[caption id="attachment_9784" align="alignleft" width="370"]
ဒေါက်တာအောင်သူရ
CEO (Thura Swiss Ltd)[/caption] မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ၂၀၁၅ ခုနှစ်မှာ Yangon Stock Exchange (YSE) ပေါ်ပေါက်လာ တော့မှာဖြစ်ပါတယ်။ YSE အကောင်အထည်ဖော်ဖို့အတွက် ဂျပန်နိုင်ငံကJapan Exchange Group (JPX) ၊Daiwa Institute of Research Co Ltd (DIR) ၊ Policy Research Institute (PRI) တို့အပြင် ထိုင်းနိုင်ငံက Stock Exchange of Thailand (SET) နဲ့ တောင်ကိုရီးယားနိုင်ငံက Korea Exchange(KRX) စတဲ့ အဖွဲ့အစည်းတွေက နည်းပညာအကူအညီတွေ ပေးနေ တယ်လို့သိရပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စတော့ဈေးကွက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအကြောင်းနဲ့ မြန်မာနိုင် ငံမှာ ပေါ်ပေါက်လာတော့မယ့် စတော့ဈေးကွက်နဲ့ပတ်သက်ပြီးဘဏ္ဍာ ရေးဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ် Thura Swiss Ltd ရဲ့ CEO ဒေါက်တာအောင်သူရနဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စားကုမ္ပဏီတွေ (SME) ရော လုပ်ငန်းကြီးတွေပါ Financing အပိုင်းမှာ အခက်အ ခဲ တွေကြုံတွေ့နေ ရပါတယ်။ လုပ်ငန်းကြီးတွေက သူတို့ရဲ့ လုပ်ငန်းတွေကိုတိုးချဲ့ချင်နေကြပြီး မြန်မာနိုင်ငံမှာGrowth Rate က တအားမြင့်နေပါ တယ်။ မြန်မာနိုင်ငံက တိုးတက် မှုနှုန်းမြန်ဆန်နေတဲ့အချိန်မှာ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာ မှာဖြစ်တဲ့အတွက် ပြည်တွင်း ကုမ္ပဏီတွေ အတွက် အခွင့်အရေး ကောင်းတွေ အများကြီးရှိနေပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့အ တွက် Financing က နည်းမျိုးစုံရှိပါတယ်။ အများအားဖြင့် တော့ နိုင်ငံခြားမှာဆိုရင် အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေ ကတော့ ချေးငွေ (Loan) နဲ့ သွားကြတာများပါတယ်။ ကုမ္ပဏီကြီးတွေကျတော့ ဘဏ်တွေက Loan တွေ အများ ကြီးမပေးနိုင်တဲ့အတွက် သူတို့အတွက်Equity Financing နဲ့Debt Financing ဆိုပြီး အဓိက Financing နှစ်မျိုးရှိပါ တယ်။
Financing နှစ်မျိုး
