စီးပွားရေး အဘိဓာန် ၁၀၅

efta_logo

European Atomic Energy Community Euratom

ဥရောပအနုမြူစွမ်းအင်အသိုက်အဝန်း

ဘုံဈေးကွက် COMMON MARKET (def.1) ကဲ့သို့ ပါဝင်သောနိုင်ငံများအားလုံးနှင့်တစ်ချိန် တည်းတည်ထောင်ထားသည့် ကိုယ်စားလှယ်အေဂျင်စီဖြစ်သည်။   ရည်ရွယ်ချက်မှာ အနုမြူစွမ်း အင်သွင်းအားစုများပူးပေါင်း၍ အနုမြူဆိုင်ရာ ပစ္စည်းပစ္စယမျာပေါ်ကောက်ခံသည့် အခွန်များ ပယ်ဖျက်ရန်ဖြစ်သည်။ အေဂျင်စီ၏ ကမကထဖြင့် အဖွဲ့ဝင်နိုင်ငံများအတွင်း အနုမြူစမ်းသပ်ခန်းများနှင့် စီးပွားဖြစ်အနုမြူဓာတ်အားပေါင်းဖိုများနှင့် စမ်းသပ်ခန်း အများအပြား တည်ဆောက်ခဲ့သည်။

European Coal and Steel Community ECSC

ဥရောပကျောက်မီးသွေးနှင့် သံမဏိအသိုက်အဝန်း။ အီးစီအက်စီ

၁၉၅၂ ခုနှစ်က ဂျာမဏီ ၊ပြင်သစ်၊ အီတလီ၊ ဘယ်လဂျီယံ၊ လူဇင်ဘောက်နှင့် နယ်သာလန်နိုင်ငံများက တည်ထောင်ခဲ့သည့် အကောက်ခွန်သမဂ္ဂဖြစ်သည်။ ရည်ရွယ်ချက်မှာ ကျောက်မီးသွေး၊ သံနှင့်သံမဏိသွင်းကုန်အားလုံးပေါ် အကောက်ခွန်နှင့် သွင်းကုန်ကိုတာ သတ်မှတ်ချက်များ ဖယ်ရှားရန်ဖြစ်သည်။ ၁၉၅၈ ခုနှစ်၌ သမဂ္ဂသည် တူညီ သည့် ပြင်ပအခွန်အကောက်လက်ခံခဲ့ပြီးနောက် လုပ်ဆောင်ချက် များကို ဘုံဈေးနှင့်ညှိနှိုင်းခဲ့ သည်။ ပြင်သစ်စီးပွားရေးပညာရှင် Jean Monnet စတင် စိတ်ကူးဖော်ဆောင်ခဲ့သော်လည်း အီးစီအက်စီသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Robert Schuman ၏ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့် တည်ရှိလာခဲ့ခြင်းကြောင့် ရူမင်းအစီအစဉ်အဖြစ် ကျော်ကြားလာ ခဲ့သည်။

European Depositary Receipt

ဥရောပအပ်ငွေ လက်ခံလက်မှတ်

နိုင်ငံတကာအပ်ငွေလက်မှတ် International Depositary Receipt  အောက်ကြည့်ပါ။

European Economic Community

ဥရောပစီးပွားရေးအသိုက်အဝန်း

ဘုံဈေး COMMON MARKET (def.1) အောက်ကြည့်ပါ။

European Free Trade Association (EFTA)

ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း- အက်ဖတာ

၁၉၅၉ ခုနှစ်က ဂရိတ်ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ သွစတွေးလြ၊ ပေါ်တူဂီနှင့် ဆွစ်ဇာလန် (ပြင်ပ (၇) နိုင်ငံ ဟု ဘုံဈေးပြင်ပတွင်ရှိ၍ခေါ်သည့်) တို့နှင့် ၁၉၆၁ ခုနှစ်တွင် ဖင်လန်၊ ၁၉၇၀ ပြည့်နှစ်တွင် အိုက်စလန်တို့ ပါဝင်လာပြီး တည်ထောင်ခဲ့သောလွတ်လပ်စွာ ကုန်သွယ်ရေးအသင်းဖြစ်သည်။ အဖွဲ့ဝင်များအချင်းချင်းအတွက် အခွန်အခကောက်ခံခြင်း ဖျက်သိမ်းရန်သဘောတူခဲ့သည်။ အဖွဲ့ဝင်တစ်ဦးချင်း ပြင်ပနိုင်ငံများနှင့်ကုန်သွယ်မှုကိုမူ ဆိုင်ရာ အဖွဲ့ဝင်၏ထိန်းချုပ်မှု  အောက် အပြည့်ဝထားရှိသည့် အခွန်အကောက်မှုများ ချမှတ်ဆောင်ရွက်သည်။ သို့ဖြစ်သောကြောင့် အကောက်ခွန်သမဂ္ဂ (CUSTOMS UNION)  နှင့်တော့    မတူကွဲပြားသည်။ အဖွဲ့ဝင်တစ်ခုသည် အုပ်စုပြင်ပနှင့်ကုန်သွယ်ရာ၌ အခွန်အကောက်များနှင့် ပတ်သက်၍ ကိုယ်ပိုင်သတ်မှတ်နိုင်၍ စည်းကမ်းများလည်း ချမှတ်ထားသည်။ အဖွဲ့ဝင်မဟုတ်သောနိုင်ငံမှ ပစ္စည်းများ နှင့်စပ်လျဉ်း၍ အခွန်နိမ့်နိုင်ငံသို့ ပထမရောင်းချပြီး အခြား အခွန်မြင့်နိုင်ငံသို့ ရောင်းချခြင်းကို တားမြစ်ထားသည်။ လွတ်လပ်စွာကုန်သွယ်ရေးနယ်ပယ်သို့ ဝင်ရောက်ခွင့်ကို သွင်းကုန်တန်ဖိုး၏ အနည်းဆုံးထက်ဝက်ကို ပြည်တွင်း ထုတ်လုပ်သူက ထုတ်လုပ်ရမည်။ ထို့အပြင် အုပ်စုပြင်ပ မှရောက်ရှိလာခဲ့သည့်တိုင် အက်ဖတာနိုင်ငံမှ ကနဦးထုတ် လုပ်သကဲ့သို့ဆောင်ရွက်သော ကုန်ပစ္စည်းစာရင်း ထုတ်ပြန် ထားသည်။   ဘုံဈေး (Common Market) က ရရှိခံစားရ သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်ချက်၏ အကျိုးကျေး ဇူးများကို အဖွဲ့ဝင်နိုင်ငံများရရှိရန် တည်ထောင်ထား သည်။ ၁၉၇၃ ခုနှစ်တွင် ဂရိတ်ဗြိတိန်နှင့် ဒိန်းမတ်ကို အက်ဖတာမှ လက်လွတ်ဆုံးရှုံးခဲ့သည်။ ကျန်အက်ဖတာ နိုင်ငံများက တိုးချဲ့လာတဲ့ဘုံဈေးနှင့် ညှိနှိုင်း၍    စာချုပ်ခဲ့ကြ သည်။ ဘုံဈေးနှင့် အက်ဖတာအုပ်စုနှစ်ခုကြား ကုန်သွယ် မှုဖြေလျော့ရန်ဖြစ်သည်။

[caption id="attachment_33244" align="alignnone" width="1160"]epa05101450 (FILE) A file photo dated 15 December 2008 showing an exterior view of the  European Bank of Investment in Luxembourg. The European Investment Bank has put on hold lending to the German carmaker Volkswagen, amid concerns that a previous loan may have played a role in its emissions scandal, the president of the European Union's lending arm Werner Hoyer says 14 January 2016. 'For many, many years we have been active in high-tech research and development with Volkswagen,' Werner Hoyer said in Brussels. 'We were astonished, disappointed and we are now concerned about the allegations, including indications by senior company executives of improper and possibly fraudulent behaviour by Volkswagen.'  EPA/NICOLAS BOUVYepa05101450 (FILE) A file photo dated 15 December 2008 showing an exterior view of the European Bank of Investment in Luxembourg. The European Investment Bank has put on hold lending to the German carmaker Volkswagen, amid concerns that a previous loan may have played a role in its emissions scandal, the president of the European Union's lending arm Werner Hoyer says 14 January 2016. 'For many, many years we have been active in high-tech research and development with Volkswagen,' Werner Hoyer said in Brussels. 'We were astonished, disappointed and we are now concerned about the allegations, including indications by senior company executives of improper and possibly fraudulent behaviour by Volkswagen.' EPA/NICOLAS BOUVY[/caption]

European Investment Bank

ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်

ဘုံဈေး COMMON MARKET (def.1) အောက်ကြည့်ပါ။

European Monetary Agreement (EMA)

