၂၀၁၄ မလေးရှား ကုန်ပစ္စည်းပြပွဲ

Malaysia Trading 11

Malaysia Trading 8 မလေးရှား ကုမ္ပဏီတွေ မြန်မာနိုင်ငံစီးပွားရေး ဈေးကွက် ရင်းနှီးမြှပ်နှံမှု ပြလုပ်ရန်အတွက် မလေးရှား ကုန်ပစ္စည်းပြပွဲ ၂၀၁၄ကို ကျင်းပခဲ့ပါတယ်။ ပွဲကို Matrade မှ စီစဉ်ကျင်းပတာဖြစ်ပြီး ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၁ရက် ကနေ ၄ရက် အထိ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ အခမ်းအနားကို ဌာနဆိုင်ရာမှ အရာရှိကြီးများ၊ မလေးရှား သံရုံးမှ သံအမတ်ကြီးများနဲ့ တာဝန်ရှိသူများက တတ်ရောက်ဖွင့်လှစ် ပေးခဲ့ပြီး နောက်မှာတော့ မလေးရှား လုပ်ငန်းရှင်တွေ နဲ့မြန်မာလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပွဲမှာ Matrade ဒုအမှုဆောင် အရာရှိချုပ် Susila Devi က မလေးရှား ဝန်ဆောင်မှု ပြပွဲ MSE နဲ့ အရောင်းပြခန်းဖွင့်ပွဲမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစီးပွားရေး တိုးတက်ဖို့တွေအပြင် နိုင်ငံခြားဈေးကွက် တွေကို ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် မလေးရှား နဲ့ မြန်မာနိုင်ငံ ကုမ္ပဏီတွေ နှစ်ဘက်ကုန်သွယ်ရေး နဲ့ စီးပွားရေး အစုစပ် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပုံဖော်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မလေးရှား ကုန်ပစ္စည်းပြပွဲကို ၂၀၁၂ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ကျင်းပတာဖြစ်ကြောင်းလည်း သိရပါတယ်။ ပွဲမှာ မလေးရှား ကုမ္မဏီ ၇၀ ကျော်က မော်တော်ယာဉ်တွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လေ့ကျင့်ရေး ကိရိယာတွေ၊ အလှကုန် ပစ္စည်းတွေ၊ ပရိဘောဂ ပစ္စည်းတွေ၊ စက်ပစ္စည်းတွေ၊ ပညာရေး ဝန်ဆောင်မှု အဖွဲ့အစည်းတွေ၊ ဆက်သွယ်ရေးနဲ့နည်းပညာဆိုင်ရာ ပစ္စည်းတွေ၊ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းသုံးကုန်ပစ္စည်းတွေ၊ ကိုယ်စားလှယ် လုပ်ငန်းတွေ အစရှိတဲ့ လုပ်ငန်းတွေ လာရောက်ပြသခဲ့ကြပါတယ်။ ပွဲမှာ မလေးရှား ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို တစ်နေရာထဲမှာ တစ်ချိန်တည်း ပြသသွားမှာဖြစ်ပြီး မြန်မာ နဲ့ မလေးရှား ကုမ္မဏီတွေကြား အစည်းအဝေးပေါင်း ၈၀၀ကျော် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထို့ပြင် ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ မလေးရှားမှ မြန်မာနိုင်ငံကို ပို့တဲ့ကုန်တွေဟာ ၂၀၁၃ခုနှစ်ကထက် ၆၃.၆ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅၁၅သန်းဖိုးရှိခဲ့ပြီး မြန်မာမှ မလေးရှားသို့ ပို့ကုန်တွေဟာ စုစုပေါင်း ဒေါ်လာ၁၀၇သန်းဖိုးရှိခဲ့ကြောင်းလည်း သိရပါတယ်။ Malaysia Trading 1 Malaysia Trading 3 Malaysia Trading 2 Malaysia Trading 4 Malaysia Trading 10 Malaysia Trading 9 Malaysia Trading 7 Malaysia Trading 6    Malaysia Trading 5