Equity Financing ကတော့ ရှယ်ယာတွေ ရောင်းချပြီး အရင်းအနှီးကို တိုးမြှင့်တာဖြစ်ပါတယ်။ Debt Financing က ငွေချေးစာ ချုပ်တွေရောင်းချပြီး လုပ်ငန်းတိုးချဲ့ဖို့ အရင်း အနှီးကို တိုးမြှင့်တာပါ။ ဘဏ်က ချေးငွေယူတယ်ဆိုရင် Debt Financing ဖြစ်ပြီး ငွေချေးစာချုပ် (Bond) တွေကို ထုတ်ရောင်းတယ်ဆိုရင်လည်း ီ Debt Financing ပဲဖြစ် တယ်။ ဒါကြောင့် ဘဏ်ကနေ ငွေချေးတာလား၊ Bond ထုတ်ရောင်းပြီး Financing လုပ်တာလားဆိုပြီး Channel ကတော့ အမျိုးမျိုးရှိနိုင်ပါ တယ်။ မြန်မာနိုင်ငံမှာက Financing က အတော်လေးခက်ပါတယ်။ ကိုယ့် အသိုင်းအဝိုင်း ထဲက ရှာလို့ရရင်ရ၊ မရလို့ ဘဏ် ကနေ ချေးမယ်ဆိုရင်လည်း တော်တော်လေးကို မလွယ်ပါဘူး။ ဃသူူအေနမေူ ကို တန်ဖိုးအ ပြည့်မပေးသလို အတိုးကလည်း အလွန်မြင့်တဲ့အတွက် Financing က ဘဏ်ကနေသိပ်မရပါဘူး။ အဲဒါကြောင့် လူ တွေက Stock Exchange ကိုအားကိုကြတာဖြစ်ပါတယ်။
Stock Exchange မှာ မှတ်ပုံတင်မယ်ဆိုရင်
Stock Exchange မှာ မှတ်ပုံတင်(Listing) မယ်ဆိုရင်တော့ တွက်ထားရမှာက Cost က အလွန်များပါတယ်။ ပထမဆုံး အနေနဲ့ Listing လုပ်ချင်တယ်ဆိုရင် ကုမ္ပဏီအနေနဲ့ စည်း မျဉ်းစည်းကမ်း (Rules and Regulations)) တွေကို ပြည့်စုံ အောင် Transformation လုပ်ဖို့အတွက် ပရော်ဖက်ရှင် နယ်ကုမ္ပဏီတွေကို ငှားရပါမယ်။ ပြီးရင် Accounting ကုမ္ပဏီ၊ Consulting ကုမ္ပဏီ၊ Audit ကုမ္ပဏီတွေကို ငှားရမှာဖြစ် တဲ့အတွက် ကုန်ကျစရိတ်များပါတယ်။ ကုန်ကျစရိတ်က အဲဒါနဲ့ပြီးမသွားပါဘူး။ Stock Exchange မှာ မှတ်ပုံတင်ပြီး သွားရင်Stock Exchange ရဲ့ စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာဖို့အတွက် Management Cost က ပိုများပါတယ်။ Report တွ မှန်မှန်ရေးရမှာဖြစ်ပြီး ကိုယ့်ဘက်ကတစ်ခုခု မှားရင်လည်း Fine ချခံရနိုင်တဲ့အတွက် ပုဂ္ဂလိကကုမ္ပဏီနဲ့ ယှဉ်ရင် အများပိုင်ကုမ္ပဏီက လိုက်နာရမှာတွေ အင်မတန်များ တဲ့အတွက် Flexibility ပိုနည်းသွားပြီး Cost ပိုများသွားပါ တယ်။
Investor အမျိုးအစား
Investor တွေအတွက်Stock Market က ဘာကြောင့်စိတ် ဝင်စားဖို့ကောင်းသလဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုအတွက် ဖြစ် နိုင်ခြေနည်းလမ်းတစ်ခု (ှုInvestment Possibility) ပိုသွား တဲ့အတွက် ဖြစ်ပါတယ်။ ဥပမာ- လူတစ်ဦးတစ်ယောက် အနေနဲ့၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို တစ်မျိုးတည်းမှာ ထည့်ထားမယ်ဆိုရင် Risk ပိုများပါတယ်။ ပိုက်ဆံတွေ အကုန်လုံးကို