(1) Future First by Alice Mann
စာရေးဆရာမ Alice Mann က ကျွန်မတို့ကို လူတွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ရေရှည်အကျိုးဆက်တွေကို စဉ်းစားချင့်ချိန်ဖို့ စီးပွားရေးနည်းဗျူဟာရယ်၊ လှုံ့ဆော်မှုရယ်၊ အသနားခံမှုရယ် တစ်ပိုင်းစီရောစပ်ပြီး ဒီစာအုပ်မှာ ရေးထားပါတယ်။ တာရှည်ခံပြီး ရောယှက်ပေါင်းစည်းတဲ့ စီးပွားရေးလုပ်ငန်း ရလာဒ်တွေနဲ့ လူမှုရေးပြောင်းလဲမှုတွေကို ရယူဖို့ စိတ်ဝင်စားတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်း လက်မလွတ်တမ်း ဖတ်သင့်တဲ့ စာအုပ်ပါပဲ။
Kirsten Saenz
Tobey : Co-Founder, Retail Foods
(2) Complexity of Cooperation by Robert Axelrod
ဒီစာအုပ်က ဖောက်သည်တွေ စီးပွားဖက်တွေ၊ ပြိုင်ဘက်တွေနဲ့ ‘သူလည်းနိုင် ကိုယ်လည်းနိုင်’ အခြေအနေရဖို့နဲ့ အံဝင်ခွင်ကျအောင်ချိန်ညှိရာမှာ ဂိမ်းသီအိုရီက တကယ်ပဲ ခြားနားမှုလုပ်ပေးနိုင်တယ်ဆိုတာ ကျွန်တော်ကို ရှင်းပြပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်း စံချိန်စံညွှန်းတွေ၊ ကုန်သွယ်ရေးစေ့ညှိနှိုင်းမှုတွေနဲ့ လက်နက်ထိန်းချုပ်မှုစေ့စပ်ရေးတွေလို ယှဉ်ပြိုင်မှုရှိတဲ့ နယ်ပယ်မျိုးစုံမှာ အနိုင်ရတဲ့ မဟာဗျူဟာတွေကို သုံးသပ်ပုံကို လွယ်လွယ်နဲ့ ရှင်းရှင်းပုံစံ နဲ့ ဖော်ပြထားပါတယ်။
Ray Chanbari
CTO, Smart Drive Systems
(3) Talking As Fast I Can by Lauren Graham
ဒီစာအုပ်ကို ကျွန်မပြန်ဖတ်တိုင်း ကျွန်မအတွက် အသစ်တစ်ခုခုရရှိပါတယ်။ Lauren က သူ့ရဲ့စွန့်ဦးထွင်မှု၊ ကျား/မ ခွဲခြားဆက်ဆံမှုနဲ့ မိမိကိုယ်ကို သံသယဖြစ်မှုတွေပါဝင်တဲ့ သူ့ရဲ့ခရီးရှည်ကို ဆွဲဆောင်ခေါ်သွားရင်း ကျွန်မကို သူ့ရဲ့သူငယ်ချင်းလို့ အောက်မေ့စေပါတယ်။ သူ့ရဲ့အကြီး ဆုံးအခွင့်အလမ်းနှစ်မျိုးက အောင်မြင်တဲ့ မိန်းမတွေဆီက ရခဲ့တာပါ။ လုပ်ပိုင်ခွင့်အာဏာရှိပြီးသားမိန်းမတွေဟာ တခြားမိန်းမတွေကိုလုပ်ပိုင်ခွင့်အာဏာပေးအပ်ဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်ကူးကို ပိုပြီးတောင့်တင်းခိုင်မာစေပါတယ်။ Laurenက စာဖတ်သူကို သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်ချင်စိတ်ပေါက်စေတဲ့ ရေးဟန်နဲ့ ရေးထားပါတယ်။
Lauren Stenberg, Founder Queen V
နိုင်သီဟ (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)