ကားတစ်စီးသည် ယာဉ်ထိန်းရဲ၏ လက်ပြဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ကားမောင်းလာသူ့ အနားရောက်လာ သော ယာဉ်ထိန်းရဲအရာရှိကို “ဘာပြသနာများရှိလို့လဲ ဆရာရယ်” ဟု မေးမြန်းရာ “ခင်ဗျားကားက သတ်မှတ် အမြန်နှုန်းထက် ကျော်နေတယ်ဗျ၊ လိုင်စင်ကလေး တစ် ဆိတ်ပြပါဗျာ” ဟု ဆိုလိုက်သည်။ ကားဆရာက “ ရှိရင် မပြနိုင်စရာမရှိပါဘူးဆရာ၊ ဒါပေမဲ့ ကျွန်တော့်မှာ မရှိလို့ ဗျ” ဟု ဆို၏။ ရဲက “ဘယ်လို၊ လိုင်စင်မရှိဘူးဟုတ်လား” ဟု ပြန်မေးတော့ “ မူးပြီးမောင်းမိလို့ လိုင်စင်သိမ်းခံရတာ လေးကြိမ်ရှိသွားပြီလေဆရာ” တဲ့။ ရဲက “ဒါဆိုလည်း ကားမှတ်ပုံတင်လိုင်စင် ခဏပြပါဗျာ” ဆိုပြန်တော့ “ ဒါ လည်း ပြလို့မဖြစ်နိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်က ဒီကားကို ခိုးလာတာလေ” ဟု ဆိုပြန်သည်။ ရဲက အံ့ဩသွားပြီး “ ခိုးလာတယ်ဟုတ်လား” ဆိုတော့ “ဟုတ်တယ်၊ ပိုင်ရှင်ကိုသတ်ပြီး ကားကိုယူလာတာ” ဆိုသဖြင့် “ ပိုင်ရှင်ကိုသတ်တယ်၊ ဟုတ်လား” ဟု ထိတ်လန့်တကြားမေးသည့်အခါ “ဟုတ်ပါသကောဗျာ၊ ခင်ဗျား သူ့ကိုကြည့်ချင်ရင် ကားနောက်ဖုံးထဲမှ ရှိပါ့” ဟု ဆိုပြန်၍ ရဲကဖျတ်ခနဲ လမ်းဘေးဆီပြန်လည်ဆုတ်ခွာသွား ပြီး အထက်သို့ လှမ်းသတင်းပို့ကာ ရဲအကူများ ထပ် တောင်းလိုက်လေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ရဲကားငါးစီးရောက်ရှိလာပြီး ထိုကားကို ဝိုင်းရံလိုက်ကြ ကာ ရဲကားပေါ်မှ ရဲအရာရှိကြီးတစ်ဦးဆင်းလာပြီးနောက် လက်ထဲမှာ သေနတ်ကိုင်လျက် ကားဆီသို့ သတိဖြင့် ချဉ်းကပ်လာသည်။ ထိုနောက် “ ဒီမှာကားဆရာ၊ ကား ထဲက ထွက်လာပေးပါလားဗျာ” ဟု ချော့မော့ပြောလိုက် သည်။ ကားဆရာက အေးအေးဆေးဆေးပင် ကားထဲမှ ထွက်လာပြီး “ပြဿနာတစ်ခုခုရှိလို့လား ဆရာ” ဟု မေး မြန်းလိုက်သည်။
ရဲအရာရှိက “ကျွန်တော့် လက်ထောက်တစ် ယောက်ကပြောတာက ခင်ဗျားဒီကားကို ခိုးလာတာတဲ့၊ ပြီးတော့ ပိုင်ရှင်ကိုလည်း သတ်ခဲ့သတဲ့”ဟု ရှင်း ပြလိုက်သည့်အခါ သူ့ “ပိုင်ရှင်ကို သတ်ခဲ့တယ်ဟုတ်လား” ဟု အံ့ဩတကြီးမျက်နှာနှင့် တုံ့ပြန်လိုက်သည်။ ရဲအရာရှိက “ကဲ၊ ခင်ဗျားရဲ့ ကားနောက်ဖုံးကို ဖွင့်လိုက်ပါ” ဟု ခိုင်းရာ ကားဆရာက အသာတကြည်ပင် ဖွင့်ပြလိုက်ပြီး အတွင်းတွင် ဘာမှမရှိပေ။ ရဲအရာရှိက “ဒါခင်ဗျားကား လား” ဟုဆိုတော့ ကားဆရာက “ဟုတ်တယ်လေ” ဟုဆို ကာ ကားလိုင်စင်စာရွက်စာတမ်းများကို ထုတ်ပြလိုက်လေ သည်။ ရဲအရာရှိသည် မျက်စိမျက်နှာပျက်သွားပြီး
“ကျွန်တော့်လက်ထောက်က ပြောတာတော့ ခင်ဗျားမှ ယာဉ်မောင်းလိုင်စင်လည်း မရှိဘူးတဲ့” ဟု ထပ်ပြောလိုက် သည်။ ကားဆရာက သူအိတ်ကပ်ထဲမှ ပိုက်ဆံအိတ် ကိုထုတ်ယူလိုက်ပြီး အတွင်းမှ ယာဉ်မောင်းလိုင်စင်ကို အလွယ်တကူ ထုတ်ပြလိုက်လေသည်။
ရဲအရာရှိက လိုင်စင်ကို အသေအချာစစ်ဆေး လိုက်ပြီး နောက်ပြန်ပေးလိုက်ကာ “ ကျေးဇူးတင်ပါတယ် ဆရာ၊ ကျွန်တော့်
အရာရှိကပြောတာက ဆရာမှာ ယာဉ် မောင်းလိုင်စင်လည်းမရှိ၊ ကားလိုင်စင်လည်းမပါ၊ ပြီး တော့ ပိုင်ရှင်ကိုသတ်ပြီး ကားကိုခိုးလာတာလို့ ပြောလို့ ပါ” ဟု အားနာပါးနာပြောလေသည်။ ထိုအခါ ကားဆရာက
“ အဲဒီငနဲက ကျွန်တော် သတ်မှတ်အရှိန်ထက် ကျော်ပြီး အိုဗာစပိမောင်းလာတယ်လို့လည်း ပြောဦးမယ် ဆိုတာ လောင်းတောင် လောင်းလိုက်ချင်သေးတယ် ဆရာ” တဲ့။
ဥပဒေသ။ ။ လုပ်ငန်းခွင်တွင် အလွယ်တကူ လိမ်လည် လှည့်ဖျားပြောဆိုလေ့ရှိသူများက အန္တရာယ်ရှိသော်လည်း ကြောက်စရာအကောင်းဆုံးမှာ စနစ်တကျအကွက်ချလိမ် လည်တတ်သူများဖြစ်သည်။
ရီနေနိုင်