  ဥရောပငွေကြေးသဘောတူစာချုပ်

၁၉၅၈ ခုနှစ်က နိုင်ငံတကာပေးငွေများ ရှင်းလင်းရန် တည်ထောင်ခဲ့သည်။ စစ်ပြီး ဥရောပငွေကြေးပြောင်းလဲ လှယ်မှုပြန်လည်ရှိစေရန် အဖွဲ့ဖြစ်၍ ဥရောပပေးငွေများ သမဂ္ဂ EUROPEANPAYMENTS UNION အစားထိုး သည်။ ပေးငွေသမဂ္ဂ၏ ဘဏ်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် ရှင်းလင်း ပေးချေမှုများ ရွှေဖြင့်သော်လည်းကောင်း လဲလှယ်နိုင်သောငွေများဖြင့် လည်းကောင်း ဆောင်ရွက်ပြီး အလိုအလျောက်မြီရှင်ပေးမှုကို မပြုလုပ်တော့ချေ။

          ဤသဘောတူစာချုပ်ဖြင့် ဥရောပရန်ပုံငွေ European Fund ကို ရင်းနှီးငွေဒေါ်လာသန်း ခြောက်ရာဖြင့် တည်ထောင်ခဲ့ပြီး ယာယီငွေပေးငွေယူရှင်းတမ်း လိုငွေပြ နိုင်ငံများ၊ သို့မဟုတ် နှစ်နှစ်ချေးငွေကိုလည်း သက်တမ်း တိုးပေးခဲ့သည်။

European Monetary System

ဥရောပငွေကြေးစနစ်

ဥရောပဘုံဈေးအဖွဲ့ဝင်ခြောက်နိုင်ငံက ၁၉၇၈ ခုနှစ်တွင် ယင်းတို့အချင်းချင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအားပေး အားမြှောက်ဖြစ်စေမည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံငွေကြေးတန်ဘိုးတည်ငြိမ်မှုရှိရန် စနစ်တစ်ခုဖြစ်သည်။ ဤအစီအ စဉ်မူလပါဝင်သည့် အိုင်ယာလန်၊ ဘယ်လဂျီယံ၊ ဒိန်းမတ်၊ အီတလီ၊ ပြင်သစ်နှင့် အနောက်ဂျာမဏီတို့၏ အဓိကအင်္ဂါရပ်သည် အဖွဲ့ဝင်နိုင်ငံတစ်ခုစီက မိမိတို့နိုင်ငံ၏ ရွှေနှင့်ဒေါ်လာသီးသန့်ငွေ၏ ၂ဝ ရာခိုင်နှုန်းကို ထည့်ဝင်ရသည့် ရန်ပုံငွေထူထောင်ရန် ဖြစ်သည်။ အဖွဲ့ဝင်များက မိမိနိုင်ငံ၏ငွေကြေးတန်ဘိုးကို အထောက်အပံ့ဖြစ်စေရန် ရန်ပုံငွေမှ ချေးယူနိုင်သည်။

          ဥပမာ - ပြင်သစ်ငွေ ဖရန့်စတင်၍ တန်ဘိုး ကျပြီဆိုက ပြင်သစ်နိုင်ငံသည် ရန်ပုံငွေမှချေးယူပြီး ဈေး ကွက်တွင် ပိုနေသည့်ဖရန့်များဝယ်ယူ၍ ဈေးကွက်ရှိ ဖရန့်များဝယ်ယူနှုတ်သိမ်း၍ ဖရန့်တန်ဖိုး မြင့်စေမည်။ ပါဝင်သောငွေကြေးတစ်မျိုးချင်း၏ တန်ဖိုးကို ရန်ပုံငွေက ချမှတ်ထားသည့် ယူရိုငွေကြေးယူနစ်ဖြင့် ဖော်ပြထား သည်။

          ငွေကြေးတန်ဖိုးအတက်အကျကို ၂.၂၅ ရာခိုင် နှုန်းထိခွင့်ပြုထားပြီး ငွေကြေးတန်ဖိုးအား အနည်း ဆုံးဖြစ်သည့် အီတာလျံလီရငွေကြေးမှာ ချွင်းချက်   အဖြစ် ၆ ရာခိုင်နှုန်းထိခွင့်ပြုသည်။ လှိုဏ်ခေါင်းတွင်းမှ မြွေ  SNAKE IN THE TUNNEL လည်းကြည့်ပါ။

 

ဒေါက်တာဦးမော်သန်း