ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်စေမယ့် နည်းလမ်း(၅)သွယ်

friendship သင်ဟာ သင့်ရဲ့ဝန်ထမ်း၊ အထက်အရာရှိ၊ ဖောက်သည်၊ လုပ်ဖော်ကိုင်ဖက် စတဲ့ လူတွေနဲ့ဆက်ဆံတဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းငါးသွယ်ကို လိုက်နာမယ်ဆိုရင် သင့်အတွက် အများကြီးအကျိုးရှိစေ ပါလိမ့်မယ်။ စီးပွားရေးမှာ အောင်မြင်တဲ့လူတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ဝန်ထမ်းတွေ၊ အထက်အရာရှိ၊ လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သင့်ဖောက်သည်နဲ့ ဆက်ဆံရတဲ့အခါမှာ သင်စကား ဘယ်လိုပြောတယ်၊ စာဘယ်လိုရေးတယ်ဆိုတာက သူတို့တွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုးကို ရလိုတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ သင့်ရဲ့ ပေါင်းသင်းဆက်ဆံမှု အရည်အချင်း ပိုမိုတိုးတက်လာစေဖို့ ဒီမှာဖော်ပြထားတဲ့ အခြေခံ ပေါင်းသင်းဆက်ဆံရေးနည်းလမ်းငါးခုကို မဖြစ်မနေ လိုက်နာသင့်ပါတယ်။ ၁။ ဘာကြောင့်လဲဆိုတာကို အမြဲသိပါ။ ၂။ လူချင်းတွေ့ပြီးပြောပါ။ ၃။ Email မှတစ်ဆင့် ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူး အရေးကြီးတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် စာ၊ ဒါမှမဟုတ် Email နဲ့ ဆက်သွယ်တာက ပိုပြီးထိရောက်မှုရှိစေပါတယ်။ ၄။ ပြောတာထက် နားထောင်တဲ့အလုပ်ကို ပိုလုပ်ပါ။ ၅။ ကိုယ်ပြောလိုတာကို ထိရောက်ပါစေ။