[caption id="attachment_7203" align="alignnone" width="200"] ဦးအောင်ကျော်ဖြိုး
Managing Director ( Barons Machinery & Engineering Construction Co Ltd )[/caption] နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲများ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေး ပြုပြင်ပြောင်းလဲသင့်သည်များကို ဦးအောင်ကျော်ဖြိုး ၊ Managing Director ( Barons Machinery & Engineering Construction Co Ltd ) နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ပြောင်းလဲတယ်လို့ပြောတဲ့အခါမှာ မကောင်းတာကို အပြစ်ပြောသာတာ လွယ်တာ။ တကယ် အကုန်လုံး ဘယ်လို Effective ဖြစ်ဖြစ်ပြောင်းဖို့က အင်မ တန်ခက်ပါတယ်။ အရှိန်နဲ့သွားနေတဲ့ကားတစ်စီးကို အကုန် လုံး အင်ဂျင်တွေတန်းဖြုတ်၊ ဘီးတွေတန်းဖြုတ်လို့ မရသလို ပါဘဲ၊။ ကျွန်တော်တို့က အရှိန်လည်း တက်ချင်တယ်၊ အကုန်လုံးလည်း ဖြုတ်လဲချင်တယ်ဆို ကားမှောက်သွားနိုင် သလိုပေါ့။ အဓိက ဒီငါးနှစ်အတွင်း ဘာကိုရေတိုထင်သာ မြင်သာရှိတဲ့အနေနဲ့ ပြောင်းမလဲ၊ ဘယ်အရာတွေကိုတော့ ထင်သာမြင်သာမရှိပေမဲ့ ရေရှည်မူဝါဒတွေရဲ့အခြေခံအုတ်မြစ် အဖြစ်တည်ဆောက်ခဲ့မလဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်မှာရှိတဲ့အချိန်၊ အရင်းအမြစ် အရင်းအနှီးတွေကို ချိန်ဆရမှာပါ။ ရွေးချယ်မှုနဲ့ ဘာကြောင့် ဒီမူဝါဒတွေကို ဦးစားပေးရွေးချယ်လုပ်ကိုင်ခဲ့တာလဲဆိုတာကိုလည်း အများသိအောင်ချပြနိုင်ရင် အကောင်းဆုံးပေါ့။ ကျွန်တော့်ထင်မြင်ယူဆချက်ပြောရရင် အခုနှစ်နှစ်ခွဲလောက် အတွင်း ကျန်နေတဲ့ကာလအတွင်းမှာ အဓိကအလိုအပ်ဆုံး ပြဿနာဖြစ်တဲ့Basic Facilities နဲ့ ပတ်သက်တဲ့မူဝါဒတွေ မြန်မြန်ချမှတ်နိုင်ရင် ကောင်းပါမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွေ၊ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုဥပဒေတွေထွက်ရှိနေပေမယ့် အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေးမူဝါဒတွေ မြန်မြန်ချမှတ်ရပါမယ်။ Monetary Policy အရေးကြီး ပထမဆုံးအရေးအကြီးဆုံးကတော့ ပိုမိုလျင်မြန်သွက်လက် တဲ့ Monetary Policy ချမှတ်နိုင်ဖို့ပါ။ Business တွေရဲ့Access to Capital ကို နိုင်ငံတကာမှာလို ဘယ်လို