ယနေ့ဂလိုဘယ်လိုင်ဇေးရှင်းခေတ်တွင် အိုင်ဒီယာအ ပြောင်းအလဲများနှင့် နည်းပညာအပြောင်းအလဲများက ကုမ္ပဏီများတွေ့ကြုံနေရသော အရေးကြီးသည့် အကြောင်းအချက်များပင် ဖြစ်ပါသည်။ "Thomas A Stevother က The world is your oyster Do you have the right Fork" ကမ္ဘာကြီးဟာ မင်းစားသုံးနိုင်တဲ့ ခရုပဲ၊ မင်း မှာ မှန်ကန်တဲ့ ခက်ရင်းရှိပြီလား” ဟု ဆိုပါသည်။
ဂလိုဘယ်လ်ကုမ္ပဏီ ဆိုတာဘာပါလဲ
အချို့သောသူများက ယနေ့ဖွံ့ဖြိုးတိုးတက်လာနေသော စီးပွားရေးတွင် စားသုံးသူများကို ကမ္ဘာကြီးအတွင်းရှာဖွေ ဆက်သွယ်ရရှိနေသည့် ကုမ္ပဏီဟုဆိုပါသည်။ အထူးသဖြင့် အမေရိကား၊ လူရုပ်နှင့် အာရှတို့တွင်ဖြစ်၏။
အခြားသောသူများက ကမ္ဘာကြီးမားသည့် ဈေးကွက်များတွင် အခြေချလုပ်ကိုင်နိုင်ခြင်းမရှိသေး သရုပ်စစ်မှန်သည့် ဂလိုဘယ်ကုမ္ပဏီမဖြစ်သေးဟုဆိုပါသည်။
အခြားသောသူများကမူ ကမ္ဘာကြီးအတွင်း သင့်ရဲ့ထိပ်တန်းစီမံခန့်ခွဲမှုတွင် ခြားနားသောနိုင်ငံသားများ ပါဝင်သည့် ကိုယ်၏စီးပွားရေးလုပ်ငန်းရုံးချုပ်များကို ဖြန့်ကျက်ထားရန်ဖြစ်သည်ဟု အကြံပြုကြပါသည်။
ကော်ပိုရိတ်ဂလိုဘယ်လ်လတီအယူအဆကို လေးဘက်မြင်တည်ဆောက်မှုဖြင့် သုံးသပ်ကြည့်မည်ဆိုပါက၊ စီးပွားရေးလုပ်ငန်းတစ်ခုသည် အောက်ဖော်ပြပါ အဓိကအသွင်သဏ္ဌာန်လေးချက်နှင့်အညီ အခြေပြုစရာတစ်ခုတွင် လုပ်ကိုင်နေသည်ဆိုမှသာ ဂလိုဘယ်လ်ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
၁။ ဖြစ်ပေါ်နေသည့် ဈေးကွက်၏ ဂလိုဘယ်လိုင်ဇေး ရှင်း (Globalization of Market Presence)
၂။ ထောက်ပံ့သယ်ယူပို့ဆောင်ရေး (Globalization of Supply Chain)
၃။ အရင်းအနှီးအခြေပြု (Globalization of Capital Base)
၄။ ကော်ပိုရိတ်စိတ်ဓာတ်၏ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization of Croporate Mindset)
၁။ ဖြစ်ပေါ်နေသည့် ဈေးကွက်၏ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization of Market Presence) အရ ကုမ္ပဏီသည် မိမိ၏ အားလုံးအတွင်း စားသုံးသူများကို သတ်မှတ်ထားရှိ ဆောင်ရွက်ရန်ကို ဖော်ညွှန်းပါသည်။
ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ တိုယိုတာကားများ အီ စူစူကားများ ဆက်သွယ်ရေးတွင် ကိုရီးယားနိုင်ငံ၏ Samsung လက်ကိုင်ဖုန်းများ၊ တရုတ်နိုင်ငံပြည် Huawei လက်ကိုင်ဖုန်းများ။
၂။ ထောက်ပံ့သယ်ယူပို့ဆောင်ရေးကွင်းဆက်၏ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization of Supply Chain) အရ၊ ကုမ္ပဏီသည် မိမိ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထောက်ပံ့သယ်ယူပို့ဆောင်ရေးကွင်းဆက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။
