[caption id="attachment_7208" align="alignnone" width="300"] ဒေါက်တာအောင်သူရ
CEO (Thura Swiss Ltd)[/caption] နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲများ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေး ပြုပြင်ပြောင်းလဲသင့်သည်များကို ဒေါက်တာအောင်သူရ ၊ CEO (Thura Swiss LTD) နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ Constitution ကို ပြောင်းသင့်၊ မပြောင်းသင့် အခုလက်ရှိမှာကတော့ Constitution ကို ပြောင်းသင့်တယ်၊ မပြောင်းသင့်ဘူးဆိုတဲ့ကိစ္စက အရေးကြီးနေတယ်လို့ထင်ပါ တယ်။ အဲဒါက ၂၀၁၅ ခုနှစ်ကို မီဖို့ဆိုရင် အခုကတည်းက စပြီး ပြင်ဆင်မှဖြစ်မှာပါ။ Constitution ကို ပြောင်းမယ်လို့ ဆုံးဖြတ်တယ်ဆိုရင်တော့ ကျန်တဲ့ Policy တွေထက် အဲဒီ ကိစ္စကို Focusထားပြီး လုပ်ရမယ့်သဘောမျိုးရှိနေပါတယ်။ ကျွန်တော့်အမြင်အရတော့ Policyတွေအများကြီးကို ပြောင်း တာထက်စာရင် တစ်ခုချင်းစီကို အဓိကထားပြီး ပြောင်းလဲ တာမျိုးကို အားပေးပါတယ်။ Policy တစ်ခုပြောင်းရင် Regulation တွေ ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပြီး ပြောင်းစေချင်ပါတယ်။ ကျွန်တော်တို့စိတ်ဝင်စားတာကတော့ှ Stock Market နဲ့ပတ်သက်တဲ့ Policy ဖြစ်ပါတယ်။ Securities and Exchange Law ထွက်တယ်။ Regulations ထွက်မယ်လို့ သိရပါတယ်။ ပြီးရင် Regulations နဲ့မပြီးသေးဘဲ Securities and Exchange Commission မှာ ဘယ်သူပါမယ်ဆိုတာ မျိုး Implementation ပိုင်းက အင်မတန်အရေးကြီးပါတယ်။ Financial Institution Law ကလည်း အရေးကြီးပါတယ်။Telecommunication Law ကတော့ ထွက်ပြီးသွားပြီ။ အဲ ဒါကလည်း ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရ ဦးမှာဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ Condominium Law လိုဟာမျိုးကို စိတ်ဝင်စားကြပါတယ်။ Central Bank Law ကိုပြောရမယ်ဆိုရင်တော့ Central Bank က ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှာ မရှိတော့ဘဲ Independent ဖြစ်သွားပြီ။ တိုးတက်တဲ့နိုင်ငံ တွေတော်တော်များများမှာတော့ Central Bank ကCom-pletely Independent ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Central Bank က Independent ဖြစ်သွားပြီဆိုပေမဲ့ အစိုးရရဲ့လက်အောက်မှာ ရှိနေတုန်းပဲဖြစ်တယ်။ တချို့နိုင်ငံ တွေမှာဆိုရင်တော့ Governor သက်တမ်းကုန်လို့ အပြောင်း အလဲလုပ်တဲ့အချိန်ကျရင် သမ္မတက ဆောင်ရွက်ချင်ဆောင် ရွက်မှာဖြစ်ပေမဲ့ Central Bank က Policy သတ်မှတ် တာမျိုးကို အစိုးရအပေါ်မှာ မှီခိုတာမျိုးမရှိဘဲ လွတ်လွတ် လပ်လပ်ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အစိုးရနဲ့တိုင်ပင်တာ မျိုးတော့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ Central Bank က ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာမရှိတော့တဲ့အတွက် အစိုးရက ဘတ်ဂျက်လိုလာရင် Central Bank ကို ငွေထုတ် ခိုင်းမယ်ဆိုတာမျိုးဖြစ်ဖို့နည်းသွားတဲ့အတွက် အဲဒါလေး တစ်ခုကတော့ ကောင်းသွားပါတယ်။ ဒါပေမဲ့ Completely Independent လို့တော့ ပြောလို့မရသေးဘူး။ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ မူဝါဒတွေချမှတ်ဖို့လို အဓိကအနေနဲ့ Reform လုပ်တယ်ဆိုတဲ့နေရာမှာ Law