၂၀၁၅ ခုနှစ်အလွန်မှာ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ထပ်မံတိုးချဲ့သွားမယ့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များရဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေကို အဆိုပါအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
စတင်ဖွဲ့စည်းခဲ့ပုံ
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့လမ်းညွှန်မှုအရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကို ပြောင်းလဲမှတ်ပုံတင်ခဲ့ရာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (Myanmar Garment Manufacutures Association) ကို မြန်မာနိုင်ငံကုမ္ပဏီများ မှတ်ပုံတင်အက်ဥပဒေပုဒ်မ ၂၆ (၁) အရ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာ လိုင်စင်အမှတ် ၇၁/၂၀၁၃ နဲ့ အသင်းမှတ်ပုံတင်လက်မှတ် အမှတ် ၁၂၅၈/၂၀၁၃-၂၀၁၄ နဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပါတယ်။
အသင်းအနေနဲ့ လက်ရှိလုပ်ဆောင်နေတာတွေ
လူ့စွမ်းအားအရင်းအမြစ်အတွက်ကို ဂျပန်အစိုးရရဲ့ အထောက်အပံ့ကိုယူတဲ့အပြင် ကိုယ့်အားကိုယ်ကိုးပြီးလည်း သင်တန်းတွေပေးနေပါတယ်။ အလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်မှုကိုတိုးမြင့်အောင် လုပ်ကိုင်ဖို့စီမံနေပါတယ်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ကိုယ့်ရဲ့အလုပ်ရုံ၊ စက်ရုံတွေမှာ Compliance နဲ့အညီ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ လုပ်နေပါတယ်။ EU အထောက်အပံ့ NGO တစ်ခုဖြစ်တဲ့ SMART Myanmar နဲ့ Project တစ်ခုအပြင် နယ်သာလန် (CBI) အဖွဲ့၊ ယူကေ (DIFID) အဖွဲ့တို့နဲ့ လုပ်ကိုင်နေတဲ့ Project တွေလည်း ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေအပြင် Buyer တွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဝယ်သူအုပ်စုကဝင်လာပြီး လုပ်ကိုင်ပေးနေတာတွေလည်း ရှိပါတယ်။
အသင်းဝင်တွေအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့အပိုင်း
စုစုပေါင်းအသင်းဝင်ကအခုဆိုရင် လေးရာနီးပါးလောက်မှာ အသင်းဝင်အထည်ချုပ်စက်ရုံပေါင်း ၃၀၀ ကျော်ရှိ ပါတယ်။ ဘက်စုံကနေပြီး အသင်းအတွက်ရော အသင်းဝင်တစ်ဦးချင်းအတွက်ရော ကြိုးစားနေပါတယ်။ နောက်တစ်ခုက အခုလက်ရှိသင်တန်းကျောင်းရဲ့ Capacity ကို ပိုပြီးတိုးမြှင့်နိုင်ဖို့အတွက် အိန္ဒိယအစိုးရ (သံရုံး) နဲ့စကားပြောနေတာလည်းရှိပါတယ်။ အိန္ဒိယက National Institute of Fashion Technology မှာ ဘွဲ့ပေးတာတွေ၊ ဒီပလိုမာပေးတာတွေရှိပေမဲ့ မြန်မာနိုင်ငံမှာ ဒီလိုဘွဲ့ပေးတာတွေမရှိပါဘူး။ မြန်မာနိုင်ငံမှာရှိ တာက အထည်အလိပ် (Textile) နဲ့ပတ်သက်ပြီး အင်ဂျင်နီယာဘွဲ့ပေးတာမျိုးတော့ရှိပါတယ်။ သူတို့တွေက မြန်မာနိုင်ငံကို လာရောက်လေ့လာပြီးမှ ကျွန်မတို့မှာရှိတဲ့ သင်တန်းကျောင်းကို ဘယ်လိုအဆင့်မြှင့်တင်လို့ ရမလဲဆိုတဲ့အပိုင်းကို ဆက်လက်ဆွေးနွေးမှာဖြစ်တယ်။ အဲဒါကိုလူသိများတဲ့ ဥရောပ Brand တစ်ခုက မိတ် ဆက်ပေးခြင်းဖြစ်ပါတယ်။ အဓိက လူ့စွမ်းအားမြှင့်တင်ဖို့နဲ့ ဈေးကွက်ကိုထိုးဖောက်နိုင်ဖို့အတွက် လုပ်ကိုင် သွားဖို့ရှိပါတယ်။ ဈေးကွက်အတွက်လည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ Buyer တွေနဲ့ စကားပြောထားတွေရှိသလို နိုင်ငံတကာအတွေ့အကြုံရအောင် Foreign Trade Fair တွေသွားလေ့လာပြီး Exposure ရခဲ့ပါတယ်။ တခြားနိုင်ငံတွေကိုလည်း ဖိတ်ပြီးဆွေးနွေးတာတွေရှိပါတယ်။ International Market ကို ထိရောက်စွာ ထိုးဖောက်ဖို့ကြိုးစားနေသလို ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ ပိုမိုပြည့်မှီလာအောင် ကြိုးစားနေကြပါတယ်။ ပြည့်ပြည့်စုံစုံကို လိုအပ်တာတွေကို Funding လုပ်ပေးသွားဖို့ရှိပါတယ်။ အဓိက လူ့စွမ်းအားမြှင့်တင်ဖို့နဲ့ ဈေးကွက်ကိုထိုးဖောက်နိုင်ဖို့အတွက်လည်း လုပ်ကိုင်သွားဖို့ရှိပါတယ်။ ဈေးကွက်အတွက်လည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ Buyer တွေနဲ့ စကားပြောထားတွေရှိသလို နိုင်ငံတကာအတွေ့အကြုံရအောင် Foreigne Trade Fair တွေသွားပြီး Exposure နဲ့ အလေ့အကျင့်တွေ ရခဲ့ပါတယ်။ တခြားနိုင်ငံတွေကလည်း ဖိတ်ပြီးဆွေးနွေးတာတွေရှိပါတယ်။ Market ကို ဖောက်ဖို့ကြိုးစားနေသလို ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေပြည့်စုံနေအောင် ကြိုးစားနေကြပါတယ်။
အသင်းဝင်ခြင်းအားဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူး
အခုက Service ပိုင်းကို ပိုလုပ်ဖြစ်နေပါတယ်။ ဘာတွေလဲဆိုတော့ အပြည်ပြည်ဆိုင်ရာ သတင်းအချက်အ လက်တွေ ပြောပြပေးတယ်။ အစည်းအဝေးကိုလည်း မကြာခဏခေါ်ပေးပြီး ဖြစ်ပေါ်တိုးတက်လာတဲ့ အခြေ အနေတွေကို ရှင်းပြပေးပါတယ်။ အပြည်ပြည်ဆိုင်ရာ Compliance တွေလည်းသိရှိလာအောင် အလုပ်ရုံဆွေး နွေးပွဲတွေ လုပ်ပေးပါတယ်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီး CSR စာအုပ်ထုတ်ပြီး ဖြန့်ဖြူးတာတွေ၊ အသင်းရဲ့ကျင့်ဝတ်စည်းကမ်းတွေ(Code Of Conduct) ရေးဆွဲထုတ်ပြန်တာတွေ၊ အသင်းရဲ့ ရှေ့အနာဂတ်အတွက် ရေရှည်စီမံကိန်းရေးဆွဲတာတွေကို ကြိုးစားပြီးဆောင်ရွက်ခဲ့ပါတယ်။ ဒါတွေ အားလုံးဟာ အသင်းဝင်တွေ အကျိုးဖြစ်ထွန်းစေဖို့အတွက်ပါ။ နိုင်ငံတော်ရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍတိုးတက်ရေး Policy ပိုင်းဆိုင်ရာတွေမှာလည်း အသင်းရဲ့ Executive တွေကပါဝင်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ အခုဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ရေးဆွဲထားတဲ့ National Export Strategy မှာလည်း အဝတ်အထည်နဲ့အထည်အလိပ်က ကဏ္ဍတစ်ခုအနေနဲ့ပါခဲ့တော့ အသင်းအနေနဲ့အစိုးရနဲ့ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်နေပါတယ်။ Training Program တွေအနေနဲ့ အထည်ထုတ်လုပ်တဲ့ နည်းပညာအပြင် အုပ်ချုပ်တဲ့နည်းပညာတွေကို Mid Level နဲ့ Higher Level အဆင့်ရှိသူတွေကို ပေးနေပါတယ်။ အခြေခံစက်ချုပ်သင်တန်းက လူတိုင်းကို အခမဲ့သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းကျောင်းက ဆရာမတွေကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်တဲ့ အရည်အချင်းပိုမို ပြည့်ဝကျွမ်းကျင်အောင် အင်ဒိုနီးရှား၊ မြန်မာနဲ့ဂျာမဏီ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်အနေနဲ့ နိုင်ငံရပ်ခြားကိုစေလွှတ်ပြီး ဆရာဖြစ်သင်တန်းယူခိုင်းတာတွေ လုပ်နေပါတယ်။ တတ်နိုင်တဲ့ဘောင်ထဲကနေ ဘက်စုံတိုးတက်အောင်ကြိုးစားပြီး ပံ့ပိုးပေးနေပါတယ်။
AEC နဲ့ပတ်သက်ပြီး Garment Sector ရဲ့အခန်းကဏ္ဍ
AEC နဲ့ပတ်သက်ပြီး AEC ရဲ့မူရင်းအနှစ်သာရက အာဆီယံဒေသတစ်ခုလုံးအနေနဲ့ တခြားဒေသနိုင်ငံ အစုအဖွဲ့တွေ၊ ဒါမှမဟုတ် နိုင်ငံတွေယှဉ်ပြိုင်ဖို့ဖြစ်ပါတယ်။ ကိုယ့်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း ယှဉ်ပြိုင်ဖို့မဟုတ်ပါဘူး။ တော်တော်များများက ဒီလိုမဟုတ်ပဲ ကိုယ့်အချင်းချင်းနှိုင်းယှဉ် (Comparison) ကြည့်ပြီး မိမိမှာယှဉ်ပြိုင်နိုင်တဲ့ (Competition) အင်အားသိပ်နည်းတယ်လို့ မှတ်ယူနေကြပါတယ်။ အမှန် တကယ်မှာ ကိုယ့်အာဆီယံနိုင်ငံအသီးသီးစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို နိုင်ငံအချင်းချင်း လုပ်ငန်း တွေ ပူးပေါင်းလုပ်ကိုင်ရင်း တိုးတက်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ အသင်းအနေနဲ့လည်း ဒေသတွင်းနိုင်ငံတွေ ကလာတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။
Garment Sector အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး
၂၀၁၃/၂၀၁၄ ခုနှစ်မှာတော့ အထည်ချုပ်အနေနဲ့ ပို့ကုန် ၃၀ ရာခိုင်နှုန်းလောက် တက်လာတဲ့အတွက် ၂၀၁၅ မှာ လည်း အထည်ချုပ်ပို့ကုန်အနေနဲ့ ဒီလောက်ရာခိုင်နှုန်းထက်မနည်း တက်လာနိုင်တဲ့ သဘောမှာရှိပါတယ်။ တခြား ပြင်းထန်တဲ့ရိုက်ခတ်မှုမျိုးမရှိဘူးဆိုရင်တော့ ဒီထက် ပိုတက်လာနိုင်ပါတယ်။ FDI Law နဲ့ပတ်သက်ပြီး ၂၀၁၁/၂၀၁၂ လောက်ကတည်းက Garment Sector အနေနဲ့ဆွေးနွေးတဲ့အခါမှာ ကျွန်မတို့ Sector အနေနဲ့ လောလောဆယ်မှာ ဈေးကွက်ကကိုယ့်လက်ထဲမှာမရှိတာကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကို လက်ခံရမယ်။ ပြည်ပက ယူလာတဲ့ သူတို့ရဲ့ဈေးကွက်ကိုမှီပြီး ပြည်တွင်း SME စက်တွေက သူတို့ဆီကပိုလာမယ့် Order ကို လက်ဝေခံ ချုပ်တဲ့ အခွင့်အရေးရနိုင်တယ်။ အဲဒီအခါမှာ သူတို့နဲ့ကိုက်ညီတဲ့ Compliance ရှိတဲ့သူတွေကိုပဲ အလုပ်ရွေးချယ်အပ်တဲ့အတွက် ပြည်တွင်းရုံးတွေအနေနဲ့ နိုင်ငံတကာရဲ့ Compliance တွေကို လေ့လာသိရှိလာမယ်။ သူတို့ရဲ့ ကျင့်သုံးနေတဲ့ စည်းကမ်းတွေကိုလိုက်နာပြီး ကိုယ်ကတိုးတက်လာရင် Market က ကိုယ့်လက်ထဲရောက်လာမယ်ဆိုပြီး ဆွေးနွေးခဲ့တာတွေတော့ရှိပါတယ်။
နောက်တစ်ခုက ဒီလိုအချိန်မှာ ကိုယ့်ရဲ့ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ Risk တစ်ခုရှိပါတယ်။ တိုက်ရိုက် Buyer ရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်လာရင် သူတို့ကလုပ်ခပိုပေးနိုင်တဲ့အတွက် သူတို့ဆီကို ကိုယ့်အလုပ်သမားတွေ ကူးပြောင်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေဟာ Buyer တိုက်ရိုက်မရရှိပဲ နှစ်ဆင့်၊ သုံးဆင့်လောက် ကြားခံပြီး လုပ်ကိုင်ရတဲ့အတွက် လုပ်ခလစာပေးတဲ့နေ ရာမှာ ပိုနည်းနိုင်ပါတယ်။ အဲဒီ Risk ကိုမယူပဲနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို အဝင်မခံရင်လည်း Market ကို ထိုးဖောက်နိုင်ဖို့မလွယ်ပါဘူး။ ဒါကြောင့်တစ်ချိန်တည်းမှာပဲ ကိုယ့်လူတွေကို ဘယ်လိုလေ့ကျင့်ပျိုးထောင်ပေးရမလဲဆိုတာနဲ့ ကိုယ့်ရဲ့အရည်အသွေးတက်လာဖို့ နည်းလမ်းတွေကိုလည်း စဉ်းစားအကောင်အထည်ဖော်ဖို့လိုပါတယ်။ နိုင်ငံတော်အနေနဲ့ မူဝါဒနဲ့ဥပဒေပိုင်းဆိုင်ရာတွေ ပံ့ပိုးပေးရင် ပြည်တွင်းလုပ်ငန်းတွေ တက်လာမှာပဲဆိုပြီးလည်း၂၀၁၁/၂၀၁၂ ခုနှစ်လောက် ကတည်းက ဆွေးနွေးခဲ့ပါတယ်။
ရှေ့ဆက်အသင်းအနေနဲ့လုပ်ဆောင်မှာတွေက
National Export Strategy ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနှင့် ငါးနှစ်စီမံကိန်းရေးဆွဲထားသလို၊ နိုင်ငံတကာက NGO အဖွဲ့ အစည်းတွေဖြစ်တဲ့ (Pyoe Pin, ILO, BIF) နဲ့ International Brands တွေဆီက အကြံဉာဏ်တွေယူပြီး ကိုယ့်ရဲ့ Input နဲ့ပေါင်းပြီး အသင်းအနေနဲ့ ဆယ်နှစ်စီမံကိန်း ရေးဆွဲထားတာလည်းရှိပါတယ်။ ဆယ်နှစ်စီမံကိန်းမှာ လက်ခစား CMP စနစ်ကနေ FOB စနစ်ဖြစ်တဲ့ ကုန်ကြမ်းကိုရင်းနှီးမြှုပ်နှံပြီး ကုန်ချောထုတ်လုပ်တဲ့စနစ်ကို ကူးပြောင်းဖို့ ရေးဆွဲထားတာလည်းရှိပါတယ်။ ပို့ကုန်တန်ဖိုးအနေနဲ့ နောက်ဆယ်နှစ်မှာ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနဲ့ အလုပ်သမားဦးရေ တစ်သန်းထိတိုးမြှင့်ဖို့ မျှော်မှန်းထားပါတယ်။ စီမံကိန်းမရေးဆွဲမီက အထည်ချုပ်လုပ်ငန်းမှာ အထည်ချုပ်စက်ရုံ သုံးရာနီးပါးလောက် ရှိပြီး အလုပ်သမားအရေအတွက်နှစ်သိန်းရှိပေမယ့် အခုနှစ်သိန်းကျော်နေပါပြီ။ မနှစ်က (၂၀၁၄) အဝတ်အထည်ပို့ကုန်တန်ဘိုးက အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလီယံ ရှိပါတယ်။ မိမိတို့ရဲ့ဝင်ငွေအနေနဲ့က စုစုပေါင်းတန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်းလောက်သာဖြစ်ပါတယ်။ ၁.