖြိုးရေးအ တွက် အမျိုးမျိုးအသုံးပြုသည်။ ဗြိတိန် (၂ နှစ်ပြီး လုံးဝမ လိုအပ်)၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနိုင်ငံတို့က အဓိက ရရှိခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်ရောက်သည်နှင့် စက်မှု ထုတ်လုပ်မှုသည် စစ်မဖြစ်မီ အဆင့်ထက်ကျော်လွန်ခဲ့ပြီး ကွန်မြူနစ်ဝါဒချကြထွင် ခြင်းသည်လည်း ရပ်တန့်သွားပြီ ဖြစ်သည်။

          သို့သော်ငြားလည်း အနောက်ဥရောပ၌ ဒေါ်လာ ပြတ်လပ်မှုကြီးမားသဖြင့် ယင်းချို့တဲ့မှုများ လျှော့နည်း ရန် အမေရိကန်ထောက်ပံ့မှုအစီအစဉ်ဆက်ရသည်။ စုစု ပေါင်းအီးအာပီ အထောက်အပံ့သည် စစ်ရေးအကူအညီ မပါ စုစုပေါင်း ဒေါ်လာဘီလီယံ ၃၀ ရှိလောက်သည်။ ဆိုဗီ ယက် ယူနီယံကလည်း ၁၉၄၉ ခုနှစ်တွင် အလားတူ အစီ အစဉ်ထူထောင်ခဲ့သည်။ စီးပွားရေးအပြန်အလှန်ကူညီ ထောက်ပံ့ရေးကောင်စီ COUNCIL OF MUTUAL ECONOMIC ASSISTANCE  ကို ကြည့်ပါ။

Event ဖြစ်ရပ်

စာရင်းအင်းပညာရပ်တွင် ပေါ်ပေါက်ဖြစ်ပျက်မှုများကို တိုင်းတာထားခြင်းကိုဆိုသည်။ ဥပမာ- ဖောက်သည်တစ်ဦးက အမှတ်တံဆိပ် သီးသန့်တစ်ခုကို ဝယ်ယူမှု၊ သို့မဟုတ် စက်တစ်ခုက ချို့တဲ့သည့် အစိတ်အပိုင်းထုတ်လုပ်မှုကို ဆိုသည်။ ဖြစ်ရပ်များသည် လွတ်လွတ်လပ်လပ်၊ ချိတ်ဆက်ပက်သက်၊ သို့မဟုတ် အပြန်အလှန်ပေါ်ပေါက်မှု ကင်းနိုင်သည်။ ငွေဒင်္ဂါးတစ်ခုကို ခေါင်းပန်းလှန်ရာ၌ ထွက်ပေါ်သည့် ရလဒ်သည် ယခင်က လှန်ခဲ့ခြင်းများ၊ သို့မဟုတ် နောက်ထပ်လှန်မည်တို့နှင့် လုံးလုံးလျားလျား လွတ်လပ်စွာဖြစ်နေသည်။ ဘောပွဲတစ်ခု ဖျက်သိမ်းခြင်း နှင့် နှင်းမုန်တိုင်းတစ်ခုသည် ဆက်စပ်သည့် ဖြစ်ရပ်မှန်သော်လည်း နှင်းမုန်တိုင်းတစ်ခုနှင့် အပူချိန်ပြဒါးမှတ် ၇၅ ဒီဂရီ တစ်ကြိမ်တည်းရှိနေခြင်း အပြန်အလှန် လုံးလုံးလျားလျား ဖြစ်မှုဘောင်အပြင်မှ ဖြစ်သည်။

Ever-Normal Granary  ပုံမှန်အမြဲရှိစပါးသီးနှံကျီကြီး။

လယ်ယာထွက်ကုန်ဈေးနှုန်းများထောက်ကူရန် အမေရိကန်အစိုးရပြုစုထားသော အစီအမံများဆိုင်ရာ သဘော တရားဖြစ်သည်။ အထွက်ကောင်း၍ ပိုသောသီးနှံများထိန်း သိမ်းသိုလှောင်ထားပြီး အထွက်ညံ့သည့်အခါ ထုတ်ရောင်းချသည်။ အစိုးရက တောင်သူလယ်သမားများသို့ သိုလှောင်ထားသည့် သီးနှံတန်ဖိုးအထိ ချေးငွေများထုတ် ပေးသဖြင့် ၎င်းတို့၏ ဝင်ငွေများလက်တွေ့မရောင်းချမီဝင်ငွေများရရှိပြီး အထွက်ကောင်း၍ ဈေးကွက်တွင် သီး နှံများပိုလျှံ၍ ဈေးကျခြင်းရှောင်လွှဲနိုင်သည်။ လယ်ယာ စိုက်ပျိုးရေးသို့ ထောက်ပံ့မှု AGRICULTURE ၊ AID TO  ကိုလည်းကြည့်ပါ။

