မြန်မာကျောင်းသားကျောင်းသူများ ပညာရေးပန်းတိုင်ရောက်ရှိရန် (၄) ကြိမ်မြောက် SCG Sharing the Dream အစီအစဉ်မှ ကူညီထောက်ပံ့မည်

[caption id="attachment_21317" align="alignnone" width="720"]SCG Sharing the Dream 2014_Yangon Ceremony SCG Sharing the Dream 2014_Yangon Ceremony[/caption]

မြန်မာ၊ ၂၀၁၅ခုနှစ်၊ ဇွန်လ ၂၂ရက် - အာဆီယံဦးဆောင်ကုမ္ပဏီဖြစ်သည့် SCG မှ ပညာရေးမှတ်တမ်းကောင်းများရှိသူ၊ မိသားစုအပေါ်ကျေးဇူးသိတတ်ပြီး ရပ်ရေးရွာရေး လူမှုပတ်ဝန်းကျင်တွင် တာဝန်သိတတ်သော မြန်မာကျောင်းသား/သူ အယောက်၂၀၀ အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရန်အတွက် SCG Sharing the Dream 2015 ကို ပြန်လည်စတင်နေပြီဖြစ်ပါသည်။ လေးနှစ်တိုင်တိုင် ပညာသင်ဆုများေပးအပ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် SCG မှ ပညာသင်နှစ်တစ်နှစ်အတွက် လို အပ်သော ကုန်ကျစရိတ်များကိုကာမိစေရန် ပညာသင်ထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်ငွေ ၂၂၀,၀၀၀ အထိ တိုးမြှင့်ပေးခဲ့ပါသည်။

SCG သည် ၎င်းတို့လုပ်ငန်းဆောင်ရွက်သည့်နေရာတိုင်းတွင် စဉ်ဆက်မပျက်တိုးတက်သော လူမှုပတ်ဝန်းကျင်များ တည်ဆောက်ခြင်းအတွက်ကတိကဝတ် ထားရှိပြီးနောင်အနာဂါတ်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် အနာဂါတ်မျိုးဆက်သစ်လူငယ်များ၏ ပညာရေးတိုးတက် ဖွံ့ဖြိုးရေးကိုလည်း တန်ဖိုးထားပါသည်။ SCG နှင့် မိတ်ဖက်အဖွဲ့အစည်းများမှနေ၍ ဉာဏ်ရည်ထက်မြက်ပြီး လိမ္မာယဉ်ကျေးသော ကျောင်းသား/သူများကို ရွေးချယ် သွားမည်ဖြစ်ပြီး SCG ၏ ဝန်ထမ်းများမှလည်း လူရွေးချယ်ခြင်းကဏ္ဍ အဆင့်ဆင့်တွင်ပါဝင်ကူညီသွားမည်ြဖစ်သည်။

[caption id="attachment_21318" align="alignnone" width="720"]SCG Sharing the Dream 2014_Yangon Ceremony SCG Sharing the Dream 2014_Yangon Ceremony[/caption]

၎င်း SCG ၏ အစီအစဉ်ကို လွန်ခဲ့သောနှစ်များမှ အောင်မြင်စွာစတင်အကောင်အထည်ဖော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့၏ အားပေးထောက် ခံမှုကိုလည်းရရှိခဲ့သည်။ ၂၀၁၅ခုနှစ် ကျောင်းသားများအပါအဝင်၊ ၂၀၁၄ခုနှစ်မှ စတင်သော SCG Sharing the Dream အစီအစဉ်မှ မြန်မာကျောင်း သား/သူနှင့် ထူးချွန်ကျောင်းသား/သူများ အပါအဝင် ကျောင်းသား/သူပေါင်း အယောက် ၇၀၀ကျော် တို့အား ပညာသင်ထောက်ပံ့ကြေးများချီးမြှင့်ပေးခဲ့ပါသည်။

