မြန်မာကုမ္ပဏီများနှင့် CSR

CSR 1 စီးပွားရေးလုပ်ငန်းများ၏ လူမှုအသိုင်းအဝိုင်း အကျိုးစီးပွားအတွက် တာဝန်ယူဆောင်ရွက်မှု (CSR) ဆိုသည်မှာ မိမိတို့လုပ်ငန်းများလုပ်ကိုင်ရာတွင် စိးပွားရေးဆိုင်ရာ (အကျိုးအမြတ်ရရှိရန်) နှင့် ဥပဒေရေးရာ (ဥပဒေကို စောင့်ထိန်းလိုက်နာရန်) သာမကဘဲ မိမိတို့၏ ဝန်ထမ်းများ ဖောက်သည်များ မိမိတို့လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် လူထုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်၏ အကျိုးစိးပွားကို ပိုမိုအလေးထား လုပ်ဆောင်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။  

CSR အမျိုးအစား

CSR ကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။ ၁။       သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ CSR (Environmental CSR) - သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများ (ဥပမာ - ရာသီဥတုအပြောင်းအလဲဆိုင်ရာ) ကို အလေးထားဆောင်ရွက်ခြင်း။ ၂။       လူထုအသိုင်းအဝိုင်းအခြေပြု CSR (Community based CSR) - လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် နေရာရှိ ဒေသခံလူတို့၏ ဘဝတိုးတက်မှုအတွက် အခြားအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်း။ ၃။       လူသားအရင်းအမြစ်အခြေပြု CSR (HR based CSR) - ဝန်ထမ်းများ၏ အကျိုးစီးပွားအတွက် စီမံကိန်းချမှတ် ဆောင်ရွက်ခြင်း။ ၄။       ကျင့်ဝတ်နှင့်လျော်ညီစွာ ဈေးကွက်ထိုးဖောက်ခြင်း (Ethical Marketing ) - ကျင့်ဝတ်နှင့်မညီသော အလျော်ကန်သည့် နည်းလမ်းများဖြင့် ဈေးကွက်ကို ခြယ်လှယ်ပြီး ဈေးကစားခြင်း၊ မမှန်ကန်သောကြော်ငြာနည်းလမ်းဖြင့် ဆွဲဆောင်ခြင်း စသည့်လုပ်ရပ်များကို ရှောင်ကြည်ပြီး ဖောက်သည်တို့၏ အကျိုးစိးပွားကို ရှေ့တန်းတင်ကာ ဈေးကွက်ထိုးဖောက်ခြင်း။ ၅။       ပရဟိတလုပ်ငန်း (Philanthropy) - ပရဟိတမိတ်ဖက်အဖွဲ့အစည်းတစ်ခုခုနှင့် ပူးပေါင်းပြီး ငွေကြေးလှူဒါန်းခြင်း။  

CSR ကို ဆောင်ရွက်သင့်သည့် အကြောင်းအရင်း ၅ ရပ်

သတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန်နှင့် ရရှိနေသည့် ယနေ့အချိန်အခါလို ဒစ်ဂျစ်တယ်ခေတ်တွင် လုပ်ငန်းကြီးငယ်မရွေး CSR ကို မိမိတို့လုပ်ငန်းတွင် အလေးထားထည့်သွင်းဆောင်ရွက်ရန်လိုအပ်ပြီဖြစ်သည်။ ကုမ္ပဏီများအနေဖြင့် မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွင် CSR ကို အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းလုပ်ဆောင်ရန် နှေးကွေးတုံ့ဆိုင်းနေမည်၊ သို့မဟုတ် ပျက်ကွက်ခဲ့မည်ဆိုပါလျှင် မိမိတို့၏ စီးပွးရေးလုပ်ငန်းအတွက် အရေးပါသော သူများ၏ ယုံကြည်မှုကို အနှေးနဲ့အမြန် ဆုံးရှုံးရမည်မှာ အလွဲပေ။ ယနေ့ခေတ်တွင် ဝန်ထမ်းများ၊ ဖောက်သည်များနှင့် လူထုအသိုင်းအဝိုင်း၏ မျှော်လင့်ထားမှုများ၊ ယခင်အချိန်အခါနှင့်မတူဘဲ ပြောင်းလဲလာပြီဖြစ်ကြောင့် အသိအမှတ်ပြုရန် အရေးကြီးပါသည်။ ကုမ္ပဏီ၏ အကျိုးစီးပွားကို ထိန်းချုပ်နိုင်မှု (Control) သည် ကုမ္ပဏီလက်ထဲတွင် မရှိတော့ဘဲ ထိုသူတို့လက်ထဲတွင် ရောက်ရှိနေပြီဖြစ်သည်။   CSR ကို လုပ်ဆောင်သင့်သည့် အကြောင်းအရင်းငါးရပ်မှာ
၁။ ဝန်ထမ်းများစိတ်ကျေနပ်မှုရရှိခြင်း
ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီအဖွဲ့အစည်းနှင့် ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားချင်စိတ်ရှိကြသည်။ ဝန်ထမ်းတစ်ဦးသည် မိမိ၏ကုမ္ပဏီအပေါ် အကောင်းမြင်သဘောထားဖြင့် ရှုမြင်သည်ဆိုပါက ထိုဝန်ထမ်းအနေဖြင့် အခြားအလုပ်တစ်ခုသို့ ပြောင်းရွှေ့ဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေနည်းပါးသည်။ ဝန်ထမ်းများစိတ်ကျေနပ်မှုရှိပြီး နေပျော်သည့်လုပ်ငန်းခွင်မျိုးဖန်တီးပေးထားနိုင်ပါက အလုပ်လာလျှောက်သူတွေ ပိုများလာဖို့သာ ရှိပါသည်။ အလုပ်ခန့်ရန်အတွက် ဝန်ထမ်းများ များရွေးချယ်နိုင်လေလေ ပိုမိုကောင်းမွန်ပြီး အရည်အသွေးရှိသည့် လုပ်သားထုကို ရရှိဖို့ အခွင့်အလမ်းပိုများလေလေဖြစ်သည်။ ဝန်ထမ်းများကို လှုံ့ဆော်ပေးနိုင်မှုနှင့် သူတို့၏ ဘဝတိုးတက်မှုအတွက် ဆောင်ရွက်ပေးနိုင်သည့် CSR ၏ အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုကြောင့် CSR စီမံကိန်းများကို စီမံခန့်ခွဲရာတွင် HR ၏ ကဏ္ဍမှာ အရေးပါထင်ရှားလာပါသည်။  
၂။ ဖောက်သည်များစိတ်ကျေနပ်မှုရရှိခြင်း
CSR ဆောင်ရွက်ချက်မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီသည် အခြားကုမ္ပဏီများထက် ဖောက်သည်များစိတ်ကျေနပ်မှုရရှိအောင် ပိုမိုစွမ်းဆောင်နိုင်ကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြနေသည်။ အကယ်၍ ဖောက်သည်တစ် ဦးက ကုမ္ပဏီတစ်ခုကို နှစ်သက်သည်ဆိုပါက အဆိုပါကုမ္ပဏီ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုနှစ်သက်အားပေးမည်ဖြစ်ပြီး အခြားအမှတ်တံဆိပ်တစ်ခုကို ပြောင်းလဲအသုံးပြုဖို့ ဖြစ်နိုင်ခြေနည်းသည်။ သုတေသနတွေ့ရှိချက်များ -        'Attaining Sustainable Growth through Corporate Social Responsibility'  ဆိုသည့် IBM ကုမ္ပဏီ၏ သုတေသနအရ CSR ဆောင်ရွက်ချက်များကြောင့် ကုမ္ပဏီအနေဖြင့် ယှဉ်ပြိုင်မှုအားသာချက်များရရှိလာ ကြောင်း ၊ အဓိကအားဖြင့် ဖောက်သည်များထံမှ ကောင်း မွန်သည့်တုံ့ပြန်မှုများရရှိခြင်းကြောင့်ဖြစ်ကြောင်းကို လုပ် ငန်းအမှုဆောင်အရာရှိအများစုက ယုံကြည်ကြကြောင်း တွေ့ရသည်။ -         Better Business Journey    ဟုအမည်ရသည့် ယူနိုက်တက် ကင်းဒမ်းအသေးစားလုပ်ငန်းများဆိုင်ရာအဖွဲ့၏ လေ့လာ တွေ့ရှိချက်အရ ၈၈ ရာခိုင်နှုန်းသော စားသုံးသူများသည် လူမှုအသိုင်းအဝိုင်းတိုးတက်ရေးအတွက် ပါဝင်အကျိုးပြုဆာင်ရွက်သည့် ကုမ္ပဏီထံမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများကို ပိုမိုဝယ်ယူအားပေးလိုကြောင်း သိရသည်။  
၃။ ကုမ္ပဏီ၏ အမှတ်တံဆိပ်ပုံရိပ်ကောင်းမွန်ခြင်း
CSR ကို ပီပီပြင်ပြင်လုပ်ဆောင်သည့် ကုမ္ပဏီများသည်  မိမိတို့ကုမ္ပဏီနာမည်လူသိများရန်အတွက် ငွေကုန်ကြေးကျ များသည့် ကြော်ငြာအစီအစဉ်များကို အသုံးပြုရန် သိပ်လို အပ်တော့မည် မဟုတ်ပါ။ ကုမ္ပဏီ၏ ထိရောက်အကျိုးရှိ သည့် CSR ဆောင်ရွက်မှုများကြောင့်  တစ်ဆင့်စကားတစ်ဆင့် နား (Word of Mouth) ဖြင့် လူသိများလာနိုင်ပြီး ကုမ္ပဏီ ၏နာမည်ဂုဏ်သတင်း ကြီးထွားလာနိုင်သည်။  
၄။ ကုန်ကျစရိတ်လျော့ချနိုင်ခြင်း
အကယ်၍ သေသေချာချာနှင့် စနစ်တကျဆောင်ရွက်နိုင် မည်ဆိုပါက CSR လုပ်ဆောင်မှုမှတစ်ဆင့် ကုမ္ပဏီ၏ကုန် ကျစရိတ်များကို လျော့ချနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဝန်ထမ်းခန့်အပ်မှုနှင့် ထိန်းသိမ်းမှုတို့ကို ပိုမိုထိထိရောက်ရောက်နှင့် အကျိုးရှိရှိ ဆောင်ရွက်နိုင်ခြင်း၊ စွမ်းအင်ချွေတာရေး အစီအစဉ်များ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် စွန့်စား ရမည့်ကိစ္စများနှင့် ပေးဆပ်ရန်ငွေကြေးဝန်ထုပ်ဝန်ပိုးများ  ကို ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းနှင့် သမားရိုးကျကြော်ငြာနည်း လမ်းအတွက် ငွေကြေးအသုံးပြုရမှု နည်းပါးခြင်း စသည့် နည်းလမ်းများဖြင့် ကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်သည်။  
၅။ စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိလာခြင်း
ကုမ္ပဏီတစ်ခုအနေဖြင့် မိမိ၏ဖောက်သည်များ၊ ကုန်ပစ္စည်း ပေးသွင်းသူများ(Suppliers)၊ အခြားအကျိုးစီးပွား သက်ဆိုင် သူများနှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုများ စဉ်ဆက်မ ပြတ်လုပ်ဆောင်ခြင်းကို CSR  အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်မည်ဆိုပါက အခြား ကုမ္ပဏီများထက် စီးပွားရေး အခွင့်အလမ်းအသစ်များကို ဦးဦးဖျားဖျား သိရှိနိုင်မည်ဖြစ်သည်။  

