၂၀၁၅ ထိုင်းခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေက လေ့လာနိုင်တဲ့ အချက် ၆ ချက်

JuneTips

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံ GDP အတွက် အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး ဝင်ငွေကောင်းကောင်း ရှာပေးနိုင်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ လှပတဲ့ပင်လယ်ကမ်းခြေတွေ၊ ခမ်းနားပြီးအဆင့်အတန်းမြင့်တဲ့ အပန်းဖြေစခန်းတွေ၊ ပျော်စရာတွေပြည့်နေတဲ့ ပွဲတော်တွေက  သန်းနဲ့ချီတဲ့ ခရီးသွားဧည့်သည်တွေကို နှစ်စဉ်နှစ်တိုင်း ဆွဲဆောင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ထဲထဲဝင်ဝင်လေ့လာပြီးတဲ့နောက်မှာ ထိုင်းခရီးသွားလုပ်ငန်းဟာ ပုံမှန်ထက်နိမ့်ကျနေတဲ့ စီးပွားရေးအခြေအနေမှာတောင် ဆက်လက်ပြီး ဘယ်လိုရပ်တည်အောင်မြင်နေလဲဆိုတဲ့ တန်ဖိုးရှိတဲ့သင်ခန်းစာကို လေ့လာနိုင်ပါတယ်။ ဒီလိုကိန်းဂဏန်းတွေထဲက အရေးပါတဲ့ ကိန်းဂဏန်း တချို့ကတစ်ဆင့် ရရှိနိုင်တဲ့ သင်ခန်းစာခြောက်ခုကို တင်ပြလိုက်ပါတယ်။

၁။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအတွင်း ခရီးသွားဧည့်သည် ၁၂ .၄ သန်း ရှိပါတယ်။

Songkran ပွဲတော် (ထိုင်းသြင်္ကန်ပွဲတော်) ကို ဧပြီလမှာ ကျင်းပပြီး ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည်တွေဟာ သူတို့နိုင်ငံကနေ အအေးရှောင်လိုတာကြောင့် ထိုင်းနိုင်ငံကို အလည်လာကြတာများပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းထက် ၂၀၁၅ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်း တက်လာပါတယ်။

၂။ ခရီးသွားလုပ်ငန်းကနေ ဘတ်ငွေ၂ .၂ ထရီလီယံ ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကနေ ဝင်ငွေဘတ် ၂.၂ ထရီလီယံ ရရှိခဲ့ပြီး ဘတ် ၁.၄ ထရီလီယံဟာ နိုင်ငံတကာခရီးသွားတွေဆီက ရရှိတဲ့ ဝင်ငွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ပြည်တွင်းခရီးသွားလုပ်ငန်းကို တိုးမြှင့် လုပ်ကိုင်လျက်ရှိပြီး ၂၀၁၆ ခုနှစ်၊ Songkran ပွဲတော်ရက်အတွင်း ပြည်တွင်းခရီးသွားလာသူတွေကို Incentives (မက်လုံး) တွေ ပေးခဲ့ပါတယ်။

၃။ ခရီးသွားလုပ်ငန်းဟာ ဆက်လက်ပြီး တိုးတက်နေပါတယ်။

၂၀၁၅ ခုနှစ် စာရင်းဇယားအရ ထိုင်းခရီးသွားလုပ်ငန်းက ဝင်ငွေ သောက်သောက်လဲဝင်ခဲ့တာကို ညွှန်ပြနေပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ခရီးသွား ၃၂ သန်းဝင်ရောက်ခဲ့ပြီ ဖြစ်ပြီး တရုတ်လူမျိုးခရီးသွား အများဆုံးပါဝင်ပါတယ်။

JuneTips2

၄။ ခရီးသွားဧည့်သည်တွေဟာ နောက်တစ်ကြိမ် ပြန်လာလေ့ရှိကြပါတယ်။

ထိုင်းနိုင်ငံကိုအလည်လာတဲ့ ခရီးသွားဧည့်သည်တွေရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိက နောက်ထပ် ပြန်လာလည်လေ့ရှိတာကို တွေ့ရပါတယ်။ ဒါက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာ ဧည့်သည်တွေ စိတ်ကျေနပ်မှုရအောင် စွမ်းဆောင်နိုင်ပြီး နောက်တစ်ကြိမ်ပြန်လာအောင် ထိန်းသိမ်းထားနိုင်တဲ့အထိ ကောင်းမွန်စွာလုပ်ဆောင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ဈေးသက်သာစွာ ခရီးသွားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်တာပတ်လုံးမှာလည်း ခရီးသွားလုပ်ငန်းဟာ ဆက်လက်ကောင်းမွန်နေမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

၅။ ခရီးသွားလုပ်ငန်းအပေါ် အာရုံစိုက်မှု မြင့်မားနေပါတယ်။

နိုင်ငံအတွက် အရေးကြီးတဲ့လုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံက စနစ်တကျကာကွယ်မှုတွေ ပြုလုပ်ထားပါတယ်။ နိုင်ငံ GDP ကို တိုးတက်စေတဲ့ လုပ်ငန်းကြီးဖြစ်တာကြောင့်လည်း စည်းမျဉ်းစည်းကမ်းတွေ သေချာချမှတ်ထားပြီး ထိန်းချုပ်ထားပါတယ်။ ထိုင်းခရီးသွားလုပ်ငန်းကို ထိုင်းလူမျိုးတွေက အင်မတန်ကို အာရုံစိုက်ပြီး Tour Operator တွေကို ကာကွယ်ပေးဖို့ တောင်းဆိုလာပါတယ်။ ထိုင်းဥပဒေအရ Tour Operator ဟာ ထိုင်းလူမျိုးက ဆင်းသက်သူဖြစ်ရပါတယ်။ တရုတ်လူမျိုး Tour Operator တွေဟာ တရုတ်လို ကောင်းကောင်းပြောနိုင်ပြီး ထိုင်းလူမျိုး Tour Operator တွေထက် ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးပြီး လုပ်ငန်းတွေ တော်တော်များများပေါ်ပေါက်လာပါတယ်။ ဒါကို ထိုင်းတွေက ဆန့်ကျင်ပြီး ဖယ်ရှားပေးဖို့ တောင်းဆိုကာ သူတို့မှာ အရင်းအမြစ်နဲ့ လူ့စွမ်းအားတွေရှိတယ်လို့ အခိုင်အမာ ပြောဆိုဆန့်ကျင်ပါတယ်။

JuneTips3

၆။ ခရီးသွားလုပ်ငန်းဟာ အန္တရာယ်ရှိပါတယ်။

ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံစီးပွားရေးရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့ အန္တရာယ်များတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ခရီးသွားဧည့်သည်တွေဟာ ပျော်ရွှင်မှုအတွက် ထိုင်းနိုင်ငံကို လာရောက်ပြီး အန္တရာယ်ကင်းတဲ့ ယာဉ်မောင်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် သေဆုံးတာတွေ၊ ဆေးရုံတက်ရတာမျိုးတွေအထိ ဖြစ်ပါတယ်။ Songkran ပွဲတော်ရက်အတွင်း မတော်တဆမှု ၃,၃၇၃ မှု၊ ဒဏ်ရာ ရရှိမှု ၃,၅၅၉ မှုနဲ့ သေဆုံးမှု ၃၆၄ မှုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဟာ အန္တရာယ်ကင်းစွာ ယာဉ်မောင်းနှင်ရေး Campaign တွေပြုလုပ်ခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ ထိုင်းခရီးသွားတွေဟာ အန္တရာယ်ကင်းတဲ့သွားလာရေး နည်းလမ်းတစ်ခုကို အလေးထား ရွေးချယ်ပြီး အသုံးပြုဖို့လိုပါတယ်။

ဇင်မင်း