ယခုနှစ်တွင်လည်း ရန်ကုန်တိုင်းဒေသမှ ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ဆု ၁၀၀ နှင့် မွန်ပြည်နယ်မှ ကျောင်းသား/သူများအတွက်ပညာသင်ထောက် ပံ့ဆု ၁၀၀ စသည်တို့ကိုပေးအပ်ချီးမြင့်ပေးသွားမည်ဖြစ်သည်။

 SCG မှ ဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားအား ရန်ကုန်နှင့် မော်လမြိုင်မြို့များတွင် စက်တင်ဘာလ၌ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်

 “SCG Sharing the Dream ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာကျောင်းသား/သူလေးတွေရဲ့ ပညာရေးတိုးတက်စေရန် အတွက် ထောက်ပံ့ပေးဖို့ရည်ရွယ်ပြီး ရလဒ် အနေနဲ့ သူတို့လေးတွေရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များက ပညာသင်ဆုရရှိခဲ့တဲ့ ကျောင်းသား/သူလေးတွေဟာ သူတို့ ရဲ့ပညာရေးဖက်မှာ အောင်မြင်မှုတွေကိုရရှိခဲ့ပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုအတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဖြစ်လာခဲ့တယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သက်သေပြုလိုပါတယ်။

အာဆီယံတစ်လွှားမှာလည်း ပြည်သူများရဲ့နေထိုင်မှုဘဝ တိုးတက်ဖွံ့ဖြိုးခြင်းအတွက် ကတိကဝတ်ထားရှိပြီး နှစ်စဉ် ကျောင်းသား/သူပေါင်း ၅၀၀၀ ကျော်ကိုလည်း SCG Sharing the Dream အစီအစဉ်မှ ပညာသင်ဆုများ ပေးအပ်ချီးမြင့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပညာသင်ဆုရရှိ တဲ့ ကျောင်းသား /သူလေးများကို အောင်မြင်မှုရရှိ ဖို့ ကြိုးစားေနသူများအတွက် အထင်ကြီးအားကျစရာ ပုဂ္ဂိုလ်များဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်” ဟု SCG ၏ မြန်မာနိုင် ငံဆိုင်ရာ Country Director ဖြစ်သူ Mr. Chana Poomee ကပြောသည်။

[caption id="attachment_21319" align="alignnone" width="720"]SCG Sharing the Dream 2014_Mawlamyine Ceremony SCG Sharing the Dream 2014_Mawlamyine Ceremony[/caption]

ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် အမြဲတမ်းနေထိုင်သော ကိုးတန်း (Grade 10) သို့မဟုတ် ဆယ်တန်း(Grade 11) ကျောင်းသူ/ကျောင်းသားများအနြေဖင့် SCG Sharing the Dream ပညာသင်ဆုကို ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အတွင်း လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာကျောင်းရုံးခန်းမှာရရှိနိုင်မည့် စစ်တမ်းမေးခွန်းလွှာကို ပြည့်စုံစွာဖြည့်စွက် ပြီးလျှာက်ထား ရမည်ဖြစ်ပါသည်။  ပြည့်စုံစွာဖြည့်စွက်ထားသော စစ်တမ်းမေးခွန်းလွှာနှင့်အတူ လျှောက်ထားသော ကျောင်းသူ သို့မဟုတ် ကျောင်းသားအနေဖြင့် မိမိ၏ မိဘများအပေါ် တွင် မည်ကဲ့သို့ကျေးဇူးသိတတ်ကြောင်းနှင့် မိမိ၏အိမ်တွင် မည်ကဲ့သို့အကူအညီပေးနေမှု အကြောင်းအရာကို ရေးသားထားသော စာပိုဒ်တစ်ပိုဒ် ပါဝင်ရမှာဖြစ်ပါသည်။ ပညာသင်ဆုလျှောက်လွှာတင်သည့်အခါတွင် လျှောက်ထားသူ၏ ဓာတ်ပုံတစ်ပုံ၊ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံနှင့် မိမိ၏ ဆရာ သို့မဟုတ် ဆရာမ၏ ထောက်ခံ စာနှင့်တကွ ထည့်သွင်းလျှောက်ထား ရမည် ဖြစ်ပါသည်။