Walt Disney ၏ CSR

ကမ္ဘာကျော်Walt Disney  ကုမ္ပဏီသည် နာမည်ကျော် ကာတွန်းရုပ်ရှင်ကားများ ဖန်တီးထုတ်လုပ်မှုအပြင် ESPN ၊ ABC စသည့်ရုပ်သံလိုင်းများ၊ အပန်းဖြေစခန်းများနှင့် စာ အုပ်ထုတ်ဝေရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် ကုမ္ပဏီ ကြီးဖြစ်သည်။Walt Disney  ကုမ္ပဏီနာမည်ကျော်ကြားရ ခြင်းအကြောင်းအရင်းမှာ မြောက်မြားစွာသောလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးပြုဆောင်ရွက်မှုများနှင့် လူပေါင်းမြောက်မြားစွာကို လွှမ်းမိုးနိုင်စွမ်းရှိခြင်းကြောင့် ဖြစ်သည်။ မိမိတို့နေထိုင်သည့်ကမ္ဘာကြီးနှင့် သဘာဝပတ်ဝန်း ကျင်အခြေအနေအား အလေးမထားဂရုမစိုက်ဘဲ ပရိသတ် များကိုဖျော်ဖြေနိုင်ရန် ကာတွန်းရုပ်ရှင်ကားများ ထုတ်လုပ်ရန် မဖြစ်နိုင်ကြောင်း Disney က သဘောပေါက်ထားသည်။ Disney သည် ကုမ္ပဏီ၏စွမ်းဆောင်ချက်များနှင့်ပတ်သက် ပြီး စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျင့်ဝတ် စောင့်ထိန်းမှုဆိုင်ရာ အကျိုးသက်ရောက်မှုများကို Global Reporting Initiative  တွင် ဖွင့်ချဖော်ပြထားပြီး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ထိန်းလိုက်နာရမည့် စည်းကမ်း များကို တင်းကျပ်စွာချမှတ်ထားသည်။ ကုမ္ပဏီ၏ဘဏ္ဍာရေး ဆိုင်ရာရည်မှန်းချက်များကိုလည်း သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးရည်မှန်းချက်နှင့်အတူ တွဲဖက်ချမှတ်ထားသည်။ ဥပမာအနေနှင့် Dinsney Land  ကစားကွင်းများရှိ ရထား များကို အပန်းဖြေစခန်းရှိ ဟိုတယ်များမှရရှိသော ဟင်းချက် ဆီ (Cooking Oil) များနှင့် ပြုလုပ်ထားသည့် Biodiesel များဖြင့် မောင်းနှင်သည်။ Disney ရှိ ဝန်ထမ်းများအနေဖြင့် အလုပ်လုပ်ရာတွင်လည်းကောင်း၊ အစည်းအဝေးများ ကျင်းပ ရာတွင်လည်းကောင်း၊ ခရီးသွားခြင်းနှင့် နေ့လယ်စာစား သုံးရာတွင်လည်းကောင်း သဘာဝပတ်ဝန်းကျင်အားထိခိုက် စေနိုင်သည့် အကျိုးသက်ရောက်မှုများကို တတ်နိုင်သမျ လျော့ချရန် Green Standard  ဟုခေါ်သည့် လှုပ်ရှားမှုတစ်ရပ် အားဖြင့် တိုက်တွန်းနှိုးဆော်ထားသည်။ ဝန်ထမ်းပေါင်း ၁၇၅,၀၀၀ (၂၀၁၃ ခုနှစ်) ကျော်ရှိသည့် Disney တွင် အားလုံးက ဦးတည်ချက်တစ်ခုတည်းကို တညီတညွတ်တည်း ဆောင်ရွက်ခြင်း၏ရလဒ်မှာ အင်မတန်ကြီးမားသည်ဟု ဆိုရ မည်ဖြစ်သည်။ CSR 13   Disney အနေဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကို လျော့ချနိုင်ခဲ့ခြင်းအားဖြင့် ဘဏ္ဍာရေးအကျိုးရလဒ်ကောင်းများ ရရှိခဲ့သည်။ ကော်ပို ရေးရှင်းတစ်ခုလုံး၏ လျပ်စစ်ဓာတ်အားအသုံးပြုမှုကို ၁၀ ရာခိုင်နှုန်းလျော့ချနိုင်ခဲ့ပြီး အဆိုပါပမာဏက Dsiney အ ပန်းဖြေအားကစားကွင်းသုံးခု၏ တစ်နှစ်စာလျပ်စစ်ဓာတ် အားသုံးစွဲမှုပမာဏနှင့် ညီမျသည်။ ကုမ္ပဏီ၏ CSR အစီအ စဉ်များကို အားသွန်ခွန်စိုက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင် ရွက်ခဲ့ခြင်းကြောင့် ၂၀၁၂ ခုနှစ်သည်Walt Disney  အတွက် စံချိန်တင်အမြတ်အစွန်းရရှိခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။  

အသေးစားလုပ်ငန်းများနှင့် CSR

အသေးစားစီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း CSR လှုပ် ရှားဆောင်ရွက်မှုကို မိမိအတိုင်းအတာပမာဏအတိုင်း   ဆောင်ရွက်နိုင်သည့်နည်း လမ်းများရှိပါသည်။ သေးငယ်သည့် ရုံခန်းဖြင့်အလုပ်လုပ်နေရသည့် လုပ်ငန်းငယ်လေးသည်ပင် လျင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး ကြီးမားသည့်အကျိုး သက်ရောက်မှုများ ပြုလုပ်နိုင်သည်။ ဝန်ထမ်းတစ်ဦးသည် တစ်နေ့လျင် စာရွက် ၁၁ ရွက်အထိ အများဆုံးအသုံးပြုသည်ဟုဆိုပါက အဆိုပါစာရွက်များကို တတ်နိုင် သလောက် ပြန်လည်အသုံးပြုဖို့ (Reuse and Recycle) အစီအစဉ်များ ချမှတ်ထားပါသလား။ ရုံးဆင်းချိန်တွင် ကွန်ပျူတာမော်နီတာကို ပိတ်ဖို့သတိလစ်ဟင်းခဲ့ပါက မော်နီ တာ တစ်ညလုံးဖွင့်ထားသည့် လျပ်စစ်ဓာတ်အားပမာဏ သည် A4 စာရွက် အရွက် ရှစ်ရာအား Print ထုတ်ရာတွင် အသုံးပြုရသည့် လျပ်စစ်ဓာတ်အားပ မာဏနှင့် ညီမျပါသည်။ အဆိုပါပမာဏကို သင့်ရုံးခန်းရှိ မော်နီတာပိတ်ဖို့မေ့ကျန်ခဲ့ သည့် အခြားကွန်ပျူတာများ၏အရေအတွက်ဖြင့် မြှောက် ကြည့်ပါ။ မလိုအပ်ဘဲ လျပ်စစ်စွမ်း အင်ပမာဏ မည်မျသုံးစွဲ လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဤဥပမာကိုကြည့်ခြင်း အားဖြင့် စွမ်းအင်ချွေတာသုံးစွဲမှုသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်သာမကဘဲ ကုမ္ပဏီ၏အထွေထွေကုန် ကျစရိတ်ကိုလည်း လျော့ချပေးသည်ကို တွေ့ရမည်ဖြစ် သည်။  

ဝန်ထမ်းများ၏ အကျိုးစီးပွား

ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပျော်ရွှင်ကြသည်ဆိုသည်မှာ လစာတိုးပေးခြင်း၊ အပိုဆုကြေးငွေများပေးခြင်း စသည့် အချက်များကြောင့်သက်သက်မဟုတ်ပါ။ ဝန်ထမ်းများတန်ဖိုး ထားသည်မှာ ကုမ္ပဏီတွင် သူတို့၏ပါဝင်မှုကို အသိအမှတ်ပြု ခြင်းဖြစ်သည်။ သူတို့၏လုပ်ဆောင်ချက်များကို အသိအမှတ် ပြုချီးမွမ်းခြင်း၊ သူတို့၏ သဘောထားမှတ်ချက်များကို တောင်းခံခြင်း စသည့်အချက်များသည် ဝန်ထမ်းများကို ကုမ္ပဏီက တန်ဖိုးထားကြောင်းသိရှိစေပြီး နေပျော်သည့်လုပ် ငန်းခွင်ကို ဖြစ်ပေါ်စေသည်။ ဝန်ထမ်းများ  အရည်အချင်းတိုး တက်ပြီး အလုပ်ကို ပိုမိုကောင်းမွန်စွာ လုပ်ကိုင်လာနိုင်စေရန် အတွက် ကုမ္ပဏီတွင်းသင်တန်းများနှင့် ကုမ္ပဏီပြင်ပသင်တန်း များကို ပြုလုပ်ပေးနိုင်သည်။ ဝန်ထမ်းများ၏အကျိုးစီးပွားအ တွက် ပိုမိုရင်းနှီးမြှုပ်နှံခြင်းသည် ကုမ္ပဏီ၏ထုတ်လုပ်မှုစွမ်း အားတိုးတက်ပြီး ဘဏ္ဍာရေးရလဒ်ကောင်းများရရှိရေးနှင့် ဆက်စပ်ပတ်သက်လျက်ရှိကြောင်းကို ဈေးကွက်အတွင်းပြိုင် ဆိုင်မှုပြင်းထန်သည့် ယနေ့ခေတ်အချိန်အခါတွင် အောင်မြင် နေသည့်လုပ်ငန်းတိုင်း သဘောပေါက်ကြပါသည်။  

လူမှုအသိုင်းအဝိုင်း၏အကျိုးစီးပွား

ဝန်ထမ်းများ၏တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်မှုကို လူမှုအသိုင်းအဝိုင်းအကျိုးစီးပွားအတွက် ဆောင်ရွက်မှုနှင့် ပေါင်းစည်းဆက်စပ်လုပ်ကိုင်နိုင်ပါသည်။ အကယ်၍ ကုမ္ပဏီ အနေဖြင့် လူမှုရေးအဖွဲ့အစည်းတစ်ခုခုကို ကူညီထောက်ပံ့လို ပါက ဝန်ထမ်းများနှစ်သက်သည့် လူမှုရေးအဖွဲ့အစည်းကို မဲပေးရွေးချယ်စေနိုင်သည်။ ယနေ့ခေတ်တွင် ဝန်ထမ်းများ အနေဖြင့် သူတို့ရွေးချယ်ထားသည့် လူမှုရေးအဖွဲ့အစည်း နှင့်အတူ လူထုအသိုင်းအဝိုင်းတိုးတက်ရေးအတွက် လက် တွေ့ပါဝင်အကျိုးပြု လုပ်ကိုင်ကြသည့်ပုံစံမျိုး ခေတ်စားလာပါ သည်။ ဤအချက်သည် ငွေကြေးလှူဒါန်းခြင်းသက်သက် ထက် အကျိုးသက်ရောက်မှုများစွာရှိသည်။  

Social License နှင့် CSR

ကုမ္ပဏီများ လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာတွင် ဒေသခံ လူထု၏အသိအမှတ်ပြုခံရမှု(Social License) သည် အရေး ကြီးပါသည်။Social License  သည် တရားဝင်ဥပဒေစည်း မျဉ်းလုပ်ငန်းစဉ်များနှင့် မသက်ဆိုင်ပေ။  မိမိတို့၏လုပ်ငန်း များသည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ဒေသခံ လူထု၏ အကျိုးစီးပွားအတွက် မည်ကဲ့သို့အကျိုးပြုဆောင် ရွက်ပေးနိုင်သည်ကို လူထုက နားလည်လက်ခံလာအောင် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။  CSR ကို လုပ်ဆောင်ရန် သံန္နိဋ္ဌာန်ချထားကြောင်းကို ပြသနိုင်ခြင်းသည် လူထုအသိ အမှတ်ပြုမှုကိုရယူနိုင်သည့် နည်းလမ်းတစ်ရပ် ဖြစ်သည်။ အရေးကြီးသည့်အချက်မှာ CSR ကို သီးသန့်လုပ် ငန်းစဉ်တစ်ရပ်အဖြစ် ရှုမြင်ရန်မဟုတ်ဘဲ မိမိကုမ္ပဏီ၏  စီးပွားရေးလုပ်ကိုင်သည့်နည်းလမ်း(Way of Doing Business) အဖြစ် ရိုးရိုးရှင်းရှင်း ရှုမြင်ဖို့လိုပါသည်။ ယနေ့ အချိန်အခါတွင် နိုင်ငံတကာ ကုမ္ပဏီများ မြန်မာနိုင်ငံသို့ အများအပြားဝင်ရောက်လာနေပြီး ပြည်တွင်းမိတ်ဖက် ကုမ္ပဏီများကို ရှာဖွေရာတွင်  CSR ကို စံနှုန်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြသည်။ အခြားကုမ္ပဏီများထက် CSR ကို အလေးထားဆောင်ရွက်ကြသည့် ပြည်တွင်းကုမ္ပဏီ များသည် အလားတူနိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ခွင့်ရရှိရန် အခွင့်အလမ်းပိုသာနေပါသည်။  အာဆီ ယံစီးပွားရေးအသိုက်အဝန်း (AEC) သည်လည်း မဝေးတော့ သည့်ကာလတွင် အကောင်အထည်ပေါ် လာတော့မည် ဖြစ်ရာ ယခင်လို ပြည်တွင်း လုပ်နည်းများဖြင့်သာ စီးပွားရေးလုပ်ကိုင် ရန် မလွယ်ကူတော့ပေ။ နိုင်ငံတကာစံချိန်စံညွှန်းများ အ တိုင်း လုပ်ကိုင်လာရတော့မည်ဖြစ်ရာ CSR ၏အခန်းကဏ္ဍ သည် ဦးစားပေးအဆင့်ဖြစ်လာပြီး  ယင်းနှင့်ပတ်သက်သည့် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို ယခင်ကထက် အရှိန် အဟုန်မြှင့်လုပ်ဆောင်လာကြသည်ကို တွေ့ရပါသည်။ သို့ ပါ၍ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် CSR အဆက်အစပ်အပေါ် လက်တွေ့လူမှုရေးလုပ်ငန်း လုပ်ကိုင်နေ သူများ၊ စီးပွားရေးအကြံပေးများနှင့်  စာပေပညာရှင်များ၏ သုံးသပ်ချက်များကို ဖော်ပြပေးလိုက်ပါသည်။   [caption id="attachment_18682" align="alignleft" width="370"]ဦးရဲမြင့် Consultant Shwe Pwint Lin Oo Co Ltd ဦးရဲမြင့်
Consultant
Shwe Pwint Lin Oo Co Ltd[/caption]