ရွှေထဲမှာပဲ ရင်းနှီးမြှှုပ်နှံထားတယ် ဆိုရင် ရွှေဈေးအတက်အကျမှာ ကိုယ့်ပိုက်ဆံ ဆုံးရှုံးသွား နိုင်ပါတယ်။ ရွှေအပြင် မြေအတွက်ပါရင်းနှီးမြှုပ်နှံမယ်ဆို ရင် တစ်ခုကထိခိုက်ရင် တစ်ခုက ကာမိမှာဖြစ်တဲ့အတွက် Risk လျော့နည်းသွား မှာ ဖြစ်ပါ တယ်။ ရွှေနဲ့မြေအပြင်Stock Market ပေါ်လာလို့ ကိုယ့်ရဲ့ပိုက်ဆံတွေကို ဖြန့်ပြီး ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် Risk က ပိုပြီးလျော့သွားပါ တယ်။ Investor ကတော့ အမျိုးမျိုးရှိပါတယ်။ တချို့ Investor တွကတော့ Passive Investor တွေဖြစ်တယ်။ Passive Investor ဆိုတာကတော့ ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို သူကသဘောကျလို့ ဝယ်လိုက်မယ်။ ဒါပေမဲ့ သူ က Management ပိုင်း၊ Control လုပ်ရမယ့်အပိုင်းတွေနဲ့ မပတ်သက်ချင်ဘဲ ကုမ္ပဏီကို ယုံကြည်မှုရှိလို့ ရှယ်ယာ အနည်းစုပဲ ဝယ်တဲ့သူမျိုးဖြစ်ပါတယ်။ တချို့ကျတော့ အ ကြောင်းအရင်း (ှStrategic Reason) ရှိလို့ ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာတွေကို ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းစဝယ်ပြီး အဲဒီ ကနေတဖြည်းဖြည်းနဲ့ လက်လွှဲယူမယ့်သဘော(Take-over) နဲ့ ရင်းနှီးမြှုပ်နှံတဲ့သူရှိပါတယ်။ Management ကို Influence လုပ်ချင်လို့ ရှယ်ယာဝယ်တဲ့ သဘောဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ သိပ်မရှိသေးပေမဲ့ နိုင်ငံခြားမှာတော့ Institutional Investor တွေက အင်မတန်အရေးကြီးပါတယ်။ Stock Market တွေမှာ ရှယ်ယာအများဆုံးဝယ်တဲ့သူက Institutional Investor တွေဖြစ်တယ်။ Institutional Investor ဆိုတာက ပင်စင်ရန်ပုံငွေ(Pension Fund) ၊ ဒါမှ မဟုတ် အာမခံကုမ္ပဏီ (Insurance Company) တွေက အာမခံအမျိုးအစားတွေ (Product) ရောင်းတော့ အာမခံကြေး (Premium) တွေရထားတယ်။ ဥပမာအနေနဲ့ ငလျင်လှုပ်တာ ကို အာမခံပေးတဲ့ကုမ္ပဏီတွေရှိမယ်။ သူတို့က ငလျင်အာမခံတွ ကို ရောင်းထားတဲ့အတွက် ငလျင်မလှုပ်မချင်း အဲဒီပိုက် ဆံတွေက သူတို့မှာပိုနေမှာဖြစ်ပြီး ငလျင်လှုပ်တဲ့အချိန်ကျမှ ပြန်ပေးရမှာဖြစ်တယ်။ အဲဒီတော့ သူတို့မှာ ပိုက်ဆံတွေ တအားများနေတာကြောင့် အဲဒီပိုက် ဆံတွေကို ဘဏ်မှာသွား အပ်ထားရင် အတိုးနှုန်းနည်းနည်းပဲရမှာဖြစ်တဲ့အတွက် တချို့ က Stock Market မှာ၊ တချို့ကတော့ ရွှေ၊ ဒါမှမဟုတ် Bond တွေဝယ်ပြီး ရင်းနှီးမြှုပ်နှံမယ် စသဖြင့် ပုံစံအမျိုးမျိုး နဲ့ ရင်းနှီးမြှုပ်နှံကြပါတယ်။ နာက်တစ်ခုကRetail Investor ဆိုတာရှိပါ တယ်။ သူတို့က သာမန်လူတွေဖြစ်ပြီး မြတ်မယ်ထင်လို့ စတော့ရှယ်ယာဝယ်တဲ့သူတွေဖြစ်တယ်။ Institutional Investor တွေက ကျွမ်းကျင်တော့ ရှယ်ယာအရောင်း အဝယ် နဲ့ပတ်သက်ပြီး Risk ကို နားလည်တယ်။ Retail Investor တွေကျတော့ မလွယ်ဘူး။ ဝယ်မယ်လို့ဆုံးဖြတ်ပြီးမှ မှား သွားရင် ပြဿနာရှိတဲ့အတွက် သူတို့မှာ Client Adviser ဆိုတာမျိုးရှိပါတယ်။ စတော့ရှယ် ယာ ဝယ်ရာမှာလည်း ဘယ်ဟာက ဝယ်လို့ရတယ်၊ ဘယ်ဟာက ဝယ်လို့မရဘူးဆိုပြီး အကန့်အသတ်တွေရှိပါတယ်။ Institutional Investor တွေကတော့ လုပ်ပိုင်ခွင့် အများကြီးရတဲ့အချိန်မှာ Retail Investor တွေအတွက်တော့ ကန့်သတ်ချက်တွေရှိပါတယ်။
Broker၊ ၊ Dealer နဲ့ Underwriter တွရဲ့အခန်း ကဏ္ဍ
စတော့ရှယ်ယာအရောင်းအဝယ်လုပ်တဲ့အခါမှာ အများအားဖြင့် Investor တွက Stock Market ကို Direct Access မရှိပါ ဘူး။ အဲဒီလိုလုပ်ဖို့အတွက် Investor တွေက Broker တွေ ကို ဆက်သွယ်ရပါတယ်။ ဒီခေတ်မှာတော့E-Banking ၊ Online Trading တို့နဲ့ အရောင်းအဝယ် လုပ်တာမျိုး ဖြစ် ချင်ဖြစ်မယ်။ Broker တွေကလည်း Stock Exchange နဲ့ ချိတ်ဆက်ထားပြီး စတော့ရှယ်ယာအရောင်းအဝယ်လုပ်ဖို့ သူတို့ Platform နဲ့ သူတို့ရှိပါတယ်။Stock Exchange မှာ လက်ရှိပေါက်နေတဲ့ဈေးနှုန်းကို သူတို့ Platform မှာ လက်ရှိဈေးနှုန်းကတော့ ဒီလောက်ရှိတယ်၊ အရောင်းအဝယ် လုပ်ချင်သလား ဆိုတာမျိုးကို ပြန်ပြီးချပြပါတယ်။ Investor တွေကလည်း အဲဒီ Platform ကိုသုံးပြီး အရောင်းအဝယ် လုပ်မယ်လို့ပြောရင် Broker က ဆောင်ရွက်ပေးပါတယ်။ ဒါမှမဟုတ် သူတို့ကြားထဲမှာပဲ ရောင်းမယ့်သူနဲ့ ဝယ်မယ့်သူရှိ မယ်ဆိုရင် Stock Exchange ကို မသွားတော့ဘဲ သူတို့ အချင်းအချင်း အရောင်းအဝယ် ဖြစ်သွားတာမျိုးလည်း ရှိပါ တယ်။ ဒါကြောင့် Broker က Investor နဲ့ ှStock Exchange ကြားမှာ Professional Access ပေးတဲ့အုပ်စုဖြစ် တယ်။ Broker က ရောင်းသူ နဲ့ဝယ်သူကို ချိတ်ဆက်ပေးပြီး သူကိုယ်တိုင်တော့ Risk ကို မယူပါဘူး။ Broker အပြင် Dealer ဆိုတာရှိပါတယ်။ Broker က ရောင်းသူနဲ့ဝယ်သူကို ချိတ်ဆက်ပေးတာဖြစ်ပြီး ဘာ Risk မှ မယူပါဘူး။ Dealer ကတော့ သူကိုယ်တိုင်လည်း Risk ယူလို့ရပါတယ်။ ဥပမာ- Dealer က မနက်ဖြန်ဆိုရင် ရှယ်ယာဈေးတွေတက်မယ်လို့ ယူဆကာ ရှယ်ယာတွေကို ကြိုဝယ်ထားလိုက်မယ်ဆိုပြီး Position ယူထားလိုက်တယ်။ အဲဒီလိုယူလိုက်တဲ့အတွက် Risk က ပိုများပြီး ပိုရှုံးနိုင်တဲ့ အတွက် Dealer အတွက် အရင်းအနှီးလိုအပ်ချက်ပမာဏ (Capital Requirement) က ပိုများပါတယ်။ နောက်တစ်ခု အနေနဲ့ မြန်မာနိုင်ငံမှာလုပ်ဖို့ ရည်ရွယ်နေတာက Underwriter ဖြစ်တယ်။ Underwriter က ကုမ္ပဏီတွေအနေနဲ့ ရှယ်ယာ တွေ ထုတ်ရောင်းချင်ရင် အကြံပေးတယ်။ အကူအညီပေးတယ်။ ပြီးရင် သူတို့က အနည်းဆုံးဘယ်လောက်အထိ ရောင်းရမယ် ဆိုပြီး အာမခံချက် (Guarantee) ပေးတတ်ပါတယ်။ မရောင်း ရတဲ့ရှယ် ယာတွေကို သူတို့ ယူထားပြီး သူတို့ဘာသာ သူတို့ ပြန်ထုတ်ရောင်းတာမျိုးလုပ်ကြပါတယ်။ သူတို့အတွက်လည်း Risk တအားများတဲ့အတွက် အရင်းအနှီး လိုအပ်ချက်က ပို တောင်မြင့်ပါသေးတယ်။ Underwriting Business က အမေရိကားတို့ ဥရောပတို့မှာတော့ အမြတ်အစွန်းအများ ကြီးရနိုင်တဲ့အလုပ် ဖြစ်ပါတယ်။ အတွက်အချက်မှားရင်လည်း တော်တော်လေးရှုံးနိုင်တဲ့လုပ်ငန်းမျိုးဖြစ်တယ်။ ဈေးတအား မြင့်သွားရင် ရောင်းချင်တဲ့ Volume ကို မရောင်းရတဲ့အတွက် အဆင်မပြေဘူး။ ဈေးတအားကျသွားရင်လည်း ထုတ်ရောင်း တဲ့ကုမ္ပဏီက နာသွားမှာဖြစ်တယ်။ အာရှမှာကျတော့ Underwriting အစစ်ရယ်လို့ သိပ်မတွေ့ရပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ဥပမာ- ဗီယက်နမ်နဲ့ မြန်မာနိုင်ငံထက် ပိုတိုးတက်နေတဲ့နိုင်ငံတွေမှာUnderwriting Riskကို ယူချင်တဲ့ကုမ္ပဏီတွေ သိပ်မရှိကြဘူး။ အများအားဖြင့် တ ကယ်မရောင်းရဘူးဆိုရင် သူတို့က Cancel လုပ်လိုက်ကြပါ တယ်။
နိုင်ငံတကာ စတော့ဈေးကွက်အနေအထား
ဒီဘက်ခေတ်မှာတော့ အနောက်တိုင်းမှာ Stock Exchange ရဲ့ Volume က တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။ ဘဏ်တွေအများကြီးက Stock Exchange ကို အသုံးပြုကြ ပေမယ့် အရောင်းအဝယ် ပမာဏများတဲ့ အခါမျိုးမှာဆိုရင်Dark Pool ကို အသုံးပြုလာကြပါတယ်။ Dark Pool ဆို တာက ဘဏ်တွေအချင်းချင်းညှိနှိုင်းပြီးလုပ်ထားတဲ့OTC (Over the Counter) Trading (စတော့ဈေးကွက်ပြင်ပမှာ ရှယ်ယာအရောင်းအဝယ် ပြုလုပ်တဲ့ဈေးကွက်) ကို ပြောတာ ပါ။ အနောက်တိုင်းမှာ ဒီဘက်ခေတ်မှာ ကြုံတွေ့လာရတဲ့ အခက်အခဲတစ်ခုက Trading