ကျွန်တော်တို့ဆီမှာတော့ Succession Plan ကို နှစ်ပိုင်းထားပါတယ်။ ကျွန်တော်တို့ဆီမှာဆို နိုင်ငံခြားသားတွေလည်းရှိတော့ ကိုယ့်ရဲ့နေရာကနေ ဒီထက်မြင့်တဲ့ ရာထူးတွေကို တက်ယူမယ်ဆိုရင် အရင်ဆုံး ကိုယ်က Successor အဖြစ်နဲ့ အသိအမှတ်ပြုခံရသလားဆိုတာကို သိထားရမယ်။ နောက်ပြီး ကိုယ့်ရဲ့လုပ်ငန်းရှင်ကလည်း ကိုယ့်ကို Successor အဖြစ်နဲ့ ရွေးချယ်သလား၊ ရွေးတယ်ဆိုရင် နှစ်ဦးနှစ်ဖက် Succession Plan ဆွဲရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Succession Plan ဆွဲတဲ့အခါမှာ Ready Now ၊ Ready Next နဲ့ Ready Later ဆိုပြီး သုံးပိုင်းခွဲထားပါတယ်။
Ready Now လို့ဆိုရာမှာ ခြောက်လကနေ တစ်နှစ်အတွင်းမှာ ဒီပုဂ္ဂိုလ်က သူ့အထက်အရာရှိရဲ့နေရာမှာ တာဝန်တက်ယူနိုင်ရမယ်။ ချက်ချင်းကြီးတော့ မဟုတ်ပါဘူး။ သူ့မှာ လိုအပ်ချက်ရှိနေနိုင်တာကြောင့် သူ့ရဲ့ Succession Plan ထဲမှာ သူ့ရဲ့ Skill ၊ Knowledge ၊ Attitute ၊ Behaviour စတဲ့ သူ့ရဲ့ Competency တိုးတက်ဖို့အတွက်ကိုပါ Development Plan ထည့်ဆွဲပေးထားရတယ်။ အဲဒီလို သူ့ရဲ့ Competency ကို Mapping လုပ်ပေးရတယ်။ သူ့ရဲ့ Competency ရယ်၊ ကိုယ်သွားချင်တဲ့ Competency ရယ်၊ ရောက်ချင်တဲ့ နေရာရယ်ကြားမှာရှိတဲ့ Gap ကို Close လုပ်ပေးရပါမယ်။ အဲဒီအခါမှာ Successor ဖြစ်တဲ့သူရယ်၊ သွားမယ့် Predecessor ရယ်ထိုင်ပြီး ကျွန်တော်တို့တော့ ဘာတွေလိုအပ်တယ်၊ ဘာတွေကတော့ မလိုအပ်ဘူး။ ဘာတွေကတော့ Development ရှိတယ်ဆိုတာမျိုးတွေကို ဆွေးနွေးရပါတယ်။ အဲဒီမှာ တချို့ကျတော့လည်း Academic လိုတာရှိသလို၊ တချို့ကျတော့လည်း MBA ရမှဆိုတဲ့ Criteria တွေရှိတယ်။ အဲဒီ Criteria တွေက ဘာတွေလဲဆိုတာကို အရင်ပြည့်မီအောင်လုပ်ပါ။ ဒါဆိုရင် Ready Now ၊ Ready Next ကတော့ နှစ်နှစ်ကနေ သုံးနှစ်အတွင်း Ready Later ကျတော့ လေးနှစ်ကနေ ငါးနှစ်အတွင်း ဖြစ်ပါတယ်။ ဒါကို ကျွန်တော် တရားသေတော့ ပြောလို့မရပါဘူး။ ဒီထက်လည်း အချိန်ပိုတိုနိုင်သလို အချိန်ပိုလည်း ရှည်သွားနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ Succession Plan ကို အဲဒီလိုမျိုး ချမှတ်ထားပါတယ်။
ဦးမျိုးသန်း - Director of Talent Development – Ooredoo Myanmar