Video
အကောင်းဆုံး ROI ရှိတဲ့ Content က Video တွေဖြစ်တယ်လို့ အများစုက သတ်မှတ်ထားကြပါတယ်။ ထောင် စုနှစ်လူသားတွေအများစုက Vertical Format Video အတို လေးတွေကို အချိန်တော်တော်များများကြည့်ပြီး ကုန်ဆုံးကြတာပါ။ ဒီနေရာမှာလည်း သူတို့အာရုံစိုက်ချိန်က ၈ စက္ကန့်လောက်ပဲရှိတာကြောင့် မြန်မြန်ဆန်ဆန် Engage လုပ်နိုင်တဲ့ Video ဖြစ်ဖို့လိုပါတယ်။ Facebook အတွက် ဆို ၁ မိနစ်၊ Twitter အတွက်ဆို ၄၅ စကန့်၊ Instagram အတွက်ကို စက္ကန့် ၃၀ က အကောင်းဆုံးဖြစ်တဲ့ Video တွေပါပဲ။
Event
ထောင်စုနှစ်လူသားတွေက သူတို့ Social Media မှာ တင်ဖို့ ပုံကောင်းကောင်းရဖို့ အာရုံစိုက်တတ်ကြပါတယ်။ ဒီအတွက်ကြောင့် သူတို့အနေနဲ့ ကိုယ့်အတွက်၊ ကိုယ့်ထုတ်ကုန်အတွက် ကောင်းမွန်တဲ့ Interactive န ဖြစ်တဲ့ Social Media မှာ Share လို့ရတဲ့ Event Experiences တွေ ဖန်တီးနိုင်ပါတယ်။
Event မလုပ်ခင်မှာ Event နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို စာ၊ Video လုပ်ပြီး အဲဒီ Event အ တွက် Sign Up လုပ်အောင်ဆွဲဆောင်နိုင်ပါတယ်။ Event လုပ်နေစဉ်အတွင်း ဓာတ်ပုံရိုက်ပြီး Check-in လုပ်ဖို့၊ Live Streaming လုပ်ဖို့ ကိုယ့်ထုတ်ကုန်အမှတ်တံဆိပ်ပါ Snapchat filter တွေပဲဖြစ်ဖြစ် Facebook Filter တွေပဲဖြစ်ဖြစ် ထည့်သုံးထားပြီး ဆွဲဆောင်နိုင်ပါတယ်။ Hashtag ဖန်တီးထားတာမျိုးလည်း လုပ်ထားနိုင်ပါတယ်။ Event ပြီးသွားရင် လည်း သုံးစွဲသူတွေ ကိုယ်တိုင်တင်ထားတဲ့ Social Media အမျိုးမျိုးပေါ်က Post တွေကတစ်ဆင့် ကိုယ့်ထုတ်ကုန်ကို ကြော်ငြာပြီးသား ဖြစ်နေမှာပါ။