Eviction နှင်ထုတ်ခြင်း။

အိမ်ငှားကို အိမ်ရှင်က နှင်ထုတ်ခြင်းအတွက် ယေဘုယျ အသုံးအနှုန်းဖြစ်သည်။ အတိအကျဆိုပါက အိမ်ရှင်ကအငှားစာချုပ်ချိုးဖောက်ရာရောက်သည်။ မောင်းထုတ်ခြင်း ejection မှာမူ အိမ်ရှင်က အိမ်ငှား၏ ငှားခပေးရန် ပျက်ကွက်ခြင်း၊ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် ပိုင်ဆိုင်မှုပြန်လည်ရရှိရန် အိမ်ရှင်၏ အရေးယူချက်ဖြစ်သည်။ ငှားရမ်းခြင်း LEASE အောက်ကိုလည်းကြည့်ပါ။

Exception Rate  ချွင်းချက်အခနှုန်း။

ငှားရမ်းခ FREIGHT တွင်ကြည့်ပါ။

Excess-Profits အမြတ်ကြီးမားမှုအခွန်။

ကုမ္ပဏီဝင်ငွေခွန် CORPORATION INCOME TAX တွင် ကြည့်ပါ။

Excess-REServes ပိုကဲသီးသန့်ငွေများ။

ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခုက ကိုင်ဆောင်ထား ရှိရမည့် ငွေနှင့်အပ်ငွေများထက် ပိုမိုကိုင်ဆောင်ထား ငွေ သားနှင့် အပ်ငွေများကိုဆိုသည်။ (သီးသန့်ထားရန် လို အပ်ချက် RESERVE REQUIREMENTS  ကိုကြည့်ပါ။)ဤပိုကဲပမာဏသည် ဘဏ်၏ ထပ်မံချေးငွေပေးနိုင်ချေ၊ သို့မဟုတ် အစိုးရငွေကြေးစာချုပ်များတွင် မြှုပ်နှံမှုကို တစ်စိတ်တစ်ပိုင်းပြနေသည်။ ဖယ်ဒရယ်ဗဟိုဘဏ် အဖွဲ့ ဝင်ဘဏ်များ၏ သီးသန့်ငွေများကိုတိုးနိုင်လျှော့နိုင် သည်။

          ထိုသို့တိုးမြှင့်ရန်၊ သို့မဟုတ် လျှော့ချရန် အစိုး ရချေးငွေများ၊ လက်မှတ်များ၊ သို့မဟုတ် ဘီလ်များဈေး ကွက်တွင် ကူးသန်းရောက်းဝယ်ရေးဘဏ်၊ သို့မဟုတ် အ များပြည်သူထံမှ ဝယ်ယူ၍၊ သို့မဟုတ် ရောင်းချရန်ပြု လုပ်နိုင်သည်။ အာမခံစာချုပ်များစီးပွားကူးသန်းဘဏ် များမှ ဝယ်ပါက ဖယ်ဒရယ်ဒိစတိတ်ဗဟိုဘဏ်၏ သီး သန့်လက်ကျန်က ဝယ်ယူပမာဏနှင့်အညီ တိုးသွားသည်။ ငွေချေးအာမခံစာချုပ်များ အများပြည်သူထံမှ ဝယ်ပါက ရောင်းသူကို ဖယ်ဒရယ်ဘဏ်ပေါ် ချက်ရေးပေးသဖြင့် ရောင်းသူက စီးပွားကူးသန်းဘဏ်သို့ ထုတ်ရန်အပ်မည်။ စီးပွားကူသန်းဘဏ်က ဖယ်ဒရယ်ဘဏ်သို့ ပို့ဆောင်၍ ကောက်ခံသဖြင့် ဘဏ်၏ သီးသန့်ငွေတိုးတက်သည်။ပိုကဲသီးသန့်ငွေဘဏ်၏ ချေးငွေတိုးမြှင့်ရန်၊ သို့မဟုတ် ငွေကြေးစာချုပ်များ ဝယ်ယူမြှုပ်နှံရန် အရင်းအမြစ်ဖြစ် သည်။

          ငွေကြေးစာချုပ်များဝယ်ရန် ဖယ်ဒရယ်ဗဟို ဘဏ်မှ ငွေချေးနိုင်သည်။ ဘဏ္ဍာရေးစီစစ်သုံးသပ် သူများက ဘဏ်တို့၏ ချေးငှားငွေပမာဏ တိုးမြှင့်နိုင်မှု စုစုပေါင်းပိုကဲငွေမှ ဗဟိုဘဏ်မှ ချေးငွေများနှုတ်ပြီး ကျန် လွတ်လပ် သီးသန့်ငွေများဖြင့် ချိန်ထိုးရန်လိုလားကြ သည်။ ဘဏ်တစ်ခုသည် ပိုကဲသီးသန့်ငွေများကို နေ့ချင်း ပြန်ချေးငွေအတွက်လည်း ချေးငှားနိုင်သည်။ ဖယ်ဒရယ် ငွေကြေးဈေးကွက် FEDERAL FUNDS MARKET

 ကိုလည်းကြည့်ပါ။

          Exchange for EIgn နိုင်ငံခြားငွေ FOREIGN EXCHANGE ကိုလည်းကြည့်ပါ။

 

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း)