ငွေနဲ့အချိန်ကို ဖြုန်းတီးပစ်တဲ့ ဆုံးဖြတ်ချက်မျိုးကို ရှောင်ပါ။
မန်နေဂျာအများအပြားဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ စိတ်ကူးပေါက်တိုင်း လျောက်လုပ်တာမျိုး လုပ် တတ်ကြပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေဟာ အရာ မထင် အကျိုးမရှိဖြစ်တတ်တယ်။ အထောက်အထား ပြည့် ပြည့်စုံစုံနဲ့ အတွေးအခေါ်အယူအဆလည်း ကောင်းမယ်ဆိုရင် တော့ ဆုံးဖြတ်ချက်တွေဟာ ပိုပြီးကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာမှာဖြစ်သလို ကုမ္ပဏီအတွက်လည်း ပိုပြီးအကျိုးရှိလာ မှာဖြစ်တယ်။ သက်သေအထောက်အထားကို အခြေခံတဲ့ ကုမ္ပဏီစီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်း သုံးမျိုးရှိတယ်။
၁။ သက်သေအထောက်အထားတောင်းပါ။
တစ်ယောက်ယောက်က ''ဒီလိုလုပ်ပါ ကျိန်းသေပေါက်အကျိုး ရှိပါလိမ့်မယ်'' ဆိုပြီး အလွန်စိတ်ဝင်စားစရာကောင်းတဲ့အကြံ ဉာဏ်လာပေးတယ်ဆိုပါက ဒီအတွက်သက်သေအထောက် အထားတောင်းပါ။သူများပြောတိုင်းမယုံပါနဲ့။
၂။ ဖြစ်နိုင် မဖြစ်နိုင် ချင့်ချိန်ပါ။
အထောက်အထားရပြီဆိုရင် အဲဒါသဘာဝကျတယ်၊ ဖြစ်နိုင် တယ်ဆိုတာ သေချာအောင်စိစစ်ပါ။ ကိုယ့်အတွေးဟာ တစ်ခါတစ်ရံ ကျိုးကြောင်းဆီလျော်တယ်လို့ အမှတ်အယူမှား သွားတတ်ပါတယ်။ ဒါကိုဂရုစိုက်ပါ။
၃။ ဖြစ်နိုင် မဖြစ်နိုင် ဝိုင်းဝန်းစမ်းသပ်ကြည့်ပါ။
သူများဆီက အထောက်အထားမရဘူးဆိုရင် ကိုယ့်ဘာသာ အထောက်အထားရှာကြည့်ပါ။ အဆိုပြုတင်ပြထားတဲ့လုပ် နည်းတွေကို မန်နေဂျာတွေစုဝေးပြီး ဖြစ်နိုင် မဖြစ်နိုင်လက် တွေ့အသေးစားစမ်းသပ်မှုတွေလုပ်ကြည့်ပါ။ ရတဲ့အဖြေတွေ ကို ဆုံးဖြတ်ချက်ချရာမှာ သုံးပါ။
အလဲအလှယ်လုပ်တဲ့ကိစ္စများနဲ့ ပတ်သက်တဲ့ နည်းသုံးနည်း
အရေးကြီးတဲ့ဆုံးဖြတ်ချက်မှန်သမျ အလဲအလှယ်လုပ်ရတာ ချည်းဖြစ်တယ်။ ဘာကိုတော့ မလုပ်နိုင်တော့ဘူး၊ ဘာကို တော့ လုပ်ချင်တယ်ဆိုတာ သိဖို့လိုတယ်။ ဒါပေမဲ့ ဘယ်လို အလဲအလှယ်လုပ်လိုက်လို့ အဆင်ပြေမလဲ၊ ဒါမှမဟုတ် ကိုယ့်အတွက် အရှုံးထွက်သွားမလဲဆိုတာ သေသေချာချာသိဖို့ လိုတယ်။ သေသေချာချာသိနိုင်တဲ့ နည်းသုံးနည်းရှိတယ်။
