အမြတ်များများပေးသော ငွေချေးစာချုပ်များကို ဝယ်ချင်သော အာသီသ

article landscape wartermark final2 အပ်နှံထားတဲ့ငွေတွေဆီက ပြန်ရငွေမရှိသလောက် ဖြစ်လာ တဲ့အခါ ပြန်ရငွေပိုကောင်းတဲ့ဟာကို ရှာတဲ့နေရာမှာ စွန့်စား မှုတွေလုပ်ဖို့ မက်လုံးတွေ၊ ရင်းနှီးမြှုပ်နှံ သူတွေဆီကို ရောက်လာပါတယ်။ ဒါဟာ Junk လို့ခေါ်တဲ့ အမြတ်များများ ပေးတဲ့၊ ဒါမှမဟုတ် မခိုင်မာတဲ့ ငွေချေးစာချုပ်ဈေးကွက် အတွက် သတင်းကောင်းပါပဲ။ အဲဒီဈေးကွက်ဟာ ငွေကြေး စိတ်ချရမှုအကဲဖြတ်ချက်အရ ညံ့ဖျင်းနေတဲ့ (ရင်းနှီးမြှုပ်နှံ မှုအဆင့် နိမ့်ကျနေတဲ့) ကုမ္ပဏီတွေက ငွေရှာဖို့ မြှားဦးလှည့် တဲ့ဈေးကွက်ပါပဲ။ အခုဆိုရင် ကုမ္ပဏီတော်တော်များများဟာ လွန်ခဲ့တဲ့နှစ်နှစ်က အစိုးရတွေ ကျေကျေနပ်နပ်နဲ့ ရချင်ခဲ့တဲ့နှုန်းတွေနဲ့ ငွေတွေချေးယူနိုင်နေပါပြီ။ တကယ်တော့ ငွေချေးရ တဲ့ကုန်ကျစရိတ်တွေ နည်းလွန်းတဲ့အတွက် ရွှတ်နောက်တဲ့လူတွေက ဒီဈေးကွက်ကို 'ဟိုတစ်ချိန်တုန်းက အမြတ်များများရခဲ့ဖူးတဲ့ ပိုင်ဆိုင်မှုအမျိုးအစား' လို့ သတ် မှတ်ခဲ့ကြတာပါ။ အမေရိက ငွေကြေးအကျပ်အတည်းနဲ့ ဆက်နွှယ်နေတဲ့ ဟာကွက်ကြီးပေါ်လာတဲ့အချိန်အထိ ကုမ္ပဏီတွေဟာ ဒီဘဏ္ဍာရေးအခွင့်အရေးကို အခွင့်ကောင်းယူဖို့အတွက် အပြေးအလွှားသွားခဲ့ကြပါတယ်။ ဘဏ္ဍာရေးအချက်အလက်ကုမ္ပဏီ Dealogic ရဲ့အဆိုအရ တစ်ကမ္ဘာလုံးမှာ အမြတ် များများပေးတဲ့ငွေချေးစာချုပ် ထုတ်ဝေမှုဟာ ၂၀၁၃ ခုနှစ်ရဲ့ပထမကိုးလအတွင်းမှာ ၂၀၁၂ ခုနှစ်ရဲ့ဒီအချိန်ထက် ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ Sprint ဆိုတဲ့ အမေ ရိကန် Telecom ကုမ္ပဏီဟာ ငွေချေးစာချုပ်တွေကို နှစ် ကြိမ်ဆက်တိုက်ထုတ်လိုက်တာဟာ ဒေါ်လာ ၆.၅ ဘီလီယံ အထိရောက်သွားခဲ့တဲ့အတွက် အမြတ်များများပေးတဲ့ စိတ်မချရတဲ့ Junk နည်းနဲ့ ငွေကြေးဖြည့် ဆည်းမှုသမိုင်းမှာ အကြီးမားဆုံး ဖြစ်သွားခဲ့ပါတယ်။ article landscape wartermark final3 နိမ့်တဲ့နှုန်းတွေဟာ ထာဝရကြာရှည်ခံမှာမဟုတ်တဲ့အတွက် ကုမ္ပဏီတွေဟာ သမိုင်းတွင်လောက်တဲ့ အခွင့်ကောင်းတစ်ခုကို အမြတ်ထုတ်ဖို့ စိတ်အားထက် သန်နေကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ၂၀၀၉ ခုနှစ်ကတည်းက အမြတ်အစွန်းကောင်းကောင်း ရခဲ့တဲ့အတွက် ဝယ်ပြီးယူလို့ရတဲ့ အပိုအမြတ်တွေကို သဘောကျနေခဲ့ကြပါတယ်။ အမေရိကန်မှာ အမြတ်များများပေးတဲ့ ခေတ်မီငွေချေးစာချုပ်ဈေးကွက်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက စခဲ့ပါတယ်။ အဲဒီအချိန်အထိ အမြတ်များများပေးတဲ့ ခေတ် မီငွေချေးစာချုပ်တွေဟာ များသောအားဖြင့် အရင်တုန်းက ရင်းနှီးမြှုပ်နှံမှုအဆင့်အထိ ငွေချေးဖို့ စိတ်ချရတဲ့အဆင့်မှာ ရှိခဲ့ပေမယ့် သူတို့ဟာ ငွေကြေးတွေ ထိခိုက် နစ်နာမှုတွေ ကိုကြုံခဲ့ရတဲ့ 'အထည်ကြီးပျက်' ကုမ္ပဏီတွေပါပဲ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်တဲ့Drexel Burnham Lam-bert က Michael Miken  နဲ့ သူ့ရဲ့အဖွဲ့ဟာ လူသစ်တွေ ဆီကထုတ်တဲ့ အမြတ်များများပေးတဲ့ကြွေးမြီတွေအတွက် ဈေးကွက်တစ်ခုရှိပြီး အဲဒီဈေးကွက်တွေဟာ တခြား ကုမ္ပဏီတွေကို လိုက်ဝယ်နေတဲ့ ကုမ္ပဏီတွေနဲ့ ဆက်နွှယ်မှုရှိ နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အခုဆိုရင် ဒီဈေးကွက်က တော်တော်ကြီးပါတယ်။ အကြံပေးလုပ်ငန်းက ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Russell ရဲ့ လေ့လာမှုတစ်ခုကတော့ ဒီဈေးကွက်ရဲ့စုစုပေါင်းတန်ဖိုး ဟာ ဒေါ်လာ ၁.၇ ထရီလီယံ (ဘီလီယံ ၁၇၀၀) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ှStandard & Poor's   ဆိုတဲ့ သုတေသနကုမ္ပဏီကြီးတွေက ငွေချေးစာချုပ်တွေ အားလုံးရဲ့ တစ်ဝက်နီးပါးကို စွန့်စားမှုရှိတဲ့အဆင့်လို့ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ အမြတ်များများပေးတဲ့ ငွေချေးစာချုပ် Junk တွေကို ယဉ်ကျေးတဲ့စကားလုံးသုံးပြီး ခေါ်ဝေါ်သတ်မှတ်လိုက် တာပါပဲ။ ဒီလုပ်ရပ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ခေတ်စားခဲ့ပြီး ကုမ္ပဏီတွေဟာ အစုရှယ်ယာပိုင်ရှင်တွေကို ငွေပိုတွေ ပြန် ပေးတဲ့နည်းနဲ့ အတိုးပေးငွေအပေါ် အခွန်အခသက်သာမှုကို အမြတ်ထုတ်ပြီး သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေကို ပိုပြီး ထိရောက်မှုရှိအောင်လုပ်ဖို့ တိုက်တွန်းတာတွေကို ခံခဲ့ရပါ တယ်။ ဈးကွက်ကြီးကို နောက်ထပ်မြှင့်တင်မှုတစ်ခုက တော့ သူ့ရဲ့အခြေစိုက်စခန်းကို အမေရိကအပြင်ဘက်အထိ ချဲ့ထွင်လိုက်တာပါပဲ။ Hermes ကုမ္ပဏီက အမြတ်များ များပေးတဲ့ငွေချေးစာချုပ် မန်နေဂျာ Fraser Lundie  ရဲ့ အဆိုအရ ၁၉၉၈ ခုနှစ်မှာ အမေရိကန်ဟာ ဒီဈေးကွက်ထဲမှာ ၈၉ ရာခိုင်နှုန်းပါခဲ့ပြီး အခုတော့ ၅၇ ရာခိုင်နှုန်းပဲ ရှိပါ တော့တယ်။ ဥရောပကတော့ ဒီဈေးကွက်ရဲ့ ၃ ရာခိုင်နှုန်း ကနေ ၂၇ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ အမြတ်များများ ပေးတဲ့ငွေချေးစာချုပ်တွေ မြင့် တက်လာမှုဟာ ငွေကြေးအကျပ်အတည်းကာလရဲ့ နောက် ပိုင်းမှာ ဥရောပကုမ္ပဏီတွေအတွက် အသုံးတည့်ခဲ့ပါတယ်။ အဲဒါဟာ ဘဏ်တော်တော်များများက သူတို့ရဲ့ဘဏ္ဍာရေး ရှင်းတမ်းတွေကို ချုံ့ပစ်ဖို့ ကြိုးစားနေကြပြီး ငွေတွေထုတ်ချေးဖို့လည်း ဆန္ဒမရှိခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။ သမိုင်းမှာတော့ ဥရောပကုမ္ပဏီတွေဟာ အမေရိကန်ကုမ္ပဏီ တွေထက် ဘဏ်ချေးငွေတွေအပေါ်မှာ အများကြီး ပိုပြီးမှီခိုခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ငွေချေးစာ ချုပ်တွေကို အမြတ်များများပေးတဲ့ အပေါစားလက်မှတ်တွေလို့ သတ်မှတ် ခံရမှာကိုလည်း ပိုပြီး သတိထားလေ့ရှိခဲ့ပါတယ်။ ငွတိုးနှုန်းနည်းတာဟာ ဈေးကွက်အတွက် နောက်တစ်နည်းနဲ့ ကောင်းခဲ့ပါတယ်။ သူတို့ကြောင့် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ကြွေးမြီကို ကုန်ကျစရိတ် သက်သက်သာသာ နဲ့ ငွေပြန်ဖြည့်နိုင်ကြပါတယ်။ အဲဒါ ကြောင့် ကြီးလေးတဲ့ငွေချေးကုန်ကျစရိတ်တွေကြောင့် သူတို့ရဲ့ ဘဏ္ဍာငွေတွေ ကျုံ့သွားပြီး အခက်အခဲဖြစ်မယ့်နေ့ တွေကို နောက်ပြန်ဆုတ်အောင် လုပ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်မှာ ကြွေးမြီတွေ အများကြီးကို ငွေတွေပြန်ဖြည့်ရလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတစ်ခုရှိခဲ့ပါတယ်။ အခုတော့ အဲဒီငွေပြန်ဖြည့်ရမယ့် အခက်အခဲကြီးဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် မတိုင်ခင် ရောက်လာမှာ မဟုတ်တော့ပါဘူး။ article landscape wartermark final1 စရိတ်သက်သာတဲ့ ဘဏ္ဍာငွေဖြည့်ဆည်းမှုရဲ့ကာ လရှည်ကြာမှုကြောင့် အဲဒီထုတ်ဝေသူတွေကို အချိန်တိုတို အတွင်းတာဝန်ပျက်ကွက်အောင် အတင်းအကြပ်လုပ်မယ့် ဖြစ်နိုင်ခြေပိုနည်းသွားပြီး အဲဒီလိုဖြစ်နိုင်ခြေနည်းသွားတာ ကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် ငွေချေးစာချုပ်တွေကို ကိုင်ထားဖို့ ပိုပြီးဆွဲဆောင်မှုရှိသွားပါတယ်။ Lehman ကုမ္ပဏီ ပြိုလဲပြီးတဲ့နောက်ပိုင်းမှာ အမြတ်များများပေးတဲ့    ငွေချေးစာချုပ်တွေရဲ့ဈေးနှုန်းခြားနားမှု၊ (ဒါမှမဟုတ် အလွန်အကျွံပေးတဲ့အတိုးနှုန်း) တွေ သိပ်ပြီးမြင့်တက်သွားတဲ့ အတွက် စီးပွားရေးအကြပ်အတည်းကြီးရဲ့ ဒီဘက်ပိုင်းမှာ တာဝန်ပျက် ကွက်မှုကို အတိုင်းအတာတစ်ခုအထိ မတွေ့ရတော့တဲ့ သဘောပါပဲ။ တစ်ကမ္ဘာလုံးအနေနဲ့ အမြတ်များများပေးတဲ့ ငွေချေးစာချုပ်တွေရဲ့ တာဝန်ပျက်ကွက်မှုနှုန်းဟာ ၂၀၀၉ ခုနှစ်မှာ ၁၃.၇ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပြီးတဲ့နောက် (ပုံကိုကြည့်ပါ) မှန်မှန်ကြီး ကျဆင်းသွားကာ စက်တင်ဘာလ မှာ ၂.၈ ရာခိုင်နှုန်းလောက်ပဲ ရှိပါတော့တယ်လို့ Moody ဆိုတဲ့ အဆင့်သတ်မှတ်တဲ့နောက်ထပ် အေဂျင်စီတစ်ခုက ပြော ပါတယ်။ ဒါပေမဲ့ ဒီအမြတ်များများပေးတဲ့လောကမှာ အားလုံးအဆင်ချောနေတာတော့ မဟုတ်ဘူး။ ဒီဈေးကွက်ဟာ ၂၀၀၈ ခုနှစ်ကစပြီး နှစ်ဆသုံးဆအထိ ကြီးထွားလာခဲ့ပေမဲ့ ငွေဖြစ်လွယ်မှုကတော့ သေးငယ်သွားခဲ့ပါတယ်။ စည်းမျဉ်း စည်းကမ်းကန့်သတ်မှုတွေက ဘဏ်တွေဟာ ပိုင်ဆိုင်ပစ္စည်း တွေကို ငွေချေးစာချုပ်ပုံစံနဲ့ များများကိုင်မ ထားကြတော့ဘူး လို့အဓိပ္ပာယ်ရပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက သုံးလပတ် သုံးခုနီးပါး ကျဆင်းမှုဖြစ်ခဲ့ပါတယ်။ ကြီးမားတဲ့ငွေချေးစာချုပ်ရန်ပုံငွေလုပ်ငန်းကြီးရဲ့ မန်နေဂျာ ဏှုဃြဥ ရဲ့ မကြာ သေးခင်က အစီရင်ခံစာတစ် စောင်ထဲမှာ 'ငွေဖြစ်လွယ်မှု လျော့ကျသွားတာကို အရေး ကြီးတဲ့ (သုံးနှစ်က ငါးနှစ် အထိ) အလားအလာ အဖြစ် မြင်ပါတယ်' လို့ ပြောခဲ့ပါ တယ်။ ဒါဟာ ကမ္ဘာနဲ့ချီပြီး ဘဏ်တွေရဲ့ချေးငွေနဲ့ အမြတ် ထုတ်တာကိုလျော့ချပြီး ဘဏ် တွေကိုစည်းမျဉ်းစည်းကမ်း ပြန်သတ်မှတ်လိုက် တဲ့ မရည် ရွယ်တဲ့အကျိုးဆက် တစ်ခုပါ ပဲ။ ဒါဟာ အခက်အခဲဖြစ်နေ တဲ့ အချိန်တွေမှာ မတည် ငြိမ်မှုကို ပိုပြီးဖြစ် ပေါ်စေပါ လိမ့်မယ်' လို့ပြောထားပါ တယ်။ တစ်နည်းပြောရရင် အမြတ်များများပေးတဲ့ ငွေချေး စာချုပ်တွေအတွက် ရင်းနှီး  မြှုပ်နှံသူတွေဆီမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်အားထက်သန်မှုကို ဆုံးရှုံးသွားရင် သူတို့အတွက် အဲဒီလက်မှတ်တွေကို ပြန်ထုတ်ဖို့ အများကြီး ပိုခက်ခဲမယ်၊ ကုန်ကျစရိတ်လည်း ပိုကြီးချင်ကြီးမယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုအချိန်မှာ အမြတ်များများပေးတဲ့ ငွေချေးစာချုပ်တွေအတွက် ကြီးထွားနေတဲ့ စိတ်အားထက်သန်မှုဟာ သူတို့ကပေးမယ့် အမြတ်အစွန်းကို နည်းသွားအောင် လုပ်ပစ်နိုင်ပါတယ်။ အရင်တုန်း ကဆိုရင် ရင်းနှီးမြှုပ်နှံသူတွေဟာ အမြတ်များများပေးတဲ့ ငွေချေးစာချုပ်တွေကို သာမန်အားဖြင့် မူရင်းတန်ဖိုးထက် လျော့ထားတဲ့ဈေးနဲ့ ဝယ်ကြပါတယ်။ (ကြားကာလမှာ အတိုးကို အဆက်မပြတ်ပေးပြီး) အချိန်စေ့တဲ့အခါ အဲဒီစာချုပ်တွေအပေါ်မှာ ပြန်ပေးမယ့် အကျိုးအမြတ်ဟာ ထုတ်ပေးသူအနည်းစုရဲ့ တာဝန်ပျက်ကွက် မှုအတွက် ရှုံးတဲ့အရှုံးတွေကို ကာမိလိမ့်မယ်လို့ သူတို့က မျော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ Mr Lundie  ရဲ့ အဆိုအရ ၂၀၁၃ ခုနှစ်၊ မေလမှာ အမြတ်များများပေးတဲ့ ငွေချေးစာချုပ်တွေရဲ့ ဈေး နှုန်းဟာ မူရင်းဈေးနှုန်းရဲ့အထက် ၆ ရာခိုင်နှုန်းကို ရောက်ခဲ့ပါ တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အတိုးငွေအပေါ်က မြတ်နေနိုင်သေးပေမယ့် အချိန်စေ့တဲ့အထိ ငွေချေးစာချုပ်တစ်ခုကို လက်မှာကိုင်ထားတာဟာ ရင်းနှီးငွေ ဆုံးရှုံးမှုကို ဖြစ်စေပါလိမ့်မယ်။ ပိုဆိုးတာက၊ ဈေးကွက်ရဲ့ သုံးပုံနှစ်ပုံ၊ ဒါမှမဟုတ် လေးပုံသုံးပုံဖြစ်ချင်ဖြစ်မယ့် ငွေချေးစာချုပ်တော်တော် များမှာ Call Option  လို့ ခေါ်တဲ့ဝယ်ပိုင်ခွင့်ဆိုတာ ရှိပါ တယ်။ အဲဒီဝယ်ပိုင်ခွင့်အရ ဒီငွေချေးစာချုပ်ကို ထုတ်တဲ့ သူတွေဟာ ဈေးနှုန်းတစ်စုံတစ်ရာကို ရောက်တဲ့အခါ အကြွေးကို ပြန်ဆပ်ခွင့်ရှိပါတယ်။ ငွေချေးစာချုပ်ကို ထုတ်တဲ့ သူတွေဟာ ပိုပြီးနည်းတဲ့အတိုးနှုန်းနဲ့ ငွေချေးစာချုပ်တွေကို ထပ်ထုတ်ဖို့ သူတို့ရဲ့မျော်လင့်ချက်နဲ့ပတ်သက်တဲ့ အကောင်း မြင်မှုကြီးထွားလာတာကိုလည်း အမြတ်ထုတ်ခွင့်ရှိပါတယ်။ ဒီလိုဝယ်ပိုင်ခွင့်တွေဟာ စွန့်စားမှုဆီကရတဲ့ ထိန်းညှိမှုကို လွဲချော်တိမ်းစောင်းစေပါတယ်။ ငွေချေးစာချုပ် တစ်ခုဟာ ထုတ်ဝေသူက ပြန်ဝယ်တော့မယ့်ဈေးနှုန်းနားကို နီးကပ်လာတဲ့အခါ နောက်ထပ် ထပ်ပြီးဈေးတက်ဖို့ ဖြစ်နိုင် ခြေမရှိတော့ပါဘူး။ ၁၀၄ ဆင့်နဲ့ ပြန်ဝယ်ခွင့်ရှိတဲ့ ငွေချေး စာချုပ်တစ်ခုကို ဘယ်သူက ဆင့် ၁၁၀ ပေးဖို့ စိတ်ကူးမှာ လဲ။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ အခက်အခဲတွေ ကြုံရတဲ့ အခါ (အမြတ်များများပေးတဲ့ ငွေချေးစာချုပ် ထုတ်တဲ့သူတွေ ဟာ စွန့်စားမှုပိုပြီးများတဲ့ အဓိပ္ပာယ် ကိုဆောင်ပါတယ်) ငွေ ချေးစာချုပ်ရဲ့ဈေးနှုန်းဟာ တော်တော်လေး ပြုတ်ကျသွားနိုင်ပါ တယ်။ အဲဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ 'အတက်' ကို အကန့်အသတ်နဲ့သာ ရင်ဆိုင်ရပေမယ့် 'အကျ' ကိုတော့ ကြီးကြီးမားမား ရင်ဆိုင်ကြရပါတယ်။ အဲဒါဟာ တာဝန်ပျက်ကွက်ခဲ့တဲ့ငွေချေးစာချုပ် ထုတ်သူတွေမပါတဲ့ အနိမ့်ဆုံးအမျိုးအစားဖြစ်တဲ့ CCC ငွေချေးစာချုပ်တွေလို ပိုပြီး စွန့်စားမှုများတဲ့ပိုင်ဆိုင်ပစ္စည်း တွေဆီကို ရောက်သွားအောင် ရင်းနှီးမြှုပ်နှံသူတွေကို တွန်း ပို့တတ်ပါတယ်။ စွန့်စားမှုတွေပါလာတာကြောင့် အခုအခါမှာ ဒီလိုငွေချေးစာချုပ်တွေကို ဈေးနှုန်းပိုပြီးသတ်မှတ်တာ ဖြစ်ချင်ဖြစ်မယ်လို့ Rogge Global Partners  ဆိုတဲ့ရန်ပုံ ငွေစီမံခန့်ခွဲမှုလုပ်ငန်းကြီးက  David Newman  က ခန့် မှန်းပါတယ်။ အခြေအနေတွေကောင်းရင် ချေးငွေအရည်အသွေးနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ စိတ်သက်သာမှု ပိုရတယ်ဆိုတာဟာ ငွေချေးစာချုပ်ဈေးကွက်တွေရဲ့သဘာဝပါပဲ။ အမြတ်များများပေးတဲ့ ငွေချေးစာချုပ်တွေရဲ့စွန့်စားမှုတွေ ကို စနစ်တကျနဲ့ လျော့ပြီးခန့်မှန်းနေကြတယ်လို့ တချို့ လေ့လာသူတွေက ထင်ကြပါတယ်။ တာဝန်ပျက်ကွက် မှုတွေ နည်းနေတာကို ထည့်ပြီးစဉ်းစားမယ်ဆိုရင် အမြတ် များများပေးတဲ့ ငွေချေးစာချုပ်ထုတ်ဝေသူတွေက ပေးတဲ့ ဈေးနှုန်းခြားနားမှုတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို ပြန်ပြီး ပေးလျော်ဖို့ လုံလောက်တာထက် ပိုနေပေမယ့် အရင်တုန်း က ပျမ်းမျနဲ့နှိုင်းစာရင် နည်းပါတယ်။ ပန်ပြီး ခေါင်းထောင် လာမယ့် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖို့အတွက် ဗဟို ဘဏ်တွေက အတိုးနှုန်းတွေကို စပြီး တိုးမြှင့်မယ်ဆိုရင်၊ ဒါမှမဟုတ် ကမ္ဘာ့စီး ပွားရေး ကြီးက အကျပ်အတည်းကြီးထဲကို ပြန်ကျသွားဦးမယ်ဆိုရင်တော့ အမြတ်များများပေးတဲ့ ငွေချေးစာချုပ်တွေကို ရင်းနှီးမြှုပ် နှံထားသူတွေအနေနဲ့ ဆိုးဝါးလှတဲ့ထိတ် လန့်မှုကြီးကို ခံစားသွားနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်အချိန်မှာတော့ သူတို့ဟာ အခုလိုစီးပြီး လိုက်နေရတာကို သဘောကျနေ ကြပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)