CSR ဆိုတာ

CSR ကို တိုက်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင် လူမှုရေး လုပ်ငန်းဆိုင်ရာလုပ်ဆောင်ပေးရမယ့်ဝတ္တရားလို့ အဓိပ္ပာယ် ရပါတယ်။ CSR မှာ Pyramid Structure    ဆိုတာရှိပါတယ်။ ဒီမှာ ပထမဆုံးအဆင့်က Economic Responsibility  ဖြစ်ရမယ်။ ဆိုလိုတာက စီးပွားရေးလုပ်ငန်းတစ်ခုက  Be Profitable  အကျိုးအမြတ်ရှိရမယ်။ ဒုတိယအဆင့်အနေနဲ့ Legal Responsibility    ဆိုလိုတာက ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လိုက်နာရမယ်။ Ethical Responsibility  ဆိုတာက ကျင့်ဝတ်နဲ့ဆိုင်တဲ့ Responsibility ပါ။ ဒါ ကြောင့် လုပ်ငန်းလုပ်တဲ့အခါမှာ လူ့ကျင့်ဝတ်တွေကို လိုက်နာ ရမယ်။ နောက် Do what is right, avoid harm  ဆိုတဲ့ အတွက်ကြောင့် မှန်တာကိုပဲလုပ်ဖို့လိုမယ်။ ပြီးတော့ အန္တရာယ် ရှိတဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ မကောင်းတဲ့ဟာမျိုးတွေကိုလည်း ရှောင်ရှားရမှာပါ။ နောက်ဆုံးအဆင့်မှာက Discretionary Responsibility    ။ ဆိုလိုတာက လိုအပ်ရင် လိုအပ်သလို လုပ်ပေးရမယ်ဆိုတဲ့အတွက်ကြောင့် လူမှုအသိုင်းအဝိုင်းတစ်ခု ကို အထောက်အပံ့ပေးနိုင်ရမယ်။ လူတွေရဲ့ဘဝတိုးတက်မှု (Quality of Life) နဲ့ပတ်သက်တာတွေကို အထောက်အပံ့ ပေးနိုင်ရမယ်လို့ အဓိပ္ပာယ်ရှိပါတယ်။ CSR မှာ ဒီလို Pyra- mid  ပုံစံရှိပါတယ်။ တိုတိုနဲ့လိုရင်းပြောရရင် ကုမ္ပဏီစီးပွား ရေးလုပ်ငန်းတစ်ခုအနေနဲ့ ထွက်ပေါ်လာတဲ့ အကျိုးအမြတ် တွေကို လူမှုရေးလုပ်ငန်းတွေမှာ သုံးတာလို့ ပြောလို့ရပါ တယ်။ ထူးထူးခြားခြားပြောရမယ်ဆိုရင် Microsoft ရဲ့ Chairman Bill Gates  က သူ့ရဲ့ ၄၀ ရာခိုင်နှုန်းသော အ မြတ်ငွေတွေကို လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြု တာမျိုးတွေ ဖြစ်ပါတယ်။  

မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ CSR

မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေမှာ CSR ဆိုတာကို သဘောမပေါက်သေးတဲ့သူတွေ၊ တချို့သိ ကိုမသိသေးတဲ့လူတွေရှိပါတယ်။ နောက်ပြီး Middle Man- agement Level က မန်နေဂျာတော်တော်များများတောင် CSR ကို သဘောမပေါက်သေးတာကိုတွေ့ရပါတယ်။ နောက် ပြီး CSR ဆိုတာ Corporate Social Responsibility  လို့ အရှည်ကောက်မသိတဲ့လူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ CSR ကိုသေသေ ချာချာသိရှိသဘောပေါက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ CSR လုပ်နေတာ ကုမ္ပဏီလုပ်ငန်း  တွေရဲ့တစ်ဝက်လောက်တောင်မရှိသေးဘူးလို့ ထင်ပါတယ်။ ဒါကလည်း CSR ကို လုပ်ရမယ်။ လုပ်သင့်တယ်လို့ မမြင် သေးလို့ဘဲဖြစ်တယ်။ CSR ကလည်း မြန်မာနိုင်ငံမှာ Popular ဖြစ်လာတာ သိပ်မကြာသေးတာလည်း ပါတာပေါ့။  

နိုင်ငံခြားကုမ္ပဏီတွေဝင်လာတဲ့အခါ

နိုင်ငံခြားကုမ္ပဏီတွေဟာ AEC Market  ကြောင့် မြန်မာ နိုင်ငံကို ၂၀၁၈ ခုနှစ်လောက်မှ အပြည့်အ၀ ဝင်လာနိုင်ပါ တယ်။ အခုအချိန်မှာ တိုက်ရိုက်မဝင်လာနိုင်သေးပေမဲ့ သူတို့ ဝင်လာတဲ့အခါ ဒီလူတွေက CSR နဲ့ပတ်သက်ပြီးတော့  အကျွမ်းဝင်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်။ အဲဒီလို နိုင်ငံခြား ကုမ္ပဏီတွေဝင်လာတဲ့အခါမှာ CSR ကို များများလုပ်ပေးဖို့ အတွက်ကိုလည်းသက်ဆိုင်ရာအစိုးရအနေနဲ့ တောင်းဆိုဖို့ လိုပါတယ်။ နောက်ပြီး သူတို့နဲ့ စီးပွားရေးဖက်စပ်လုပ် ကိုင်တဲ့ မြန်မာနိုင်ငံကကုမ္ပဏီတွေကလည်း တိုက်တွန်းဖို့ တွေ၊ လက်တွေ့လုပ်ပြဖို့တွေလည်း လိုအပ်ပါတယ်။ နောက် ပြီး သူတို့ကိုယ်တိုင်ကလည်း တကယ်ကိုလိုအပ်နေတဲ့နေရာ မှာ CSR လုပ်ပေးနိုင်ဖို့အတွက် အဲဒီလိုနိုင်ငံခြားကုမ္ပဏီ တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားဝန်ထမ်းတွေက တိုက်တွန်းပေးဖို့လိုပါတယ်။  နိုင်ငံခြားကုမ္ပဏီတွေဝင်လာ တဲ့အပေါ်မှာ ပြည်တွင်းကကုမ္ပဏီတွေကလည်း နိုင်ငံခြား ကုမ္ပဏီတွေကို CSR ပိုပြီး လုပ်ချင်လာအောင် ကိုယ်တိုင်ကလည်း လက်တွေ့လုပ်ပြဖို့လိုပါတယ်။ CSR လုပ်တဲ့ အခါမှာ 3P ဆိုတာရှိပါတယ်။ ပထမ P က People လူတွေ မထိခိုက်ဖို့လိုတယ်။ ဒုတိယ P က Planet ပတ်ဝန်းကျင် မထိ ခိုက်ဖို့လိုတယ်။ နောက် P ကတော့ Profit အကျိုး အမြတ်ရ ဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် CSR လုပ်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေးလေးနက်နက်စဉ်း စားဖို့လိုပါ တယ်။ ပြီးတော့ ဒါကို မလုပ်မနေရ ဥပဒေမျိုးတွေ ပြဋ္ဌာန်း မယ်ဆိုရင် ပိုပြီး အကျိုးရှိမယ်လို့ မြင်ပါတယ်။ CSR 9  

နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ CSR 

အခု CSR လုပ်တဲ့ လုပ်ငန်းတွေက ပုဂ္ဂလိကလုပ်ငန်း တော်တော်များပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ အနေနဲ့တော့ CSR လုပ်တာ သိပ်ပြီးမတွေ့ဖူးသေးပါဘူး။ အစိုးရလုပ်ငန်းတွေမှာ ဝင်ငွေရှိတဲ့ ဝန်ကြီးဌာနက ဝင်ငွေ တွေဟာ ဝင်ငွေမရှိတဲ့ ဝန်ကြီးဌာနတွေကို ခွဲဝေပေးရတာမျိုး တွေတော့ရှိပါတယ်။ ဥပမာ- ပညာရေး၊ ကျန်းမာရေးတွေ ကိုပေါ့။ ဒါတွေကို ထည့်တွက်မယ်ဆိုရင်တော့ ပညာရေး၊ ကျန်းမာရေးဆိုတာကလည်း CSR တစ်မျိုးပါပဲ။ ဒါကို ဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းထားတာမျိုးမရှိသေးပေမဲ့ နောက် ပိုင်းမှာတော့ ဥပဒေတစ်ရပ်အနေနဲ့ပါ လုပ်သင့်တယ်လို့မြင် ပါတယ်။     [caption id="attachment_18683" align="alignleft" width="370"]ဒေါက်တာမသီတာ အယ်ဒီတာ ပဲ့တင်သံဂျာနယ် ဒေါက်တာမသီတာ
အယ်ဒီတာ
ပဲ့တင်သံဂျာနယ်[/caption]

မြန်မာစီးပွားရေးလုပ်ငန်းတွေနဲ့ CSR

ကျွန်မအနေနဲ့ မြန်မာပြည်မှာရှိတဲ့ စီးပွားရေးသမားတွေက ဃျှွ ကိစ္စကို အခုမှစပြီးတော့ မျက်စိပွင့်လာတယ်လို့ မြင် ပါတယ်။ အရင်ကတော့ စီးပွားရေးလုပ်တာပဲ၊ ဒါတွေ ဂရုစိုက်စရာလိုလို့လား၊ အမြတ်ရရင်ပြီးတာပဲ ဆိုတာမျိုးတွေ က များတာပေါ့။ အခု International Standard  တွေနဲ့ ကျင့်သုံးလာတဲ့အခါမှာ အရင်ကထက်စာရင် ဒီဘက်ကို ပိုပြီး အာရုံစိုက်လာကြမယ်လို့ မျော်လင့်ပါတယ်။ အခု လက်ရှိမှာတော့ ကျွန်မတို့က CSR  အဆင့်ထိကိုတောင် မသွားနိုင်သေးဘဲ အခြေခံပွင့် လင်းမြင်သာမှုအတွက်ကို တောင် အများကြီးမေးခွန်းထုတ်နေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ CSR နဲ့ပတ်သက်လို့ ရှိရင်တော့ ကျွန်မအမြင်မှာတော့ အများကြီး လိုသေးတယ် လို့ပဲ မြင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာက ဘယ်ဟာမှ စနစ်တကျ ဖွံ့ ဖြိုးခဲ့တာမဟုတ်တဲ့အပြင် ဖိနှိပ်ချုပ်ချယ်မှုတွေကလည်း များခဲ့တဲ့အတွက် ကိုယ့်ရဲ့ကဏ္ဍအလိုက်လုပ်ရမယ့်၊ လုပ်ထုံး လုပ်နည်းပိုင်းဆိုင်ရာတွေကို ဦးစားမပေးနိုင်ခဲ့ကြဘူး။ အဲ ဒီအခါကျတော့ End Result  ကိုပဲ ကြည့်ကြပြီး လုပ်ရမယ့် Process ကြီးတစ်ခုလုံးကို ဘယ်လိုလုပ်သွားမှရမယ်ဆိုတာ တွေကို မစဉ်းစားတော့ဘဲ စီးပွားရေးလုပ်တာ အမြတ်ရရင် ပြီးတာပဲဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ ကိုယ့်ရဲ့လုပ်ငန်း နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အ လုပ်သမားပဲဖြစ်ဖြစ်၊ သဘာ၀ ပတ်ဝန်းကျင်ကိုပဲဖြစ်ဖြစ်၊ နိုင်ငံအပေါ်မှာပဲဖြစ်ဖြစ် သူတို့အ နေနဲ့ လုပ်ကိုလုပ်ရမယ့် အလုပ်ပိုင်းဆိုင်ရာတွေမှာ သိထား တာ တွေနည်းတယ်။ သိထားတာတွေ နည်းတဲ့အတွက်ကြောင့် ကျင့်သုံးမှုမှာလည်း အားနည်းတယ်လို့ မြင်ပါတယ်။  

မြန်မာနိုင်ငံစီးပွားရေးသမားတွေအနေနဲ့ CSRလုပ်ထုံး လုပ်နည်းတွေနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တဲ့အပိုင်း 

ကျွန်မတို့နိုင်ငံမှာ စီးပွားရေးသမားတွေက CSR နဲ့ပတ် သက်ပြီး သိထားတာတွေနည်းတဲ့အတွက်ကြောင့် ဒီ Issue တွေကိုလည်းသိပြီး နိုင်ငံတကာမှာလည်း စီးပွားရေးလုပ် တာကြာပြီဖြစ်တဲ့ကုမ္ပဏီတွေက ကျွန်မတို့အပေါ်မှာ ခေါင်း ပုံဖြတ်ဖို့တို့၊ အမြတ်ထုတ်ဖို့ဆိုတာ ပိုလွယ်နေပါတယ်။ ကိုယ်ကမသိတဲ့အခါကျတော့ ကိုယ်ရဲ့အခွင့်အရေးတွေ၊ကိုယ့် ရဲ့ရပိုင်ခွင့်တွေတစ်ဖက်လှည့်နဲ့ အမြတ်ထုတ်သွားနိုင်ခြေ ပိုများလာနိုင်ပြီး အမြတ်ထုတ်နိုင်ဖို့အတွက်လည်း လွယ် ကူနေပါတယ်။ အဲဒီအတွက်ကြောင့် ပြည်တွင်းလုပ်ငန်းရှင် တွေက မိမိရဲ့အလုပ်သမားတွေကိုလည်း ပြန်ပြီး အသိပေး သင့်ပါတယ်။ နောက်ပြီး CSR ကဏ္ဍကို အလုပ်သမားတွေရဲ့ ရှုထောင့်ချည်းကပဲ မဟုတ်ဘဲ အလုပ်ရှင်တွေဘက်ကလည်း တန်ဖိုးထား သင့်တယ်။ ဒီ CSR ကဏ္ဍကို လုပ်သင့်တယ်၊ ရှိသင့်တယ်လို့ နားလည်လာတာနဲ့အမျ အလုပ်ရှင်နဲ့ အလုပ် သမားကြားမှာ နားလည်မှုတွေကလည်း ပိုပြီးတော့ ရှိလာ မှာဖြစ်ပါတယ်။ နောက်ပြီးတော့ လုပ်ငန်းရဲ့ပုံရိပ်ဟာလည်း ကိုယ့်ရဲ့အစုအဖွဲ့လေး ထဲမှာတင်မဟုတ်ဘဲ နိုင်ငံတကာစံ ချိန်စံညွှန်းနဲ့ပြောနိုင်လာမှာ ဖြစ်ပါတယ်။ အဲဒီလို မပြောဘဲ နေလို့မရတော့အောင်လည်း အရင်ကလို စီးပွားရေးတံခါးပိတ် ထားတာတွေ၊ ကမ္ဘာမှာဘယ်သူနဲ့မှ မဆက်ဆံဘဲနေတာ တွေဟာ ရေရှည်မှာ မရပ်တည်နိုင်ဘူးဆိုတာကိုလည်း နားလည်နေကြပါပြီ။ နိုင်ငံရေးမူဝါဒတင်းကျပ်တဲ့နိုင်ငံကြီးတွေတောင်မှ စီးပွားရေးအရ ကူးလူးဆက်ဆံမှုတွေ လုပ်နေ ကြပါပြီ။ အရင်ကလိုပဲ ကုန်စုံဆိုင်လုပ်နည်းမျိုး ဒီဘက်က အရှုံးကို ဟိုဘက်က အမြတ်နဲ့ထည့်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် မြတ်ရင်ပြီးတာပဲဆိုတာမျိုးတွေကို ပြောင်းဖို့လိုတယ်လို့မြင် ပါတယ်။ ဘာကိုပဲလုပ်လုပ် လုပ်တဲ့အခါမှာ Professional ဆန်ဆန်လုပ်တာက ကိုယ့်အတွက်လည်းကောင်းပြီး အများ အတွက်လည်း အကျိုးရှိစေမယ်လို့ မြင်ပါတယ်။  

နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ CSR

အထူးသဖြင့် ပွင့်လင်းမြင်သာမှုကို ဘယ်တုန်းကမှ မလုပ်ခဲ့ကြ၊ မကြုံခဲ့ကြတဲ့အတွက် ကျန်တဲ့လုပ်ငန်းရှင်တွေ ကလည်း ဒါဟာ လုပ်ရကောင်းတဲ့ အလုပ်လို့ မမြင်တော့ဘူး။ အစိုးရအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ သုတေသန လုပ်တာတို့၊ လုပ်သားတွေရဲ့ အခြေအနေပေါ်မှာ သုတေသနလုပ်တာတို့ ဒါတွေက ဘယ်သူ့ကိုမှ မထိခိုက်ဘဲ လုပ်ပါတယ်ဆိုတာမျိုးတွေကို ပြည်သူကိုအသိပေးခဲ့တဲ့ အစဉ်အလာမရှိခဲ့ဘူး။ ဒီတော့ ကျန်တဲ့စီးပွားရေးသမားတွေရဲ့ အမြင်မှာလည်း လုပ်သင့်တဲ့အလုပ်လို့မမြင်တော့ဘူး။ ဒါ ကြောင့် နိုင်ငံပိုင်ကုမ္ပဏီတွေအနေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို ပညာပေးရာလည်းရောက်အောင် ပွင့်လင်းမြင်သာမှုကိုစပြီး လုပ်ပြသင့်တယ်လို့ မြင်ပါတယ်။     [caption id="attachment_18681" align="alignleft" width="370"]ဦးဇေယျသူ Director/Deputy Chief Editor The Voice ဦးဇေယျသူ
Director/Deputy Chief Editor
The Voice[/caption]

CSR ဆိုတာ

Corporate Social Responsibility  ဆိုတာက လုပ်ငန်းတွေ အနေနဲ့ ကိုယ့်တစ်ဘို့တည်းမကြည့်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကို လည်း အကျိုးပြုဖို့ပြောတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း တွေရဲ့သဘောတရားက အကျိုးအမြတ်ကို ကြည့်တဲ့သဘော ဖြစ်တယ်။ ငွေကြေးအကျိုးအမြတ်ရဖို့ကို အဓိကထားတာ။ ဒါပေမဲ့ အဲဒီအတိုင်းသာဆက်လုပ်သွားမယ်ဆိုရင် ရသလောက် စီးပွားရှာ၊ အကျိုးအမြတ်အဆီအသားတွေကို ရသလောက် ဝါးမျိုပြီး ဒီမှာကုန်ရင် အခြားထသွားတာမျိုးဆိုတော့ ဘယ် သူသေသေ ငတေမာရင်ပြီးရောပုံစံမျိုး ဖြစ်နေတယ်။ အဲဒါမျိုးက ကိုယ်တစ်ယောက်တည်းလုပ်နေရင်တော့ အကြောင်းမဟုတ်ဘူး။ ကျန်တဲ့စီးပွားရေးလုပ်ငန်းတွေကပါ အဲဒီလိုမျိုး လိုက်လုပ်မယ်ဆိုရင် နေပျော်တဲ့ပတ်ဝန်းကျင်မဖြစ်တော့ဘူး။ အဲဒီပတ်ဝန်းကျင်ကလည်း ဒုက္ခရောက်သွား တယ်ဆိုရင် အဲဒီလုပ်ငန်းက ကြာရှည်ရပ်တည်နိုင်မှာမဟုတ် ဘူးဆိုတာ သေချာပါတယ်။ အဲဒီတော့ CSR ဆိုတဲ့ ကိုယ့် ပတ်ဝန်းကျင်အတွက်၊ ကိုယ့်အသိုင်းအဝိုင်းအတွက် တစ်ခုခု ပြန်ပြီး လုပ်ပေးသင့်တယ်ဆိုတာမျိုးဖြစ်လာတယ်။  

မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ CSR

အရင်ကတော့ လှူဒါန်းလိုက်တာမျိုးကို CSR လို့ ထင်ကြ တယ်။ CSR ဆိုတာက ဒီထက်လေးနက်ပါတယ်။ ကိုယ့်ရဲ့ Business Plan  ထဲမှာ ဒါကို တစ်ခါတည်း ထည့်ဆွဲထားနိုင် ရင်တော့ အကောင်းဆုံးဖြစ်တယ်။ တချို့ဖြစ်နေတာကတော့ CSR ဆိုတာ ကိုယ့်ကို လူတွေက ကြည်ညိုအောင်လုပ်ပြရမယ်ဆိုတာမျိုး ထင်နေကြတယ်။ အဲဒီတော့ ကိုယ်ကစီးပွားရှာနေတာချည်းမဟုတ်ဘဲ အများအကျိုးအတွက်လုပ်နေ တာကို လူတွေမြင်အောင်လုပ်ပြရတယ်လို့ ထင်နေကြတယ်။ တကယ် တမ်းကျတော့ ဒါက လူတွေမြင်အောင် လုပ်ပြရတာ မျိုးမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ထဲထဲဝင်ဝင်ပါပြီး လုပ်ရမှာ ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ကိုယ့်လုပ်ငန်းနာမည် ရဖို့ Marketing လုပ်တဲ့ သဘောမျိုးပဲဖြစ်သွားမှာပေါ့။ CSR ဆိုတာက Marketing မဟုတ်ဘူးဆိုတာကို သဘော ပေါက်ဖို့လိုပါတယ်။ ဥပမာ- ကိုယ့်ရဲ့အကျိုးအမြတ်ထဲက ဘယ်လောက်ကိုတော့ လှူမယ်။ ဒါမှမဟုတ် ကိုယ့်စီးပွားရေး လုပ်ငန်းထဲမှာ   ကိုယ့်ပတ်ဝန်းကျင်ကိုအကျိုးပြုဖို့  စီမံ ချက်ချပြီး ထဲထဲဝင် ဝင်လုပ်တယ်ဆိုရင်တော့ ပီပြင်တဲ့ CSR  လို့ ဆိုရမှာပေါ့။ တကယ်တမ်းတော့ CSR  လုပ်မယ်ဆိုရင် ကိုယ့်အဖွဲ့အစည်းမှာ CSR  နဲ့ပတ်သက်တဲ့ တာဝန်ခံတစ် ယောက်ကို ထားသင့်ပါတယ်။ သူက CSR  ကို တကယ် လုပ်ချင် တဲ့သူ လည်းဖြစ်ရမယ်။စီးပွားရေးကိုလည်း နားလည် ရမယ်။ တစ်ဖက်မှာလည်း ဒေသဖွံ့ဖြိုးရေးကို စိတ်ဝင်စား တဲ့သူဖြစ်ဖို့လည်း လိုပါတယ်။ အဲဒီတော့ ကိုယ CSR  လုပ် ချင်တဲ့ဒေသကလူတွေရဲ့ လိုအပ်ချက်ကို သိဖို့လိုပါတယ်။ လူတွေအ များကြီးလုပ်နေတာကို ကိုယ်ကလည်း ဝင်လုပ်တယ် ဆိုရင် လုပ်တာတွေထပ်နေပြီး ဘာမှထူးခြားသွားမှာ မဟုတ် ဘူး။ ဒေသခံလူတွေ လိုအပ်တာက ကိုယ်လုပ်ပေးတာနဲ့လွဲချင် လွဲနေမယ်။ အဲဒီတော့ ကိုယ် CSR  လုပ်ပေးချင်တဲ့ ဒေသက လူတွေ ဘာလုပ်ပေးချင်သလဲဆိုတာကို သေသေချာချာ သုတေသန (Needs Assessment) လုပ်ပြီးမှ အဲဒါကို ဖြည့် ဆည်းပေးနိုင်မယ့်စီမံချက်ကို ဆွဲရမှာဖြစ်တယ်။ အဲဒါမှပဲ တကယ်ထိရောက်တဲ့ CSR ဖြစ်မှာပါ။  

နိုင်ငံတကာကလုပ်ငန်းတွေဝင်ရောက်လာမှုနဲ့အတူ မြန်မာ စီးပွားရေးလုပ်ငန်းတွေ ပြင်ဆင်ရမှာတွေက