[caption id="attachment_21320" align="alignnone" width="720"]SCG Sharing the Dream 2014_Mawlamyine Ceremony SCG Sharing the Dream 2014_Mawlamyine Ceremony[/caption]

SCG သည် ပညာသင်ဆုလျှောက်လွှာများ လက်ခံခြင်းနှင့် လူရွေးချယ်ခြင်းကဏ္ဍအဆင့်အဆင့်ကို စီမံခန့်ခွဲရန်အတွက် Myanmar Business Executives Association (MBE) နှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ Myanmar Business Executives (MBE) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မောင်ထွန်းက “ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ရှိတဲ့ ကျောင်းသား/သူတွေအတွက် ပညာရေးခရီးလမ်းအတွက် အရေးပါတဲ့ အထောက်အပံ့များကို ပေးတဲ့ SCG Sharing the Dream အစီအစဉ်မှာ အတူတကွပါ ဝင်ဆောင်ရွက်ရတဲ့အတွက် အရမ်းကိုပီတိဖြစ်ရပါတယ်။

ကျာင်းအုပ်ဆရာ/မကြီးနဲ့ ဆရာ/မများကိုလည်း အရည်အချင်းပြည်ဝတဲ့ ကျောင်းသား/သူတွေကို ရွေးချယ်ပေးဖို့နဲ့ ဒီအစီအစဉ်မှာ ပါဝင်လျှောက်ထားဖို့နှင့်အတူ ကူညီနှိုးဆော်ပေးဖို့ ဖိတ်ခေါ်လိုပါတယ်” ဟုပြောသည်။

SCG Sharing the Dream ၂၀၁၄ ခုနှစ် ပညာသင်ဆုပေးအပ်ခြင်းအစီအစဉ်နှင့် ပတ်သက်၍မေးမြန်းလိုသော ကျောင်းသူ/ကျောင်းသားများအနြေဖင့် Myanmar Business Executives Association (MBE) အား တယ်လီဖုန်း ၀၁-၅၁၆၆၃၉၊ ၀၉၄၂၀၀၆၉၉၀၂ သို့လည်းကောင်း၊ MBE ရုံးခန်းတည်ရှိရာ အမှတ် (၈) အခန်းနံပါတ် ၆၀၄၊ ပန်းခြံတာဝါ၊ ဗားဂရာလမ်း၊ ဗားဂရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

SCG ၏ အာဆီယံရေရှည်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဖြစ်သည့် SCG Sharing the Dream အစီအစဉ်အား မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအို အပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသူ/ကျောင်းသားပေါင်း ငါးထောင်ကျော်အား ပညာသင်ဆုများ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်သော အာဆီယံ ဦးဆောင်စီးပွားရေးလုပ်ငန်းဖြစ်ရန်၊ ကောင်းမွန်သည့်လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု၏ စံပြလုပ်ငန်းဖြစ် ရန်  မျှော်မှန်းချက်များနှင့်အတူ SCG သည် Sharing the Dream အစီအစဉ်အား နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။ ယခုနှစ်အစောပိုင်းတွင်လည်း ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် တစ်လကြာ SCG International Internship အစီအစဉ်အတွကလည်း မြန်မာနိုင်ငံမှတက္ကသိုလ် ကျောင်းသား/သူ လျှောက်ထားသူ ၁၀ ဦးကို ရွေးချယ်ခဲ့ပါသည်။ အဆိုပါ Internship အစီအစဉ် သည် မြန်မာနိုင်ငံတက္ကသိုလ် ကျောင်းသား/သူတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဗဟုသုတများဖွံ့ဖြိုး တိုးတက်လာေစရန်နှင့် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အကူအညီဖြစ်စေမည်ဖြစ်သည်။