၁။ ကောင်းကျိုးနဲ့ဆိုးကျိုးကို သိအောင်လုပ်ပါ။
ဒါကို ကိုယ့်ဘာသာသိအောင်လုပ်ရသလို သူများကိုလည်း ဘယ်ဟာက အလေးသာတယ်ဆိုတာ မေးမြန်းပါ။
၂။ ရေတိုနဲ့ ရေရှည်ကိုချိန်ပါ။
လောလောဆယ်အချိန်တိုကာလတစ်ရပ်အတွင်း အကျိုးရှိ အောင် ရေရှည်အနာဂတ်အတွက် ဘာတွေစွန့်လွှတ်ရမလဲ ဆိုတာ ဆုံးဖြတ်ပါ။ ရေရှည်အကျိုးအတွက်လည်း အလား တူ စဉ်းစားဆုံးဖြတ်ပါ။
၃။ ထောက်ခံမှု ဘယ်လောက်ရှိသလဲဆိုတာသိအောင်လုပ်ပါ။
လုပ်နည်းကိုင်နည်းအမျိုးမျိုးကို ချိန်ဆရင်း ကိုယ့်အယူအဆ ကို ဘယ်သူတွေက ထောက်ခံမလဲ၊ ဘယ်သူတွေက ကန့် ကွက်မလဲဆိုတာ ထည့်တွက်ပါ။ ဘယ်သူ့ထောက်ခံချက်က လိုအပ်တယ်၊ မရှိမဖြစ်ဘူး၊ ဘယ်သူ့ထောက်ခံချက်ကတော့ မရှိလည်းကိစ္စမရှိဘူးလို့ ယူဆသလဲ။
ဒုတိယအကြိမ်ခန့်မှန်းသိရှိနိုင်ဖို့
ကိုယ့်ဆုံးဖြတ်ချက်မှန်၊ မမှန်သိအောင် ဆန်းစစ်ဖို့ လိုတယ်။ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကြိုပြီးခန့်မှန်းတွက်ဆတာများ လွန်းရင် အရေးပါတဲ့အလုပ်တွေ မလုပ်ဖြစ်တော့ဘဲ ဖြစ် သွားနိုင်တယ်။ ဒါကြောင့် စိတ်အေးအေးရှိတဲ့အချိန်ကျမှ ဥပမာအားဖြင့် အစည်းအဝေးခန်းထဲရောက်မှ စကားတွေ ပိုပြီးမပြောရင် ကောင်းမလားလို့ ဆုံးဖြတ်တာမျိုး မလုပ်ပါ နဲ့။ အစည်းအဝေးစပြီး လုပ်တာ ဆယ်မိနစ်ကြာမှ ဆုံးဖြတ် ချက်ကို ဝေဖန်ဆန်းစစ်ပါ။
ရှောင်ရမယ့် အချက် သုံးချက်
ဆုံးဖြတ်ချက်ချရတဲ့ အလုပ်ဟာ ခေါင်းဆောင်တစ်ဦးအနေနဲ့ အရေးအကြီးဆုံးဖြစ်တယ်။ ဆုံးဖြတ်ချက်တစ်ခုဟာ အကျိုး သက်ရောက်မှုများနိုင်လေလေ ဆုံးဖြတ်ချက်ချရတာ ခက်ခဲ ကျပ်တည်းလေလေပါပဲ။ အဲဒီလို မဖြစ်ရအောင် အောက်ပါ နည်း သုံးနည်းကို ရှောင်ရန်၊ ဆောင်ရန်အဖြစ် တင်ပြလိုက်ပါ တယ်။
၁။ ပုံသေစွဲကိုင်ထားခြင်း
လူအများအပြားဟာ အရင်ဆုံးရထားတဲ့ သတင်းအချက်အလက် တွေကို ဖြစ်သင့်ဖြစ်ထိုက်တာထက် အလွန်အကျွံ အလေးပေး တတ်ကြတယ်။ အဲဒီပထမရထားတဲ့ အချက်အလက် မှန်တယ်ထားဦး တခြားနည်းလမ်းတွေလည်း ရှာတတ်ဖို့လိုတယ်။
၂။ လက်ရှိအနေအထားအတိုင်းပဲ နေသွားလိုခြင်း
