ကမ္ဘာတစ်ဝန်း အလုပ်သမားအတိုးအလျော့အခြေအနေနဲ့ အမျိုးသမီးဝန်ထမ်း တိုးပွားလာမှု

ညွန့်သောင်း

အလုပ်အကိုင်တွေ နည်းပါးခြင်း၊ ပေါများခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာခေါင်းဆောင်တချို့က ပြောကြတာတွေရှိ တယ်။ အမေရိကန်သမ္မတ ထရမ့်ကဆိုရင် အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလန်းများနဲ့ ပတ်သက်လို့ ၅၁ နှစ်အတွင်း အခြေအနေကောင်းဆုံး ဖြစ်ပါတယ်လို့ ပြောတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကလည်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း သူမနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းလည်းမကြုံဘူးအောင် ကျဆင်းခဲ့တယ်လို့ဆိုတယ်။ သြစ တြေးလျဝန်ကြီးချုပ်ကလဲ သူတို့အစိုးရလက်ထက်မှာ နေ့စဉ် လူ(၇၃၀) အတွက် စလုပ်နိုင်ခဲ့တယ်လို့ ကြွားလုံး ထုတ်နိုင်ခဲ့တယ်။ ဂျပန်ဝန်ကြီးချုပ်ကလဲ ဂျပန်လူငယ် တွေကို အလုပ်ရရေးတွက် စံချိန်ချိုးပေးနိုင်ခဲ့တယ်လို့ ကြွားပြန်ပါတယ်။ ဒါပေမယ့် ဒီလိုအောင်မြင်မှုတွေက သူတို့ချည်းပဲတော်လို့ ထူးချွန်လို့ မဟုတ်ဘူး .... တခြား အထွေအထွေအကြောင်း များကြောင့် ဖြစ်တယ်။

အလုပ်အကိုင်တွေပိုပြီး ကြီးလာခဲ့ပြီး(OECD) နိုင်ငံတွေအားလုံးတော့မဟုတ်ပါ။ တချို့ဥပမာအားဖြင့် အီတလီ၊ ဂရိနဲ့ စပိန်နိုင်ငံတွေမှာ အလုပ်လက်မဲ့နှုန်းဟာ ၂၀၀၈ -၂၀၀၉ နှစ်ကာလ ဘဏ္ဍရေးအကြပ်အတည်း မတိုင်မီကထက် မြင့်မားလျက်ရှိနေတယ်။

အလုပ်လက်မဲ့ဦးရေး နည်းပါးသွားရခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်ကတော့ နည်းပညာတိုးတက်လာခြင်းဖြစ်ပါတယ်။ အရင်ကဆိုရင် အလုပ်သမားအလိုရှိတာ အများသိစေချင်ရင် သတင်းစာတွေထဲမှာဖြစ်ဖြစ် ကြော်ငြာထည့်ကြော်ငြာတယ်။ ဒါမှမဟုတ် အသိတွေထဲ ကဖြစ်ဖြစ် ကြော်ငြာထည့်ကြရတယ်။ ဒါမှမဟုတ် တစ်ယောက်နဲ့ တစ်ယောက်နှုတ်နဲ့ပဲ စကားပါးတယ်။အခုတော့ ထိုင်ရာမထ အင်တာနက်ကတစ်ဆင့် အလုပ် ခေါ်လို့ရနေပြီ။ အလုပ်ရှာနေသူတွေအတွက် လွယ်ကူစွာဆက်သွယ်နိုင်ပြီး (OECD) နိုင်ငံတွေထဲက အလုပ်လက် မဲ့နှုန်းများနေတဲ့နိုင်ငံတွေကို ကြည့်မယ်ဆိုရင် အင်တာ နက်သုံးသူဦးရေ နည်းပါးနေကြတာတွေ့ရတယ်။ အီတလီ နိုင်ငံမှာဆိုရင် အလုပ်လက်မဲ့ဖြစ်နေကြသူတွေထဲက အ လုပ်ရှာဖို့ အင်တာနက်သုံးသူဦးရေဟာ ၄၀ ရာခိုင်နှုန်းပဲရှိ တယ်။ တောင်ကိုရီးယားမှာတော့ ၉၅ ရာခိုင်နှုန်းရှိတယ်။

ယာယီကျပန်းအလုပ်ကလေးတွေကြောင့်နဲ့ အလုပ်အကိုင်ရရှိနှုန်းကို မြင့်တက်လာပါတယ်။ အရင် ကဆိုရင် ရေပိုက်ခေါင်းပျက်ရင် ကိုယ့်ဖာသာကိုယ် ပြင်ကြတယ်။ အခုတော့ သူများကိုလက်ခပေးပြီး ငှားတယ်။ ဒီတော့ အလုပ်တွေရကြတာပါ။

အလုပ်သမားဦးရေ တိုးပွားလာခြင်းရဲ့ အကြောင်းတစ်ရပ်ကတော့ အစိုးရများရဲ့ ဆုပေးဒဏ်ပေး စနစ်ကို ကျင့်သုံး၍ပဲဖြစ်တယ်။ တနည်းအားဖြင့် အလုပ် လုပ်သူတွေအဆင်ပြေအောင် ကူပြီးဆောင်ရွက်ပေးခြင်း ဖြင့် အလုပ်သမားအမျိုးသမီးတွေကို အလုပ်နဲ့မိသားစု အဆင်ပြေအောင် လုပ်ဆောင်တယ်။ မီးဖွားခွင့်တွေပေးတယ်။ ဂျပန်မှာဆိုရင်ကလေးထိန်း ဌာနတွေတိုးမြှင့်ပေးတယ်။ အလုပ်သမားကုလသမဂ္ဂတွေရဲ့ သြဇာအာဏာကို လျော့ချတယ်။ လုပ်ခလစာများကို ဈေးကွက်အခြေအနေကိုလိုက်ပြီး အတိုးအလျော့လုပ်တယ်။ ဂျပန်အရပ်သား များရဲ့ အလုပ်ဝင်ငွေတွေထဲမှာ အလုပ်ရှင်ကပေးတဲ့ ဘောနပ်စ် (ဆုကြေးငွေ)များဖြစ်တယ်။ စီးပွားရေးမကောင်းတဲ့ အချို့အလုပ်ရှင်တွေက ဘောနပ်စ်ကို လျော့ပေးတယ်။ (၂၀၁၉) ခုတုန်းကဆိုရင် ဘောနပ်စ်ဆုကြေးတွေကို (၄၀) ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့တယ်။ အလုပ်လက်မဲ့ခံ စားခွင့်များကိုလည်း လျော့ချခဲ့တယ်။

ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာမှာ အမျိုးသမီးအလုပ်သမား အများဆုံးဖြစ်ပါတယ်။ အသက် (၁၅) နှစ်မှ (၆၄) နှစ်အ ရွယ်အထိ အမျိုးသမီးတွေဟာ အလုပ်ဝင်လုပ်ကိုင် နေကြတဲ့ အမျိုးသမီးအားလုံးရဲ့ (၇၉) ရာခိုင်နှုန်းလောက်ရှိတယ်။

ဘီစီ (၁၁၁) တုန်းက တရုတ်တွေလာရောက် သိမ်းပိုက်ခြင်း မရှိတုန်းကဆိုရင် ဗီယက်နမ်မှာ အမျိုးသားတွေက မိသားစုများကို ကြီးစိုးလွှမ်းမိုးခဲ့တယ်။ ဒါပေမယ့် တရုတ်တို့နဲ့သာမက ပြင်သစ်နဲ့အမေရိကန်တို့နဲ့ပါ စစ်ဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသားတွေအများအပြားဟာ တိုက်ပွဲတွေမှာ ဒါဏ်ရာရဲ့ ဒုက္ခိတတွေဖြစ်ခြင်း သေဆုံးကြတာတွေ ရှိခဲ့ပါတယ်။
အလုပ်သမားတွေကို လုပ်ခကိုတိုးပေးရတယ်ဆိုရင်တော့ အလုပ်ရှင်တွေဟာ လူအစားစက်တွေကို သုံး ခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ အလုပ်သမားဦးရေ တိုး တက်များပြားစွာ ငှားရမ်းခန့်ထားနေနိုင်တာကိုကြည့်ရင် အဲ့သလိုအဖြစ်မျိုးမဖြစ်နိုင်ပါဘူး။ မခန့်နိုင်ရင်တောင် လျော့ကျမသွားဘူးဆိုတာ အလားအလာကောင်