သင့်ကိုယ်အလေးချိန်လျော့ကျဖို့ သင့်မှာ ပန်းတိုင်လေး ထားရှိကောင်းထားရှိထားမှာပါ။ သင့်မှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ အဝတ်အစားတွေလည်း ရှိနေမှာပါ။ သင့်ရေခဲသေတ္တာမှာလည်း အာဟာရနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေအရ အသားတွေ၊ အသီးအနှံတွေ၊ အရွက်တွေနဲ့ တခြားအရာတွေ ပြည့်စုံစွာရှိနေမှာပါ။ သင့်ရဲ့ အကျင့်ဆိုးတွေကို ဖျောက်ပြီး ကျန်းမာအောင်နေမယ့် နည်းလမ်းတွေလည်း ရှိနေမှာပါ။ အခက်ခဲဆုံးအပိုင်းကတော့ တကယ်လိုက်နာပြီး ကိုယ်အလေးချိန်ကျအောင် ပြုလုပ်အောင်မြင်ဖို့ပါပဲ။
ပုံမှန်အရပြောရမယ်ဆိုရင်တော့ လူတွေကို အလေးချိန်ချဖို့ မပြုလုပ်နိုင်တာ အောက်ဖော်ပြပါ အချက်တွေကြောင့်ပါ။
၁) အစားအလွန်အကျွံစားခြင်း (ကျန်းမာစေတဲ့အစာအစာတွေလည်း အလွန်အကျွံစားမှာပါပဲ)
၂) အိပ်ချိန် အပြည့်အဝမရခြင်း
၃) ညစာ ခဏခဏ ထွက်စားခြင်း
၄) အဆိုးမြင်တတ်ခြင်း
၅) ကိုယ်အလေးချိန်လျှော့ခြင်းနဲ့ ပတ်သက်ပြီး မိမိကို ထောက်ပံ့ပေးနိုင်မည့်သူမရှိခြင်း
၆) မဖြစ်နိုင်တဲ့ပန်းတိုင်တွေ ချမှတ်ပြုလုပ်ခြင်း
၇) ပုံမှန် လုပ်ကိုင်နိုင်စွမ်း မရှိခြင်း
၈) အချိန်ရွှေ့ဆိုင်းခြင်း
၉) အချိန်မရှိခြင်း
တစ်ရက်ကို ခြေလှမ်း ၁၀,၀၀၀ ခန့် လျှောက်ပါ . . .
သင် ကျစ်လျစ်လာအောင် ပြုလုပ်နိုင်ဖို့ကတော့ နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းပါပဲ။ ဒါဟာလွယ်ကူသလို သင်ဘယ်နေရာမှာမဆို ပြုလုပ်နိုင်ပါတယ်။ American Heart Association ကတော့ တစ်ရက်ကို ခြေလှမ်းပေါင်း ၁၀,၀၀၀ ခန့် လျှောက်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒီထက်ပိုလျှောက်နိုင်လေ ပိုအကျိုးရှိလေပါပဲ။ ဒါမှမဟုတ်ဘူးဆိုရင်တော့ တစ်ပတ်မှာ ခြေလှမ်းတစ်ထောင်ခန့် တိုးတိုးလျှောက်ပြီး ခြေလှမ်း ၁၀,၀၀၀ ခန့် တိုးလျှောက်ပါ။ စိတ်ရှည်စွာပြုလုပ်ခြင်းက သင့်ပန်းတိုင်ကို ရောက်လာနိုင်မှာ ဖြစ်ပါတယ်။
လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးများ . . .
ကယ်လိုရီတွေ လောင်ကျွမ်းရုံသာမကပါဘူး။ လမ်းလျှောက်ခြင်းမှာ အကျိုးများစွာရှိပါတယ်။
- အဝလွန်ခြင်းနဲ့ ဆက်စပ်ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။
- အရိုးတွေကို သန်မာစေပါတယ်။
- ဖန်တီးနိုင်စွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။
- အလုပ်လုပ်ကိုင်ရာမှာလည်း အလုပ်တွင်ကျယ်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာစေပါတယ်။
- စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။
- စိုးရိမ်မှုနဲ့ စိတ်ကျခြင်းတွေကိုလည်း လျော့ကျစေပါတယ်။
- လေ့ကျင့်ခန်းအနေနဲ့လည်း လွယ်ကူပါတယ်။
- တခြားစက်ကိရိယာတွေ မလိုအပ်ဘဲ ပြုလုပ်နိုင်ပါတယ်။
အပြင်မှာလမ်းထွက်လျှောက်ခြင်း၊ အထူးသဖြင့် သင့်ရဲ့သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ သင့်ရဲ့ ခွေးလေးတွေနဲ့ပဲဖြစ်ဖြစ် သွားလာခြင်းက သိပ်ကိုကောင်းပါတယ်။ သင်တစ်ယောက်တည်းမဟုတ်ဘဲ သင့်ကို အတူတကွ ထောက်ပံ့ပေးနေသူတွေရှိနေတော့ သင်ကိုယ်အလေးချိန်ကျဖို့ သင်တစ်ယောက်တည်း ရုန်းကန်သလို မခံစားရတော့ဘူးပေါ့။
အချိန်ရအောင် ပြုလုပ်ပါ . . .
သင့်ရဲ့ ရှုပ်ထွေးလှတဲ့ အချိန်ဇယားတွေကြားထဲကနေ အချိန်ကိုရအောင် ရှာနိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြလိုပါတယ်။
၁။ သင်သွားမယ့် အဆောက်အအုံနဲ့ အဝေးဆုံးနေရာမှာ သင့်ကားကို ရပ်ပါ။
၂။ ဓာတ်လှေကားထက် လှေကားကိုပဲ အသုံးပြုပါ။
၃။ သင့်ရုံးခန်းနဲ့ အဝေးတစ်နေရာမှာ Printer ကို ထားပါ။
၄။ သင့်လုပ်ဖော်ကိုင်ဖက်တွေကို ဖုန်းဆက်ခေါ်ခြင်း၊ အီးမေးလ်ပို့ခြင်းထက် သူတို့ဆီကို တိုက်ရိုက်လမ်းလျှောက်သွားလိုက်ပါ။
၅) ကားမှတ်တိုင်ကို တစ်မှတ်တိုင် စောဆင်းပြီး လမ်းလျှောက်ပါ။
၆) ဖုန်းပြောနေစဉ် လမ်းလျှောက်ပြီးပြောပါ။
၇) လမ်းလျှောက်စက်ပါတဲ့ ထိုင်ခုံမျိုးကို သုံးပါ။
၈) အလုပ်ကို လမ်းလျှောက်သွားပါ။
အခုအခါမှာ ခြေလှမ်းတွေကို ရေတွက်ပေးနိုင်တဲ့ဖုန်း Application တွေလည်း ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ ခြေလှမ်းတွေကို ရေတွက်ဖို့လည်း မခက်ခဲတော့ပါဘူး။ အခုအချိန်က သင်ထိုင်နေတဲ့ နေရာကနေထပြီး ကျန်းမာအောင်နေသွားဖို့ အချိန်ပါပဲ။ ဘာမှအကြောင်း မပြပါနဲ့တော့။
အဒိုနီရမ်