အပြောင်းအလဲလုပ်ရတာ စိတ်မငြိမ်သက်စရာ ကောင်းတတ်ပါ တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေရဲ့ အနေအထားကို ထိန်း ထားရင် တခြားနည်းတွေ ပြောင်းသုံးရတာ ပိုလွယ်ကူတတ် တယ်။ လက်ရှိအတိုင်းဆက်လုပ်ရတာဟာ တကယ်ကို သင့် ရည်ရွယ်ဦးတည်ချက်တွေကို ထိန်းထားနိုင်သလားဆိုတာ မိမိကိုယ်မိမိ မေးကြည့်ပါ။
၃။ အထောက်အထားကို သေချာအောင်လုပ်ခြင်း
နောက်ထပ်ရတဲ့ သတင်းအချက်အလက်ဟာ မိမိရဲ့ အယူ အဆတွေနဲ့ ဆက်လက်ကိုက်ညီနေတယ်ဆိုရင် ကိုယ်လေးစား ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို မကောင်းတဲ့ အချက်ရှိခဲ့ရင် အဲဒါကို ထောက်ပြပေးပါစေ။ ကိုယ်နဲ့ အမြဲသဘောထားတိုက် ဆိုင်နေသူတွေနဲ့ အလုပ်အတူတူမလုပ်ပါနဲ့။
ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကောင်းမွန်ရေးအတွက် သူများတွေကို အားထားပါ
အလုပ်မဖြစ်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြန်ပြင်ရတဲ့ အလုပ်ဟာ အတော်စိတ်ဆင်းရဲစရာ ကောင်းပါတယ်။ ကိုယ်ဈေးကွက်တင်လိုက်တဲ့ ရောင်းကုန်ပစ္စည်းဟာ ရောင်း မထွက်တာမျိုး၊ ဒါမှမဟုတ် ကိုယ့်အကြံဉာဏ်နဲ့ လုပ်ကိုင် နေတဲ့ ကြော်ငြာတွေကလည်း သဲထဲရေသွန်သလိုဖြစ် စသည်ဖြင့် ဖြစ်နေတတ်တယ်။ ဘာပဲဖြစ်ဖြစ် မအောင်မြင် မှုကို အသိအမှတ်ပြုလက်ခံလိုက်ရခြင်း၊ တခြားနည်းပြောင်း လုပ်လိုက်ရခြင်းဟာ သင့်ရဲ့ဆုံးဖြတ်ချက်ရဲ့ အားနည်းချက် ကို ထောက်ပြလိုက်တာပဲဖြစ်တယ်။ ဒီကိန်းဆိုက်နေပြီဆို ရင်တော့ အခြေအနေကို စိစစ်အကဲဖြတ်ဖို့၊ ပြင်သင့်တာပြင် ဖို့ တခြားလူတွေရဲ့ အကူအညီကိုရယူဖို့ ကြိုးစားပါ။ အဲဒီ ပုဂ္ဂိုလ်တွေဟာ အမြင်အမျိုးမျိုးရှိတတ်ကြတယ်။ ကိုယ့်ကို စီးပွားရေးအပေါင်းအသင်းတွေ၊ တိုက်ရိုက်အစီရင်ခံစာတွေ၊ ဖောက်သည်တွေ၊ မိသားစုတွေ စသဖြင့် အမျိုးမျိုးရှိကြပြီး ကိုယ်ဘာမှားနေတယ်၊ ဘာလုပ်ရမယ်ဆိုတာ အကြံဉာဏ်ပေး နိုင်ကြတယ်။ သူတို့ရဲ့ စုပေါင်းအကြံဉာဏ်ကြောင့် အခြေ အနေပြန်ကောင်းလာနိုင်တယ်။ ဆုံးဖြတ်ချက်တစ်ခုကို ပြန်ပြင်ရတာဟာ ရှက်စရာမဟုတ်ပါ။ သင်ခန်းစာယူပြီး နေထိုင် ဆောင်ရွက်တတ်သူတစ်ယောက်ဖြစ်ဖို့ ခုလိုပြုပြင်ရ တာဟာ ဂုဏ်ယူစရာပါ။