Finan-cial Instruments တွေOpen Market Tools တွေ သုံး ခွင့်ပြုမလဲဆိုတာတွေရယ်၊ စီးဝင်လာတဲ့နိုင်ငံခြားငွေကြေး တွေကို ပြည်တွင်းမှာ ဘယ်လိုလှည့်လည်သုံးစွဲစေမလဲဆို တာတွေမှာ ဝင်လာမယ့် Money Supply ကို သေချာ Manage လုပ်နိုင်ဖို့ မူဝါဒတွေလိုပါမယ်။ လျပ်စစ်မီးလိုအပ်ချက် နောက်ထပ် အရေးကြီးဆုံးမူဝါဒချမှတ်နိုင်ဖို့ကတော့ လျပ် စစ်မီးပါ။ လျပ်စစ်စွမ်းအားဝန်ကြီးဌာနရယ်လို့ သတ်မှတ် ထားပေမဲ့ သိမ်မွေ့ပြီးနိုင်ငံရေး၊ စီးပွားရေးနဲ့ဆက်စပ်နေ တဲ့အတွက် အစိုးရအဖွဲ့က တာဝန်ခံမူဝါဒတွေချမှတ်ပြီး ဝန်ကြီးဌာနက မူဝါဒကို အကောင်အထည်ဖော်ရပါမယ်။ ဒီလျပ်စစ်ကိစ္စကတော့ နည်းနည်းကြာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံတကာမှာလည်း ကြာတာပဲလေ၊ ဓာတ် အားပေးစက်ရုံတစ်ခုတည်ဆောက်ဖို့ဆိုတာက နိုင်ငံတကာ မှာလည်းအရွယ်အစားပေါ်မူတည်ပြီး သုံးနှစ်ကနေ ဆယ်နှစ် ကျော်ကြာတတ်တာမို့ အခုကျန်တဲ့ အစိုးရသက်တမ်းကာလ မှာ ရေရှည်မူဝါဒကို ဇောင်းပေးပြီး ခိုင်ခိုင်မာမာချမှတ်ပေး သွားရမယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ဘယ်လောက် နိုင်ငံ တော်ရင်းနှီးမြှုပ်နှံမှုနဲ့ ဘယ်လောက် အစရှိသဖြင့် Matrix ချထားရမယ်။ အခုလတ်တလောမီးမရတဲ့ ပြဿနာကိုတော့ ရေတိုစီမံချက် ဘယ်နည်းနဲ့ ဘယ်အတိုင်းအတာအထိ စီမံ ဆောင်ရွက်ပေးပြီး ဘာတွေတော့မရနိုင်ဘူး၊ ရေရှည်ဘယ် ကာလလောက်မှာ အကျိုးများနိုင်တယ်စတာတွေကို အစိုးရ အဖွဲ့အစည်းအဆင့်အနေနဲ့တာဝန်ခံပြီး မူဝါဒချသင့်တယ်လို့ ထင်ပါတယ်။ ကြားရသလောက်တော့ JICA က ဒီ Master Plan ဆွဲပေးနေတယ်ဆိုတော့ Plan ကောင်းကောင်းရဖို့က တော့ ကျွန်တော်တို့တွေ စိတ်ရှည်လက်ရှည်စောင့်ရမှာပေါ့။ ဒါပေမဲ့ JICAပေးမှာ အကြံပဲမို့လို့ တကယ့် Legal Framework တွေကိုတော့ ကျွန်တော်တို့ဘက်က ကိုယ့်နိုင်ငံ မှာ ဘယ်လိုမူဘောင်ရှိချင်တယ်ဆိုတာကိုတော့ ကြိုတင်စဉ်း စားချမှတ်ထားရမယ်။ADB ကလည်း Legal framework အတွက်Technical Assistance ပေးမယ်၊ Assistance ပဲ ဖြစ်လို့ ကိုယ်ဘာလိုချင်လဲ သတ်မှတ်ရမှာကတော့ ကိုယ့် အလုပ်ပဲဖြစ်ပါတယ်။ နိုင်ငံတကာကတော့ အကြံဉာဏ်ပဲ ပေးပြီး ကိုယ့်ဆေးကိုတော့ ကိုယ်ပဲဆက်ဖော်ရမှာပေါ့။ ရေရှည်အတွက် စဉ်းစားသင့်တာတွေ ကျန်တဲ့လယ်ယာမြေကဏ္ဍ၊ မြေ အသုံးချရေးကဏ္ဍစသဖြင့် ကဏ္ဍတွေကလည်း တအားများတော့ တချို့ကိစ္စတွေကိုတော့ ရေရှည်လုပ်ငန်းအဖြစ် ထောင့်ပေါင်းစုံအဘက်ဘက်ကသေချာ ချင့်ချိန်အချိန်ယူသင့်ပါတယ်။ နောက်တစ်ခုကတော့ ရေရှည် ရင်းနှီးမြှုပ်နှံမှုဆိုပေမဲ့ မြန်မြန်ဆန်ဆန်လုပ်ဆောင်ရမှာက ပညာရေးပါ။ အင်မတန်အရေးကြီးတယ်ဆိုတာပဲ ပြောနိုင်ပြီး ဘယ်လိုပြောင်းသင့်လဲဆိုတာတော့ ကျွန်တော်လည်း မပြော တတ်ပါဘူး။ စီးပွားရေးပြုပြင်ပြောင်းလဲမှု Monetary Policy Flexibility ရှိရင်၊ လျပ်စစ်မီးနဲ့ပတ်သက် တဲ့ရှင်းလင်းတဲ့မူဘောင်တွေရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကမီးရတဲ့နေ့အထိ မစောင့်ဘဲ ဝင်လာပါလိမ့်မယ်။Risk ကို Define လုပ်လို့ရသွားတာကိုး။ ဒါပေမဲ့ အချို့သေးသေးမွှားမွှား လို့ယူဆရပေမဲ့ အရေးကြီးတဲ့ပြောင်းလဲရေးအချို့ ကျန် ပါသေးတယ်။ Trade Policy တွေဖြေလျော့ပေးနေပေမဲ့လို့ Efficiency ကို အကဲဖြတ်သုံးသပ်နေဖို့လိုပါမယ်။ ဥပမာ- သွင်းကုန်လိုင်စင်သက်တမ်းကို သုံးလပဲသတ်မှတ်ထားတာ မျိုး၊ Commodities တွေမှာ မထောင်းသာပေမယ့်စက်ယန္တရား တွေမှာတော့ ဒီအချိန်က မလောက်ငဘူး။ ဒါနဲ့ဆက်စပ်ပြီး မြန်မာဘဏ်ကနေ နိုင်ငံခြားရောင်းသူရဲ့ဘဏ်ကို ငွေလွှဲရင် ဆိပ်ကမ်းကပစ္စည်းထုတ်ပြီးမှ ငွေလွှဲရတာ၊ ငွေလွှဲစာတမ်းဖွင့် တော့လည်း သွင်းကုန်လိုင်စင်သက်တမ်းသုံးလစာပဲ ဖွင့်နိုင် တာစတာတွေကြောင့် ဘယ်လိုမှ အဆင်မပြေတဲ့ထိန်းချုပ်မှု တွေကို ပြန်လည်သုံးသပ်မူဝါဒ ချသင့်ပါတယ်။ ဒါမှလည်း နိုင်ငံတော်က ရသင့်ရထိုက်တဲ့အကောက်ခွန်တွေ ဆိပ်ကမ်း မှာ မှန်မှန်ကောက်နိုင်မှပေါ့။ နို့မို့ဆိုရင် နိုင်ငံခြားစာရင်းတွေ ကနေပဲ ငွေတကယ်ထွက်ပြီး နိုင်ငံတော်ကိုတင်ပြတဲ့သွင်းကုန် လိုင်စင်ကတန်ဖိုးလျော့နေတာ ဖြစ်တော့မှာပေါ့။ ဒါတွေက မလိုအပ်တဲ့တင်းကျပ်မှုတွေကြောင့် ဖြစ်ရတာမို့ ဖြေလျော့ရင်း မှန်မှန်ကန်ကန်လုပ်ဆောင်လာဖို့ အားပေးရပါမယ်။ ဒီအပြောင်းအလဲလေးတွေက လွယ်လွယ်လေး လုပ်လိုက်နိုင်တဲ့ အပြောင်းအလဲလေးတွေပါ။ ကုန်သွယ်ရေး ဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့တော့ စည်းဝါးကိုက်ဖို့ လိုတောပေါ့။ ဒီလောက်ဆိုရင်ကို အရေး ကြီးတဲ့နိုင်ငံတကာကုန်သွယ်မှုကဏ္ဍမှာ Good Governance ရနိုင်ပါတယ်။