Volume တော်တော်များများကို လူက Trading လုပ်တာ မဟုတ်တော့ဘဲ Algorithmic Trading ဆိုပြီး ရှိလာပါတယ်။ Stock Market မှာ ဘယ် နေရာမှာ အခွင့်အရေးသာသလဲဆိုတာကို စက် (Machine) တွေက စောင့်ကြည့်နေတဲ့ Program တွရှိပါတယ်။ ဥပမာ- ဒီနေရာမှာတော့ စတော့ရှယ်ယာ ဈေးနည်းနည်းကျသွား လို့ ဒီအချိန်မှာ ဝယ်လိုက်မယ်ဆိုပြီး စက္ကန့်အနည်းငယ်အတွင်း မှာ အရောင်းအဝယ်ကိစ္စတွေကို စက်က စောင့်ကြည့်ဆုံးဖြတ် သွားပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က Stock Exchange မှာ များများရောင်းချင်လို့ Order တွေကို Place လုပ်နေတဲ့အချိန်မှာ စက်ကတွေ့သွားရင် ကြားထဲကနေ အသုံးချသွားနိုင်ပါတယ်။ Stock Exchange ရဲ့သဘောက အရောင်းအဝယ်ဖြစ်ပြီးတိုင်း ဘယ်ဈေးနဲ့ နောက်ဆုံးအဝယ် ဖြစ်သွားတယ်ဆိုတာကို လူတိုင်းက မြင်တဲ့အတွက် စက် တွေက အဲဒါကိုကြည့်ပြီး အရောင်းအဝယ်ကို ဆုံးဖြတ်သွားပါ တယ်။ အဲဒါဆိုရင်Institutional Investor တွေ၊ စတော့ရှယ်ယာပမာဏအများ ကြီးဝယ်မယ့်သူတွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်တဲ့အတွက်ကြောင့် Stock Exchange ကို သိပ်မသုံးချင်တော့ဘဲ Investment Bank တွေ အချင်း ချင်းညှိနှိုင်းပြီး OTC Platform လုပ်ဖို Dark Pool ဆိုတာ ကို လုပ်ထားကြပါတယ်။ အဲဒီမှာ အရောင်းအဝယ်လုပ်မယ် ဆိုရင် Volume ဘယ်လောက်ရောင်းရသလဲဆိုတာကို မသိရပါဘူး။ စက်တွေက ကြားကဝင်ပြီး နှောင့် ယှက်တာမျိုး မရှိတော့ ငြါ ဠသူကာန တွေကStock Exchange ကို မသွားတော့ဘဲ Dark Pool တွေကနေ တစ်ဆင့်ပဲ အရောင်း အဝယ်လုပ်ကြတော့တယ်။
Primary Market နဲ့Secondary Market
Stock Market မှာ Primary Market နဲ့ ှSecondary Market ဆိုပြီးနှစ်မျိုးရှိပါတယ်။ Primary Market မှာတော့ ပထမဆုံးအနေနဲ့ ရှယ်ယာတွေ၊ ငွေချေးစာချုပ်တွေကို ထုတ် ရောင်းလိုက်တယ်။ Secondary Market ကျတော့ ကုမ္ပဏီ ကထုတ်ရောင်းတာမဟုတ်ဘူး။ ရှယ်ယာဝယ်ထားသူ အချင်း အချင်း အရောင်းအဝယ်လုပ်တဲ့ ဈေးကွက်ဖြစ်ပါတယ်။ Dealer ကSecondary Market မှာ အလုပ်လုပ်ပါတယ်။ Dealer တွထဲမှာလည်းMarket Maker ဆိုတာ ရှိပါတယ်။Market Maker ရဲ့ Function က အရောင်း အဝယ်ဈေးနှုန်းကို အချိန်မရွေးသတ်မှတ်ပေးတာ ဖြစ်တယ်။ Market Maker ဆိုတာ တစ်ယောက်ယောက်က တာဝန် ပေးထားလို့မဟုတ်ဘဲ သူကိုယ်တိုင်ကလုပ်ချင်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတာ ဖြစ်တယ်။ အရောင်းအဝယ် ဈေးနှုန်းကို ပြောရုံတင်မဟုတ် ဘဲ ကိုယ်တိုင်လည်း အရောင်းအဝယ်လုပ်ရတဲ့အတွက် သူ့ မှာလည်း Risk ရှိပါတယ်။ အများအားဖြင့်Market Makerလုပ်တဲ့သူတွေက Investment Bank တွေ၊ Brokerage ကုမ္ပဏီတွေနဲ့ Dealing ကုမ္ပဏီတွေဖြစ်ပါတယ်။
Yangon Stock Exchange နဲ့ပတ်သက်ပြီး သုံးသပ်ထင် မြင်ချက်
Yangon Stock Exchange ကို အကောင်အထည်ဖော်နေတဲ့ အချိန်မှာ Technology ကို တအားဦးစားပေးနေတယ်လို့ မြင်ပါတယ်။Stock Exchange ကျွမ်းကျင်သူတွေနဲ့ စကား ပြောတိုင်ပင်တဲ့အခါမှာ ဒီလို Stage မှာ Technology က Perfect ဖြစ်နေစရာမလိုဘူးလို့ သူတို့က ပြောပါတယ်။ အဓိကအရေးကြီးတာက လူတွေစိတ်ဝင်စားလာဖို့၊ အရောင်း အဝယ်ဖြစ်လာဖို့နဲ့ ကုမ္ပဏီတွေပါလာဖို့ကို အလေးထားပြီး လုပ်ရမှာဖြစ်ပါ တယ်။ ၂၀၁၅ မှာStock Exchange ပေါ် လာရင်လည်း Liquidity (ငွေဖြစ်လွယ်မှု) အင်မတန်များ မယ်၊ အရောင်းအဝယ် တအားများမယ်ဆိုပြီး မျှော်လင့်လို့ မရပါဘူး။ အစပိုင်းမှာတော့ Technology က သိပ်မလိုဘဲ တဖြည်းဖြည်းနဲTrading Volume တိုးလာရင် တိုးလာ သလို Technology ကို အဆင့်မြှင့်တင်လို့ရပါတယ်။ ကျွန်တော်မြင်တာကတော့ Market ကို Develop ဖြစ်လာ အောင်လုပ်ဖို့အတွက် တခြား Aspect တွေကို ပိုပြီးကြည့်ရ မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက Brokerage ကုမ္ပဏီတွေ၊ Dealing ကုမ္ပဏီတွေနဲ့ Underwriting ကုမ္ပဏီတွေအတွက် အရင်းအနှီးလိုအပ်ချက် (Capital Requirement) သတ် မှတ်ဖို့ စဉ်စားနေတယ်လို့ သိထားပါတယ်။ တခြားနိုင်ငံ တွေက Securities ကုမ္ပဏီတွေကပုဂ္ဂိုလ်တွေကို မေးကြည့် တဲ့အခါ မြန်မာနိုင်ငံမှာက အရင်းအနှီးလိုအပ်ချက် တအား များနေတယ်လို့ ပြောပါတယ်။ Brokerage ကုမ္ပဏီဆိုရင် အမေရိကန်ဒေါ်လာ ငါးသန်းပတ်ဝန်းကျင်လောက် သတ် မှတ်ဖို့ အကြံပေးနေပါတယ်။ ဒါက အစိုးရဘက်က ပြော တာမဟုတ်ဘဲStock Exchange ပေါ်ပေါက်လာဖို့ အကူ အညီပေးနေတဲ့ ဂျပန်ကုမ္ပဏီက သူတို့အနေနဲ့ သင့်တော် မယ်ထင်တဲ့နှုန်းကို ပြောတာဖြစ်ပါတယ်။ Dealing လိုင်စင် ဆိုရင် ဒေါ်လာ ရှစ်သန်း၊ Underwriting လိုင်စင်ဆိုရင် ဒေါ်လာ ဆယ်သန်းဆိုပြီး အကြံပေးထားတယ်လို့ သိထားပါ တယ်။ အခုတော့ အဲဒီနှုန်းတွေ ကို ပြောင်းလဲချင်ပြောင်းလဲ သွားမှာပါ။ အဲဒါကိုကြည့်လိုက်ရင် သိပ်ပြီးအားမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဈေးကွက်က အာမခံကုမ္ပဏီတွေလိုပဲ အစပိုင်းမှာ ဝင်ငွေသိပ်မရနိုင်တဲ့ ဈေးကွက်ဖြစ်ပါတယ်။ သုံးလေးနှစ်အတွင်းမှာTrading Volume တွေက တအား နိမ့်နေတဲ့အချိန်မှာ ကုမ္ပဏီတွေအနေနဲ့ ဝင်ငွေအများကြီး မရနိုင်ပါဘူး။ အဲဒီအချိန်မှာ အရင်းအနှီးလိုအပ်ချက်က ဒေါ်လာ ငါးသန်းထည့်ရတယ်ဆိုရင် Return On Investment (ROI) က တော်တော်လေးနည်းဖို့ရှိပါတယ်။ ဥပမာ- တစ်နှစ် တစ်နှစ်ကို ဒေါ်လာ ငါးသန်းရင်းနှီးလိုက်လို့ ROI ၂၀ ရာခိုင်နှုန်း လိုချင်တယ်ဆိုရင် ဒီဒေါ်လာ ငါးသန်းထဲက တစ်နှစ်ကို ဒေါ်လာ တစ်သန်းရှာဖို့က သိပ်ပြီးမလွယ်လှပါ ဘူး။ တခြားနိုင်ငံကလူတွေကို မေးကြည့်တော့ ဂျပန်တို့၊ ဟောင်ကောင်တို့မှာဆိုရင် Capital Requirement သိပ်ပြီး မမြင့်ပါဘူး။ တစ်ခါတလေကျရင် ဒေါ်လာ သောင်းဂဏန်း၊ သိန်းဂဏန်းနဲ့ရတယ်။ ဒါပေမဲ့ သူတို့ကဘယ်လိုထိန်းချုပ်သလဲ ဆိုတော့ Capital ဒီလောက်ပဲရှိရင် ဒီလောက်ပဲ လုပ်ခွင့်ရ မယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ စပြီးလုပ်ဖို့ဆိုရင် သူတို့ အနေနဲ့ သိပ်ပြီးမကန့်သတ် ထားပါဘူး။ Capital နည်းတဲ့ ကုမ္ပဏီကTrading Volume နည်းနည်းပဲ လုပ်ခွင့်ရပါတယ်။ Volume အလွန်များချင်တယ်ဆိုရင် Capital များများထည့်ရ ပါတယ်။ အဲဒါကပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ယူဆပါတယ်။ ကိုယ် Risk ယူသလောက်ပဲ Capital ထည့်ရပြီး ကိုယ် Capital ထည့်သလောက်ပဲ ကိုယ် Risk ယူရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အဲဒီ Model က ကောင်းတယ်လို့ ထင်ပါတယ်။ Rules and Regulations တွေထွက် လာလို့SEC (Securities and Exchange Commission) က လိုင်စင်တွေ ချပေးမယ်ဆိုရင် ၂၀၁၅ ခုနှစ်မတိုင်ခင်Trading Volume အင်မတန်နိမ့်တဲ့အချိန်မှာ OTC ဈေးကွက်လောက် ပဲရှိမယ်။ အဲဒီအချိန်မှာ Capital Requirement က တအား မြင့်နေမယ်ဆိုရင်လည်း သိပ်ပြီးအဆင်မပြေနိုင်ပါဘူး။ ပိုက် ဆံတွေထည့်ထားပြီး ထိုင်စောင့်နေရမယ့်သဘောမျိုး ဖြစ်နေ ပါတယ်။ ဒါကြောင့် Market ကြီးတစ်ခုလုံးTrading Volume ပိုများလာလေလေ Capital Requirement ကို တဖြည်းဖြည်းချင်းတိုးသွားတာမျိုးက ပိုပြီးအဓိပ္ပာယ်ရှိတယ် လို့ မြင်ပါတယ်။