အဓိကအနေနဲ့ ရည်မှန်းချက်ကြီးကြီးထားတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံတကာကုမ္ပဏီကြီးတွေနဲ့ တွဲပြီး Partner လုပ်ချင်တဲ့ ကုမ္ပဏီတွေ၊ ဒါမှမဟုတ် နိုင်ငံခြားက Customer တွေကို ရောင်းတဲ့လုပ်ငန်းတွေ၊ ဥပမာ- ဟိုတယ်လုပ်ငန်းတွေ၊ နိုင်ငံ ခြားကိုပစ္စည်းရောင်းတဲ့ Export လုပ်တဲ့ ကုမ္ပဏီတွေ၊ အဲဒါ တွေက သူတို့ရဲ့မှတ်တမ်းတွေထဲမှာ CSR တကယ်လုပ် တဲ့ကုမ္ပဏီတွေဆိုရင် သူတို့ကပိုပြီး အားပေးချင်တယ်၊ လက် တွဲချင်တယ်။  ဈေးချင်းးတူနေရင်တောင်မှ CSR လုပ်ထား တဲ့ ကုမ္ပဏီဆိုရင် သူတို့က ပိုကြိုက်ကြတယ်။ နောက်ပြီး Partner လုပ်တဲ့နိုင်ငံတကာကုမ္ပဏီတွေကလည်း CSR လုပ်တဲ့ကုမ္ပဏီတွေဆိုရင် ပိုပြီး လက်တွဲလုပ်ချင်ကြတယ်။ အဲဒီအခါကျတော့ ကိုယ့်ဘက်ကလုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ လုပ်ငန်းမျိုးဆိုတာကို ပြနိုင်ဖို့က CSR ဘက်မှာ အားကောင်းဖို့ လိုပါတယ်။ အဲဒါမှ ကိုယ်နဲ့လက်တွဲလုပ်မယ့်ကုမ္ပဏီတွေ၊ ကိုယ့်ရဲ့ Service တွေကိုဝယ်မယ့် Customer တွေကအစ ကိုယ့်ရဲ့ကုမ္ပဏီကို ပိုပြီးလက်တွဲချင်ကြမှာ၊ အားပေးကြမှာ ဖြစ်တဲ့အတွက် CSR က အင်မတန်အရေးကြီးပါတယ်။  

အစိုးရပိုင်လုပ်ငန်းတွေနဲ့ CSR

အဓိကအနေနဲ့ အစိုးရပိုင်လုပ်ငန်း၊ ပုဂ္ဂလိက လုပ်ငန်းရယ် လို့မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ တော်တော်များများ က နိုင်ငံတကာနဲ့အမီမလိုက်နိုင်ဘဲ ကျန်ခဲ့တဲ့အတွက် သူများ တွေက ရှေ့ရောက်နေကြပြီ၊ ပြောနေဆိုနေကြပြီဖြစ်တဲ့အချိန် မှာ ကျွန်တော်တို့က အခုကျမှ ဒီစကားလုံးကို စတွေ့ပြီး လုပ်ရင်ကောင်းမယ်၊ လုပ်သင့်တယ်ဆိုပြီး တွန်းအားပေးလို့ သာ အခုတဖြည်းဖြည်းနဲ့ ဒီစကားလုံးက ခေတ်စားလာတာပေါ့။ အရင်တုန်းက မကြားဖူးတာနဲ့စာရင် အခုလို CSR ဆိုတဲ့စ ကားလုံး ခေတ်စားလာတယ်ဆိုတာက တော်တော်ကောင်း ပါတယ်။  ခေတ်စားတဲ့အဆင့်ထက်ကျော်ပြီး တကယ်ကျင့် သုံးနိုင်တဲ့အဆင့်ရောက်ရင် ပိုကောင်းပါတယ်။ အဲဒီတော့ အစိုးရပိုင်လုပ်ငန်းတွေဆိုတာလည်း ကိုယ့်နိုင်ငံထဲက အဖွဲ့ အစည်းတွေဖြစ်တဲ့အတွက် ခေတ်နောက်ကျကြတာပဲ။ အဲဒါ ကြောင့် ဒါတွေကို အရင်တုန်းက ထည့်စဉ်းစားခဲ့တယ်ဆိုရင် တော့ နည်းနည်းပဲစဉ်းစားခဲ့ကြမှာပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကိုယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသရဲ့ဖွံ့ဖြိုး ရေး စတာတွေကို ထည့်သွင်းစဉ်းစားတာနည်းခဲ့တယ်။ အခု ကတော့ ဒါတွေကို တကယ်ကျင့်သုံးလုပ်ကိုင်နိုင်ဖို့ကအရေး ကြီးလာပါပြီ။

  [caption id="attachment_18679" align="alignleft" width="370"]ဦးကျော်သူ ဥက္ကဋ္ဌ နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးကျော်သူ
ဥက္ကဋ္ဌ
နာရေးကူညီမှုအသင်း (ရန်ကုန်)[/caption]

UN Global Compact(UNGC) အဖွဲ့ဝင်ဖြစ်ခြင်းရဲ့ အကျိုး ကျေးဇူး

UNGC က UN က ကမကထလုပ်နေတာဆိုတော့ ဒီအဖွဲ့ထဲဝင်လိုက်ရင် ကိုယ့်မှတ်တမ်းကောင်းသွားတာပေါ့။ ကိုယ့်ကုမ္ပဏီမှာ UNCG အဖွဲ့ဝင်ဆိုင်းဘုတ်ချိတ်ထားတယ် ဆိုရင် သူများအထင်ကြီးတာပေါ့။ ကိုယ်နဲ့ Partner လုပ်ချင် တဲ့ ကုမ္ပဏီတွေလာရင်လည်း UNCG အဖွဲ့ဝင်ဖြစ်တဲ့အခါကျ တော့ နိုင်ငံတကာအဆင့်မီတဲ့ကုမ္ပဏီပဲဆိုပြီး ကိုယ့်ကို အထင်ကြီးသွားနိုင်တယ်။ ဒါပေမဲ့ တကယ်လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ဆီမှာဖြစ်တတ်တာက အဖွဲ့အစည်းတစ်ခုခုကို ဝင်တယ်ဆိုရင် ငါဘာများအခွင့်အရေးရမလဲ။ အနည်းဆုံး တော့ Information ရမယ်၊ ဒီအဖွဲ့ထဲဝင်လိုက်ရင် ကိုယ့်ကို မနှိပ်ကွပ်ကြတော့ဘူး၊ မချကြတော့ဘူးဆိုတာမျိုးတွေးကြ တယ်။ ဒါပေမဲ့ အစည်းအဝေးတက်ရမယ်ဆိုရင် မှန်မှန် မတက်တာမျိုး၊ Report ပုံမှန်မတင်တာမျိုး အဖွဲ့ဝင်ဆိုပြီးပဲ အသာလေးနေတာမျိုးရှိကြတယ်။ ဒါကလည်း ကျွန်တော် တို့မှာ တော်တော်များများဖြစ်နေကြတာမျိုးဆိုတော့ ဒီလိုမျိုး အလေ့အထတွေကို ဖျောက်ဖို့လိုပါတယ်။ အခုဆိုရင် ပွင့်လင်းလာတယ်လို့ ဆိုရမှာပေါ့။ ပြည်ပကလည်း ကုမ္ပဏီတွေထောင်ကြသလို ပြည်တွင်းကလည်း ကုမ္ပဏီတွေ ထောင်လာကြတယ်။ စီးပွားရေးလုပ်ရင်းနဲ့ လူမှုရေးဘက်ကို ပါ ခြေလှမ်းလှမ်းလာကြတယ်။ လူမှုရေးဘက်ကိုခြေလှမ်း လှမ်းလာတဲ့ကိစ္စက ကုမ္ပဏီပိုင်ရှင်တွေ၊ စီးပွားရေးသမားတွေ က ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲ။ ဘာကြောင့် လူမှုရေးဘက် ခြေလှမ်းလှမ်းတာလဲ၊ လူမှုရေးလုပ်တယ်ဆိုရင် ပြည်ပ ကုမ္ပဏီဆိုရင် သူတို့အတွက် ပြည်ပအဖွဲ့အစည်းက အကူ အညီများများ ရလို့လား၊ ပြည်တွင်းမှာ တကယ်ဒုက္ခရောက်နေ တဲ့သူတွေကို ကူညီချင်လို့လား၊ ဒါတွေက အကြောင်းအရာ တွေ အများကြီးရှိတယ်။ ဥပမာ- ပြည်တွင်းမှာ အရက်ချက်စက်ရုံလာထောင် တယ်၊ စွန့်ပစ်ပစ္စည်းတွေ၊ ဆိုးကျိုးတွေ အများကြီးပဲ။ မန္တလေး သုသာန်မှာဆိုရင် မီးသြင်္ဂိုဟ်တဲ့ညှော်နံ့က ဒီလောက်မရဘူး။ သုသာန်ဘေးက ရေကန်ထဲကလာတဲ့ အညစ်အကြေးတွေ ရဲ့အနံ့တွေက တကယ်ကိုဆိုးဝါးတယ်။ အဲဒီသုသာန်ဝင် လိုက်ရင် ကျန်းမာရေးအတွက် မကောင်းဘူး၊ အသက်ရှူ မဝဘူး၊ အဲဒီလိုမျိုးတွေရှိတယ်။ အဲဒီတော့ အတ္တချည်းပဲ ကြည့်ပြီးတော့ စီးပွားရေးလုပ်လို့မရဘူး။ ပရဟိတဆိုရင် လည်း လူကြားအောင်လုပ်တာမျိုး မဖြစ်သင့်ဘူး။ နောက် သတ္တုတူးတယ်၊ ကျောက်တူးတယ်၊ ရေနံ တူးတယ်ဆိုရင် ဘေးပတ်ဝန်းကျင်ရွာတွေ ဘယ်လိုဆိုးကျိုးတွေ ဖြစ်မလဲ။ လူသားချင်းကိုယ်ချင်းစာနာစိတ်နဲ့ ငါသာ ဒီရွာ သားဖြစ်တယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်း စာစိတ်မွေးကြဖို့က အရေးကြီးဆုံးပဲ။ အများအတွက် အကျိုးပြန်ပြုတဲ့ကုမ္ပဏီတချို့လည်း ရှိပါတယ်။ ဒီမှာ တချို့ ရေနံကုမ္ပဏီတွေရှိတယ်။ ဟိုးအရင်ခေတ်ကတည်းက ရေနံ တူးတယ်။ ဒါပေမဲ့ ဒီမှာဘိုးဘွားရိပ်သာ သေချာလာလုပ်ပေး တယ်။ လူငယ်စောင့်ရှောက်ရေးဂေ ဟာ လုပ်ခဲ့တယ်။ ဒါမျိုး တွေလည်းရှိပါတယ်။ ဒါက တကယ့်ကိုထိရောက်တဲ့ ကူညီ မှုဖြစ်တယ်။ အဓိကတော့ ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့၊ ကိုယ် ချင်းစာစိတ်ရှိဖို့ လူမှုရေးသမားတစ်ယောက်အနေနဲ့ တိုက် တွန်းချင်ပါတယ်။ ကျွန်တော်က စီးပွားရေး လည်း နားလည် တာမဟုတ်ဘူး။ ဒါပေမဲ့ စီးပွားရေးကုမ္ပဏီတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေ ဖြစ်တယ်၊ ပျက်စီးကုန် တယ်။ ကျေးရွာတွေ၊ ပြည်သူပြည်သားတွေ ဒုက္ခရောက်တယ်။ ဥပမာ- ဖားကန့်ဘက်မှာ နာရေးကူညီမှုလုပ်ရင်းနဲ့ ရောက် တော့ သုသာန်ကို သွားလေ့လာတဲ့အခါ ဖားကန့်သုသာန်က အတည်တကျမရှိဘူးတဲ့။ နောက်နေ့ကျောက်တွင်း ဖြစ် ရင်ဖြစ်သွားမယ်။ ဒါ စီးပွားရေးသမားတွေရဲ့ လက်ချက်ပေါ့ လေ။ သုသာန်တောင်မှ အတည်တကျမရှိအောင် လောဘဇော တိုက်နေရင်တော့ ကိုယ့်သမိုင်းကြောင်းလည်း လှမှာမဟုတ် ဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့သေတယ်ဆိုရင် တောင် ဘဝကကောင်းမှာမဟုတ်ဘူး။ ဒီဘဝမှာ ငါစားရရင် ပြီးရော၊ ငါချမ်းသာရင် ပြီးရော၊ ငါအမြတ်ရရင် ပြီးရော စိတ်ဓာတ်တွေနဲ့ မလုပ်ကြဖို့တော့ တိုက်တွန်းလိုပါတယ်။ ပရဟိတလုပ်တယ်ဆိုတာ အကြောင်းတွေ အများ ကြီးရှိတယ်။ တကယ်ကို ကိုယ်ချင်းစာနာစိတ်နဲ့လုပ်တာ လား၊ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ဒီထက်ပိုပြီးအောင်မြင် အောင် Promotion လုပ်တာလား။ ဒါတွေက ရှိတယ်။ တချို့ က ရေဘေးဖြစ်တယ်ဆို ဆိုင်းဘုတ်တွေထောင်ပြီးသွား လုပ်ကြတယ်။ လူတွေအမြင်မှာတော့ ဒီကုမ္ပဏီ၊ ဒီအဖွဲ့အ စည်းတွေက တကယ်လုပ်တာပဲ၊ ရေရှည်ကျတော့ မဟုတ် ဘူး။ နာဂစ်ဆိုရင်လည်း နာဂစ်အလျောက်ပဲ။ ကျွန်တော်တို့ ဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်တဲ့နေရာအထိ သွားတယ်။ အဲဒီမှာ ဒုက္ခရောက်တဲ့သူတွေ အဆင်ပြေသွား တယ်။ သို့သော် ကျောင်းတွေ၊ လူနေအိမ်တွေ ဘယ်လောက် ဆောက်ပေးမယ်ဆိုတာ စားပွဲပေါ်မှာ၊ စာရွက်ပေါ်မှာပဲ အ လုပ်လုပ်တယ်။ လေနဲ့ပဲလုပ်တဲ့ အလုပ်တွေကတော့ ရပ် တန်းက ရပ်သင့်ပြီ။ နိုင်ငံပြန်လည်ထူထောင်တဲ့နေရာမှာ ကိုယ့်ကတိအတိုင်း လုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်။ ဥပမာ- ခင်ဗျားတို့ ကျေးရွာမှာ လျပ်စစ်မီး ဘယ် ခုနှစ်အတွင်းမှာ ရစေရမယ်ဆိုရင် ရအောင်ကို လုပ်ပေးရမယ်။  ရအောင်လုပ်ပေးမယ်ဆိုပြီး နာမည်ယူသွားတာတွေ အများ ကြီး တွေ့ရတယ်။ ဘာလုပ်လုပ် သီလလုံခြုံဖို့၊ လူသားချင်း စာနာစိတ်၊ ကိုယ်ချင်းစာစိတ်မွေးကြဖို့ပါပဲ။ မြတ်စွာဘုရား ဟောထားသလို မဇ္ဇျိမပဋိပဒါ  အလယ်အလတ် လမ်းစဉ် အတိုင်းပဲလုပ်ကြဖို့လိုပါတယ်။ လောဘဇောတိုက်ရင်တော့ အဲဒီဒဏ် ပြန်ခံရမှာပဲ။ နိုင်ငံခြားသားတိုင်းလည်း အထင်မကြီးတော့ဘူး။နိုင်ငံခြားသားတွေကလည်း လူပဲ။ သူတို့လည်း ဉာဏ်နီဉာဏ် နက်မျိုးစုံ ရှိတယ်။ တချို့လာလုပ်စားတယ်။ မြန်မာပြည်ပြန် လည်ထူထောင်တဲ့အချိန်မှာ လုပ်စားလိုက်ရင် ငါတို့ဘယ် လောက်ရမယ်ဆိုပြီး မျော်လင့်ချက်နဲ့လာလုပ်စားတဲ့သူတွေ ရှိတယ်။ လာလုပ်စားတော့ ကိုယ်တွေ ညံ့ရင်တော့ ခံပေါ့။ ဒါမှမဟုတ် တိုင်းပြည် အလိမ်ခံရတယ်။ ကိုယ့်အတွက် ကတော့ ရတယ်ဆိုရင်တော့ အဲဒီလိုအတ္တစိတ်တွေနဲ့ လုပ် ကြပေါ့။ အဲဒီဒဏ်တွေ ပြန်ခံရမယ်။ ပြည်တွင်းအနေနဲ့ ကိုယ့်စီးပွား ကိုယ်ရှာတဲ့နေရာမှာ သမာအာဇီဝကျကျ ရှာကြဖို့လိုပါတယ်။ အရက်နဲ့ပဲ နှိုင်း ပြောမယ်။ အရက်ချက်ရင်လည်း စနစ်တကျလုပ်မှ၊ အဲဒီလို မဟုတ်ဘဲ ငါရောင်းရရင် ပြီးရောတို့၊ ကော်ဖီမစ်တွေဆိုရင် အရောအနှောတွေလို့ ကြားရတယ်။ စီးပွားရေးမှာ ဒီလိုလုပ် တာတွေက လူတွေကို သတ်တာနဲ့အတူတူပဲ။ ရောင်းရရင် ပြီးရောဆိုပြီး ကိုယ့်အတ္တတွေထားတယ်။ အဲဒီတော့ လူတွေ ကိုသတ်တဲ့ စီးပွားရေးသောင်းကျန်းတဲ့ ပုံစံနဲ့တော့ မလုပ်ကြ ပါနဲ့။ ဘာပဲလုပ်လုပ် သီလလုံဖို့၊ ဗြဟ္မစိုတရားလေးပါးဖြစ် တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ ရှိဖို့၊ ပရဟိတစိတ် ဓာတ်ကလေးတွေနဲ့ လုပ်ဖို့။ ပရဟိတစိတ်ဓာတ်ဆိုတာ ဥပမာ- မုန့်ဟင်းခါးရောင်းတယ်ဆိုပါတော့။ ကိုယ့်မုန့်ဟင်းခါး စား တဲ့သူတွေ ပူပူနွေးနွေးစားရအောင်၊ ကျန်းမာရေးနဲ့ ကိုက် အောင်၊ အာဟာရရှိအောင်၊ အရသာရှိအောင် စေတနာလေးနဲ့ ချက်ပြုတ်ရောင်းချတယ်ဆိုရင် ဒါပရဟိတဈေးပဲ။ ထိုနည်းလည်းကောင်းပဲ၊ ကုမ္ပဏီတွေလည်း ပရ ဟိတစိတ်နဲ့စေတနာထည့် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်က စီးပွားရေး မလုပ်လို့ ဒီလိုပြောတယ်လို့ ထင် ချင်လည်းထင်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မျမျ တတပဲ တွေးတယ်၊ လုပ်ကိုင်တယ်။ တစ်ဖက်စွန်းဆိုတာ ဘယ်အရာမှ မကောင်းပါဘူး။     [caption id="attachment_18680" align="alignleft" width="370"]Vicky Bowman@ဒါ်ဥမ္မာခင် Director Myanmar Centre for Responsible Business (MCRB) Vicky Bowman@ဒါ်ဥမ္မာခင်
Director
Myanmar Centre for Responsible Business (MCRB)[/caption]

CSR ဆိုတာ

ကျွန်မကတော့ CSR ဆိုတာကို 'စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းတွေကြောင့် လူမှုအသိုက်အဝန်းသက်ရောက်မှု ထိ ခိုက်မှုအားလုံးကို တာဝန်ယူမှု၊ တာဝန်ခံမှု' လို့ အဓိပ္ပယ် ဖွင့်ချင်ပါတယ်။ EU က ချမှတ်ထားတဲ့ အဓိပ္ပာယ်က လည်း ဒီအတိုင်းပါပဲ။ လူမှုအသိုင်းအဝန်းပေါ်တာဝန်ယူက Responsible Business  ဖြစ်ပါလိမ့်မယ်။   Responsible Business ဆိုတာ Responsible Business  ဆိုတာ လူ့အခွင့်အရေးကို လည်း လေးစားရပါတယ်။ တကယ်တော့လူ့အခွင့်အရေးနဲ့စီးပွား ရေးက သက်ဆိုင်မှုရှိပါတယ်။ ဥပမာပြောရရင် အလုပ် သမားအခွင့်အရေးတစ်ခုဖြစ်တဲ့ ဝန်ထမ်းတစ်ယောက်ဟာ အိမ်ပြန်ရောက်ချိန်အထိ ဘေးကင်းလုံခြုံမှုရှိရဲ့လားဆိုတာမျိုးပါ။ သူဟာလခမှန်မှန် ရရဲ့လားစတာတွေက လူ့အခွင့် အရေးပါ။ ဒါကြောင့် လူ့အခွင့်အရေးနဲ့ စီးပွားရေးလုပ်ငန်း က တော်တော်ဆိုင်ပါတယ်။ ဒါ့အပြင် esponsible Business  ဆိုတာ -         ဥပဒေကိုလည်း လေးစားလိုက်နာရပါတယ်။ -         အဂတိလိုက်စားမှုကိုလည်း ရှောင်ကျဉ်ရပါတယ်။(လာဘ်ပေးလာဘ်ယူမလုပ်ရပါဘူး) -         အခွန်တွေကို ပေးဆောင်ရပါတယ်။ -         ကိုယ့်ဝန်ထမ်းတွေကို လေးစားရပါတယ်။ -         သဘာဝပတ်ဝန်းကျင်ကို လေးစားရပါတယ်။ -         အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်ဆံရာမှာလည်း တာဝန်ခံမှု ရှိရပါတယ်။ -         ပွင့်လင်းမြင်သာမှုရှိရပါတယ်။ -         သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါတယ်။ လူမှုရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေလုပ်တာ၊ ပရ ဟိတလုပ်ငန်းအစီအစဉ်တွေ ဆောင်ရွက်တာကလည်း လူမှု တာဝန်ကို ယူတာပါပဲ။  

စီးပွားရေးလုပ်ငန်းတွေ ပိုပြီး Reponsible  ဖြစ်လာဖို့

ကျွန်မတို့ Centre ကတော့ Oil and Gas  ၊ Tourism ၊ ICT နဲ့ Agriculture နဲ့ပတ်သက်ပြီး ရွေးထားတာပါ။ ဒီ Sector တွေထဲမှာ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး Negative Impact  နဲ့ Positive Impact    ဘာတွေ ရှိနိုင် သလဲဆိုတာတွေကိုလေ့လာပြီး Positive Impact    ဘက်ကို ရောက်အောင် ဘယ်လိုလုပ်နိုင်မလဲ နောက်ပြီး Negative Impact  နည်းသွားအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို အကြံပြုချက်လုပ်ပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လယ်သမားတွေအတွက် သတင်းတွေပိုများရင် ပိုက်ဆံတွေ ပိုရမယ်။ ဒါဆိုပညာရေး၊ ကျန်းမာရေးစတဲ့ကိစ္စတွေသုံးနိုင် မယ်။ များသောအားဖြင့် ICT ဆိုရင် Positive Firm Human Rights Impact  ရှိမယ်။ Negative Impact  လည်းဖြစ်နိုင်တယ်။ ဥပမာ- Facebook Hate Speeach  စတဲ့ ကိစ္စတွေလည်းပေါ်လာတယ်။ ဒီနိုင်ငံမှာ အဲဒီဟာမျိုးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ စည်းကမ်းချက်တွေ၊ ဘာဥပဒေ တွေ ထုတ်ရမလဲဆိုတာတွေ အခုမရှိသေးဘူး။ ဒီဟာတွေကို လေ့လာပြီး အပြည်ပြည်ဆိုင်ရာကအတွေ့အကြုံတွေနဲ့ သုံး သပ်ပြီးတော့ နိုင်ငံတကာကအကြံပြုချက်တွေ ရယူစေချင် ပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီးတော့ ပွင့်သစ်စ အစီရင်ခံစာကို ဇူလိုင်လတုန်းက ထုတ်ထားပါတယ်။ နောက် နှစ်မှာလည်း ထပ်ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီ Report မှာ ပြည်တွင်းကုမ္ပဏီပေါင်း ၆၀ တွေထဲမှာ စုံစမ်းပြီး ဒီ စာရင်းတွေထဲမှာ အခွန်ပေးထားတဲ့အပေါ်ကိုကြည့်ပြီး မြန်မာ ကုမ္ပဏီဘာတွေရှိလဲဆိုတာကို စာရင်း ထုတ်ထားတယ်။ ကျွန်မတို့အနေနဲ့ ကုမ္ပဏီပေါင်း ၆၀ ရဲ့ Website ကိုကြည့် ပါတယ်။ နောက်ပြီးအမှတ်ပေးဖို့အတွက် မေးခွန်း ၃၅ ခုမေးပါတယ်။ ဒီစနစ်က ကျွန်မတို့တီထွင်ထားတာ မဟုတ် ပါဘူး။ အရင်တုန်းကTransparency International  က Proof လုပ်ထားတဲ့ စနစ်ပါ။ သူလုပ်ထားတဲ့စနစ်က Multinational  ကုမ္ပဏီတစ်ရာလောက်ရွေးပြီး ဘယ်ကုမ္ပဏီ က ပွင့်လင်းမြင်သာမှုအများဆုံးရှိလဲဆိုတာတွေကို ကြည့်ပါ တယ်။ တစ်ခုပြောင်းသွားတာက Transparency Interna-tional  အထဲမှာ Multinational တွေကြားထဲမှာ အကောက် ခွန်နဲ့ပတ်သက်ပြီး Country by Country Tax Proposing    တွေကို အသေးစိတ်စုံစမ်းပါတယ်။ ဒီနိုင်ငံအတွက်တော့ သိပ်ပြီး အသုံးမဝင်ပါဘူး။ ဒီနိုင်ငံမှာက Multinational ကုမ္ပဏီတွေ သိပ်မရှိတဲ့အခါမဆိုင်ပေမဲ့ တခြားကိစ္စတွေဖြစ် တဲ့ မြေကိစ္စ၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်စောင့် ရှောက်မှုကိစ္စတွေ ရှိနေပါတယ်။ CSR 10 Website ရှိတဲ့ ကုမ္ပဏီက Corruption နဲ့ ပတ်သက်တာတွေမှာ မဆိုးပါဘူး။ ပွင့်လင်းမြင်သာမှုရှိတဲ့အပိုင်း လည်း မဆိုးပါဘူး။ လူ့အခွင့်အရေးနဲ့ အလုပ်သမားတွေနဲ့ ပတ်သက်တာတွေ ဘာမှမပေါ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ကူညီပေးချင်တယ်၊ သင်ပေးချင်တယ်။ ဒါကြောင့် နောက် နှစ်မှာ Report ထပ်လုပ်ရင် သူ့ရဲ့အမှတ်တွေအားလုံး ပိုပြီး တိုးတက်မှာပါ။ အဲဒါက ဒီကုမ္ပဏီ ၆၀ အတွက်ပဲမဟုတ် ပါဘူး။ တခြားကုမ္ပဏီတွေလာပြီး သင်ချင်ရင် အဲဒါသူတို့ အတွက်အသုံးဝင်ပါတယ်။ နောက် UN Global Compact  အဖွဲ့ဝင်ဖြစ်ရင် ဒီ့UN Global Compact  အတွက် Report တင်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ UN Global Com- pact  အဖွဲ့ဝင်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ် ငန်း တစ်ထောင်ပြည့်အောင် ဆော်သြနေတာတွေ့ရပါတယ်။  

Global Compact  က CSR လုပ်ငန်းတွေအတွက် ပြည်တွင်းအဖွဲ့အစည်းတွေကို  အကျိုးသက်ရောက်နိုင်မှု

UN Global Compact  နဲ့ Responsible Business  ရဲ့ အဓိပ္ပာယ်က သိပ်မကွာပါဘူး။ UN Global Compact  မှာ ခေါင်းစဉ်လေးခုရှိတယ်။ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ Anti-Corruption  လည်းပါပါတယ်။ ဒါကResponsible Business နဲ့ ဆိုင် တယ်။ ဒါဆိုရင်ဒီနိုင်ငံမှာ UNGC အဖွဲ့ဝင်တွေပိုများလာရင် စည်းမျဉ်းနဲ့ပတ်သက်တာတွေအတွက် တာဝန်ယူမှုတွေ ရှိ လာမယ်။ သဘောတူကြောင်း လက်မှတ်ထိုးပြီးမှ ပြဿနာ ဖြစ်ရင် ဘာမှမကောင်းပါဘူး။ ဒါကြောင့် တကယ်လက်မှတ် ထိုးရေးသူက ဒီမှာပါတဲ့ စည်းမျဉ်းတွေကိုလိုက်နာနိုင်လားဆိုပြီးလတ် မှတ်ထိုးရပါတယ်။ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီးဘာလုပ်လဲ၊ Contract ရှိလား၊ ကုမ္ပဏီ အတွင်းမှာကော အလုပ်သမားဥပဒေလေးစား လိုက်နာလား၊ တစ်ပတ် ဘယ်နှနာရီအလုပ်လုပ်လဲ၊ အချိန်ပိုဆင်းရလား၊ အရွယ်ကဟုတ်ရဲ့လား၊ Force လုပ်တာလား၊ Discrimi-nation  (ခွဲခြားဆက်ဆံ) လုပ်တာလားဆိုတာမျိုးတွေ စဉ်းစားရတယ်။ တချို့ကျတော့လည်း UN Global Compact  က ပြောတဲ့အတိုင်း လုပ်တယ်ဆိုပြီး ရေးလိုက် တာတွေရှိပါတယ်။ ဒါတွေကတော့ သိပ်မကောင်းဘူးလို့ ထင်ပါတယ်။  UN Global Compact  အားနည်းချက်က ဘယ်သူမှမစစ်ပါဘူး။ Reprot မတင်ရင်ထုတ်မယ်၊ မကောင်းတာလုပ်ရင် ထုတ်တယ်ဆိုတာ ဥပမာ- Mining ကုမ္ပဏီတစ်ခုက Global Compact  အဖွဲ့ဝင်ဖြစ်ပေမယ့် သူတကယ် မကောင်းတာလုပ်တာကို တခြားသူက UN ကို စာရေးလိုက်တဲ့အခါ UN က ခင်ဗျားတို့ကုမ္ပဏီက ဒီလိုဖြစ်နေတာတွေက တကယ်လားဆိုတာကို ပြန်ရေးလိုက် မယ်။ သက်ဆိုင်တဲ့ ကုမ္ပဏီကအကြောင်းမပြန်ရင် (ပြန်မ ရှင်းရင်) အဲဒီကုမ္ပဏီကို တိုင်တာတွေက တကယ်ဖြစ်နိုင် တယ်ယူဆပြီး အဖွဲ့ကနေထုတ်နိုင်ပါတယ်။  

မြန်မာကုမ္ပဏီတွေလက်ရှိ CSR လုပ်နေတဲ့အပေါ်မှာ အကြံပြု ချက်

ကုမ္ပဏီတွင်းမှာဘာတွေလုပ်နေလဲဆိုတာ စဉ်းစားပါ။ သဘာဝပတ်ဝန်ကျင်ကိုလေးစားလိုက်နာပြီး ဘာတွေလုပ်နေ လဲ၊ ဘာလုပ်နိုင်သလဲ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ကုမ္ပဏီတွင်းမှာဆွေးနွေးပြီးပြီလား၊ လာဘ်တောင်းတဲ့ အခြေ အနေတွေရှိပြီလား၊ လာဘ်တောင်းတဲ့ကိစ္စတွေကို ရှောင်ဖို့ လုပ်နေပြီလား၊ ဒါမှမဟုတ် မူရင်း Strategy ရှိလား။ တခြား လုပ်ငန်းတွေနဲ့ပူးပေါင်းပြီး Collective Action  တစ်ခုခုလုပ် ရပါတယ်။ ဒီလာဘ်ပေးလာဘ်ယူကိစ္စတွေ ပေါင်းပြီး တိုက် တွန်းနေပြီလားဆိုတာပါ။ တကယ်တမ်း ကုမ္ပဏီတစ်ခုက သတ္တိရှိရပါမယ်။ နောက်ပြီး ကုမ္ပဏီထဲမှာ စည်းမျဉ်းစည်း ကမ်းတွေ၊ မူဝါဒတွေကို Anti-Corruption  နဲ့ပတ်သက်ပြီး ချမှတ်ထားတွေလုပ်ရပါမယ်။ CSR ဆိုတာ အလှူလုပ်တာ ပဲမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Business နဲ့ Society ဘယ် လိုဆိုင်သလဲ၊ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ဖြေရှင်းနိုင် ဖို့အတွက် ကိုယ့်ရဲ့ Business ပိုပြီးကောင်းအောင် လုပ်နိုင် မလဲဆိုတာတွေ ပါဝင်ပါတယ်။ Supermarket ကနေပြီး Plastic Bag  နဲ့ပတ်သက်တဲ့ Plastic Bag Free Day  လုပ်တာမျိုးတွေက ကောင်းပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင် မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်း တွေအနေနဲ့ဘယ်လိုကူညီသွားနိုင်မလဲဆိုတာတွေက အရေး ကြီးပါတယ်။ ဒါတွေဆိုရင် Win-Win Situation  ပါ။  

[caption id="attachment_18684" align="alignleft" width="370"]ဒေါ်ရီရီမြင့် ပါမောက္ခ (ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒေါ်ရီရီမြင့်
ပါမောက္ခ (ငြိမ်း)
ရန်ကုန်စီးပွားရေးတက္ကသိုလ်[/caption]

 CSR နဲ့ပတ်သက်ပြီးသုံးသပ်ချက်

ကျွန်မအနေနဲ့ အရေးအကြီးဆုံးအကြံပြုချက်က ပွင့်လင်း မြင်သာမှုပါ။အထူးသဖြင့်စီးပွားရေးလုပ်ငန်းတစ်ခုဟာ Website တစ်ခုရှိရမယ်။ Facebook လည်းရှိရင်ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ Facebook ရှိရင်ကိုယ့်လုပ်ငန်းအ ကြောင်း သတင်းတွေထုတ်ပြန်လို့ရတယ်။ Complaint လည်း လက်ခံလို့ရတယ်။ လူတွေအားလုံးက အင်တာနက်ကတစ် ဆင့် Communication လုပ်လို့ရပါတယ်။ ဒီနိုင်ငံမှာ Communication Department  လိုမျိုး သိပ်မရှိပါဘူး။ Public Engagment  နဲ့ပတ်သက်ပြီး ဝန်ထမ်းတစ်ယောက်ရှိရ မယ်ဆိုတာတွေ မရှိပါဘူး။ အများပြည်သူနဲ့ပတ်သက်တဲ့ Communication Department  လိုမျိုးရှိတာက ရေရှည် ဆက်ဆံရေးအတွက် ပိုပြီးကောင်းမွန်စေပါတယ်။  

စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုရေးတာဝန်ယူမှုပေါ် အမြင်

ဒါနဲ့ပတ်သက်တဲ့ အပြောအဟောတွေ အခု တော်တော် ကြားနေပါတယ်။ Corporate Social Responsibility (CSR)      နှိုးဆော်တိုက်တွန်းမှုတွေ များလာပါတယ်။ စီးပွား ရေးလုပ်ငန်းကြီးတွေရဲ့အလုပ်အနေနဲ့ ပတ်ဝန်းကျင်ကို သက်ရောက်မှုအမျိုးမျိုးမှာ ရေဆိုး၊ အနံ့ဆိုး၊ အသံဆူညံမှုတွေ ရှိပါတယ်။ ဒါက အမြင်များ အသိများတဲ့ လူနေမှုပတ်ဝန်း ကျင်ကို ထိခိုက်စေမှုပါ။ ဒါအပြင် သစ်တောသစ်ပင်၊ ချောင်းတွေမြောင်းတွေ တိမ်ကောစေတဲ့ အလုပ်တွေ၊ မြေအောက်တူးဖော်မှုတွေ၊ ရာသီဥတု ပြောင်းလဲသွားစေတာ တွေဟာလည်း ကြားသိနေရပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကြောင့် ဖြစ်ပေါ်တဲ့ လူ နေမှုပတ်ဝန်းကျင်ဆိုးကျိုးတွေကို ပျက်စီးမှုတွေဟာ ဒီအ တိုင်း လွှတ်ထားလို့ မရပါဘူး။ ဒီဆိုးကျိုးတွေကို ဖြစ်ပေါ် စေတဲ့ စီးပွားရေးလုပ်ငန်းတွေက ထိန်းသိမ်းပေးရမယ့် တာ ဝန်ရှိပါတယ်။ တာဝန်ယူမှုအတွက်ကိုလည်း အလေးအနက် ထားရမယ့် လူထုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေ၊ အရေး ဆိုမှုတွေ ရှိလာပါတယ်။ ပြည်သူတစ်ဦးချင်းအနေနဲ့တောင် တာဝန်ရှိမှုကို ပြည့်သူ့နီတိနဲ့ ညွှန်းဆိုသလို စီးပွားရေးလုပ် ငန်းတွေရဲ့ လူမှုရေးတာဝန်ဟာ ပိုမိုကျယ်ပြန့်တဲ့ ဆိုးကျိုး တွေရှိနိုင်လို့ ဥပဒေနဲ့ကန့်သတ်ထိန်းသိမ်းရတဲ့ စီးပွားရေးလုပ် ငန်းနီတိအဖြစ် ယူရမယ့်တာဝန်ဖြစ်တဲ့အပြင် တာဝန်မကျေမှု တွေကိုလည်း ဥပဒေနဲ့ပါ ထိန်းဖို့လိုပါလိမ့်မယ်။  

