

တည်နေရာနဲ့ဖွင့်ချိန်
မလိခအိမ်ရာ၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန် ကုန်မြို့၊ ဖုန်းနံပါတ်အနေနဲ့ ၀၉ ၂၅၀၄၉၉၉၉၈ တို့ဖြစ် ပြီး ဖွင့်ချိန်အနေနဲ့ နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။စတင်ဖွင့်လှစ်ခဲ့ပုံနဲ့ ဖွင့်လှစ်ခဲ့တဲ့ခုနှစ်
စတင်ဖွင့်လှစ်ခဲ့တာကတော့ ၂၀၁၁ ခုနှစ် ၊ဇူလိုင်လ ၁၅ ရက်က Junction Mawtin ၊ ၅ လွှာမှာ ပထမဦးဆုံး Branch ကို ဖွင့်လှစ်ခဲ့ပြီးတော့ အခု ဒုတိယ Branch ကိုတော့ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၃ ရက်က သင်္ဃန်းကျွန်း မြို့နယ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လာရောက်ကစားနိုင်တဲ့အားကစားနည်းတွေ
ရေကူးအားကစားနည်း၊ Aerobic အားကစားနည်း၊ ယောဂ၊ ဗန်ဒို၊ တိုက်ကွမ်ဒို၊ Gym အားကစားနည်းတွေအပြင် ခန္ဓာ ကိုယ်အလှပြင်လိုတဲ့ အမျိုးသမီးတွေအတွက် Beauty Saloon ၊ Spa ၊ Massage တို့ကိုလည်း ထည့်သွင်းထားတယ် လို့ သိရပါတယ်။
ဈေးနှုန်း
Mawtin မှာဆိုရင် တစ်လ ရှစ်သောင်းကျပ်ပေးရပြီး Malikha Clubhouse မှာတော့ တစ်လ ၁၂၀ç၀၀၀ ကျပ် ပေးရမှာဖြစ်ပါတယ်။ Member ဝင်လိုသူတွေ အနေနဲ့ Mawtin Clubhouse အတွက် Yearly Fees အနေနဲ့ ကျပ် ၄၈၀ç၀၀၀ ဖြစ်ပြီး MalikhaClubhouse အတွက်ဆိုရင်တော့ ကျပ် ၁ç၀၈၀ç၀၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ဝန်ဆောင်မှုပိုင်း
ဝန်ဆောင်မှုပိုင်းအနေနဲ့ လာရောက်ကစားကြတဲ့သူတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုပိုင်းကိုကြည့်ပြီး Trainer တွေက အကြံပေးတာတွေ ပြုလုပ်ပေးပါတယ်။ ပြည်တွင်းပြည်ပ Trainer အယောက် ၂၀ ကျော်ရှိပြီး တစ်ဦးတစ်ယောက်ချင်း သင်လိုတဲ့သူတွေအတွက်လည်း Personal Trainer တွေကို လုပ်ထားပေးပြီး နောက်ထပ်အမေရိကားက Trainer ကိုလည်းခေါ်ဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။
Member ဝင်သူတွေအတွက် အကောင်းဆုံးအစီအစဉ်
Member ဝင်သူတွေအတွက် Fitness Express ဆိုတဲ့ Member Card ရမှာဖြစ်ပြီး Clubhouse ရှိတဲ့ ဘယ်လို နေရာမဆို ဝင်ရောက်ကစားနိုင်အောင် ပြုလုပ်ထားပေးပြီး Shopping Center တွေ၊ Restaurant တွေမှာ Fitness Express Member Card နဲ့ ဝယ်ယူစားသောက်မယ်ဆိုရင် Discount ရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
အများဆုံးလာရောက်ကစားကြတဲ့သူတွေ
လာရောက်ကစားကြတဲ့သူတွေကတော့ လူငယ်၊ လူလတ် ပိုင်းနဲ့ အသက် ၃၀ ကျော်၊ ၄၀ ကျော် အပါအဝင် သက်ကြီးသမားတွေပါ လာရောက်ကစားကြပါတယ်။ သက်ကြီးသမားတွေကတော့ ကျန်းမာရေးအတွက် ကစား ကြပေမဲ့ လူငယ်အများစုကတော့ ခန္ဓာကိုယ်လှပဖို့နဲ့ ကျန်း မာရေးအတွက် ကစားကြတာများပါတယ်။ရရှိနိုင်တဲ့အကျိုးကျေးဇူး
Gym ကစားခြင်းအားဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက တော့ ရောဂါဖြစ်နိုင်တဲ့အခြေအနေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပြီး ကျန်းမာမယ်။ ခန္ဓာကိုယ်အချိုးအစား လှပမယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိမယ်။ သက်ကြီးပိုင်း တွေအတွက် အရွယ်တင်ပြီး သက်ရှည်ကျန်းမာမှုတွေရရှိနိုင် မှာဖြစ်သလို အလုပ်လုပ်နေသူတွေအတွက် လုပ်ငန်းခွင်အ တွင်း စိတ်ဖိစီးမှုကင်းပြီး မိမိလုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့အရည်အသွေးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။
အသုံးပြုထားတဲ့ Equipments
အသုံးပြုထားတဲ့ Equipments တွေက အမေရိကား Brand တွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။Customer တွေကို ဆွဲဆောင်ထားတဲ့အချက်
''ဒီကို လာကစားကြတဲ့သူတော်တော်မျာများက Relax လုပ်ဖို့လာကြတာများတယ်။ ဒီအတွက် ျွနူထေ လုပ်ဖို့ အတွက် Facilities ပြည့်ပြည့်စုံစုံ လုပ်ထားပေးတာက Customer တွေကို ဆွဲဆောင်ထားတဲ့အ ချက် ဖြစ်ပါတယ်'' လို့ ဒေါ်ဆိုဖီက ရှင်းပြခဲ့ပါတယ်။ဈေးကွက်အလားအလာ
၂၁ ရာစုနောက်ပိုင်း လူတွေရဲ့ ပြောင်းလဲလာတဲ့ Living Standard အရ ကျန်းမာရေးအသိ များလာတာကို တွေ့ ရပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း ကျန်းမာ ရေးလိုက်စားသူတွေများ လာတာကိုတွေ့ရ တဲ့အတွက် Gym အားကစားရုံတွေ လိုအပ်လာမှာဖြစ်တာကြောင့် ဒီထက်မက အလားအလာကောင်းလာမယ်လို့ဆိုပါတယ်။
ရှေ့ဆက်လုပ်ဆောင်မယ့်အစီအစဉ်
နောက်ထပ် New Clubhouse တွေကို ရန်ကုန်မြို့အပါ အဝင် နယ်မြို့တွေမှာ ဖွင့်လှစ်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ် လို့ သိရပါတယ်။


ကိုပြည့်