ဘက်ကကြည့်ရမှာထက် ဒီနိုင်ငံမှာ ဘယ်လို Policy မျိုး တွေ လိုအပ်သလဲဆိုတာကို အရင်ကြည့်ရမှာဖြစ်ပါတယ်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကို ဘယ်လို Industry မျိုးတွေမှာ လိုအပ် တယ်၊ မလိုအပ်ဘူးဆိုတာနဲ့ Local Market ကို Protect လုပ်ချင်တာလားစသဖြင့် ရည်ရွယ်ချက်ကို ပထမဆုံးအနေ နဲ့ကြည့်ရမှာပါ။ ဥပမာအနေနဲ့ Manufacturing နဲ့ Finan-cial Industry ကို နည်းနည်းယှဉ်ကြည့်လိုက်မယ်ဆိုရင်Manufacturing Industry မှာက Scale က ကန့်သတ်ချက် မရှိဘူး။ Investment အနေနဲ့ စက်ရုံတစ်ထောင်ကနေ နှစ် ထောင်တိုးသွားရင်လည်း ထပ်ပြီးချဲ့ဖို့နေရာက ရှိသေးတယ်။ အဲဒီတော့ အဲဒီ Investment မှာ နိုင်ငံခြားရင်းနှီးမြှုပ်မှုကို ထိုင်း နိုင်ငံကလုပ်သလိုမျိုး ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့် (100% Ownership) ပေးရင်လည်း အဆင်ပြေပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီ Industryမှာက နိုင်ငံခြားသားအတွက်ရော နိုင်ငံသားအတွက်ပါ နေရာရှိတယ်။ ဒီ Industry တအား တိုးတက်လာတယ်ဆိုရင် ဥပမာ- နိုင်ငံသားက Car Manu-facturer တော့ ဖြစ်ချင်မှဖြစ်ပေမယ့် Supplier နေရာမှာ ရချင်ရမယ်၊ အခြား Supporting ပိုင်းမှာလည်း အခွင့် အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ ှSector တစ်ခုနဲ့ တစ်ခုက မတူပါဘူး။ နိုင်ငံခြား သားကို ကန့်သတ်ချက်မရှိဘဲ ဝင်ခွင့်ပေးလို့ရတဲ့ Sector မျိုးရှိတယ်။ ဝင်ချင်သလောက်ဝင်ခွင့်ပေးလည်းResource တွေက ကုန်မသွားပါဘူး။ Financial Industry လိုမျိုးကျ တော့ ချဲ့ချင်သလောက်ချဲ့လို့မရဘဲ Protect လုပ်ရမယ့်အပိုင်း လေးတွေရှိပါတယ်။ ဥပမာ- ဘဏ်ဆယ်ခုကနေ ၅၀ တိုး သွားရင် ဘဏ်တစ်ခုမှ Profitable မဖြစ်တော့တဲ့အတွက် အရှုံးပေါ်သွားနိုင်ပါတယ်။ Airlines လည်း ဒီအတိုင်းပါပဲ။ တိုင်းပြည်တစ်ခုမှာ Airlines နှစ်ခု၊ သုံးခုလောက်ရှိတဲ့အချိန် မျိုးမှာရပ်တည်နိုင်ပေမဲ့ ၂၀ ၊ ၃၀ ဆိုရင် ဘယ် Airlines မှ ရပ်တည်နိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် Market Size အရ တချို့ Industry တွေမှာက ကုမ္ပဏီတွေ ကန့်သတ်ချက် မရှိဘဲ ထားလို့ရပြီး တချို့ Industry တွေမှာတော့ ကန့် သတ်ချက်လိုပါတယ်။ ပြောခဲ့ပြီးတဲ့Bank ၊ Insurance ၊ Security ကုမ္ပဏီ၊ Airlines နဲ့ TV Station တို့လို ချဲ့ချင်သလောက် ချဲ့လိုမရဘဲ ကန့်သတ်ချက်ရှိနေတဲ့ လုပ်ငန်းမျိုးတွေကျတော့ အဲဒီနေရာမှာ စဉ်းစားရမှာက နိုင်ငံသားကို Protection ပေးမလား၊ ဘယ်လောက်ထိပေးမလဲ၊ ဘယ်နှနှစ်ပေးမလဲ စသဖြင့် ဏသူငခပ ပိုင်းကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒါ ကြောင့် Law ကိုဦးတည်ပြီး စဉ်းစားရမှာမဟုတ်ဘဲ ကိုယ့် တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Policy တွေကို ချမှတ်နိုင်ဖို့ကို ဦးတည်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ Financial Industry ကို လုံးဝဖွင့်ပေးလိုက်ရင် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ခဏလေးနဲ့ တအားတိုးတက်သွား တာမျိုး ဖြစ်သွားနိုင်ပြီး မြန်မာပြည်ရဲ့ စီးပွားရေးတစ်ခုလုံး အတွက် အကျိုးဖြစ်ထွန်းချင်ဖြစ်ထွန်းသွားနိုင်ပေမဲ့ Local Financial Industry မဖြစ်ထွန်းလာတော့ဘဲ နိုင်ငံခြားက Financial Industry က လူတွေပဲ အကျိုးဖြစ်ထွန်းသွားနိုင်ပါ တယ်။ ဒါကြောင့် ကိုယ်က ဘာလိုချင်တာလဲဆိုတာကို အရင်စဉ်းစားမယ်၊ ပြီးမှ Policy ချပြီး Law ကို အကောင် အထည်ဖော်ရမှာ ဖြစ်ပါတယ်။ တစ်ခုခုကို Focus ထားပြီး အကောင်အထည်ဖော်ဖို့လို ၤForeign Investment Law ကတော့ အစက နိုင်ငံခြားက Investor တွေအတွက် ဘာလုပ်ခွင့်ရတယ်၊ မရဘူးဆိုတာ သိပ်မရှင်းလင်းပေမဲ့ အခုနောက်ပိုင်းမှာတော့ တော်တော်လေး အဆင်ပြေလာတာကို တွေ့ရပါတယ်။ နောက်တစ်ခုက အစိုးရအနေနဲ့ Special Economic Zone တွေထောင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီနေရာမှာ ကျွန်တော့်အနေနဲ့ကတော့ Zone တွေ အများကြီးကို တစ်ပြိုင်နက်တည်းအကောင် အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ မြင်မိပါတယ်။ ထား ဝယ်လည်း လုပ်ချင်တယ်၊ သီလဝါလည်း လုပ်ချင်တယ်၊ ကျောက်ဖြူလည်းလုပ်ချင်တယ်၊ အဲဒါတင်မကဘဲ ဘယ်မှာ ထပ်လုပ်မလဲဆိုတာပါ စဉ်းစားတယ်။ အကောင်အထည် ဖော်တဲ့နေရာမှာ တစ်ခုမှ တအားအောင်မြင်တယ်၊ တိုးတက် တယ်လို့ပြောလို့ မရသေးပါဘူး။ အကုန်လုံးက အစပျိုးနေ တုန်းပဲရှိသေးတယ်။ အဲဒီတော့ အကုန်လုံးကို အစပျိုးလုပ် နေမယ့်အစား တစ်ခုနှစ်ခုကို အောင်မြင်အောင် လုပ်လိုက် တာကပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။ တစ်ခါတည်းနဲ့ အများကြီးလုပ်နေရင် လုပ်နိုင်တဲ့လူကလည်း သိပ်မရှိ၊ Management ကလည်းမရှိဘဲ အင်အားလည်းမရှိတဲ့အတွက် အဲဒါက နည်းနည်းအခက်အခဲရှိမယ်လို့မြင်ပါတယ်။ အလေးထားစဉ်းစားရမယ့်အချက် နောက်တစ်ချက်က AEC နဲ့ ပတ်သက်ပြီး ပြောချင်တာလေး ရှိပါတယ်။ ဟိုတလောက ထိုင်းနိုင်ငံရဲ့ Board of Investment က မြန်မာနိုင်ငံဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေကို ဖိတ်တဲ့အခါမှာ ကျွန်တော်က UMFCCI ရဲ့ Delegate တစ်ယောက်အနေနဲ့ ပါသွားပါတယ်။ သူတို့တုန်းက ဘယ် လိုလုပ်ခဲ့တယ်၊ ဘယ်လိုလုပ်ရင် အောင်မြင်တယ်၊ ရင်းနှီး မြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ဘယ်လိုလုပ်ရတယ်ဆိုတာ တွေကို ထိုင်းရဲ့ Board of Investment က မြန်မာနိုင်ငံကို သင်ပေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဘာကိုပါ တွေ့ရ သလဲဆိုတော့ မြန်မာပြည်အနေနဲ့ Trading ကို လုံးဝဖွင့် လိုက်ပါဆိုတာမျိုး ထပ်တလဲလဲ နေရာမျိုးစုံက တောင်းဆိုပြီး Lobbying လုပ်တာကို တွေ့ရပါတယ်။ အဲဒီလိုမျိုး Lobbying လုပ်တဲ့အချိန်မှာ ကိုယ့်ဘက်က ပြန်ဆင်ခြင်ရမှာ ကတော့ Trading ကို လုံးဝဖွင့်လိုက်တယ်ဆိုရင် Local Industry တွေက တကယ်အောင်မြင် တိုးတက်လာနိုင်မလား ဆိုတာကို သုံးသပ်ဖို့ပဲဖြစ်တယ်။ Trading ကိုလုံးဝဖွင့်လိုက်ရင် နိုင်ငံခြားက Pro-duct တွေအများကြီး ဝင်လာမှာဖြစ်တဲ့အတွက် လောလော ဆယ်တော့ Consumerတွေအတွက် ဈေးနှုန်းသက်သက်သာ သာနဲ့ရပြီး အဆင်ပြေသွားနိုင်ပါတယ်။ ဒါပေမဲ့ Local Industry တွေက မတိုးတက်လာတော့ဘဲ ပိုက်ဆံမှန်သမျက လည်း နိုင်ငံခြားကိုပဲ ရောက်တော့မှာဖြစ်တယ်။ Local Industry တွေမတိုးတက်လာဘူးဆိုရင် နောက်ပိုင်းမှာ အလုပ် အကိုင်အခွင့်အလမ်းတွေလည်း သိပ်ပေါ်လာမှာမဟုတ်တော့ ဘူး။ ကျန်တဲ့တိုင်းပြည်တွေက တအားတောင်းဆိုနေလို့ Trading ကိုလုံးဝဖွင့်လိုက်မယ်ဆိုရင် ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမယ်၊မရှိဘူးဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်။