မြန်မာပြည်သူလုထုနဲ့   CSR

မြန်မာနိုင်ငံတာဝန်ရှိသူတွေရော လူထုတွေပါ ရေမြေပတ်ဝန်း ကျင် ပျက်စီးဆုံးရှုံးနိုင်မှု၊ လူနေမှုပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်း ပြီး ကျန်းမာရေးဆုံးရှုံးနိုင်မှုတွေကို ပြည့်ပြည့်၀၀ သိရှိနား လည်မှုမရှိကြဘူးလို့ ဆိုရပါမယ်။ စီးပွားရေးအကျိုးအတွက်၊ ဝမ်းရေးအတွက်ပဲ အလေးထားနေခဲ့ကြတာ များပါတယ်။ ထင်ထင်ရှားရှားဖြစ်ခဲ့တာကို ညွှန်းရမယ်ဆိုရင် မေခမလိခမြစ်ဆုံမှာ တရုတ်နဲ့ဆည်ကြီးဆောက်ဖို့ကိစ္စမှာ   ဧရာဝတီတစ်လျောက် ပျက်စီးဆုံးရှုံးနစ်နစ်မှုတွေ ရှိနိုင်မှာကို လူအများက မသိခဲ့ပေမဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးနိုင် မှု၊ လူနေမှုပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေရှိနိုင်မှာကို နားလည်တဲ့ မီဒီယာကနေတစ်ဆင့် ဆွေးနွေးပွဲတွေနဲ့ပါ လှုံ့ ဆော်ခဲ့လို့ နိုင်ငံတော်သမ္မတက သဘောတူစာချုပ်ကို ဖျက် ခဲ့ပါတယ်။ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီ CSR  လုပ် ထုံးလုပ်နည်းတွေကို စိတ်ဝင်တစားရှိဖို့၊ ပိုပြီး နားလည်အောင် အားထုတ်ကြဖို့ လိုအပ်ပါတယ်။  

AEC  ၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့  CSR ...

AEC ဖြစ်ပေါ်လာတဲ့အခါလည်း စီးပွားရေးလုပ်ငန်းတိုင်းဟာ လုပ်ငန်းအမျိုးမျိုး လုပ်ကြတော့မယ်ဆိုရင် ရေမြေသဘာ၀ ပတ်ဝန်းကျင် (Environment) နဲ့ လူနေမှုပတ်ဝန်းကျင် (Health & Social) ထိခိုက်နစ်နာမှုရှိနိုင်တဲ့ အတိုင်းအတာ ကိုစစ်ဆေးလေ့လာပြီးမှ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရမှာ ကတော့ Corporate Social Responsibility  ပါပဲ။  နိုင်ငံ ခြားကုမ္ပဏီတွေဝင်လာတဲ့အခါမှာ သူတို့လုပ်မယ့် လုပ်ငန်း ဟာ တိုင်းပြည်အတွက် International Standard နဲ့ ကိုက် ညီတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှ လက်ခံရမှာဖြစ်သ လို ပြည်တွင်းစီးပွားရေးအကျိုးတူလုပ်မယ့်သူတွေကိုလည်း ဒီအတိုင်း စည်းမျဉ်းချမှတ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေကြောင့် မြန်မာကုမ္ပဏီတွေကပါ စည်းကမ်းလိုက် နာဖို့ လူထုကတောင်းဆိုနိုင်မှာပါ။ တာဝန်ရှိဌာနဆိုင် ရာတွေကလည်း စစ်ဆေးကြီးကြပ်နိုင်မှာပါ။ Global  စီးပွား ရေးလောကထဲဝင်လာတဲ့အခါမှာ ILO စည်းမျဉ်းတွေ လိုက် နာရသလို CSR  စံတွေကိုလည်း အလေးထားလိုက်နာကြ ရမှာပါ။ ကမ္ဘာ့ရေမြေသဘာဝအခြေအနေတွေ ဆုံးရှုံးပျက် စီးမှုဟာ စက်မှုလုပ်ငန်းတွေ ထွန်းကားကြီးထွားနေတဲ့ တိုင်း ပြည်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာပြည် အနေနဲ့က တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြီးနှစ်ခုကြားမှာ ဘေးတိုင်းပြည်တွေကထုတ်တဲ့ CO2  ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတွေ ခံနေရတယ်လို့ သတိပေးစကားတွေလည်း ကြားနေရပါတယ်။ Regional  အတွင်း ယှဉ်ပြိုင်နိုင်ဖို့ဆိုတာကတော့  လုပ်ငန်းကြီးတွေမလုပ်ခင်မှာ အထူးသဖြင့် ပြင်ပလုပ်ငန်းတွေ FDI    အဖြစ် လက်မခံခင်မှာ ပတ်ဝန်းကျင်ဆိုးကျိုး Impact  အနည်းဆုံးဖြစ်မယ့် လုပ်ငန်းတွေကိုသာ စိစစ်လက်ခံဖို့ အ ရေးကြီးဆုံးပါပဲ။ Carbon ဆိုးကျိုးတွေ အနည်းဆုံးဖြစ်တဲ့ လုပ်ငန်း ကြီးတွေ၊ တခြားနိုင်ငံတွေမှာ အထူးပြုစနိုင်တဲ့ ကုမ္ပဏီတွေ ဟာ မိမိတိုင်းပြည်အနေနဲ့  Carbon Credit    လို့ခေါ်တဲ့ Carbon ထုတ်မှုအနုတ်ပြနိုင်တဲ့ အစီအစဉ်နဲ့ CSR  ကို အား ပေးတယ်လို့လည်း သိရပါတယ်။ ဆိုလိုတာကတော့  တခြား တိုင်းပြည်တွေမှာသွားပြီး Invest  လုပ်တဲ့ လုပ်ငန်းတွေဟာ  သူတို့ စီးပွားရေးသွားလုပ်တဲ့နိုင်ငံမှာ Carbon  အထွက် အင်မတန်နည်းအောင်၊ CSR နဲ့ပတ်သက်တဲ့တာဝန်ယူမှု အ ကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်ဆိုရင် ဒီလိုလုပ်ဆောင် ချက်အတွက် အဲဒီလုပ်ငန်းဟာ Carbon Credit  ဆိုတာ ရပါတယ်။ အဲဒါကိုရတဲ့အတွက် သူတို့မူလတိုင်းပြည်မှာ ရှိနေတဲ့ လုပ်ငန်းတွေကနေထွက်ရှိတဲ့ Carbon  အထွက် နှုန်းမှာ အနုတ်လက္ခဏာအဖြစ် ပြန်ပြတဲ့အကျိုးကျေးဇူးရှိ ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ ဖွံ့ဖြိုးမှုနည်းသေးတဲ့နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုမယ်ဆိုရင် အဲဒီနိုင်ငံအတွက် CSR  ကို ကောင်းကောင်းတာဝန်ယူလုပ်ဖို့အတွက် ဒီနည်းနဲ့ ပြန်ပြီး အားပေးတာ ဖြစ်ပါတယ်။  

မြန်မာလုပ်ငန်းရှင်တွေအနေနဲ့  CSR နဲ့ ပတ်သက်ပြီး ပြင် ဆင်သင့်တာတွေ

မြန်မာလုပ်ငန်းတွေတင်မကပါဘူး။ စားသုံးသူတွေကပါ Citizen Social Responsibility  တွေ လေ့ကျင့်ပေးဖို့ လို ပါတယ်။ လူတစ်ဦးချင်း၊ အိမ်တစ်အိမ်ချင်း အမှိုက်ပစ်တဲ့ အလေ့အကျင့်မှန်ကန်အောင် ထိန်းပေးဖို့လိုပါတယ်။ ရေမြောင်း မှာ အမှိုက်တွေပြည့်နေလို့ ရေမစီးတော့တာ အမြဲတွေ့နေ ရပါတယ်။ ပလတ်စတစ်အိတ်သုံးစွဲတာကြောင့် ဒီအိတ်တွေ ဟာ မြောင်းထဲကနေ ချောင်းထဲ မြစ်ထဲရောက်ပြီး ရေသတ္တဝါ တွေ စားမိတဲ့ကိစ္စတွေ၊ တိုက်ခန်းအမြင့်တွေက အိမ်နောက် လမ်းထဲ အမှိုက်ထုပ်တွေပစ်ချလို့ အမှိုက်ပုံလမ်းဖြစ်နေတာ တွေ အထူးပြောဖို့ မလိုပါဘူး။ Corporate Social Responsibility    ဆိုရင်တော့ ရေဆိုးရေညစ်၊ မီးခိုးအနံ့ဆိုး၊ နေ့စဉ်ထုတ်လုပ်တဲ့ စွန့်ပစ် အမှိုက်တွေကအစ စားသုံးကုန်ထုတ်လုပ်သူတွေအနေနဲ့ အန္တရာယ်ကင်းတဲ့ပစ္စည်း၊ အတုအပတွေ မသုံးစွဲဖို့လိုအပ်ပါ တယ်။ အခုအနေနဲ့စတင်နေပြီဖြစ်တဲ့ စားသုံးသူများအသင်း အဖွဲ့တွေ လိုက်လံစစ်ဆေးသတိပေးနေတာတွေဟာ အင်မ တန်ကောင်းပါတယ်။ အမှိုက်မျိုးစုံက ဓာတ်အားဖြစ်အောင် လုပ်မယ့် အစီအစဉ်လည်း ကြားနေရပါတယ်။ နိုင်ငံခြားပို့ကုန်လုပ်ငန်း လုပ်တဲ့သူတွေအနေနဲ့ လည်း ငရုတ်သီး၊ မြေပဲ စတဲ့ စားသောက်ပစ္စည်းကုန်ကြမ်း တွေမှာ မှိုကင်းစင်ဖို့၊ ကြိမ်ပစ္စည်းတို့၊ မြက်တံမြက်စည်းတို့ ဆိုရင်လည်း စစ်ဆေးပြီးမှ လက်မခံဘဲ ပြန်ပို့တာတွေ ကြား ရဖူးပါတယ်။ ပြည်ပမပို့မီ စစ်ဆေးလက်မှတ်ထိုးပေးနိုင်တဲ့ ဝန်ဆောင်မှုအဖွဲ့တွေ လိုပါလိမ့်မယ်။  

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ CSR

နိုင်ငံတော်အနေနဲ့ကတော့ ထိပ်ဆုံးက တာဝန်ရှိသူလို့ ပြော ရမှာပါ။ အထူးသဖြင့် လုပ်တဲ့လုပ်ငန်းတွေက ကြီးကြီးမား မားဖြစ်သလို ကိုယ့်ကို တားဆီးတဲ့သူလည်းမရှိဘဲ နိုင်ငံရဲ့ ရေမြေသယံဇာတတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လုပ် ခွင့်ပေးတဲ့ စီးပွားရေးတွေကြောင့် တိုင်းပြည်ရေမြေ ခန်း ခြောက်ပျက်စီးပြီး အနာဂတ်မျိုးဆက်တွေအတွက် ခန်း ခြောက်တဲ့ပတ်ဝန်းကျင်ပဲ ကျန်ခဲ့နိုင်ပါတယ်။ အခုချိန်မှာ သစ်တောသစ်ပင်တွေ ဆုံးရှုံးမှုကြောင့် ရာသီဥတုတွေပါပြောင်းလို့  Global Warning    ဖြစ်နေတယ်လို့ သတိပေးနေကြပါပြီ။ မြန်မာပြည်မှာလည်း စိမ်းလန်းစိုပြည် ရေးတွေ၊ ရေအရင်းအမြစ်ထိန်းသိမ်းရေးတွေ၊ စည်ပင်သာယာ ရေးလုပ်ငန်းတွေ၊ အမှိုက်ထိန်းသိမ်းမှု၊ လျပ်စစ်ထုတ်လုပ် နိုင်ရေးတွေ စတင်လုပ်ကိုင်နေပါပြီ။ မီဒီယာ ပွင့်လင်းလာ မှုကြောင့် အခြေအနေကို လူသိများ နားလည်လာကြပြီး စောင့်ကြည့်တဲ့အဖွဲ့တွေ၊ ဆွေးနွေးပညာပေးမှုတွေ ကျယ် ကျယ်ပြန့်ပြန့်ရှိလာ ပါပြီ။ UN အဖွဲ့ဝင်၊ ASEAN အဖွဲ့ဝင် အဖြစ် ပါဝင်နေတဲ့အတွက်လည်း စံချိန်စံညွှန်း Standard  တွေအတိုင်း လိုက်နာနိုင်ဖို့လည်း ကြိုးစားနေရပါပြီ။