ပထမဆုံးအကြိမ် ငွေမည်းခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

  [caption id="attachment_6880" align="alignnone" width="720"](From L-R) Anthony Preston, (British Embassy), Mike Trigg (Standard Chartered Bank), Tina Singhsacha (Standard Chartered Bank), Daw Cherry Lwin (Myanmar Foreign Trade  Bank), U Hla Myint Aung (Myanma Economic Bank), U Thein Tun (Tun Foundation Bank and  Myanmar Banker’s Association), U Maung Maung (Central Bank of Myanmar), Dr. Sein Maung  (First Private Bank), U Ba Tun (Aung Thit Sar Oo Insurance ), John Gibson (Standard Chartered  Bank), Wesley Tam (Prudential), Allen Thai (Prudential). (From L-R) Anthony Preston, (British Embassy), Mike Trigg (Standard Chartered
Bank), Tina Singhsacha (Standard Chartered Bank), Daw Cherry Lwin (Myanmar Foreign Trade
Bank), U Hla Myint Aung (Myanma Economic Bank), U Thein Tun (Tun Foundation Bank and
Myanmar Banker’s Association), U Maung Maung (Central Bank of Myanmar), Dr. Sein Maung
(First Private Bank), U Ba Tun (Aung Thit Sar Oo Insurance ), John Gibson (Standard Chartered
Bank), Wesley Tam (Prudential), Allen Thai (Prudential).[/caption] [caption id="attachment_6886" align="alignnone" width="300"]U Maung Maung, Director General of the Central Bank of Myanmar U Maung Maung, Director General of the Central Bank of Myanmar[/caption] [caption id="attachment_6885" align="alignnone" width="300"]Mike Trigg, Group Financial Crime Risk Advisor, Standard Chartered Bank Mike Trigg, Group Financial Crime Risk Advisor, Standard Chartered Bank[/caption] [caption id="attachment_6884" align="alignnone" width="300"]Tina Singhsacha, Chief Representative, Standard Chartered Bank (Myanmar) Tina Singhsacha, Chief Representative, Standard Chartered Bank (Myanmar)[/caption]   ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲ ပြန်လည်ဝင်ရောက် ပေါင်းစည်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကို မြှင့်တင်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တဲ့ ငွေမည်းခဝါချမှုကို မြန်မာနိုင်ငံမှ ကိုင်တွယ်ဖြေရှင်းနေမှုအား အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ပူပေါင်းပါဝင်မှုနဲ့အတူ Standard Chartered Bank ၊ Prudential တို့နဲ့ တွဲဖက်ပြီး ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို  ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့ကကျင်းပခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံဗဟိုဘဏ်၊ ပြည်တွင်းကူးသန်း ရောင်းဝယ်ရေးဘဏ်နဲ့ အာမခံကုမ္ပဏီတို့မှ အကြီးတန်းကိုယ်စားလှယ်များအပါအဝင် အစိုးရ ပုဂ္ဂလိကကဏ္ဍတို့မှ လူအယောက် ၉၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။ ပွဲမှာ မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က "AMT/CFT ငွေမည်းခဝါချမှုတိုက်ဖျက်ရေး/အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးစနစ်(AML/CFT regime) ကို မြန်မာနိုင်ငံအနေနဲ့ အကောင်ထည်ဖော်ရာမှာ သိသားထင်ရှားတဲ့ တိုးတက်မှုရလဒ်တွေရရှိဖို့အတွက် ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းတဲ့အခါမှာ အချိန်ကိုက် အခါကိုက်ဖြစ်မှုက အရမ်းအရေးကြီးပါတယ်။ အခုလိုအချိန်အခါမျိုးမှာ ဒီအစီအစဉ်ဖြစ်မြောက်ဖို့ ကူညီထောက်ပံ့ ပေးတဲ့ Standard Chartered Bank၊ Prudential နဲ့ အစီအစဉ်အောင်မြင်အောင် အများကြီးကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ လေ့ကျင့်သင်ကြားပေးသူတွေကို ကျွန်တော့်အနေနဲ့ စိတ်ရင်းနဲ့ကျေးဇူးတင်ကြောင်းပြော ကြားချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲ အစီစဉ်ကိုယူနိုက်တက်ကင်းဒမ်း-မြန်မာ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ထူထောင်ဖို့ ဘဏ္ဍရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဗဟိုဘဏ်တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ယူနိုက်တက်ကင်းဒမ်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှလည်း ကူညီပံ့ပိုးပေးထားပါတယ်။ Standard Chartered Bank နဲ့ ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံးတို့က ဦးဆောင်မယ့် အဲဒီလုပ်ငန်းအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ ပေးသွားမှာပါ။ “ဗဟိုဘဏ်ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ အနာဂတ်ယူနိုက်တက်ကင်းဒမ်းဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ ရဲ့ အဖွဲ့ဝင်တွေက စီစဉ်ကျင်းပတဲ့ ဒီကနေ့အလုပ်ရုံဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ယူနိုက်တက်ကင်းဒမ်းရဲ့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုပါဝင်မှု တွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ငွေမည်းခဝါချမှုကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရပ်တည်မှုပုံရိပ်ကို ထိခိုက်မှုဖြစ်မယ့် တရားမဝင် ဥပဒေနဲ့ငြိစွန်းတဲ့ ငွေကြေးတွေအလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ရှောင်ရှား နိုင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကိုအောင်မြင်မှုရဖို့အတွက် ယူနိုက်တက်ကင်းဒမ်းအနေနဲ့ အထောက်အကူဖြစ်စေမယ့် အခန်းကဏ္ဍနေဆက်လက် ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ ရန်ကုန်ရှိ ဗြိတိသျှသံရုံးရဲ့ ကြီးပွားတိုးတက်မှု ဌာနအကြီးအကဲ Anthony Preston က ပြောကြားခဲ့ပါတယ်။ "နိုင်ငံတကာထိပ်တန်းဘဏ်တစ်ခုအနေနဲ့ ကျွန်မတို့ရဲ့ အတွေးအမြင်တွေနဲ့ ကျွမ်းကျင်မှုတွေကို ဝေမျှခြင်း အားဖြင့် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေ စွမ်းရည်မြှင့်တင်မှုအပိုင်းမှာ ပါဝင်အကျိုးပြုနိုင် လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်။ အခုလိုအကျိုးပြုပါဝင်လိုတဲ့ဆန္ဒဟာ ဘဏ်တွေအနေနဲ့ လူမှုရေးအပိုင်းမှာအသုံးဝင်သလို ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်စေတဲ့ အထောက်အကူဖြစ်သင့်တယ်ဆိုတဲ့ ကျွန်မတို့ရဲ့ ယုံကြည်ချက်အပေါ်မှာ အခြေခံထားပါတယ်။ ဒီယုံကြည်ချက်ဟာ ကျွန်မတို့အမှတ်တံဆိပ်ရဲ့ ကတိကဝတ်ဖြစ်တဲ့ 'Here for good' ဆိုတဲ့ ဆောင်ပုဒ်ရဲ့ နှလုံးသားဗဟိုအချက်အချာ ဖြစ်ပါတယ်။ ဒီငွေမည်းခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှာ အကြီးမားဆုံးနဲ့ အရှုပ်ထွေးဆုံးစိန်ခေါ်မှုတွေထဲကတစ်ခုကို ကိုင်တွယ် ဖြေရှင်းရာမှာ အထောက်အပံ့ဖြစ်ပါလိမ့်မယ်။ ဘဏ္ဍာရေးအဖွဲ့အစည်းတိုင်းအနေနဲ့ ငွေမည်းခဝါချမှု တိုက်ဖျက်ရေးရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့လိုအပ်သလိုနဲ့ ဒီပြဿနာကို ကိုင်တွင်ဖြေရှင်းဖို့အတွက် ကောင်းမွန်မှန်ကန်တဲ့ မူဘောင်တွေနဲ့ စီမံချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်ဆိုတာ သေချာမှုရှိုဖို့လိုပါတယ်" လို့ ပွဲမှာ Standard Chartered Bank (Myanmar) ရဲ့ ကိုယ်စားလှယ်အရာရှိချုပ် Tina Singhsacha ကလည်း ပြောကြားခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တွဲဖက်စီစဉ်တဲ့အဖွဲ့အစည်းဖြစ်တစ်ခုဖြစ်တဲ့ Prudential (Myanmar) မှ ကိုယ်စားလှယ်အရာရှိချုပ် Allen Thai က  "ဒီကနေ့အလုပ်ရုံဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းဈေးကွက်မှာ အကျိုးပြုပါဝင်ဖို့ ကျွန်တော်တို့ရဲ့ ရေရှည်သံဓိဋ္ဌာန်ချထားမှုရဲ့ အစကနဦးပိုင်းဖြစ်ပါတယ်။ စည်မျဉ်းဥပဒေထိန်းသိမ်းရေး ဆိုင်ရာ အလေးထားအာရုံစိုက်မှုမြင့်မားလာတဲ့ အကြောင်းအရာဖြစ်တဲ့ ငွေမည်းခဝါချမှုတိုက်ဖျက်ရေးမှာ ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို Standard Chartered Bank နဲ့အတူ ပူးပေါင်းဝေမျှခွင့် ရတဲ့အတွက် Prudential အနေနဲ့ အရမ်းကျေနပ်အားရမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ။ Standard Chartered Bank နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ပူးပေါင်းစီစဉ်ပြီး ထပ်မံပြုလုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။