News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ကျန်းမာရေးနဲ့ပတ်သက်ပြီး အလုပ်ခွင်မှာ ဘယ်လိုဖြေရှင်းမလဲ
Editorial
August 25, 2015
Article
Health
မိသားစုအရေး၊ မိတ်ဆွေသူငယ်ချင်းတွေအရေးနဲ့ လူမှုရေးကိစ္စတွေပါ လုပ်ကိုင်နေရင်း အချိန်ပြည့် အလုပ်လုပ်နေရတာက လူတိုင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါအပြင် နာတာရှည် ကျန်းမာရေးပြဿနာပါ ရှိလာမယ်ဆိုရင်တော့ ဒါတွေအားလုံးကို သင့်ရဲ့ စွမ်းဆောင်နိုင်တဲ့အားနဲ့ ပြီးမြောက်အောင် ဖြေရှင်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကျန်းမာရေးပြဿနာရှိတဲ့သူတွေမှာတော့ သူတို့ရဲ့အစွမ်းအစတွေ၊ ခွန်အားတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားပါတယ်။ ငွေကြေးရရှိခံစားမှုတွေကလည်း လျော့နည်းသွားပါတယ်။ အရေးကြီးဆုံးကတော့ သူတို့ရဲ့ အလုပ်ရှင်တွေက ကျန်းမာရေးကြောင့် ရုန်းကန်နေရတာတွေနဲ့ အခက်အခဲတွေကို နားလည်ပြီးတော့ တစ်နည်းတစ်လမ်း ကူညီပေးဖို့ လိုအပ်ပါတယ်။ ဒီလိုကူညီတဲ့အခါမှာ နည်းလမ်းများစွာရှိနိုင်ပါတယ်။ တချို့ကတော့ ကျန်းမာရေးလိုအပ်ချက်အရ ဆရာဝန်ဆီသွားပြဖို့ လိုအပ်ချိန်တွေတိုင်းမှာ အလုပ်ကို နောက်ဆံတင်းစရာမလိုပဲ ပေါ့ပေါ့ပါးပါး သွားရောက်ပြသနိုင်တာပဲ ဖြစ်ပါတယ်။ တချို့ကိုတော့ လမ်းညွှန်ပြောပြဖို့လိုပါတယ်။ နှစ်သိမ့်ဆွေးနွေးသူတွေ၊ စိတ်ပညာရှင်တွေ အစရှိတဲ့ ကျွမ်းကျင်ရာလိမ္မာရာ တတ်ကျွမ်းသူတွေနဲ့တွေ့ပြီး ကျန်းမာရေးအခြေအနေတွေကို ကောင်းစွာကိုင်တွယ်လာနိုင်သလို ပြောင်းလဲမှုတွေ ဖြစ်လာမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ဆီးချို တစ်ခုခုဖြစ်လာတဲ့အခါမှာ အလုပ်လုပ်ကိုင်သူတွေက အလုပ်ခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့အချိန်တောက်လျှောက်မှာ ခွန်အားဖြစ်စေအောင် ပြုလုပ်ပေးရမှာပါ။ သူတို့နဲ့ စကားပြောပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို နားထောင်ပြီး သင်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေရမှာပါ။ သူတို့အလုပ်တာဝန်တွေကို တခြားလုပ်ဖော် ကိုင်ဖက်တွေကို ခွဲလုပ်ခိုင်းတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် လိုအပ်သလို အိမ်ကနေပဲ အလုပ်လုပ်ကိုင်နိုင်ဖို့ စီစဉ် ပေးရမှာဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျအောင်လုပ်ဆောင်ပေးနိုင်သလို ရောဂါကြောင့် သူတို့ရင်ဆိုင်ရမယ့် ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကောင်းစွာကိုင်တွယ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ သူတို့ဘက်ကလည်း ဝန်ထမ်းတွေရဲ့ လိုအပ်ချက်အပေါ်မှာထားတဲ့ သင့်ရဲ့စိတ်ဓာတ်ကို လေးစားသလို သင့်စိတ်ဓာတ်ကို လေးစားလာမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ချွတ်ခြုံကျ အားအင်ကုန်ခန်းတာမျိုးကို ကာကွယ်ပါ အလုပ်ဝန်တွေ ပိနေတယ်ဆိုရင်တောင် ဝန်ထမ်းတွေက အကူအညီတောင်းဖို့ ပြောချင်မှပြောပါလိမ့်မယ်။ ဒီနေ့ အချိန်အခါမှာ အလုပ်လက်မဲ့လူတွေများလာတာမို့ အလုပ်အကိုင်ရှိပြီးသူတွေဟာ သူတို့ရဲ့ ဘယ်အားနည်း ချက်မဆို ဖော်ပြဖို့ကို ရှောင်ရှားကြပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ကတော့ ဝန်ထမ်းတွေ အလုပ်တအားများနေ ပြီဆိုတာကို သိထားဖို့လိုပါတယ်။ ဝန်ထမ်းတွေဟာ သူတို့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့ အလုပ်တွေကို ပြီး မြောက်အောင် လုပ်ကိုင်ရတဲ့အခါမျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်တောင် စွန့်လွှတ်လုပ်ကိုင်လိုက်ရလဲ။ ထွက်လာတဲ့အလုပ်ရလဒ်ရဲ့ အရည်အသွေး ပြည့်မီမှုကကော။ သူတို့ရဲ့ စိတ်ဖိစီးမှုအတိုင်းအတာတွေကကော။ မှန်ပါတယ်။ အလုပ်တွေပြီးစီးအောင် လုပ်ဆောင်ရမယ်ဆိုတာက မှန်ကန်ပါတယ်။ ဒါပေမဲ့ အလုပ်တာဝန်တော်တော်များများကို ဝန်ထမ်းတစ်ဦးတည်းကိုပဲ လုပ်ကိုင်စေခြင်းကတော့ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေကို ပိုပြီးကြုံတွေ့စေမှာဖြစ်ပါတယ်။ လုပ်ဆောင်ရည်တွေ ကျဆင်းလာမယ်။ အမှား တွေ များလာမယ်။ အလုပ်ထဲမှာ လုပ်ကိုင်နိုင်စွမ်းတွေ ကျဆင်းပြီး အားနည်းတဲ့ဝန်ထမ်းတွေများလာမယ်။ အလုပ်ဝန်ပိတယ်ဆိုတာဟာ ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှမကောင်းပါဘူး။ အလုပ်တွေများစွာ လုပ်ရတဲ့သူတွေဟာ အားအင်ကုန်ခန်းသွားဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ [caption id="attachment_22135" align="alignnone" width="720"]
ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကိုကျော်လွန်ပြီး လုပ်ကိုင်ရတဲ့အခါ သူ့ရဲ့လုပ်ဆောင်ရည်တွေ ကျဆင်းလာနိုင်ပါတယ်။[/caption] အလုပ်မှာ ချွတ်ခြုံကျသွားတဲ့အခါ အောက်ဖော်ပြပါ ပြဿနာတွေဖြစ်ဖို့ ပိုလွယ်ပါတယ်။ - စိတ်ဖိစီးမှု လွန်စွာများခြင်း - အားနည်းခြင်း - ညအိပ်မပျော်ခြင်း - ကိုယ်ရေးကိုယ်တာနဲ့ မိသားစုဘဝနေထိုင်မှုတွေ အနှုတ်ဆန်တဲ့အတွေးတွေ များလာခြင်း - စိတ်ဓာတ်ကျခြင်း - စိုးရိမ်ပူပန်ခြင်း - အရက်နဲ့ အခြားအရာများ အသုံးပြုလာခြင်း ဖိစီးမှုတွေတအားများလာပြီဆိုရင် ပြောဖို့အတွက် သင့်ရဲ့ ဝန်ထမ်းတွေကို အားပေးပါ။ အဲဒီလိုပြောဆိုခြင်းက အားနည်းတဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူးဆိုတာကို သိအောင်ပြောပြပါ။ အချိန်တစ်ခုယူပြီးတော့ ဝန်ထမ်းတွေနဲ့ ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဆောင်ပါ။ အလုပ်တာဝန်တွေနဲ့ စိတ်ဖိစီးမှုအကြောင်းအရာတွေကို မေးခွန်းတွေ မေးပြီးလေ့လာပါ။ မိမိဘာသာလာပြောဖို့ ခက်ခဲမှုတွေ ရှိနေနိုင်တာမို့ ဒီနည်းလမ်းက ဘယ်သူတွေ အလုပ်ဝန်ပိနေတယ်ဆိုတာကို ကောင်းစွာဖြေရှင်းသိနိုင်စေမှာ ဖြစ်ပါတယ်။ သင်က အလုပ်ဝန်ပိနေတာတွေကို လုံးဝပျောက်သွားအောင် ပြုလုပ်နိုင်မှာမဟုတ်ပေမယ့် ဒီဝန်တွေကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်အောင် လွယ်ကူတဲ့အဖြေကို ရှာဖွေပေးနိုင်မှာပါ။ လုပ်ငန်းလုပ်ကိုင်သူ ဝန်ထမ်းတွေနဲ့ လုပ်ငန်းတွေ အတူလုပ်ဆောင်ပြီး ပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်းတွေကို ကူညီရှာဖွေပေးတယ်ဆိုတာကို ဝန်ထမ်းတွေသိတဲ့အခါ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းရဲ့ဆက်ဆံရေး ပိုမိုခိုင်မာလာမှာ ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း ခေါင်းကိုက်ခြင်းက နည်းလမ်းမျိုးစုံနဲ့လာနိုင်ပါပြီး သူ့ကို ဖြစ်စေတဲ့အရာတွေ များစွာရှိပါတယ်။ ခေါင်းကိုက်ခြင်းက နာကျင်တယ်ဆိုတာပါပဲ။ အလုပ်ကိုရောက်တဲ့အခါမှာ ခေါင်းကိုက်တာက ဝန်ထမ်းရဲ့ ခန္ဓာကိုယ်သာ ထိခိုက်တာမဟုတ်ဘဲနဲ့ အလုပ်နဲ့ပတ်သက်တဲ့ စဉ်းစားတွေးခေါ်ရတဲ့အရာတွေနဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေပါ ကျဆင်းလာတာဖြစ်ပါတယ်။ WHO ရဲ့ ဖော်ပြချက်အရတော့ ခေါင်းကိုက်ခြင်းက အမျိုးသားထုတွေရဲ့ သုံးပုံတစ်ပုံမှာဖြစ်ပွားနိုင်ပြီး၊ ၈၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ နှစ်ရှည်လများ ခေါင်းကိုက်ရောဂါရှိတဲ့သူတွေတော့ လူတစ်သိန်းမှာ လူကြီးအယောက် ၂၀ ထဲက တစ်ဦးဟာ အမြဲတမ်းခေါင်းကိုက်ရောဂါရဲ့ဝေဒနာကို နေ့စဉ်နီးပါးခံစားနေရပါတယ်လို့ WHO က ဖော်ပြပါတယ်။ ဒီဝေဒနာခံစားရသူတွေဟာ အလုပ်ကိုကောင်းစွာ အာရုံမစိုက်နိုင်တော့ပါဘူး။ [caption id="attachment_22132" align="alignnone" width="720"]
အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေဟာ ခေါင်းကိုက်ရောဂါ ပိုမိုဖြစ်ပွားနိုင်ပါတယ်။[/caption] National Headache Foundation ကနေပြီးတော့ စစ်တမ်းတစ်ခုကောက်ခံခဲ့တဲ့အခါမှာ ၄၅ ရာခိုင်နှုန်းဟာ ခေါင်းကိုက်ရောဂါကြောင့် မိသားစုအစီအစဉ်တွေနဲ့ လူမှုရေးအစီအစဉ်တွေကို ပျက်ကွက်ခဲ့ကြပါတယ်။ ၃၀ ရာခိုင်နှုန်းဟာ ခေါင်းကိုက်ရောဂါကြောင့် တစ်လမှာ ငါးရက်လောက် အလုပ်မသွားနိုင်ကြပါဘူး။ ၂၀ ရာခိုင်နှုန်းကတော့ ခေါင်းကိုက်ရောဂါကြောင့် မိသားစု၊ သူငယ်ချင်းတွေကို အချိန်မပေးနိုင်တဲ့အခါ ခါးသီးကြရပါတယ်။ ခေါင်းကိုက်ရောဂါတွေက များစွာရှိသလို ကုသနည်းတွေကလည်း များစွာရှိပါတယ်။ ပထမခြေလှမ်းအနေနဲ့ ဆရာဝန်တွေဆီသွားရောက်ပြီး ရောဂါအကြောင်းကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ ခေါင်းကိုက်ဖြစ်စေရတဲ့ အကြောင်းအရင်းကို သိပြီဆိုရင် အဲဒီအရာတွေကို ရှောင်ပြီး ခေါင်းကိုက်ခြင်းဖြစ်ပွားမှုနှုန်းနဲ့ ပြင်းထန်မှုကို လျော့ကျအောင် လုပ်ရပါမယ်။ သင့်အလုပ်က ဝန်ထမ်းတွေမှာ နာတာရှည် ခေါင်းကိုက်ရောဂါတွေ ဖြစ်နေတယ်ဆိုရင် သူတို့အတွက် အကူအညီဖြစ်မယ့် မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ချပြဖို့ပဲ ဖြစ်ပါတယ်။ သူတို့ရောဂါသက်သာသလို သင့်အလုပ်မှာလည်း တန်ဖိုးရှိစွာ အလုပ်ကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အဒိုနီရမ်
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ
Posted On August 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း