၅၆ ဘီလီယံရှိတဲ့ ဝင်ငွေဟာကိုယ်သာ ကုန်ကြမ်းကနေ ကုန်ချောဖြစ်တဲ့အထိ ပို့ကုန်ကိုအစအဆုံး ထုတ်နိုင်ခဲ့ရင် ဒီဝင်ငွေအားလုံးဟာ နိုင်ငံရဲ့ဝင်ငွေတွေ ဖြစ်လာမှာဖြစ်တဲ့အတွက် Strategy မှာ ထည့်သွင်းရေးဆွဲခြင်းဖြစ်ပြီး အမှန်တကယ်ဒီလိုဖြစ်လာနိုင်အောင် အသင်းအနေနဲ့ ကြိုးစားနေပါတယ်။ အဲဒီ Strategy အရ ပို့ကုန်ဝင်ငွေက အရင်ထက်ဆယ်ဆ၊ အလုပ်သမားဦးရေက အရင်ထက်ငါးဆတိုးလာရမှာ ဖြစ်တာကြောင့် လုပ်သားရဲ့ ထုတ် လုပ်မှု စွမ်းအားကို နှစ်ဆတိုးမလား ချုပ်ခကိုနှစ်ဆတိုးတောင်းမလားဆိုပြီး ဖြစ်နိုင်ချေတွေကို စဉ်းစား ကြည့်ကြတဲ့အခါမှာ ချုပ်ခဟာ ကမ္ဘာ့ဈေးကွက်က သတ်မှတ်တဲ့ဈေးဖြစ်နေတာကြောင့် နှစ်ဆတိုးပေးဖို့က ဖြစ်နိုင်ချေသိပ်မရှိဘူး။ ကိုယ့်လူတွေရဲ့ လုပ်အားနှစ်ဆတက်ဖို့ဆိုရင် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ကုန်ထုတ်စွမ်းအားက မိမိတို့ရဲ့နှစ်ဆ၊ တရုတ်နိုင်ငံကုန်ထုတ် စွမ်းအားက မိမိတို့ရဲ့သုံးဆ ဖြစ်နေလို့ပါ။ ဒါကြောင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးကို ဦးစားပေးပြီးလုပ်နေပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ
၁။ မြန်မာနိုင်ငံအတွင်းရှိ အဝတ်အထည်ထုတ်လုပ်သည့် စက်ရုံပိုင်ရှင်များနှင့်ပတ်သက်သော အ ချက်အလက်များကို နိုင်ငံခြားမှ အဝတ်အထည်ဝယ်လိုသူများအား လိုအပ်ချက်များကို အသိပေးဖြန့်ဖြူးပေးရန်၊ အဝတ်အထည်ထုတ်လုပ်သူ အသင်းဝင်များအား အပြည်ပြည်ဆိုင်ရာဈေးကွက်၏ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရန်။
၂။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အဝတ်အထည်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်မြင့်မားလာစေရန်၊ ပြည်တွင်းရှိ အဝတ်အထည်ထုတ်လုပ်သည့် စက်ရုံများ၏ ကျွမ်းကျင်မှု အရည်အသွေး တိုးတက်မြင့်မားလာစေရန်၊ အသင်း၏ ရည်ရွယ်ချက်များ၊ အခွင့်အရေးများနှင့် ပြည်တွင်းရှိ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
၃။ ကုန်သွယ်ရေးနှင့် ဖြစ်နိုင်ဖွယ်အလားအလာရှိသော ဈေးကွက်၏သတင်းအချက်အလက်များကို ရယူပြီး နိုင်ငံအတွင်း၌ စီးပွားရေးနှင့်စက်မှုကျွမ်းကျင်မှုအတတ်ပညာများကို မြှင့်တင်လုပ်ဆောင်ပေးရန်။
၄။ အဝတ်အထည်လုပ်ငန်းနှင့် ပတ်သက်သည့်အသင်းများနှင့်ပူးပေါင်း၍ ဆွေးနွေးပွဲများ၊ အများပြည်သူများ ကြည့်ရှုနိုင်သည့် ပြပွဲများ၊ ပြခန်းများဖွင့်လှစ်ပြသခြင်း၊ အမြတ်အစွန်းများ ရရှိရန်မဟုတ်သော နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသော ပြည်တွင်းပြည်ပလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြရန်။
မို့မို့