ဥပမာအားဖြင့် ဗြိတိန်နိုင်ငံ၏ Mark & Sperces ကုမ္ပဏီသည် ၁၉၉၉ ခုနှစ်က စီမံချက်များ ချမှတ်လျှင် ပေါ်တူဂီမော်ရိုကိုနှင့် ရှာရီလင်ကာတို့တွင် မိမိ၏ လုပ်ငန်းများကို အတည်ပြုချက်ရယူဆောင်ရွက်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ တိုယိုတာကုမ္ပဏီသည် လည်း မိမိ၏နိုင်ငံအတွင်းထုတ်ကုန်ပစ္စည်းများ၏ ၂/၃ ကိုသာ ထုတ်လုပ်ခဲ့၍၊ ၁/၃ ကိုအခြားသော ၂၅ နိုင်ငံများတွင် ဆောင်ရွက်ခဲ့ပါသည်။ အရှေ့ တောင်အာရှဒေသတွငးဆက်နွှယ်မှုများ အနေဖြင့်၊ ဒီဇယ်အင်ဂျင်ကို ယိုဒယားမှလည်းကောင်း၊ ထရန် မစ်ရှင်ကို ဖိလစ်ပိုင်မှလည်းကောင်း၊ စတီရာယင်များ ကို မလေးရှားမှလည်းကောင်း၊ အင်ဂျင်ကို အင်ဒိုနီး ရှားမှလည်းကောင်း ဆက်သွယ်ဆောင်ရွက်ခဲ့ပါ သည်။
၃။ အရင်းအနှီးအခြေပြု ဂလိုဘယ်လိုက်ဇေးရှင်း (Globalization of Capital Base) အရ ၁၉၉၉ ခုနှစ်၌ တရုတ်နိုင်ငံမှ Chaina Gn သည် အမေရိကန်နိုင်ငံ မှ NASQAN တွင် စတော့ဈေးကွက်စာရင်းဝင်ခဲ့လျှင် အကျိုးကျေးဇူးများ များစွာရရှိခဲ့ပါသည်။ အရင်းအနှီးများစွာမလိုအပ်ဘဲ စတော့ဈေးကွက်ရှိ အရည်အသွေးများကို မြှင့်တင်နိုင်ခဲ့ပြီး၊ စတော့အခြေပြုဝယ်ယူ မှုများကိုလည်း ဆွဲဆောင်လုပ်ကိုင်နိုင်ခဲ့ပါသည်။
၄။ ကော်ပိုရိတ်စိတ်ဓာတ်ဂလိုဘယ်လိုက်ဇေးရှင်း (Globalization of Corporate Mindset) အရ ကော်ပိုရေး ရှင်းတစ်ခုသည် ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် ဈေးကွက်များကို နားလည်နိုင်ခြင်းဖြင့်၊ စုပေါင်း ဆောင်ရွက်မှုတုန့်ပြန်ချက်များအရ၊ ကွဲပြားခြားနား ခြင်းများကို ကျော်ဖြတ်၍၊ ပူးပေါင်းဆောင်ရွက်နိုင် သည့် အရည်အချင်းများကို ရရှိလာနိုင်မည်ဖြစ်သည်။ ကော်ပိုရိတ်စိတ်ဓာတ်သည် ယင်းအတွင်းဦးဆောင် လုပ်ကိုင်နေသည့် တစ်ဦးချင်းစီ၏ စိတ်ဓာတ်များပေါ် တွင် မူတည်နေပြီး၊ ယင်းတို့၏ ဆောင်ရွက်ချက်များ၊ စုဆောင်းရရှိနိုင်သည့် သတင်းအချက်အလက်များ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့် မည်သို့ဆုံး ဖြတ်ချက်များ ချမှတ်ဆောင်ရွက်နေသည်တို့အပေါ် မူတည်၍ သက်ရောက်မှုရှိပါမည်။
ဥပမာအားဖြင့် General Electric Co သည် ကမ္ဘာတစ်ဝန်းခိုင်မာသည့် ကော်ပိုရိတ်ယဉ်ကျေးမှုများ ရှိခဲ့၍ ခေါင်းဆောင်နိုင်မှုစွမ်းရည်များကို တည် ဆောက်အောင်မြင်ခဲ့ပါသည်။
(က) နိုင်ငံတကာဈေးကွက်များ၏ ဗဟုသုတများ
(ခ) နိုင်ငံရပ်ခြားလုပ်ငန်းတည်ထောင်မှုများ အတွက် ကွဲပြားခြားနားသည့် ဝန်ထမ်းများအ ပေါ် စီမံခန့်ခွဲမှုများတွင် ကျွမ်းကျင်မှုများ
(ဂ) နိုင်ငံခြားငွေကြေးဆိုင်ရာ စည်းကမ်းချက်များ အပေါ် စီမံခန့်ခွဲမှုများတွင် ကျွမ်းကျင်မှုများ
ယင်းသို့သော အရည်အသွေးများမရှိဘဲနှင့် စိမ်း သောနယ်မြေများတွင် စိမ်းနည်းမည်ဖြစ်၍၊ ဂလိုဘယ်လ် တိုးချဲ့မှုများသည် ကြီးမားသည့် စွန့်စားမှုပင်ဖြစ်နေပါ မည်။
ခင်ဌေးယူ (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)
Ref: "The Quest for Global Aomirace"