၂၀၁၄-၂၀၁၅ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၆၇ ဒသမ ၆၃ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂၅ ဒသမ ၂၂ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉၂ ဒသမ ၈၅ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉၂ ဒသမ ၉၉ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၃၄ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၁၂၉၈ ဒသမ၃၃ သန်းဖြစ်သဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ် ဇွန်လအတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၄၀၅ ဒသမ ၄၈ သန်းဖြစ်ပေါ်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၃၈ ဒသမ ၃၆ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃၉ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၂၄၂၆ ဒသမ ၇၅ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂၉၃ ဒသမ ၇၉ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၉၂ ဒသမ ၁၀ သန်းနှင့် စုုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇၈၅ ဒသမ ၈၉ သန်းဖြစ်သဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၃၅၉ ဒသမ ၁၄ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေအစီရင်ခံစာအရ သိရှိရသည်။
Ref: မြန်မာ့အလင်း